ရန်ကုန် မတ်၉ — တပ်မတော်(ရေ)၏ ရေကြောင်းကာကွယ်ရေးနှင့် ရေယာဉ်တည်ဆောက်မှုစွမ်းရည်ကို ပိုမိုတိုးချဲ့သည့်အနေဖြင့် ပြည်တွင်း၌ ကိုယ်တိုင်တည်ဆောက်ထားသော အကြီးမားဆုံး ဖရီဂိတ် စစ်ရေ ယာဉ်သစ် တပ်တော်ဝင်ခြင်းနှင့် တန် ၄၀,၀၀၀ ဆံ့ ရေလုံလွန်းကျင်းကြီး ဖွင့်လှစ်ခြင်း အခမ်းအနား ကို တနင်္ဂနွေနေ့ နံနက်ပိုင်းက ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ခဲ့သည့် အဆိုပါအခမ်းအနားတွင် ရေငုပ်သင်္ဘော တိုက် ဖျက်ရေး ရေယာဉ်များ၏ ဧရာခင်းမင်္ဂလာကိုလည်း တစ်ပါတည်း ကျင်းပခဲ့သည်။
ယခုတပ်တော်ဝင်ခဲ့သည့် ဖရီဂိတ်စစ်ရေယာဉ် (သာလွန်မင်း) သည် တပ်မတော်(ရေ) သမိုင်းတစ်လျှောက် ပြည်တွင်း၌ ကိုယ်တိုင်တည်ဆောက်နိုင်ခဲ့သည့် အရွယ်အစားအားဖြင့် အကြီးမားဆုံး စစ်ရေယာဉ် ဖြစ်သည်။ အဆိုပါရေယာဉ်သည် တပ်တော်မဝင်မီ ခရီးရှည်စမ်းသပ်မောင်းနှင်မှုအဖြစ် နာရီပေါင်း ၂၇၀ ကျော်၊ ရေမိုင် ၃,၅၀၀ ခန့် မောင်းနှင်ခဲ့ပြီး ရေယာဉ်ပေါ်ပါ စနစ်များအားလုံး စံချိန်စံညွှန်းပြည့်မီကြောင်း သေချာစွာ စစ်ဆေးအတည်ပြုနိုင်ခဲ့သည်။
သန်လျင်တပ်နယ် ရေတပ်သင်္ဘောကျင်းဌာနချုပ်တွင် ဖွင့်လှစ်လိုက်သည့် တန် ၄၀,၀၀၀ ဆံ့ ရေလုံလွန်း ကျင်းသည် မြန်မာနိုင်ငံတွင် အကြီးမားဆုံးဖြစ်ပြီး အရွယ်အစားကြီးမားသော စစ်ရေယာဉ်များနှင့် ကုန်သွယ်ရေကြောင်း ရေယာဉ်ကြီးများကို တည်ဆောက်ရန်နှင့် ပြုပြင်ရန် ရည်ရွယ်ထားသည်။ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က အဆိုပါလွန်းကျင်းကြီးအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီး ရေငုပ်သင်္ဘော တိုက်ဖျက်ရေး ရေယာဉ်များတည်ဆောက်ရန် ဧရာခင်းပေးခဲ့ကာ Shipyard Management Software ခန်းအတွင်း လုပ်ငန်းဆောင်ရွက်နေမှုများကိုပါ ကြည့်ရှုစစ်ဆေးခဲ့သည်။
ယခု တန် ၄၀,၀၀၀ ဆံ့ ရေလုံလွန်းကျင်းကြီးကို ရေယာဉ်များ ကိုယ်တိုင်တည်ဆောက်နိုင်ရန်နှင့် အရပ်ဘက်ကုန်တင်ရေယာဉ်ကြီးများ ပြုပြင်တည်ဆောက်ပေးခြင်းမှ ဝင်ငွေပြန်လည်ရရှိရန် ရည်ရွယ်၍ ၂၀၁၈ ခုနှစ်ကတည်းက စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။
ဤစီမံကိန်းသည် ရေတပ်သင်္ဘောကျင်းဌာနချုပ်၏ အဆင့်သုံးဆင့်ပါဝင်သော မဟာဗျူဟာစီမံကိန်း၏ တတိယမြောက်နှင့် နောက်ဆုံးအဆင့်ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။ ပထမအဆင့်ကို ၁၉၉၈ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ လည်းကောင်း၊ ဒုတိယအဆင့်ကို ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ လည်း ကောင်း အကောင်အထည်ဖော်ခဲ့ပြီး ရေတပ်သင်္ဘောကျင်းကို နိုင်ငံတကာအဆင့်မီဖြစ်လာစေရန် တဖြည်းဖြည်း အဆင့်မြှင့်တင်ခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အမှာစကားတွင် ယခုကဲ့သို့ ရေတပ်အင်အားတိုးချဲ့ခြင်းသည် မြန်မာ နိုင်ငံ၏ အမျိုးသားရေးနှင့် စီးပွားရေးအကျိုးအမြတ်များကို ကာကွယ်ရန် မရှိမဖြစ်လိုအပ်ကြောင်း ထည့် သွင်းပြောကြားခဲ့သည်။ မြန်မာ့ပင်လယ်ပြင်သည် သီးသန့်စီးပွားရေးဇုန်ဖြစ်သည့် ကမ်းလွန်ပင်လယ်ပြင် အထိ ကျယ်ပြန့်ပြီး ကမ္ဘာ့ကုန်သွယ်ရေကြောင်းရေယာဉ်ကြီးများ ဖြတ်သန်းသွားလာနေသည့် အဓိက ရေလမ်းကြောင်းများပေါ်တွင် တည်ရှိနေကြောင်း ဗိုလ်ချုပ်မှူးကြီးက ထောက်ပြခဲ့သည်။ ထို့ကြောင့် ပင်လယ်ပြင် ဆက်သွယ်ရေးလမ်းကြောင်းများ၊ ရေနက်ဆိပ်ကမ်းများနှင့် ရေထွက်သယံဇာတများကို ကာကွယ်ရန် အင်အားတောင့်တင်းသော ရေတပ်တစ်ခု လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။
စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားကို ရန်ကုန်မြို့ရှိ ရေတပ်ဆိပ်ခံတံတား၌ ဆက်လက် ကျင်းပခဲ့ပြီး တပ်မတော်(ကြည်း၊ ရေ၊ လေ) ကာကွယ်ရေးဦးစီးချုပ်များနှင့် အဆင့်မြင့်တပ်မတော် အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။ တပ်တော်ဝင်တံခွန်အလံများ လွှဲပြောင်းပေးအပ်ခြင်းနှင့် ခေါင်းလောင်းရှစ်ချက်တီးခြင်းစသည့် တပ်တော်ဝင်အစဉ်အလာများ ပြုလုပ်ပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်ရေယာဉ် (မုတ္တမ) ပေါ်သို့ တက်ရောက်ကာ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့သည်။ အခမ်းအနားကို စစ်ရေယာဉ် (ရန်တိုင်းအောင်) နှင့် (ရန်ကြီးအောင်) တို့မှ အမြောက် ၂၁ ချက် ပစ်ဖောက်ဂုဏ်ပြုကာ ရုပ်သိမ်းခဲ့ပြီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)က အဆိုပါ ဂုဏ်ပြု ပစ်ခတ်ခဲ့သည့် ပထမဆုံး အမြောက်ကျည်ဆန်ခွံကို အထိမ်းအမှတ်အဖြစ် ဂါရဝပြု ပေးအပ်ခဲ့သည်။
Knl/ymg


ရန်ကုန်၊ မတ် ၈
မြန်မာနိုင်ငံအတွင်း စက်သုံးဆီဖူလုံစွာရရှိရေးအတွက် ရန်ကုန်၊ သီလဝါဆိပ်ကမ်းသို့ စက်သုံးဆီတင် သင်္ဘောများ စဉ်ဆက်မပြတ် ဆိုက်ကပ်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ ယနေ့ မတ်လ (၈) ရက်နေ့အထိ ထုတ်ပြန်ချက်အရ ဆိုက်ကပ်ဆီချနေသည့် သင်္ဘောများအပါအဝင် ရေလမ်းခရီးနှင့် ဆီတင်ရန်စောင့်ဆိုင်းနေသည့် သင်္ဘောစုစုပေါင်း (၁၄) စီးအထိ ရှိနေကြောင်း စွမ်းအင်ဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။
လက်ရှိတွင် သီလဝါဆိပ်ကမ်း၌ ဆီချလုပ်ငန်းများ ဆောင်ရွက်နေသည့် သင်္ဘော (၂) စီးရှိနေပြီး မြန်မာ့ရေပြင်သို့ ဆိုက်ကပ်ရန် လမ်းခရီးတွင် ရောက်ရှိနေသော သင်္ဘော (၄) စီးလည်း ရှိနေပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ထို့အပြင် ပြည်ပဆိပ်ကမ်းများတွင် ဆီတင်ဆောင်နေသည့် သင်္ဘော (၃) စီးနှင့် ဆီတင်ရန် စောင့်ဆိုင်းနေသည့် သင်္ဘော (၅) စီးတို့ရှိခြင်း ကြောင့် ပြည်တွင်းစက်သုံးဆီ လိုအပ်ချက်ကို ဖူလုံအောင် ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း သိရ သည်။
သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် တင်သွင်းလာသည့် စက်သုံးဆီများကို သုံးစွဲသူပြည်သူများ လက်ဝယ်သို့ အမှန်တကယ် ရောက်ရှိစေရန်နှင့် ဈေးကွက်အတွင်း ဖြန့်ဖြူးမှုကွင်းဆက် မပြတ် တောက်စေရန် အနီးကပ် စိစစ်ကြပ်မတ်လျက်ရှိသည်ဟု သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထား သည်။
ပြည်သူများအနေဖြင့်လည်း စက်သုံးဆီ ပြတ်လပ်မည်ကို စိုးရိမ်ပြီး ပိုမိုဝယ်ယူစုဆောင်းခြင်းများ မပြုလုပ်ရန်နှင့် လိုအပ်သလောက်ကိုသာ ခြိုးခြံချွေတာစွာ သုံးစွဲကြပါရန် စွမ်းအင်ဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။


သီလဝါဆိပ်ကမ်သို့ထပ်မံရောက်ရှိလာသော စက်သုံးဆီတင်သင်္ဘောများကိုတွေ့ရစဉ်။
မနီလာ၊ ၃ မတ်၊၂၀၂၆ – အရှေ့အလယ်ပိုင်းက တင်းမာမှုတွေကြောင့် ကမ္ဘာ့ရေနံဈေးတွေ ရုတ်တရက် တက်လာခဲ့ရင် အရေးပေါ် ဝင်ရောက်ကုစားဖို့ အစိုးရက ပြင်ဆင်နေတဲ့အချိန်မှာပဲ အစိုးရရုံးတွေအနေနဲ့ စွမ်းအင်ချွေတာရေး အစီအစဉ်တွေကို အကောင်အထည်ဖော်ဖို့ သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက အင်္ဂါနေ့မှာ အမိန့်ပေးလိုက်ပါတယ်။
မာလာကန်နန်း သမ္မတနန်းတော်မှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ စွမ်းအင်ဖူလုံရေး၊ ကုန်ဈေးနှုန်း တည်ငြိမ်ရေးနဲ့ ဘဏ္ဍာရေး ရေရှည်တည်တံ့ရေးတွေကို မျှမျှတတဖြစ်အောင် လုပ်ဖို့လိုတယ်လို့ မားကို့စ်က ထည့်သွင်းပြောသွားခဲ့ပါတယ်။ ပဋိပက္ခတွေ ဆက်မဖြစ်ဖို့ သူက မျှော်လင့်ထားပေမယ့် ရေနံ ဈေး အတက်အကျဒဏ်တွေ ဆက်ရှိနေမယ်ဆိုရင်တော့ အရေးပေါ် အစီအမံတွေကို ချမှတ်ထား ပြီးပြီလို့လည်း သူက ဆိုပါတယ်။ ဒါ့အပြင် အစိုးရဌာနတွေအားလုံး စွမ်းအင်သုံးစွဲမှု လျှော့ချဖို့ ညွှန်ကြား ထားသလို စွမ်းအင်ချွေတာနိုင်မယ့် နည်းလမ်းတွေရှာဖို့လည်း မှာကြားထားတယ်လို့ သိရပါတယ်။
ပြည်သူတွေအနေနဲ့လည်း ကားကြုံလိုက်စီးတာ၊ မလိုအပ်ဘဲ ခရီးမသွားတာနဲ့ အများပြည်သူသုံး သယ်ယူ ပို့ဆောင်ရေးစနစ်ကို အဓိကထား အသုံးပြုတာစတဲ့ စွမ်းအင်ချွေတာရေး အလေ့အကျင့်တွေ လုပ်ကြဖို့ ကိုလည်း မေတ္တာရပ်ခံထားပါတယ်။ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးကို သုံးဖို့ သူက တိုက်တွန်း ထားပြီး ကိုယ်ပိုင်ကားသုံးမယ်ဆိုရင်တောင် တစ်ယောက်တည်းမစီးဘဲ လူအပြည့်တင်စီးကြဖို့ကိုလည်း ထပ်လောင်းပြောဆိုထားပါတယ်။
ပြည်တွင်းမှာ လောင်စာဆီ လုံလုံလောက်လောက် ရှိနေသေးပေမယ့် သုံးစွဲမှုလျှော့ချတာက ကမ္ဘာ့ ဈေးကွက်မှာ ဈေးတက်လာတဲ့အခါ အိမ်ထောင်စုတွေအပေါ် သက်ရောက်လာမယ့် ရိုက်ခတ်မှုတွေကို သက်သာစေနိုင်တယ်လို့ မားကို့စ်က ပြောပါတယ်။
ကမ္ဘာ့ရေနံစိမ်းဈေးက တစ်စည်ကို ကန်ဒေါ်လာ ၈၀ ကျော်သွားမယ်ဆိုရင်တော့ အစိုးရရဲ့ လောင်စာဆီ ထောက်ပံ့ကြေး အစီအစဉ်ကို အလိုအလျောက် စတင်သွားမှာဖြစ်ပြီး ရေနံဈေးအတက်အကျကြောင့် အထိခိုက်ဆုံး ကဏ္ဍတွေကို ပစ်မှတ်ထား ကူညီသွားမှာပါ။ ဒီလိုကူညီတဲ့အခါမှာ ပို့ဆောင်ရေးနဲ့ စိုက်ပျိုး ရေးကဏ္ဍတွေဟာ အမျိုးသားဘတ်ဂျက်အောက်မှာရှိတဲ့ လက်ရှိ လောင်စာဆီအကူအညီပေးရေး အစီ အစဉ်တွေအရ ထောက်ပံ့မှုရဖို့ မျှော်လင့်ရတဲ့အထဲမှာ ပါဝင်နေပါတယ်။
ဈေးတက်တာတွေ ကြာလာမယ်ဆိုရင်တော့ လောင်စာဆီ ယစ်မျိုးခွန်တွေကို ပြင်ဆင်သတ်မှတ်ဖို့ အစိုးရ က လေ့လာနေတယ်လို့လည်း သမ္မတက ဆိုပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ လိုအပ်တဲ့ ရေနံအားလုံးနီးပါးကို ပြည်ပကနေ တင်သွင်းနေရတာဖြစ်လို့ အရှေ့အလယ်ပိုင်းက ပဋိပက္ခတွေလိုမျိုး ကမ္ဘာ့ရေနံဖြန့်ဖြူးမှုနဲ့ ဈေးနှုန်းအပေါ် သက်ရောက်စေတဲ့ ပထဝီနိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် အလွယ်တကူ ထိခိုက်နိုင်ခြေ ရှိနေတာပါ။
စွမ်းအင်ချွေတာရေး အစီအမံတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေကို အသိပေးတာတွေကို လာမယ့်ရက်ပိုင်း အတွင်း အစိုးရက ထပ်မံထုတ်ပြန်သွားမယ်လို့လည်း သိရပါတယ်။ (PNA)
NAY PYI TAW, March 3, 2026 – The National Defence and Security Council (NDSC) has announced a nationwide fuel rationing system, introducing an "odd-even" driving schedule for private vehicles to manage a growing energy crisis.
The new regulations, set to take effect on March 7, are a direct response to global geopolitical instability. Authorities cited ongoing military conflicts in the Middle East as the primary cause for the disruption of maritime shipping routes, which has severely hampered the country's ability to import fuel.
The New Driving Schedule
Under the new mandate, private vehicle access to roads will be determined by the first digit of the vehicle’s license plate:
Odd-Numbered Days: Only vehicles with plates starting with an odd number (e.g., 1, 3, 5, 7, 9) are permitted to drive.
Even-Numbered Days: Only vehicles with plates starting with an even number (e.g., 2, 4, 6, 8, 0) are permitted to drive.
Electric Vehicles (EVs) and EV motorcycles are exempt from these restrictions and may continue to operate daily.
Exemptions and Essential Services
To minimize the impact on the economy and public welfare, the NDSC has exempted several categories from the rationing schedule. Public transport buses, taxis, fuel tankers, cargo trucks, construction vehicles, and emergency services—including ambulances and municipal garbage trucks—remain authorized for daily use.
Cracking Down on Hoarding
The announcement also issued a stern warning to both business owners and the general public against the stockpiling of fuel. The government has prohibited the "hoarding and reselling of fuel at inflated prices," stating that violators will face prosecution under existing laws.
The NDSC concluded the statement by noting that these measures will remain in place indefinitely until further notice.
#knl/ymg

၃ မတ် ၂၀၂၆
အရှေ့အလယ်ပိုင်းဒေသအတွင်း၌ စစ်ရေးပဋိပက္ခများကြောင့် စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေးအတွက် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ က ပြည်သူသို့ အသိပေးကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ရာအောက်ပါအတိုင်းဖြစ်ပါတယ်။
စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်
နေပြည်တော်၊ မတ်လ ၃ ရက်
၁။ လက်ရှိကမ္ဘာ့နိုင်ငံရေးအခြေအနေများအရ အရှေ့အလယ်ပိုင်းဒေသအတွင်း၌ စစ်ရေးပဋိပက္ခများကြောင့် လောင်စာဆီတင်သွင်းသည့် သင်္ဘောများဖြင့် သယ်ယူပို့ဆောင်ရာ ရေလမ်းကြောင်းတစ်လျှောက်တွင် အတားအဆီး၊ အဟန့်အတားပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိပါသည်။
၂။ အထက်ပါအခြေအနေများကြောင့် စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက်မှစတင်၍ ပုဂ္ဂလိကယာဉ်များ၊ လုပ်ငန်းသုံးယာဉ်များနှင့် သယ်ယူပို့ဆောင်ရေးယာဉ်များသည် အောက်ပါစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ မောင်းနှင်အသုံးပြုရန် ဖြစ်ပါသည်-
(က) လစဉ် “စုံ” ရက်များတွင် စုံနံပါတ်အက္ခရာပါသောယာဉ်များ (ဥပမာ- 2A/----၊ 4A/---- စသည်ဖြင့်)၊ “မ” ရက်များတွင် မနံပါတ်အက္ခရာပါသောယာဉ်များ (ဥပမာ- 1A/----၊ 3A/---- စသည်ဖြင့်) စသည့် ပုဂ္ဂလိကပိုင်ယာဉ်များသာ မောင်းနှင်အသုံးပြုရန် ဖြစ်ပါသည်။ (EV မော်တော်ယာဉ်/EV မော်တော်ဆိုင်ကယ်များ နေ့စဉ်မောင်းနှင်နိုင်သည်။)
(ခ) နေ့စဉ် အများပြည်သူသယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်များ၊ အငှားယာဉ်များ (Taxi)၊ စက်သုံးဆီသယ်ယူပို့ဆောင်သည့်ယာဉ်များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်များ၊ ကုန်စည်ပို့ဆောင်ရေးယာဉ်များ၊ လူနာတင်ယာဉ်/နိဗ္ဗာန်ယာဉ်များနှင့် စည်ပင်အမှိုက်သိမ်းယာဉ်များ အသုံးပြုနိုင်သည်။
(ဂ) စက်သုံးဆီလုပ်ငန်းရှင်များသာမက အများပြည်သူအနေဖြင့် စက်သုံးဆီများ ဝယ်ယူစုဆောင်းခြင်းနှင့် ဈေးနှုန်းမြှင့်တင်၍ ရောင်းချခြင်းများ လုံးဝမပြုလုပ်ရန် ဖြစ်ပါသည်။
၃။ သို့ဖြစ်ပါ၍ အထက်ပါစည်းကမ်းသတ်မှတ်ချက်များသည် ထပ်မံ၍ တစ်စုံတစ်ရာ ထုတ်ပြန်မှုမရှိသရွေ့ အတည်ဖြစ်ကြောင်းနှင့် အဆိုပါစည်းကမ်းသတ်မှတ်ချက်များအား ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
သတင်းထုတ်ပြန်ရေးအဖွဲ့
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ

NAYPYIDAW — Feb. 26, 2026 — Myanmar and Russia have agreed to significantly strengthen bilateral ties in space technology, with high-level discussions centering on the potential launch of a national satellite to serve Myanmar's public and national interests.
Acting President and Chairman of the State Security and Peace Commission, Senior General Min Aung Hlaing, met with Mr. Dmitry V. Bakanov, Director General of Russia’s Federal Space Corporation (Roscosmos), on Thursday in the capital city of Naypyidaw.
According to an official government press release, the talks focused on expanding direct cooperation between Roscosmos and the Myanmar Space Agency. The two leaders discussed advancing Myanmar's utilization of space technology, improving satellite communications, and implementing robust plans for human resource development within the sector.
A key element of the dialogue was the peaceful exploration and use of outer space. To ensure the long-term growth of Myanmar's aerospace capabilities, both parties exchanged views on continuing to send Myanmar scholars and trainees to Russia to acquire advanced knowledge in aerospace engineering and satellite technology.
The leaders also highlighted recent successful upgrades to the Space Museum in Yangon, noting that the facility has drawn significant interest and active engagement from the country's youth. Both sides emphasized the importance of fostering aerospace awareness among the younger generation.
A Growing Aerospace Partnership
Thursday’s meeting builds upon several years of deepening technological and scientific collaboration between Naypyidaw and Moscow. The aerospace partnership gained significant momentum in September 2022, when Senior General Min Aung Hlaing visited the Vostochny Cosmodrome in Russia’s Amur region. During that milestone visit, he toured the Angara and Soyuz-2 rocket assembly complexes and initiated talks with Roscosmos leadership regarding technological assistance and satellite manufacturing.
Since then, the two nations have steadily integrated their aerospace development efforts. Myanmar engineers have actively participated in specialized training programs in Russia—such as those at Samara University—focusing on nanosatellite design, space mission analysis, and global navigation satellite systems (GNSS). This collaboration was further cemented in September 2025 during another high-level visit to Russia, which resulted in formal agreements on civilian nuclear energy and outer space cooperation.
The meeting in Naypyidaw was attended by senior officials from both nations. Joining the Acting President were State Prime Minister U Nyo Saw, Commission Secretary General Ye Win Oo, and other relevant officials. The Russian delegation included the Russian Ambassador to Myanmar, H.E. Iskander Azizov, the Deputy Director General of Roscosmos, and accompanying delegates.
Reported by knl/ymg
မြန်မာနှင့်ရုရှားတို့ အာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်မည်
၂၆ ဖေဖော်ဝါရီ၊၂၀၂၆
မြန်မာနိုင်ငံနှင့်ပြည်သူ့အကျိုးစီးပွားဖော်ဆောင်ပေးမည့် ဂြိုဟ်တုလွှတ်တင်နိုင်ရေးနှင့် အာကာသနှင့် ဂြိုဟ်တုဆက်သွယ်ရေးနည်းပညာပူးပေါင်းဆောင်ရွက်ရေးအတွက် မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကောင်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံပိုင် အာကာသကော်ပိုရေးရှင်း Roscosmos ၏ အထွေထွေညွှန်ကြားရေးမှူးချုပ် Mr. Dmitry V. Bakanov တို့ ဆွေးနွေးခဲ့ကြကြောင်းသိရပါတယ်။
မြန်မာနိုင်ငံသို့ရောက်ရှိနေတဲ့ Roscosmos အကြီးအကဲ Mr. Dmitry V. Bakanov သည် ဖေဖော်ဝါရီ ၂၆ ရက်က နေပြည်တော်တွင် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ လာရောက်ဂါရဝပြုတွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ အစိုးရသတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ဗိုလ်ချုပ်မှူးကြီးနှင့် Roscosmos အထွေထွေညွှန်ကြားရေးမှူးချုပ်တို့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံ “Roscosmos” နိုင်ငံပိုင်ကော်ပိုရေးရှင်း နှင့် မြန်မာအာကာသအေဂျင်စီတို့အကြား တိုးမြှင့်ပူးပေါင်း ဆောင်ရွက်မှု၊ မြန်မာနိုင်ငံ၏ အာကာသဆိုင်ရာနည်းပညာအသုံးပြုမှုများ ပိုမိုဖွံ့ဖြိုးရေးဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံ၏ အာကာသနည်းပညာဆိုင်ရာ လူသားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းဆွေးနွေးခဲ့ကြပါတယ်။
ထို့အပြင် အာကာသပြတိုက်(ရန်ကုန်)ကို အဆင့်မြှင့်တင်နိုင်ခဲ့မှုနှင့် လူငယ်များအနေဖြင့် စိတ်ပါဝင်စားစွာ ဖြင့် လာရောက်လေ့လာကြည့်ရှုလျက်ရှိမှု၊ နှစ်နိုင်ငံအကြား ငြိမ်းချမ်းသောရည်ရွယ်ချက်များဖြင့် ပြင်ပ အာကာသစူးစမ်းလေ့လာရေး နှင့် အသုံးပြုမှုနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ မျိုးဆက်သစ်လူငယ်များအား အာကာသနည်းပညာဆိုင်ရာ ဗဟုသုတများပိုမိုရရှိနိုင်ရေး ဆောင်ရွက်ပေး လျက်ရှိမှု၊ အာကာသနည်းပညာနှင့်သက်ဆိုင်သည့် ပညာတော်သင် သင်တန်းသားများ စေလွှတ်ရေးဆိုင် ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ကောင်မရှင်အဖွဲ့ဝင် နိုင်ငံတော် ဝန်ကြီးချုပ် ဦးညိုစော၊ ကောင်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် တာဝန်ရှိသူများ တက် ရောက်ကြပြီး “Roscosmos” နိုင်ငံပိုင်ကော်ပိုရေးရှင်း၏ အထွေထွေညွှန်ကြားရေးမှူးချုပ်နှင့်အတူ မြန်မာ နိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov ၊ “Roscosmos” နိုင်ငံပိုင် ကော်ပိုရေးရှင်း၏ ဒုတိယအထွေထွေညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။
Page 12 of 269