U Chit Swe, Ambassador Extraordinary and Plenipotentiary of the Republic of
the Union of Myanmar to King of the Kingdom of Thailand, presented his
Credentials to His Majesty King Maha Vajiralongkorn Phra Vajiraklaochaoyuhua, King
of Thailand on 17 June 2022, in Bangkok., MRTV reported
Published 18 June 2022
ထိုင်းနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးချစ်ဆွေဟာ ၎င်း၏သံအမတ် ခန့်အပ်လွှာကို ဇွန်လ (၁၇)ရက်နေ့တွင် ဗန်ကောက်မြို၌ ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်ထံ မဟာဗာချီရာ လောင်ကွန်း ဖရာ့ ဗာဂျီယာ ကလောင့် ကျောင့်ယူဟူဝါ ထံ ပေးအပ်ခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
Published 18 June 2022
ကြာသပတေးနေ့ကအယ်လာဘားမားမှာရှိတဲ့ ခရစ်ယာန် ဘုရားကျောင်းတစ်ကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ရဲကပြောပါတယ်။
အယ်လာဘားမားက ဗက်စတာဗီယာဟေးလ် မြို့က စိန့် စတီဖန် အီပစ်ကော့ပယ် ဘုရားကျောင်းမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။ သံသယရှိသူကိုတော့ ဖမ်းဆီးထားတယ်လို့ မြို့ရဲတပ်ဖွဲ့က ဖေ့စ်ဘုတ်ခ်မှာ သတင်းတင်ထားပါတယ်။
Source AFP
Published 18 June 2022
အိန္ဒိယစစ်တပ်ရဲ့ တပ်သားခန့်ထားမှုအစီအစဉ်အပေါ် လူစုလူဝေးနှင့် အကြမ်းဖက် ကန့်ကွက်ဆန္ဒပြတာတွေကို ရပ်တန့်သွားစေဖို့အတွက် အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်ရဲ့ နေရာတော်တော်များများမှာ အင်တာနက်တွေဖြတ်တောက်ပိတ်ပင် လိုက်တယ်လို့ ရဲအရာရှိတွေက စနေနေ့က ပြောပါတယ်။
ဝန်ကြီးချုပ် နာရင်ဒါမိုဒီက တပ်သားတွေကို အချိန်တိုခန့်ထားမယ့် မူဝါဒအသစ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဒေသအချို့မှာ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီးနောက် လူတစ်ဦးသေဆုံးပြီး ဒါဇင်ကျော် ဒဏ်ရာရရှိခဲ့ကြပါတယ်။
အိန္ဒိယရဲ့ ၁.၃၈သန်း အင်အားရှိတဲ့ အင်အားကြီးမားတဲ့ စစ်တပ်ကြီးကို လူများများဝင်ရောက်နိုင်ဖို့ နှင့် ဝန်ပိနေတဲ့ ပင်စင်စရိတ်တွေလျှော့ချနိုင်ဖို့ အစိုးရက ပျှမ်းမျှအသက်ကိုနှိမ့်ချလိုက်ပြီး လေးနှစ်ကန်ထရိုက်နှင့် ခန့်အပ်မယ့် အက်ဂနီပတ်သ် သို့မဟုတ် မီးလျှံလမ်းကြောင်းဆိုတဲ့ အစီအစဉ်ကို ကန့်ကွက်နေကြတာဖြစ်ပါတယ်။
ကန့်ကွက်သူတွေဟာ များသောအားဖြင့် ငယ်ရွယ်တဲ့ ယောကျ်ားလေးတွေဖြစ်ကြပြီး ဒီအစီအစဉ်ဟာ ပုံမှန်လစာ၊ပင်စင်နှင့်အခြားခံစားခွင့်တွေအာမခံတဲ့ အိန္ဒိယစစ်တပ်ထဲမှာ အမြဲတမ်းအလုပ်တစ်ခုရနိုင်မယ့် အခွင့်အရေးကို ကန့်သတ်တာဖြစ်တယ်လို့ပြောကြပါတယ်။
လူတော်တော်များများဟာ ဘီဟာ၊တယ်လင်ဂနာနှင့် ဥတာပရာဒေ့ရှ်နှင့် အနောက်ဘင်္ဂလားပြည်နယတွေမှာ ဒီအစဉ်အစဉ်ကို ကန့်ကွက်သူတွေဟာ လမ်းတွေပေါ်ထွက်လာကြပါတယ်။
ဆိုရှယ်မီဒီယာပလက်ဖောင်းတွေဖြစ်တဲ့ ဖေ့စ်ဘုတ်ခ်၊တွစ်တာနှင့် ဝပ်အက်စ်တို့ကို ဘီဟာရဲ့ ခရိုင်၁၅ခုကနေ ၁၈ခုမှာ ပိတ်ထားကြောင်း ပြည်နယ်အကြီးတန်းရဲအရာရှိ ဆန်ဂျေးဆင်းက ပြောပါတယ်။ အဲဒီပြည်နယ်မှာ ဆန္ဒပြသူတွေဟာ ခရီးသည်တင်ရထားတွေနှင့်ဘတ်စ်ကားတွေကိုဒေါသတကြီး မီးရှို့ခဲ့ကြပါတယ်။
အိန္ဒိယရဲ့ လူဦးရေအထူထပ်ဆုံး ဥတာပရာဒေ့ရှ်ပြည်နယ်မှာ ကြိုတင်ကာကွယ်တဲ့အနေနှင့် အနည်းဆုံး ၂၅၀ဦးကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ အချို့ဆန္ဒပြသူတွေက ရဲတွေဟာ အင်အားအလွန်အကျွံသုံးခဲ့တယ်လို့ စွပ်စွဲခဲ့ကြပါတယ်။
လူငယ်တွေအနေနှင့် အစီအစဉ်သစ်ကိုလိုက်နာကြဖို့ အိန္ဒိယကာကွယ်ရေးဝန်ကြီး ရာနက်ဆင်းက လူငယ်တွေကို မေတ္တာရပ်ခံထားပါတယ်။ ရေတပ်ဦးစီးချုပ်က သောကြာနေ့ ဆန္ဒပြပွဲတွေဟာ ထင်မှတ်ထားတာတွေမဟုတ်ကြောင်းနှင့် စနစ်သစ်နှင့်ပတ်သက်လို့ အချက်အလက်မှားတွေကြောင့်လို့ပြောပါတယ်။
ဒီလိုဆန္ဒပြတာတွေကို ကြိုမတွေးမိဘူးလို့ ရေတပ်ဗိုလ်ချူပ်ကြီး အာရ်ဟာရီကူမာက ရိုက်တာသတင်းဌာနကိုပြောပါတယ်။ အိန္ဒိယစစ်တပ်မှာ ဒါဟာ အကြီးမားဆုံး လူသားအရင်းအမြစ်စီမံခန့်ခွဲပြောင်းလဲမှုတစ်ခုဖြစ်တယ်လို့ သူကပြောပါတယ်။
Source: Reuters
Published 17 June 2022
တရုတ်နိုင်ငံက တတိယမြောက် လေယာဉ်တင်စစ်သင်္ဘောကြီး ဖူကျင်းကို ရှန်ဟိုင်းမှာ ရေချလိုက်ပါတယ်။
သင်္ဘောရဲ့အမည်ကို တရုတ်နိုင်ငံ အရှေ့ဘက်ကမ်းခြေက ဖူကျင်းပြည်နယ်ကို အစွဲပြုပြီး ပေးခဲ့တာဖြစ်ပြီး သောကြာနေ့ မနက်၁၁နာရီမှာ ကျန်းနန် သင်္ဘောကျင်းကနေ ရေချခဲ့တာပါ။ တက်ရောက်သူတွေက နိုင်ငံတော်အလံကို လွှင့်ထူတဲ့အခါ တရုတ်နိုင်ငံတော်သီချင်းကို သီဆိုကြပါတယ်။
အဲဒီနောက် အမည်ပေးလက်မှတ်ကိုအပ်နှင်းပြီးနောက် စစ်တပ်နှင့်အရပ် အရာရှိတွေဟာ စစ်သင်္ဘောကို ဖဲကြိုးဖြတ်ဖွင့်လှစ် ခဲ့ပါတယ်။
ရှန်ပိန်ပုလင်းတစ်လုံးကို ဖူကျင်းရဲ့ ဦးပိုင်းမှာ ဖောက်ခဲ့ပြီး ရောင်စုံတံခွန်တိုင်တွေနှင့် ရောင်စုံမီးခိုးတွေ၊ရေပန်းတွေ နှင့်အတူ ဖွင့်ပွဲကို ဆင်နွှဲကြပါတယ်။
အဲဒီနောက် လေယာဉ်တင်စစ်သင်္ဘောဟာ ဥဩဆွဲပြီး သင်္ဘောကျင်းကနေ ဖြည်းညှင်းစွာ ထွက်ခွာခဲ့ပါတယ်။
သင်္ဘောကြီးဟာ ဆိုက်ကပ်မှုနှင့်ပင်လယ်တွင်းလေ့ကျင့်မှုတွေ ပြုလုပ်မှာဖြစ်ပါတယ်။
Source CCTV+
Published 17 June 2022
မြောက်ကိုးရီးယားခေါင်းဆောင် ကင်မ်ဂျုန်းအမ်နှင့် အကြီးတန်းအရာရှကြီးတွေဟာ အမျိုးအမည်မသိတဲ့ အူအတွင်းဖြစ်ပွားတဲ့ ရောဂါကူးစက် ပျံ့နှံ့ကူးစက်ခံနေရတဲ့ မိသားစု(၈၀၀)ထံ ကူညီထောက်ပံ့မှုတွေပေးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက သောကြာနေ့ ကသတင်းထုတ်ပြန်ပါတယ်။ မြောက်ကိုးရီးယားဟာ ကိုဗစ်-၁၉ ကူးစက်မှုတွေနှင့်လည်း လက်ရှိကြုံတွေ့နေရတာဖြစ်ပါတယ်။
ပြင်းထန်တဲ့အူပိုင်းဆိုင်ရာ ကူးစက်ရောဂါတွေဖြစ်ပွားနေတယ်လို့ မြောက်ကိုးရီးယားက ဒီတစ်ပတ်မှာ ထုတ်ဖော် ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ဘာရောဂါလဲဆိုတာကိုတော့ အသေးစိတ်မပြောပါဘူး။ ဒါပေမယ့် အူပိုင်းဆိုင်ရာဆိုတာ အစာအိမ် အူလမ်းကြောင်းကို ညွန်းဆိုတာဖြစ်ပါတယ်။
“ အရာရှိတွေဟာ ကူးစက်ရောဂါကို ကုသဖို့နှင့် ကန်ဂရောင်းစီရင်စု၊ ဟေဂျူးမြို့မှာရှိတဲ့ ပြည်သူတွေ တည်ငြိမ်တဲ့ဘဝ ရောက်ရှိဖို့ ဆေးဝါးတွေ၊အစားအသောက်တွေနှင့် နေ့စဉ်လိုအပ်တဲ့ အသုံးအဆောင်တွေကိုပြင်ဆင်နေပါတယ်” လို့ ကိုးရီးယား ဗဟိုသတင်းစဉ်က ကြေညာပါတယ်။
ပြည်သူတွေဆင်းရဲဒုက္ခရောက်နေတာကို အမြန်ဆုံး လျော့ပါးသက်သာစေဖို့ အလုပ်မှာ တာဝန်ကျေပွန်ကြဖို့ ခေါင်းဆောင် ကင်မ်က အရာရှိတွေကို ဆော်ဩလိုက်ပါတယ်။
တောင်ကိုးရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက အရာရှိတစ်ဦးက ဆိုးလ်အနေနှင့် ကူးစက်ရောဂါကို အနီးကပ် စောင့်ကြည့်နေပြီး ဝမ်းရောဂါ ဒါမှမဟုတ် အူယောင်ငန်းဖျားလို့ သံသယဖြစ်မိတယ်လို့ ပြောပါတယ်။
ရောဂါဖြစ်ပွားနေတဲ့နေရာဟာ မြောက်ကိုးရီးယားရဲ့ လယ်ယာလုပ်ငန်းအဓိကနေရာတစ်ခုဖြစ်လို့ လက်ရှိအခြေအနေကြောင့် စားနပ်ရိက္ခာပြတ်လတ်မှာကို စိတ်ပူနေကြပါတယ်။
Source: Reuters
Published 16 June 2022
ထိုင်ဝမ်စစ်တပ်က ယင်းရဲ့ နောက်ဆုံးပေါ် ပြည်တွင်းထုတ် တင့်ကားတစ်စီးကို ထုတ်ပြလိုက်ပါတယ်။ အဲဒီတင့်ကားကို CM-34 Clouded Leopard လို့အမည်ပေးထားပါတယ်။ ရာသီအားလုံးတိုက်ပွဲဝင် ယန္တယားဟာ ၃၀မီလီမီတာ chain gunတစ်ခုကို တပ်ဆင်ထားပြီး ၃ ကီလိုမီတာ အကွာအဝေးထိ လှမ်းပစ်နိုင်ပါတယ်။
ထိုင်ဝမ်ဟာ ယင်းရဲ့ ကိုယ်ပိုင်လက်နက်တွေကို ထုတ်လုပ်ပြီး တရုတ်ကို ရင်ဆိုင်နိုင်ဖို့ ကာကွယ်ရေးစွမ်းရည် မြှင့်တင်နေတာဖြစ်ပါတယ်။ CM-34 ထုတ်လုပ်ရေးစက်ရုံကို ထိုင်ဝမ်အလယ်ပိုင်းမှ တည်ဆောက်ထားပြီး တစ်လကို တင့်ကား ၆ စီးထုတ်လုပ်နိုင်ပါတယ်။ ထိုင်ဝမ်စစ်တပ်က Clouded Leopards အစီး ၃၀၅ စီး မှာယူထားပါတယ်။
Source AFP
Page 175 of 221