၂၆ စက်တင်ဘာ ၂၀၂၄
နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေသည့် အဖွဲ့အစည်းများ အကြမ်းဖက်လမ်းစဉ်ကိုစွန့်လွှတ်ကာ ပါတီနိုင်ငံရေး လမ်းကြောင်း၊ရွေးကောက်ပွဲလမ်းကြောင်းများမှ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရေး နစက က ကမ်းလှမ်းဖိတ်ခေါ်လိုက်ပါတယ်။
စက်တင်ဘာ ၂၆ ရက် ရက်စွဲဖြင့်ထုတ်ပြန်လိုက်တဲ့ နစကရဲ့ ကြေညာချက်မှာ ယင်းကဲ့သို့ ကမ်းလှမ်းလိုက်တာ ဖြစ်ပါတယ်။
“ လက်နက်ကိုင်လမ်းစဉ် နှင့်အကြမ်းဖက်လမ်းစဉ်တို့ကြောင့် နိုင်ငံတော်တွင်ဖြစ်ပေါ်ခဲ့ရသည့် ဆုံးရှုံးနစ်နာမှုများကို ထောက်ရှု၍ ထာဝရငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူများနှင့်အတူ လက်တွဲဖော်ဆောင်နိုင်ရန် အလို့ငှာ နိုင်ငံတော်အား ဆန့်ကျင်တိုက်ခိုက်နေသည့် တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ၊ အကြမ်းဖက် သောင်းကျန်သူအဖွဲ့ အစည်းများ၊ အကြမ်းဖက် PDF အဖွဲ့များအနေဖြင့် လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်သည့် လမ်းစဉ်ကို စွန့်လွှတ်ကာ ပါတီနိုင်ငံရေးလမ်းကြောင်းဖြင့်သော်လည်း ကောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းမှ သော်လည်းကောင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်နိုင်ပါရန် ကမ်းလှမ်းဖိတ်ခေါ်အပ်ပါသည်။" လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
Òယနေ့အချိန်တွင် ကျင်းပရန်ရှိသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းမှန်ကန်မှုကို အထောက်အကူပြုစေမည့် သန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တိုဘာလ(၁)ရက်နေ့တွင် စတင်ကောက် ယူတော့မည်ဖြစ်ပြီး ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှ လုပ်ငန်းစဉ်များကို အားသွန်ခွန်စိုက်ဆောင်ရွက် နေချိန်လည်းဖြစ်သည်Ó လို့လည်း နစကရဲ့ကြေညာချက်ကဆိုပါတယ်။
တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကို စစ်ဘက်၊ အရပ်ဘက် မျှတစွာဖွဲ့စည်း၍ ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များ ချမှတ်ဆောင်ရွက်ခဲ့တယ်လို့လည်း နစကရဲ့ သတင်းထုတ်ပြန်ပါတယ်။
Òနစကရဲ့အန္တိမရည်မှန်းချက်ဖြစ်သည့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက် ပွဲကျင်းပ၍ ထွက်ပေါ်လာသည့် အစိုးရအား နိုင်ငံတော်အာဏာလွှဲအပ်ရေးကို မမှိတ်မသုန် ဦးတည်ဆောင်ရွက် နေသော်လည်း နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ လက်နက်ကိုင်လမ်းစဉ်၊ အကြမ်းဖက်လမ်းစဉ်တို့ဖြင့် လက်နက်စွဲကိုင် အကြမ်းဖက်တိုက်ခိုက်သည့် နည်းလမ်းကို ရွေးချယ်အသုံးပြုခဲ့ကြသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကြောင့် နိုင်ငံတော်၏ လူသား အရင်းအမြစ်များ၊ နိုင်ငံတော်၏ အခြေခံအဆောက် အအုံများ၊ ပြည်သူတို့၏အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးရမှုများစွာ ဖြစ်ပေါ်ခဲ့ရသည့်အပြင် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ကိုများစွာအဟန့်အတားဖြစ်စေခဲ့ရတယ်Ó လို့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။
#ymg/knl
၂၆ စက်တင်ဘာ ၂၀၂၄
ယူကရိန်းအတွက် အမေရိကန်ရဲ့ ဒေါ်လာ ၈ ဘီလီယံကျော်ဖိုးရှိတဲ့ စစ်ရေးအထောက်အပံ့ကို သမ္မတ ဂျိုး ဘိုင်ဒင်က စက်တင်ဘာ ၂၆ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ ရုရှားနှင့်စစ်ပွဲမှာ ယူကရိန်းကို အနိုင်ရဖို့ ကူညီတာဖြစ်တယ်လို့ ဝါရှင်တန်ကိုရောက်ရှိနေတဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလင်စကီးကို ကြီးမားတဲ့ ကတိကဝတ်တစ်ခုပေးလိုက်တာဖြစ်တယ်လို့ ရိုက်တာသတင်းကရေးသားပါတယ်။
ယခုနောက်ဆုံးပေးလိုက်တဲ့စစ်ရေးအကူအညီတွေထဲမှာ ၈၁ မိုင်အထိ ပစ်ခတ်နိုင်တဲ့ Joint Standoff လက်နက်လို့ ခေါ်တဲ့ တိကျပဲ့ထိန်းဂလိုက်ဗုံး precision-guided glide bomb လည်းပါဝင်ပါတယ်။
ရုရှားကိုတိုက်ခိုက်တဲ့အခါ တာလတ်ဒုံးကျည်တွေဟာ ယူကရိန်းအသုံးပြုနေတဲ့လက်နက်တွေကို အကြီး အကျယ် အဆင့် မြှင့်တင်ပေးလိုက်တာဖြစ်ပါတယ်။
အဲဒီဂလိုက်ဗုံးတွေဟာ တိုက်လေယာဉ်ပေါ်ကနေ ပစ်ချလိုက်ပြီးနောက် ပစ်မှတ်တွေကို အလွန်တိကျစွာ တိုက်ခိုက်နိုင်စွမ်းရှိကြပါတယ်။ ရုရှားနိုင်ငံအတွင်းကျကျကို ပစ်ခတ် နိုင်မယ့် အမေရိကန်ဒုံးကျည်တွေ အသုံးပြုတာကို ခွင့်ပြုမှာကို ဘိုင်ဒင်က ကြေညာမှာမဟုတ်ဘူးလို့ အမေရိကန်အရာရှိတစ်ဦးက ပြောပါ တယ်။
ယူကရိန်းကိုကူညီဖို့က အမေရိကန်ရဲ့ထိပ်တန်းဦးစားပေးဖြစ်တယ်လို့ ဘိုင်ဒင်က သတင်းထုတ်ပြန်ချက် ထဲမှာပြောထားပါတယ်။
အဲဒီစစ်ရေးအကူအညီတွေထဲက ဒေါ်လာ ၅.၅ ဘီလျံဖိုးကိုတော့ အမေရိကန်နိုင်ငံရဲ့ ဘဏ္ဍာရေးနှစ် ကုန်ဆုံးမယ့် တနင်္လာနေ့မတိုင်ခင် ယူကရိန်းကိုပေးအပ်သွားမှာဖြစ်ပြီး ကျန်တဲ့ ဒေါ်လာ ၂.၄ ဘီလျ့ကို တော့ ယူကရိန်းလုံခြုံရေးအကူအညီဦးစီးဦးရွက်အစီအစဉ်အောက်ကနေပေးသွားမှာပါ။ အဲဒီအစီအစဉ် အရ အမေရိကန်အစိုးရဟာ သူ့ရဲ့ သိုလှောင်ထားတဲ့လက်နက်တွေပေးမှာမဟုတ်ဘဲ အမေရိကန် လက်နက်ကုမ္ပဏီတွေဆီက လက်နက်တွေကို ဝယ်ပြီးပေးမှာဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထား ပါတယ်။
ယခုအကူအညီတွေကြောင့် ယူကရိန်းဟာ လေကြောင်းကာကွယ်ရေးစနစ်တွေထပ်မံရရှိလာမှာဖြစ်ပြီး လူမဲ့ ဝေဟင်စနစ်တွေနှင့် ဝေဟင်မှမြေပြင်ပစ်လက်နက်တွေပါရရှိလာမှာပါ။ အဲဒီအပြင် ယူကရိန်းရဲ့ ကာကွယ်ရေးအခြေစိုက်စက်ရုံတွေ အင်အားတော့တင်းလာမှာဖြစ်ပြီး ပြုပြင်ထိန်းသိမ်းရေးနှင့် ကိရိယာ တွေအစဉ်တစ်စိုက်လိုအပ်မှုတွေကိုလည်း ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ ဘိုင်ဒင်ကပြောပါတယ်။
ယခုအစီအစဉ်အရ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနဟာ ယူကရိန်းကို ပက်ထရီယော့တ် လေကြောင်းကာကွယ်ရေးဘက်ထရီတစ်ခုနှင့် ပက်ထရီယော့ဒုံကျည်တွေကို ထပ်ပေးမှာဖြစ်တယ်လို့ လည်း ဘိုင်ဒင်ကဆက်ပြောပါတယ်။
ယူကရန်းက အက်ဖ်-၁၈ လေယာဉ်မှူးတွေ သင်တန်းတွေတိုးချဲ့ဆောင်ရွက်ပေးဖို့လည်း ပင်တဂွန်စစ်ဌာန ချုပ်ကို ဘိုင်ဒင်က အမိန့်ပေးခဲ့ကြောင်းသိရပါတယ်။
ထရမ့်ကတော့ ယူကရိန်းသမ္မတ ကို ဝေဖန်မှုတွေ လုပ်နေပြီး ဇီလင်စကီးက တွေ့ဆုံခွင့်တောင်းတာကို လည်း ငြင်းပယ်ခဲ့ပါတယ်။
“ အပေးအယူလုပ်ဖို့ငြင်းဆိုခဲ့တဲ့ ဇီလင်စကီးဆိုတဲ့လူတစ်ယောက်ကို ကျွန်တော်တို့ဟာ ဘီလျံချီတဲ့ ဒေါလာတွေ ဆက်ပေးကြဦးလိမ့်မယ်” လို့ ထရမ့်က မြောက်ကာရိုလိုင်းနာမှာ ဗုဒ္ဓဟူးနေ့ကျင်းပတဲ့ သူ့ရဲ့ မဲဆွယ်စုရုံးပွဲမှာပြောခဲ့ပါတယ်။
ဘိုင်ဒင်ကြီးပြင်းလာတဲ့ ပင်ဆီဗန်နနီးယားပြည်နယ် စခရန်တွန်က လက်နက်စက်ရုံတစ်ခုကို ဇီလင်စကိး သွားလည်ပတ်တဲ့ကိစ္စကို ရီပတ်ဗလီကင် တော်တော်များများက ဒေါသ အမျက်ခြောင်းခြောင်းထွက်ခဲ့ကြ ပါတယ်။ ရီပတ်ဗလင်ကန်တွေဦးဆောင်ထားတဲ့ အောက်လွှတ်တော်ကော်မတီက ဇီလင်စကီးခရီးစဉ် အပေါ် စုံစမ်းစစ်ဆေးရေးတစ်ခုလုပ်နေပါတယ်။
#Source Reuters
၂၄ စက်တင်ဘာ ၂၀၂၄
ထိုင်းနိုင်ငံ အယုဒ္ဓယပြည်နယ် ယူထိုင်းခရိုင်မှာရှိတဲ့ ဆောက်လုပ်ရေးစခန်းတစ်ခုကို ဒေသအရာရှိတွေက အင်္ဂါနေ့ စက်တင်ဘာ ၂၄ ရက်နေ့မှာ ရုတ်တရက် ဝင်ရောက်စီးနင်းရာ တရားမဝင်မြန်မာအလုပ်သမား ၂၇၂ ဦးကို ဖမ်းဆီးရခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာကရေးသားပါတယ်။
အရာရှိတွေဟာ တမ်ဘွန်နွမ်နမ်ဆွမ်မှာရှိတဲ့ အဲဒီဆောက်လုပ်ရေးစခန်းကို အင်္ဂါနေ့ မနက် ၆နာရီမှာ ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ်။အဲဒီ မြန်မာ ၂၇၂ ဦးမှာ အမျိုးသမီးတွေပါ ပါဝင်ပြီး သူတို့ဟာ ထိုင်းနိုင်ငံ ထဲကို တရားမဝင် ဝင်ရောက်လာခဲ့ကြတာဖြစ်တယ်လို့ ယူထိုင်းခရိုင်ရုံးကပြောပါတယ်။
မြန်မာတစ်ဦးက သူနှင့်အတူ မြန်မာ ၃၀၀ ခန့်ဟာ မဲဆောက် နယ်စပ်ကနေတစ်ဆင့် ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်ခဲ့တာဖြစ်ပြီး အလုပ်ပွဲစားကို ခရီးစရိတ်အဖြစ် တစ်ဦးကို ဘတ်နှစ်သောင်းပေးခဲ့ ရတယ်လို့ အာဏာပိုင်တွေကို ပြောပြပါတယ်။
ဆောက်လုပ်ရေးစခန်းထဲမှာ သူတို့ဟာ တစ်ရက်ကို ဘတ်ငါးရာရရှိကြပြီး ကျွမ်းကျင်သူတွေကတော့ ဘတ် ၆၀၀ ရရှိတယ်လို့လည်းသူကပြောပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် သူတို့ဟာ နိုင်ငံထဲမှာ ရွေးချယ်စရာနည်းလွန်းတာကြောင့် ထိုင်းမှာ အလုပ်လုပ်ဖို့လာခဲ့တာလို့ အလုပ်သမားတွေကပြောပါတယ်လို့ ဘန်ကောက်ပို့စ်ကရေးပါတယ်။
ဒီဆောက်လုပ်ရေးစခန်းကိုစီးနင်းပြီး တရားမဝင်အလုပ်သမားတွေရှာဖွေတာ ဒါဒုတိယအကြိမ်ဖြစ်ပြီး ပထမဆုံးက လွန်ခဲ့တဲ့ (၂)နှစ်ကဖြစ်တယ်လို့ အကြီးတန်းပြည်နယ်အရာရှိတစ်ဦးဖြစ်တဲ့ ဆူပါခွန်အန်နက် သာရက်ကပြောပါတယ်။
အဲဒီအလုပ်သမားတွေအားလုံးကို တရားစွဲဆိုပြီးရင် မြန်မာနိုင်ငံကိုပြန်ပို့မယ်လို့လည်း သူကပြောပါတယ်။
@ymg/knl
၂၄ စက်တင်ဘာ ၂၀၂၄
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မေတ္တာရပ်ခံခဲ့ပြီး ဗာတီ ကန်ကိုလည်း လုံခြုံသည့်ခိုလှုံရာနေရာ အဖြစ် ကမ်းလှမ်းလိုက်ကြောင်း ပုပ်ရဟန်းမင်းကြီးက အာရှ ရှိ ခရစ်ယာန်ဘာသာဝင်များနှင့် ပုဂ္ဂိုလ်ရေးတွေ့ဆုံမှုတွင် ပြောဆိုခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းအရ သိရပါတယ်။
“ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီး သူ့သားနှင့် ရောမမှာတွေ့ဖို့ ကျွန်ုပ် မေတ္တာရပ်ခံခဲ့ပါတယ်။ ကျွန်ုပ်တို့ရဲ့ နယ်မြေ ဗာတီကန်မှာ သူ့သားနှင့်တွေ့ဆုံဖို့ ကျွန်ုပ် ကမ်းလှမ်းခဲ့ပါတယ်” လို့ မကြာသေးခင်က အရှေ့တောင်အာရှတစ်လွှား ၁၂ရက်ကြာခရီးအတွင်း ပုဂ္ဂိုလ်ရေး ပြောဆိုမှုတစ်ခုမှာ ပုပ်ရဟန်းမင်း ကပြောဆိုခဲ့တာဖြစ်ပါတယ်။
အသက် ၈၇နှစ်ရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးဟာ ၂၀၁၇ခုနှစ် ဒီဇင်ဘာလတုန်းက မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့ပါသေးတယ်။
အီတလီသတင်းစာတစ်စောင်ဖြစ်တဲ့ Corriere della Sera က ပုပ်ရဟန်းမင်းကြီရဲ့ အဆိုပါ ပြောကြားချက်ပါဝင်တဲ့ ရောမအခြေစိုက် ခရစ်ယာန်ဘုန်းတော်ကြီး အန်တိုနီယိုစပက်ဒါရို ရဲ့ဆောင်းပါး ကို ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။ဘုန်းတော်ကြီး အန်တိုနီယိုစပက်ဒါရိုဟာ တွေ့ဆုံပွဲတွေတက်ခဲ့သူ ဖြစ်ပြီး ပုပ်ရဟန်းမင်းကြီးရဲ့ ခွင့်ပြုချက်နှင့် ရေးသားခဲ့တာလို့ဆိုပါတယ်။
“ မြန်မာနိုင်ငံရဲ့အနာဂတ်ဟာ ဂုဏ်သိက္ခာနှင့် အားလုံးရဲ့ အခွင့်အရေးကို လေးစားကြခြင်းဖြင့် အခြေပြုရ လိမ့်မယ်။ အာလုံးရဲ့ အကျိုးစီးပွားကို လူတိုင်းဆောင်ရွက်ခွင့်ရှိတဲ့ ဒီမိုကရက်တစ်အစီအစဉ်တစ်ခုကို လေးစားကြရမယ်” လို့လည်း ပုပ်ဖရန်စစ်က ဆက်လက်ပြောကြားပါတယ်။
အသက် ၇၈နှစ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ခုနှစ် တပ်မတော်က အာဏာရယူပြီး ကတည်းက ထိန်းသိမ်းခံခဲ့ရပြီး ယခုအခါ နိုင်ငံတော်သစ္စာဖောက်မှုမှသည် လာဘ်စားမှု နှင့် ဆက်သွယ်ရေး ဥပဒေချိုးဖောက်မှုများဖြင့် ထောင်ဒဏ် ၂၇နှစ်ကျခံနေရပါတယ်။ အဲဒီအမှုတွေကို သူမက ငြင်းဆန်ထားပါတယ်။ ပြီးခဲ့တဲ့ ဧပြီလမှာတော့ သူမကို အကျဉ်းထောင်ကနေ နေအိမ်အကျယ်ချုပ် အဖြစ် ပြောင်းရွှေ့ချထားခဲ့ပါတယ်လို့ ဘန်ကောက်ပို့စ်ကရေးသားပါတယ်။
@ymg/knl
၂၂ စက်တင်ဘာ ၂၀၂၄
"စိတ်ချင်းယှက်နွယ် ယူနန်အစီအစဉ် " မှ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်အတွက် ဆိုလာလမ်းမီးနှင့် လမ်းမီးတိုင် အကူအညီပေးရေးစီမံကိန်း လွှဲပြောင်းပေးအပ်ခြင်းနှင့် ဖွင့်လှစ်ခြင်းအခမ်းအနားကို စက်တင်ဘာလ ၂၂ ရက်က ရန်ကုန်မြို့ရှိ U-Energy Thaketa Power Company (UREC) ရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ယူနန်ပြည်နယ် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာလျိုယုံ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးသံမှူးကြီး Cao Jing၊ ယူနန်ပြည်နယ် သဘာဝစွမ်းအင်ဌာန ညွှန်ကြားရေးမှူးချုပ် Mr.Chen Jie၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး စီးပွားရေးနှင့်ကုန်သွယ်မှုဌာန သံမှူး မစ္စတာ Ou Yang Dao Bing၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးဘိုဌေး၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး အပါအဝင် ယူနန်ပြည်နယ် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် မြန်မာနိုင်ငံအခြေစိုက် ယူနန်ပြည်နယ် စီးပွားကူးသန်းကိုယ်စားလှယ်ရုံးမှ တာဝန်ရှိသူများ၊ U -Energy Group Company ရုံးမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်မှ သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
"စိတ်ချင်းယှက်နွယ် ယူနန်အစီအစဉ်" မှ ရန်ကုန်တိုင်း သာကေတမြို့နယ်အတွက် ဆိုလာလမ်းမီးနှင့် လမ်းမီးတိုင်လှုဒါန်းမှုပရောဂျက်ကို မြန်မာနိုင်ငံရှိ ယူနန်ပြည်နယ် ကူးသန်းရောင်းဝယ်ရေး ကိုယ်စားလှယ်ရုံးက တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပြီး Yunnan Energy Investment သာကေတ ဓာတ်အားပေးစက်ရုံမှ ရန်ပုံငွေတစ်စိတ်တစ်ပိုင်းဖြင့် ပံ့ပိုးပေးလျက်ရှိကြောင်းသိရသည်။
သာကေတမြို့နယ် လမ်းများပေါ်တွင် ဆိုလာလမ်းမီး အစုံ (၄၀) တပ်ဆင်ပေးကာ ပရောဂျက်တန်ဖိုးမှာ ယွမ် (၃၈၀၀၀၀) ဖြစ်ကြောင်းနှင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ ရက်က ပရောဂျက် စတင်ခြင်းအခမ်းအနားကို ကျင်းပခဲ့ရာ မေလတွင် ပြည်တွင်း၊ ပြည်ပ တင်ဒါခေါ်ဝယ်ယူရေးလုပ်ငန်းပြီးစီးခဲ့ပြီး အလုံးစုံတပ်ဆင်လက်ခံခြင်းလုပ်ငန်းကို သြဂုတ်လကုန်ပိုင်းက ပြီးစီးခဲ့ခြင်းဖြစ်သည်။
"စိတ်ချင်းယှက်နွယ် ယူနန်အစီအစဉ် " သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ဘေးပတ်ဝန်း ကျင်နိုင်ငံများတွင် ဆောင်ရွက်နေသည့် ပြည်သူ့အကျိုးဆောင်စီမံကိန်းတစ်ခုဖြစ်ကြောင်း နှင့် ၂၀၂၂ခုနှစ် တွင် ရန်ကုန်မြို့ရှိ အခြေခံပညာကျောင်း (၉)ကျောင်းတွင် အားကစားဆိုင်ရာ အဆောက်အအုံများ တိုးမြှင့် ဆောင်ရွက်ခဲ့ပြီး သုဝဏ္ဏမြို့နယ် ဆိုလာလမ်းမီး လှုဒါန်းမှု ပရောဂျက်ကိုလည်း ပံ့ပိုးကူညီခဲ့ပြီးဖြစ်သည်။
၂၀၂၃ ခုနှစ်ကလည်း "မိုခါ" မုန်တိုင်းတိုက်ခတ်စဥ် ရန်ကုန်နှင့်မန္တလေးမြို့များသို့ ပြန်လည် တည်ဆောက် ရေးပစ္စည်းများ လှုဒါန်းခဲ့ပြီးဖြစ်ကြောင်းနှင့် ယခုတစ်ကြိမ် သာကေတမြို့နယ် ဆိုလာလမ်းမီး လှုဒါန်းမှု ပရောဂျက်နှင့် ပေါင်းလိုက်လျှင် စုစုပေါင်း ပရောဂျက် (၄)ခုရှိပြီး လှုဒါန်းမှုပမာဏ ယွမ် (၁ ဒသမ ၀၈သန်း) ရှိပြီဖြစ်သည်။
@ymg/ee
၂၂ စက်တင်ဘာ ၂၀၂၄
ထိုင်းအစိုးရက နှစ်ပတ်လည် တပ်ရာထူးများအပြောင်းအရွှေ့ကြီးတစ်ခုကို မကြာခင်ကြေညာဖွယ်ရှိပြီး ထိုပြန်လည်ဖွဲ့စည်းမှုတွင် လာမည့်လ၌ အငြိမ်းစားယူကြမည့် ကြည်းတပ်နှင့် ရေတပ်ဦးစီးချုပ်တို့၏ နေရာများကို အသစ်ခန့်အပ်ခြင်းလည်း ပါဝင်တယ်လို့ ထိုင်းသတင်းများကရေးသားပါတယ်။
အဆိုပါ တစ်နှစ်တစ်ကြိမ်ပြုလုပ်တဲ့ တပ်ရာထူးအပြောင်းအရွှေ့တွင် အဆိုပါ တပ်အကြီးအကဲ (၂)နေရာ အပါအဝင် စုစုပေါင်း အရာရှိ ၈၀၈ဦးပါဝင်တယ်လို့သိရပါတယ်။
ထိုင်းဝန်ကြီးချုပ်ရုံးရဲ့ တော်ဝင်ဂေဇက်ဝက်ဘ်ဆိုက်မှာ ဖော်ပြချက်အရ ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝါထရာဟာ အဆိုပါစာရင်းကို ထိုင်းဘုရင်မင်းမြတ်ထံ အတည်ပြုပေးဖို့ တင်သွင်း လိုက်ပြီလို့ရေးသားထားပါတယ်။ ဘုရင်မင်းမြတ်အတည်ပြုပြီးပါက ယင်းအပြောင်းအရွှေ့များသည် အောက်တိုဘာ ၁ ရက်မှစတင်အကျုံးဝင်မှာဖြစ်ပါတယ်။
အငြိမ်းစားယူတော့မည့် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချာရိုအင်ချိုင်ဟင်တောင်၏ နေရာတွင် သူထောက်ခံတင်ပြထားသည့် လက်ရှိ စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ပန်နာကလောပလိုသပ် ဖြစ်လာမယ်လို့ အသံတွေထွက်နေပါတယ်။
ယင်းအပြင် အငြိမ်းစားယူမည့် ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အက်ဒွန်ပန်အမ်၏ နေရာတွင် သူထောက်ခံ ပေးထားသည့် ဗိုလ်ချုပ်ကြီး ဂျီရာပို ဝန်ဝစ်ဖြစ်လာမည်ဟုလည်း ထင်ကြေးပေးထားကြပါတယ်။ သူဟာ ရေတပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ်ဖြစ်ပြီး ဂျာမနီနိုင်ငံ မြူဝစ်ရေတပ် တက္ကသိုလ် ဆင်းတစ်ဦးဖြစ်ပါတယ်။
လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပန်ပက်ဒီပန်တန်ကူက သူ၏ လက်ထောက် အဖြစ် လေတပ်အကြီးတန်းပညာရှင် ဗိုလ်ချုပ်ကြီး ချိန်နက်ပိုကစ်ကို ဒုတိယလေတပ်ဦးစီးချုပ်အဖြစ် ခန့်အပ်မယ်လို့သတင်းများထွက်ပေါ်နေပါတယ်။ ယင်းအပြင် ဗိုလ်ချုပ်ကြီး မန်နက် ချာဗန်နာပရာရွန်ကို လည်း လေတပ်အကြံပေးဘုတ်အဖွဲ့ ဥက္ကဋ္ဌအဖြစ်ခန့်အပ်ဖွယ်ရှိနေကြောင်းသတင်းများက ရေးသား ဖော်ပြကြပါတယ်။
Source Thai Media outlets
၂၁ စက်တင်ဘာ ၂၀၂၄
အိန္ဒိယနိုင်ငံအရှေ့မြောက်ပြည်နယ်ဖြစ်တဲ့ မဏိပူရပြည်နယ်မှာ မြန်မာနိုင်ငံဘက်ကနေ ကူကီးသူပုန် ၉၀၀ ခန့် အလုံးအရင်းနှင့်ဝင်လာမယ်လို့ ထောက်လှမ်းရေးသတင်းတွေရရှိထားလို့ အဆင့်မြင့် တပ်လှန့် နှိုးဆော်ထား ရတယ်လို့ လုံခြုံရေးအရာရှိတစ်ဦးက သောကြနေ့က ပြောပါတယ်။
မဏိပူရပြည်နယ်လုံခြုံရေးအကြံပေး ကူဒီယတ်ဆင်းက သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကိုပြောကြားခဲ့တာဖြစ်ပြီး ကူကီးသူပုန်တွေနှင့်ပတ်သက်တဲ့ သတင်းအချက်အလက် တွေကို ထောက်လှမ်းရေးအဖွဲ့တွေအမျိုးမျိုးထံ ပေးဝေထားပြီးဖြစ်တယ်လို့လည်း သူကပြောပါတယ်။
၂၀၂၃ မေလကစပြီး လူအများစု မေတေးနှင့် လူနည်းစု ကူကီးတွေအကြား စီးပွားရေးနှင့် ခွဲတမ်းကိစ္စတွေ မပြေမလည်ဖြစ်ကြရာကနေ အကြမ်းဖက်မှုတွေဖြစ်လာနေတာကို မဏိပူရကပါ လာအမှုပတ်နေရတာ ဖြစ်ပါတယ်။
မဏိပူရတောင်ပိုင်းမှာ အခြေချနေထိုင်ကြတဲ့ ကူကီးလူမျိုးတွေဟာ မြန်မာနိုင်ငံက ချင်းလူမျိုးနွယ်စုဝင် တွေဖြစ်ကြပါတယ်။
ကူကီးတွေဟာ ဒရုန်းတွေအသုံးပြုပြီး တိုက်ခိုက်မှုတွေပြုလုပ်နေတယ်ဆိုတဲ့ နောက်ဆုံးထောက်လှမ်းရေ သတင်းတွေရရှိပေမယ့် ကူကီးကိုယ်စားလှယ်တွေကတော့ ဒီသတင်းဟာ မဟုတ်ဘူးလို့ ငြင်းဆိုထားကြ ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် မေတေးဆန္ဒပြသူတွေဟာ အင်ဖာမှာ အကြီးအကျယ် စုဝေးမှုတွေပြုလုပ်ခဲ့ကြပြီး ကူကီသူပုန်တွေကို အရေးယူပေးဖို့ တောင်းဆိုလာကြပါတယ်။
မငြိမ်မသက်မှုတွေကို နှိမ်နှင်းနေတဲ့ကြားထဲက ဒီလစောစောပိုင်းမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုကြောင့် လူ ၁၁ ဦးသေဆုံးခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်မေလကစပြီး ယခုထက်ထိ ပဋိပက္ခကြောင့် လူ ၂၃၇ ဦးသေဆုံးခဲ့ပြီး လူ ခြောက်သောင်းခန့်ဟာ လူဦးရေ ၃.၂သန်းရှိတဲ့ မဏိပူရထဲကို ရွှေ့ပြောင်းနေထိုင်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့နှစ်က အိန္ဒိယအစိုးရက ကာလရှည်မူဝါဒတစ်ခုဖြစ်တဲ့ ဗီဇာမလိုနယ်စပ်ဖြတ်ကျော်ခွင့်ကို ဖျက်သိမ်းခဲ့ပြီးနောက် အိန္ဒိယရူပီး ၃၁၀ ဘီလျံကုန်ကျမယ့် နယ်စပ်စည်းရိုးကာမယ့် အစီအစဉ်ကို ကြေညာ ခဲ့ပါတယ်။
အဲဒီအရေးယူဆောင်ရွက်ချက်ကို နယ်စပ်ဖြတ်ကျော်သွားလာနေကြတဲ့ ကူကီးအုပ်စုတွေက ဝေဖန် ပြစ်တင်ခဲ့ကြပါတယ်။
မဏိပူရမှာ မျိုးနွယ်စုနှစ်ခုဟာ နယ်မြေပိုင်းခြားနေထိုင်နေကြပါတယ်။ မေတေးတွေဟာ တောင်ကြားတွေ မှာ ထိန်းချုပ်ထားကြပြီး ကူကီးတွေကတော့ တောင်ပေါ်မှာ ကြီးစိုးနေကြပါတယ်လို့ သိရပါတယ်။
Source BKK Post
Page 61 of 255