၄ ဩဂုတ် ၂၀၂၅
တောင်ငူဘူတာရုံကို ခေတ်မီဘူတာရုံတစ်ခုအဖြစ် အသစ်တည်ဆောက်ရန် စီစဉ်နေကြောင်း သိရပါ တယ်။
အဆိုပါဘူတာရုံအသစ်နှင့်ဆက်စပ်ပြီး တောင်ငူမြို့ရှောင် ရထားလမ်းကိုလည်း ဖောက်လုပ်နေပါတယ်။
အဆိုပါဆောင်ရွက်ချက်များကို လအက နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသယာယာရေးကော်မရှင် (လအက) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဩဂုတ် ၂ ရက်နေ့က သွားရောက်စစ်ဆေးကြည့်ရှု ခဲ့ပါတယ်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တောင်ငူမြို့ရှောင် ရထားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ ရထားလမ်းအူကြောင်းနှင့် ရထားလမ်းဆိုင်ရာအချက်အလက်များ၊ တောင်ငူဘူတာရုံအသစ် တည်ဆောက်ရေး လျာထား ဆောင်ရွက် ထားရှိမှု၊ ရထားလမ်းနှင့် ဘူတာအဝင်ကားလမ်းနယ်နိမိတ်သတ်မှတ်မှု၊ဖို့မြေလုပ်ငန်းဆောင်ရွက် သွား မည့်အစီအမံများနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါတယ်။
ရှင်းလင်းတင်ပြမှုများအပေါ် လအကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရထားလမ်း နှင့် ဘူတာရုံ အသစ် တည်ဆောက်ရာတွင် ရေရှည်တည်တံ့ကောင်းမွန်စေရေး သတ်မှတ်စံချိန်စံညွှန်းများအတိုင်း လုပ်ငန်းစဉ်အဆင့်အလိုက် အရည်အသွေး ပြည့်မီအောင် တည်ဆောက်သွားဖို့ မှာကြားခဲ့ကြောင်း သိရပါတယ်။
#ymng/knl
July 31, 2025, Nay Pyi Taw-The National Defense and Security Council has declared a state of emergency in 63 townships across nine regions and states with Order No. 1/2025, which holds the force of law.
The order states that this declaration is to effectively suppress armed terrorist violence and to establish regional stability, peace, and the rule of law.
The townships where a state of emergency has been declared are as follows: 5 townships in Kachin State, 3 in Kayah State, 2 in Kayin State, 7 in Chin State, 9 in Sagaing Region, 5 in Magway Region, 3 in Mandalay Region, 14 in Rakhine State, and 15 in Shan State.
The full declaration (unofficial translation) is as follows:
The Republic of the Union of Myanmar
National Defense and Security Council
Declaration of State of Emergency
Order No. 1/2025 with the Force of Law
7th Wakhong Waxing Day, 1387 ME
(July 31, 2025)
For the purpose of effectively suppressing armed terrorist violence and establishing regional stability, peace, and the rule of law, the following townships in the respective regions and states are declared under a state of emergency in accordance with Section 412(a) of the Constitution of the Republic of the Union of Myanmar (2008):
(a) Kachin State
(1) Sumprabum Township
(2) Shwegu Township
(3) Injangyang Township
(4) Sawlaw Township
(5) Chipwi Township
(b) Kayah State
(1) Shartaw Township
(2) Phasaung Township
(3) Mese Township
(c) Kayin State
(1) Kawkareik Township
(2) Kyainseikgyi Township
(d) Chin State
(1) Kanpetlet Township
(2) Htantalang Township
(3) Paletwa Township
(4) Tonzang Township
(5) Mindat Township
(6) Matupi Township
(7) Falam Township
(e) Sagaing Region
(1) Htigyaing Township
(2) Kawlin Township
(3) Pinlebu Township
(4) Khin-U Township
(5) Wetlet Township
(6) Kani Township
(7) Depayin Township
(8) Pale Township
(9) Indaw Township
(f) Magway Region
(1) Pauk Township
(2) Myaing Township
(3) Saw Township
(4) Htilin Township
(5) Yesagyo Township
(g) Mandalay Region
(1) Mogok Township
(2) Singu Township
(3) Ngazun Township
(h) Rakhine State
(1) Ramree Township
(2) Pauktaw Township
(3) Ponnagyun Township
(4) Rathedaung Township
(5) Gwa Township
(6) Maungdaw Township
(7) Buthidaung Township
(8) Kyauktaw Township
(9) Minbya Township
(10) Myebon Township
(11) Mrauk-U Township
(12) Thandwe Township
(13) Ann Township
(14) Taungup Township
(i) Shan State
(1) Namatu Township
(2) Mabain Township
(3) Kutkai Township
(4) Namhkam Township
(5) Theinni Township
(6) Kunlong Township
(7) Namhsan Township
(8) Mantong Township
(9) Hopang Township
(10) Laukkai Township
(11) Konkyan Township
(12) Momate Township
(13) Kyaukme Township
(14) Hsipaw Township
(15) Mongla Township
2. This order shall remain in effect for ninety (90) days from today.
Signed
Min Aung Hlaing
Senior General
Acting President (Duty)
၃၁ ဇူလိုင် ၂၀၂၅
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် တိုင်းဒေသကြီးနှင့်ပြည်နယ်(၉)ခုရှိ မြို့နယ်ပေါင်း ၆၃ မြို့နယ်တွင် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁/၂၀၂၅ဖြင့် အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။
လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းမှုများချုပ်ငြိမ်းစေရန်နှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ထိရောက်စွာဆောင်ရွက်နိုင်ရန်ကြေညာခြင်းဖြစ်တယ်လို့ အမိန့်တွင် ဖော်ပြ ထားပါတယ်။
အရေးပေါ်အခြေအနေကြေညာရာ၌ ကချင်ပြည်နယ်တွင် (၅)မြို့နယ်၊ ကယားပြည်နယ်တွင် (၃)မြို့နယ်၊ ကရင်ပြည်နယ်တွင် (၂)မြို့နယ်၊ ချင်းပြည်နယ်တွင် (၇)မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၉)မြို့နယ်၊ မကွေးတိုင်းဒေသကြီးတွင် (၅)မြို့နယ်၊မန္တလေးတိုင်းဒေသကြီးတွင် (၃)မြို့နယ်၊ ရခိုင်ပြည်နယ်တွင် (၁၄) မြို့နယ်နှင့် ရှမ်းပြည်နယ်တွင် (၁၅)မြို့နယ်တို့ အသီးသီးဖြစ်ကြပါတယ်။
အမိန့်ကြေညာချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ
အရေးပေါ်အခြေအနေကြေညာခြင်း
ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ်၊ ၁ /၂၀၂၅
၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက်
(၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်)
လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းမှုများချုပ်ငြိမ်းစေရန်နှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ထိရောက်စွာဆောင်ရွက်နိုင်ရန်အလို့ငှာ အောက်ပါတိုင်းဒေသကြီးနှင့်ပြည် နယ်များရှိ ဖော်ပြပါမြို့နယ်များကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊ ပုဒ်မ ၄၁၂(က) အရ အရေးပေါ်အခြေအနေကြေညာလိုက်သည်-
(က) ကချင်ပြည်နယ်
(၁) ဆွမ်ပရာဘွမ်မြို့နယ်၊
(၂) ရွှေကူမြို့နယ်၊
(၃) အင်ဂျန်းယန်မြို့နယ်၊
(၄) ဆော့လော်မြို့နယ်၊
(၅) ချီဖွေမြို့နယ်၊
(ခ) ကယားပြည်နယ်
(၁) ရှားတောမြို့နယ်၊
(၂) ဖားဆောင်းမြို့နယ်၊
(၃) မယ်စဲ့မြို့နယ်။
(ဂ) ကရင်ပြည်နယ်
(၁)ကော့ကရိတ်မြို့နယ်၊
(၂) ကြာအင်းဆိပ်ကြီးမြို့နယ်။
(ဃ) ချင်းပြည်နယ်
(၁) ကန်ပက်လက်မြို့နယ်၊
(၂) ထန်တလန်မြို့နယ်၊
(၃) ပလက်ဝမြို့နယ်၊
(၄) တွန်းဇံမြို့နယ်၊
(၅) မင်းတပ်မြို့နယ်၊
(၆) မတူပီမြို့နယ်၊
(၇) ဖလမ်းမြို့နယ်။
(င) စစ်ကိုင်းတိုင်းဒေသကြီး
(၁)ထီးချိုင့်မြို့နယ်၊
(၂)ကောလင်းမြို့နယ်၊
(၃)ပင်လည်ဘူးမြို့နယ်၊
(၄) ခင်ဦးမြို့နယ်၊
(၅) ဝက်လက်မြို့ နယ်၊
(၆) ကနီမြို့နယ်၊
(၇) ဒီပဲယင်းမြို့နယ်၊
(၈) ပုလဲမြို့နယ်၊
(၉) အင်းတော်မြို့နယ်။
(စ) မကွေးတိုင်းဒေသကြီး
(၁) ပေါက်မြို့နယ်၊
(၂) မြိုင်မြို့နယ်၊
(၃) ဆောမြို့နယ်၊
(၄) ထီးလင်းမြို့နယ်၊
(၅)ရေစကြိုမြို့နယ်။
(ဇ) မန္တလေးတိုင်းဒေသကြီး
(၁) မိုးကုတ်မြို့နယ်၊
(၂)စဉ့်ကူးမြို့နယ်၊
(၃) ငါန်းဇွန်မြို့နယ်၊
(ဈ) ရခိုင်ပြည်နယ်
(၁) ရမ်းဗြဲမြို့နယ်၊
(၂) ပေါက်တောမြို့နယ်၊
(၃) ပုဏ္ဏားကျွန်းမြို့နယ်၊
(၄) ရသေ့တောင်မြို့နယ်၊
(၅) ဂွမြို့နယ်၊
(၆) မောင်တောမြို့နယ်၊
(၇)ဘူးသီးတောင်မြို့နယ်၊
(၈) ကျောက်တော်မြို့နယ်၊
(၉) မင်းပြားမြို့နယ်၊
(၁၀) မြေပုံမြို့နယ်၊
(၁၁) မြောက်ဦးမြို့နယ်၊
(၁၂) သံတွဲမြို့နယ်၊
(၁၃) အမ်းမြို့နယ်၊
(၁၄) တောင်ကုတ်မြို့နယ်။
(ည) ရှမ်းပြည်နယ်
(၁) နမ္မတူမြို့နယ်၊
(၂) မဘိမ်းမြို့နယ်၊
(၃) ကွတ်ခိုင်မြို့နယ်၊
(၄) နမ့်ခမ်းမြို့နယ်၊
(၅) သိန္နီမြို့နယ်၊
(၆) ကွမ်းလုံမြို့နယ်၊
(၇) နမ့်ဆန်မြို့နယ်၊
(၈)မန်တုံမြို့နယ်၊
(၉) ဟိုပန်မြို့နယ်၊
(၁၀) လောက်ကိုင်မြို့နယ်၊
(၁၁) ကုန်းကြမ်းမြို့နယ်၊
(၁၂) မိုးမိတ်မြို့နယ်၊
(၁၃) ကျောက်မဲမြို့နယ်၊
(၁၄) သီပေါမြို့နယ်၊
(၁၅) မိုင်းလားမြို့နယ်။
၂။ဤအမိန့်သည် ယနေ့မှစ၍ ရက်ပေါင်း (၉၀) အထိ အတည်ဖြစ်သည်။
ပုံ
မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
ယာယီသမ္မတ(တာဝန်)
၃၁ ဇူလိုင် ၂၀၂၅
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း ၏ ပြောကြားချက် (ဇူလိုင်၃၁-၂၀၂၅)
Naypyidaw, Myanmar – The National Defence and Security Council (NDSC) of the Republic of the Union of Myanmar has announced the revocation of the order that transferred state power to the Commander-in-Chief of Defence Services, Senior General Min Aung Hlaing. This decision, issued as Order No. 1/2025 and dated July 31, 2025, comes as the Commander-in-Chief submitted a report confirming the completion of the duties assigned to him under the declared state of emergency.
The following is an unofficial English translation of the National Defence and Security Council's Order No. 1/2025."
The Republic of the Union of Myanmar
National Defence and Security Council
Order No. 1 /2025
7th Wakhong Waxing Day, 1387 ME
(July 31, 2025)
Revocation of the Order Transferring State Power
Regarding the declaration of a state of emergency and the transfer of state power to the Commander-in-Chief of Defence Services in accordance with Sections 417 and 418 of the Constitution of the Republic of the Union of Myanmar, the National Defence and Security Council has received and accepted the report from the Commander-in-Chief of Defence Services stating that he has completed the duties assigned to him. Therefore, the National Defence and Security Council hereby revokes Order No. 1/2021, dated February 1, 2021, of the Office of the President, which transferred state power to the Commander-in-Chief of Defence Services.
Signed
Min Aung Hlaing
Senior General
Acting President (Duty)

NAY PYI TAW, 30 July 2025 – Senior General Min Aung Hlaing, Chairman of the State Administration Council (SAC) and Prime Minister, stated that Myanmar has moved past the first page of its journey and is now at the beginning of the second page. He made these remarks to SAC members and government officials.
The Senior General’s comments came during a commendation ceremony for the SAC, held today, July 30, at the Ice Mountain Hall, Zeyarthiri Beikman, in Nay Pyi Taw.
"I express my gratitude to all colleagues present for their collective efforts in overcoming various challenges and bringing us to the current situation over the past four and a half years," the Senior General said. "I also urge everyone to continue working together to ensure success in the journey ahead," he added.
Senior General Min Aung Hlaing used a metaphor, saying, "The nation’s journey ahead is still long, and if we can write beautifully and achieve success at the beginning of this second page, I believe our efforts in facing countless challenges will be even more worthwhile."
He elaborated on Myanmar's past political history, the military’s reasons for assuming state duties, the joint efforts to overcome difficulties and serve the nation, and the necessary steps to successfully hold the general election.

"Despite difficulties and crises, we have managed to return to the current situation, and by learning from these experiences, we have laid a good foundation for the next government," the Senior General stated.
Reports indicate that a meeting of the National Defense and Security Council (NDSC) is scheduled for July 31. During this meeting, the Commander-in-Chief of Defense Services is expected to submit a report confirming the completion of duties assigned under Section 426 of the Constitution.
The commendation ceremony for the State Administration Council, attended by various levels of government officials, took place one day prior to the upcoming NDSC meeting.
#ymg/knl
၃၀ ဇူလိုင် ၂၀၂၅၊ နေပြည်တော်-
နိုင်ငံတော်၏ ရှေ့ခရီးအတွက် ပထမစာမျက်နှာကိုကျော်ခဲ့ပြီဖြစ်၍ ဒုတိယစာမျက်နှာရဲ့ အစဟုဆိုရမည် ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နစက ကောင်စီ ဝင်များနှင့် အစိုးရ အဖွဲ့ဝင်များကို ပြောကြားပါတယ်။
ဇူလိုင်၃၀ ရက်က နေပြည်တော်ရှိ၊ ဇေယျာသီရိဗိမာန်၊ရေခဲတောင်ခန်းမ၌ ကျင်းပပြုလုပ်ကျင်းပတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဂုဏ်ပြုတွေ့ဆုံပွဲအခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီးက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
“နှစ်ခွဲတာ ကာလအတွင်းမှာ လုပ်ငန်း အရပ်ရပ်အားလုံးကို အခက်အခဲပေါင်းစုံကနေပြီးတော့ ရင်ဆိုင်ကျော်လွှားပြီး ဒီလိုလက်ရှိ အခြေအနေမျိုးဖြစ်လာတဲ့အထိ ဝိုင်းဝန်းဆောင်ရွက်ပေးမှုများအတွက် တက်ရောက်လာကြတဲ့ လုပ်ဖော်ကိုင်ဖက်များအားလုံးကို ကျေးဇူးတင်ပါတယ်” လို့လည်း ဗိုလ်ချုပ်မှူး ကြီးကပြောပါတယ်။
“နောင်မှာလည်း ဆက်လျှောက်ရမယ့် ခရီးစဉ်တွေမှာလည်း ဒီလိုပဲ အောင်အောင်မြင်မြင်ဖြစ်အောင် ဝိုင်းဝန်းကူညီပေးကြဖို့လည်း တိုက်တွန်းလိုပါတယ်” လို့ ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောပါတယ်။

နိုင်ငံတော်ရဲ့ ရှေးခရီးကတော့ အများကြီးကျန်နေသေးပြီး ဒုတိယစာမျက်နှာအစမှာ ကျွန်တော်တို့ တကယ့်ကောင်းမွန်လှတဲ့ လက်ရေးလှလှလေးနဲ့ရေးပြီးတော့မှ အောင်မြင်အောင် ဆောင်ရွက်ပေး နိုင်မယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ အခက်အခဲပေါင်းစုံက ရင်ဆိုင်ပြီးတော့ လုပ်ရတဲ့ လုပ်ရကျိုးကနေ ပိုပြီး လုပ်ရကျိုးနပ်မယ်လို့ ယုံကြည်တယ်” လို့ ဗိုလ်ချုပ်မှူးကြီးက တင်စားပြောဆိုပါတယ်။
မြန်မာနိုင်ငံ၏ အတိတ်နိုင်ငံရေးဖြတ်သန်းမှုသမိုင်းကြောင်းများ၊ တပ်မတော်က နိုင်ငံ့တာဝန်ရယူခဲ့ရသည့် အကြောင်းများ၊ အခက်အခဲများကို အတူတကွကျော်ဖြတ်ပြီး နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့သည်များနှင့် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်သင့်သည်များကိုလည်း ဗိုလ်ချုပ်မှူး ကြီးက အကျယ်တဝင့် ပြောကြားခဲ့ပါတယ်။
“အခက်အခဲအကြပ်အတည်းများကြားမှ ယနေ့အခြေအနေသို့ ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်နိုင် ခဲ့ကြပြီး ယင်းအတွေ့အကြုံများကို သင်ခန်းစာယူ၍ နောင်လာမည့်အစိုးရအတွက် အခြေခံအုတ်မြစ် ကောင်းကို ချပေးနိုင်ခဲ့ပြီးဖြစ်တယ်” လို့လည်း ဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။
ဇူလိုင် ၃၁ရက်နေ့တွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပရန်ရှိနေပြီး ထို အစည်းအဝေးတွင် အခြေခံဥပဒေ ပုဒ်မ၄၂၆ အတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပေးအပ်ထားသည့် တာဝန်ပြီးမြောက်အောင်ဆောင်ရွက်ပြီးကြောင်းအစီရင်ခံစာတင်ပြနိုင်ဖွယ်ရှိသည်ဟုသတင်းများထွက် ပေါ်နေပါတယ်။
အဆိုပါအမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးမကျင်းပမီ တစ်ရက်အလိုတွင်အဆင့် ဆင့်သော အစိုးရအဖွဲ့ဝင်များစုံစုံညီညီတက်ရောက်ခဲ့ကြတဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဂုဏ်ပြု တွေ့ဆုံပွဲ ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။
#ymg/knl
Page 12 of 248