နေပြည်တော်၊ ၂၂ ဧပြီ ၂၀၂၅
တပ်မတော်က ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၃ ရက်မှ ၃၀ ရက် အထိကာလကို ယာယီ ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးကာလအဖြစ် ထပ်မံ တိုးမြှင့် ထုတ်ပြန်လိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဧပြီ ၂၂ရက်နေ့တွင် သတင်းထုတ်ပြန်ပါတယ်။
ငလျင်ဒဏ်သင့်ဒေသများ၌ ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန် အဟုန်ဖြင့်ဆက်လက်ဆောင်ရွက်နိုင်စေရန်၊ နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ အကျိုးစီးပွားကို ပိုမို လျှင်မြန်စွာဖော်ဆောင်နိုင်ရန်၊ ရေရှည်တည်တံ့ပြီး စစ်မှန်သည့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်စေရန်နှင့် တည်ငြိမ် အေးချမ်းမှုကို ရှေးရှုပြီး ယခုလိုသက်တမ်းတိုးလိုက်တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ငလျင်ဘေးဏ်ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပြည်ထောင်စုဖွား တိုင်းရင်းသား မိဘပြည်သူများအားလုံး၏ စုပေါင်းအား ဖြင့် ဆောင်ရွက်မည်ဆိုပါက ပုံမှန်အခြေအနေသို့ အမြန်ဆုံး ရောက် ရှိနိုင်မယ်လို့လည်း သတင်းထုတ်ပြန်ချက်ဆိုပါတယ်။
ယာယီပစ်ခတ်တိုက်ခိုက်မှု ထုတ်ပြန်ကြေညာထားသည့်ကာလအတွင်း တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့များနှင့် အခြားလက်နက်ကိုင်အဖွဲ့များအနေဖြင့် တိုက်ခိုက်မှုများပြုလုပ်ခြင်း၊ ငြိမ်းချမ်းရေးကို ထိခိုက်ပျက်စီးစေမည့် အင်အားစုဆောင်းခြင်း၊ ပြင် ဆင် စုဖွဲ့ခြင်း၊ နယ်မြေချဲ့ထွင်ခြင်းများကို ဆောင်ရွက်လာပါက တပ်မတော်အနေဖြင့် ပြည်သူလူထုကို ကာကွယ်သောအားဖြင့် လိုအပ်သည့်အရေးယူ တုန့်ပြန်မှုများကို ဆောင်ရွက်သွားမယ်လို့လည်း သတိပေးထားပါတယ်။
တပ်မတော်သည် ၀၂၅ ခုနှစ် ဧပြီ ၂ ရက် မှ ၂၂ ရက်အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလအဖြစ် ထုတ်ပြန်ခဲ့ပြီး ယခုထပ်မံတိုးခဲ့ခြင်းဖြစ်ပါတယ်။
Ymg/knl