နေပြည်တော်၊ ဧပြီ ၂၂ - နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Sihasak Phuangketkaew တို့သည် ယနေ့နံနက်ပိုင်းက နေပြည်တော်၌ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် မြန်မာ့ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ ပြုလုပ်ခဲ့သော အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် အိမ်နီးချင်း နှစ်နိုင်ငံအကြား အဓိကရင်ဆိုင်နေရသည့် နယ်စပ်ရေးရာ စိန်ခေါ်မှုများကို ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။ အထူးသဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားများ ပပျောက်ရေး၊ မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေးနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ပြဿနာ ဖြေရှင်းရေးတို့အတွက် ပူးပေါင်း ဆောင်ရွက်မည့် အခြေအနေများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နယ်စပ်ကုန်သွယ်ရေး မြှင့်တင်ရန်အတွက် ကုန်သွယ်မှုလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်ရေးကိုလည်း ပြောဆိုခဲ့ကြသည်။
နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များအနေဖြင့် အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်အရ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးနှင့် ငြိမ်းချမ်းရေး ကြိုးပမ်းမှုများတွင် မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးခဲ့သည်။ မြန်မာအစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေး ဖိတ်ခေါ်မှုများနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ထိုင်းနိုင်ငံဘက်မှ ပါဝင်ကူညီမည့် အခြေအနေများ ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။
ယခုတွေ့ဆုံမှုသည် မြန်မာ-ထိုင်း နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးနှင့် အိမ်နီးချင်းကောင်း ပူးပေါင်း ဆောင် ရွက်မှုများကို ပိုမိုတိုးမြှင့်ရန် ရည်ရွယ်သည့် တွေ့ဆုံမှုတစ်ခု ဖြစ်သည်။ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့မှုနှင့် အစိုးရအဖွဲ့မှ နိုင်ငံတော်အား ဒီမိုကရေစီ လမ်းကြောင်းပေါ် ဆက်လက်လျှောက်လှမ်းနေမှု အခြေအနေများကိုလည်း အသိပေး ပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံဘက်မှ နိုင်ငံတော်သမ္မတနှင့်အတူ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စ ုဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ၊ အမျိုးသား စီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင် ကျော်ဟိုးနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်တို့ တက်ရောက် ခဲ့ကြသည်။ ထိုင်းနိုင်ငံဘက်မှ ဒုတိယဝန်ကြီးချုပ်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ်များ ဖြစ်ကြသည့် Mr. Kallayana Vipattipumiprates နှင့် Gen. Nothapol Boonngam တို့အပါအဝင် မြန်မာ နိုင်ငံဆိုင်ရာ ထိုင်းသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ယခု တွေ့ဆုံဆွေးနွေးမှုအပြီးတွင် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှု ဆက် လက်ခိုင်မာစေရေးအပြင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရင်းနှီးမြှုပ်နှံမှု၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ၊ ကုန်ထုတ် လုပ်မှု လုပ်ငန်းများ အပါအဝင် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် တိုးမြှင့်သွားရန် နှစ်ဖက်သဘောတူညီခဲ့ကြကြောင်း သိရသည်။
-END-
ငွေကြေးဖောင်းပွမှုနှုန်းကို လျှော့ချနိုင်ဖို့ သင့်လျော်တဲ့ ငွေကြေးမူဝါဒတွေကို ကျင့်သုံးသွားမယ်လို မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌက ယမန်ေန့က ပြုလုပ်တဲ့နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းလမ်းညွှန်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းဌာနအလိုက် ဆောင်ရွက်မည့်အစီအစဉ်များ ရှင်းလင်းခြင်းအခမ်းအနားမှာပြောကြားခဲ့ပါတယ်။
#Local_News
Published 22 April 2026
#ငွေကြေးဖောင်းပွမှု #မြန်မာနိုင်ငံတော်ဗဟိုဘဏ်
#YMG/SW #Yangon_Times
#Local_News
Published 22 April 2026
■ မွန်ပြည်နယ်၊မော်လမြိုင်မြို့တွင် Polytechnic University(မော်လမြိုင်)အား လက်ရှိ၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ်တွင် ဖွင့်လှစ်နိုင်ရန် လျာထားဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
■ အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် နည်းပညာတက္ကသိုလ်(မော်လမြိုင်)သို့သွားရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
■ Polytechnic University(မော်လမြိုင်)အား ၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ်တွင် ဖွင့်လှစ်ရန်လျာထားပြီး လုပ်ငန်းများ၊ အကြီးစား ပြင်ဆင်မှု၊ အသစ်ဆောက်လုပ်မည့် အဆောက်အဦများ၊ လမ်းများ၊ ဘောလုံးကွင်းနှင့် Mech. Workshop၊ အဝင်မုခ်ဦး တည်ဆောက်ခြင်းနှင့် Landscaping ပြုလုပ်ခြင်း ဆောင်ရွက်မည့်အခြေအနေများကို နည်းပညာတက္ကသိုလ်(မော်လမြိုင်) ဒုတိယပါမောက္ခချုပ်ကပPower Piintဖြင့် ရှင်းလင်းတင်ပြခဲ့ေကြာင်း သိရသည်။
■ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတကာကို လေ့လာပါက ဘွဲ့ကြို၊ ဘွဲ့လွန် သင်တန်းများစွာ တစ်နေရာတည်း စုစည်းဖွင့်လှစ်ပေးလျက်ရှိသည့် ကမ္ဘာ့အဆင့်မြင့်မားသော Polytechnic University များစွာရှိကြောင်း၊ မိမိတို့လည်း ယခုအခါ ကွန်ပျူတာ တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်ကို ပေါင်းစည်းပြီး Polytechnic University အဖြစ် ထူထောင်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ မူလအခြေခံ တက္ကသိုလ်များ၏ လက်ရှိအင်ဂျင်နီယာဘွဲ့၊ ကွန်ပျူတာဘွဲ့သင်ရိုးညွှန်းတမ်းများပြောင်းလဲခြင်းမရှိဘဲ ဆက်လက်သင်ကြားမည်ဖြစ်ကြောင်း၊ တက္ကသိုလ်တစ်ခုတည်းတွင် ဘာသာရပ်များ စုစည်းပို့ချနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး အခြားသော နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များနှင့် သင်ကြားရေးကွာခြားမှုမရှိကြောင်း၊ သို့ဖြစ်၍ အရည်အသွေးမီ ဘွဲ့ကြို၊ ဘွဲ့လွန်ကျောင်းသား၊ ကျောင်းသူများနှင့် သုတေသီများ လေ့ကျင့်မွေးထုတ်ပေးနိုင်သည့် Polytechnic University များ တည်ထောင်ဖွင့်လှစ်နိုင်ရေးအတွက် ရှေ့ဆက်ဆောင်ရွက် သွားရမည့်လုပ်ငန်းစဉ်များ သတ်မှတ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန်နှင့် စနစ်တကျ ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားခဲ့သည်။
■ ထို့နောက် ကွန်ပျူတာတက္ကသိုလ်(သထုံ) ပါမောက္ခချုပ်နှင့်တာဝန်ရှိသူများက အကောင်အထည်ဖော်နိုင်ရေး လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းသော ကိစ္စရပ်များ ဆွေးနွေးတင်ပြ ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက Polytechnic University(မော်လမြိုင်) တည်ဆောက်မည့်မြေနေရာနှင့် ဘောလုံးကွင်းဆောက်လုပ်မည့်မြေရောတို့အား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ေကြာင်း သိရသည်။
#YMG/SW #Yangon_Times
#Daily_News
Published 22 April 2026
၁။ ဒေါ်လာသန်း(၄၀၀)ကျော်တန်ဖိုးရှိ ငါးတန်ချိန်(၃)သိန်းကျော်တင်ပို့ထား
၂။ ရန်ကုန် - မန္တလေး - ရန်ကုန်ခရီးစဉ်၌ လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထား တိုက်ရိုက်စတင်ပြေးဆွဲမည်
၃။ လေဖိအားနည်းရပ်ဝန်း (၁) ကြိမ်နှင့် ဧပြီလပျှမ်းမျှအပူချိန်ထက်ပိုလာနိုင်
၄။ ဂျာမနီ၌ဘက်ထရီလျှပ်စစ်ကားများမှတ်ပုံတင်သွင်းခြင်း ဓာတ်ဆီကားများအားကျော်တက်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တစ်နှစ်တာကာလအတွင်း ပြည်ပနိုင်ငံတွေကို အမေရိကန်ဒေါ်လာသန်း(၄၀၀)ကျော်တန်ဖိုးရှိ ငါးတန်ချိန်(၃)သိန်းကျော်တင်ပို့ထားတယ်လို့ လုပ်ငန်းဦးစီးဌာနကသိရပါတယ်။
#Local_News
Published 22 April 2026
#ငါး
#YMG/NN #Yangon_Times
ရန်ကုန် - မန္တလေး - ရန်ကုန်ရထားခရီးစဉ်အဖြစ် အမှတ် (၅) အဆန်/ အမှတ် (၆) အစုန် လေအေးပေးစက်ပါခေတ်မီ DEMU လူစီးအမြန်ရထားကို မေလ ၁ ရက်နေ့ကစတင်ပြီး ပြေးဆွဲပေးသွားမယ်လို့မြန်မာ့မီးရထားကနေသိရပါတယ်။
#Local_News
Published 22 April 2026
#ရန်ကုန်_မန္တလေး_ရန်ကုန် #DEMU
#YMG/NN #Yangon_Times
ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်(၁၁)ခုမှာ ဧပြီလပျှမ်းမျှအပူချိန်ထက်ပိုလာနိုင်ပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတိုမှာ လေဖိအားနည်းရပ်ဝန်း (၁) ကြိမ်ဖြစ်ပေါ်နိုင်မယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဧပြီလ တတိယ(၁၀)ရက်ပတ်အတွက် မိုးလေဝသနှင့်ဇလဗေဒခန့်မှန်းချက်အရ သိရပါတယ်။
#Local_News
Published 22 April 2026
#လေဖိအားနည်းရပ်ဝန်း #မိုးလေဝသ
#YMG/NN #Yangon_Times
Page 91 of 2398