Published_ 29 May 2024
အာဆီယံကော်မတီ(ဆိုးလ်)၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားသည့် ကိုရီးယား သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် မေ ၂၈ ရက်နေ့တွင် ဆိုးလ်မြို့၌ ပြုလုပ်သည့် အာဆီယံအတွင်းရေးမှူးချုပ် H.E. Dr. Kao Kim Hourn နှင့် အာဆီယံ ကော်မတီ(ဆိုးလ်)မှ သံရုံးအကြီးအကဲများနှင့်တွေ့ဆုံပွဲသို့တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
အာဆီယံအတွင်းရေးမှူးချုပ်က အာဆီယံဒေသတွင်း လတ်တလော တိုးတက် ဖြစ်ထွန်းမှုများနှင့် အာဆီယံနှင့်ကိုရီးယားသမ္မတနိုင်ငံတို့အကြားတည်ရှိသည့် ဆက်ဆံရေး အခြေအနေများကိုဆွေးနွေးခဲ့ပြီး အာဆီယံသံရုံး အကြီးအကဲများက ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် အာဆီယံဉက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် H.E. Mr. Alounkeo Kittikhoun ၏ အလုပ်သဘော ခရီးစဉ်အတွင်း ဖြစ်ပေါ်တိုးတက်မှုများ၊ အာဆီယံတူညီဆန္ဒ (၅) ချက်အား အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံအနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်မှုအကြောင်း ဆွေးနွေးခဲ့ပါတယ်။
ထို့ပြင် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ယခုနှစ်အတွင်း အာဆီယံနှင့်ကိုရီးယားနိုင်ငံတို့အကြား ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်မည့်ကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့ တယ်လို့ သတင်းရရှိပါတယ်။
Ymg_mnn
#Local_News
#Published_ 29 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published_ 28 May 2024
၁။ ကျောင်းအပ်ချိန်ဖြစ်၍ စာအုပ်အဖုံးချုပ်သူများလာ၊ ဖလင်နှင့်ကတ်ထူဈေး နှစ်ဆတက်
၂။ ရာသီဥတုအခြေနေကြောင့် မွေးမြူရေး ငါးကန်အချို့ ကန်ဖေါ်ယူမှု ရပ်နားထားရဟုဆို
၃။ တစ်လတာအတွင်း သဘာဝဘေးပေါင်း၁၈၀ကျော်ဖြစ်ပွားခဲ့၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ သဘာဝဘေး ကယ်ဆယ်ရေးပစ္စည်းများ အဆင်သင့်ပြင်ဆင်ထားဟုဆို
၄။ ရှားပါးရောဂါလက္ခဏာများရှာဖွေကုသရာ၌ AI နည်းပညာများဖြင့် အထောက်အကူဖြစ်စေနိုင်ဟု ပညာရှင်များသုံးသပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
မိုးရွာသွန်းမှုများဝာာကြောင့် ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်ရှိ မစောတံတား မြေသားလမ်းလွှဲဖြတ်သန်းဖို့ ခက်ခဲနေပြီး ကားတွေစောင့်ဆိုင်းနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Yangon_Times/NN
#Local_News
#Published_ 28 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
ဇွန်လမှာဧရာဝတီမြစ်ရေနဲ့ ချင်းတွင်းမြစ်ရေတွေဟာ အနည်းဆုံး(၆)ပေမှ အများဆုံး(၁၃)ပေခွဲအထိ ထပ်မြင့်တက်လာနိုင်ခြေရှိလို့ လှေ၊ စက်လှေ၊ သင်္ဘော၊ ရေယာဉ်တွေနဲ့ သဲသောင်ခုံပေါ်မှာ စိုက်ပျိုးနေထိုင်နေသူတွေ သတိထားဖို့လိုတယ်။
Yangon_Times/tthl
#Local_News
#Published_ 28 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published 28 May 2024
ကမ္ဘာ့အမွေအနှစ် ပုဂံဒေသတွင် မြေယာဝယ်ယူမည်ဆိုပါက ဝယ်ယူသူနှင့် လုပ်ငန်းဆောင်ရွက်သူ ကာယကံရှင်များ ငွေကြေးဆိုင်ရာ ဆုံးရှုံးနစ်နာမှားယွင်းမှု မရှိစေရန် ဝယ်ယူမှုမပြုခင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲတွင် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ကြောင်းရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲမှ သိရသည်။
ပုဂံဒေသရှိ ယဉ်ကျေးမှုအမွေအနှစ် ဒေသများ တည်ရှိရာဒေသ (Property Area) ၁၂၃၄၂ ဒသမ ၂၉ ဧကနှင့် ကြားခံဒေသ (Buffer Area) ၄၄၃၄၆ ဒသမ ၂၉ ဧက စုစုပေါင်း ၅၆၆၈၉ ဒသမ ၂၁ ဧကအတွင်းတွင် ညောင်ဦးမြို့၊ ပုဂံမြို့ စသည့် မြို့နှစ်မြို့နှင့် ကျေးရွာပေါင်း ၄၁ ရွာ ပါဝင်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲမှ ထုတ်ပြန်ထားသည်။
ယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာ ဒေသအတွင်း ရှေးဟောင်းအဆောက်အအုံပေါင်း ၃၅၉၅ ဆူ၊ ကြားခံဒေသအတွင်း ၂၄၂ ဆူ စုစုပေါင်း ၃၈၃၇ ဆူ ပုဂံဌာနခွဲမှ ထိန်းသိမ်းထားကြောင်းသိရသည်။
ရှေးဟောင်းအမွေအနှစ် အဆောက်အအုံ များပြားကာ ၎င်းအဆောက်အအုံများနှင့် တွဲလျက်ရှိသော မြေယာရှုခင်းများနှင့် မြေယာထွန်ယက်စိုက်ပျိုးခြင်း ဓလေ့သည်လည်း လှပသော အမွေအနှစ်ပင်ဖြစ်၍ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် ယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း လယ်ယာမြေအခြားနည်း သုံးစွဲခွင့်နှင့် ဂရန်ထုတ်ပေးခြင်းများနှင့် ပတ်သက်၍ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၌ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၈ ရက်တွင် ပြုလုပ်သည့် ပုဂံဒေသအမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (BAGANCOM) ပဉ္စမအကြိမ် အစည်းအဝေးတွင် “ပုဂံ ယဉ်ကျေးမှုဒေသအတွင်း စက်မှုစီးပွားမြေငှားဂရန် ပြောင်းလဲထုတ်ပေးခြင်း၊ လယ်ယာမြေ အခြားနည်းသုံးစွဲခွင့်နှင့် ထုတ်ပေးခြင်းများ ထိန်းချုပ်ကန့်သတ်ရန်နှင့် ဇုန်ပြင်ပတွင်သာ ခွင့်ပြုရန်” ဟု ဆုံးဖြတ်ခဲ့ကြကြောင်းလည်း ပါရှိသည်။
ကမ္ဘာ့အမွေအနှစ်ပုဂံဒေသတွင် သတ်မှတ်ထားသော မြို့ပြလူနေထိုင်ရာ ဧရိယာပြင်ပရှိ ယာမြေကွက်၊ မြေလွတ်မြေလပ်ကွက်များသည် လယ်ယာမြေ အခြားနည်းသုံးစွဲခွင့် ထုတ်ပေးမရသော နေရာများဖြစ်သဖြင့် မြေကွက်များ၊ ယာမြေကွက်များကို ဝယ်ယူ၍ အခြားနည်းအသုံးပြု လိုသူများ၊ လူနေအဆောက်အအုံများ၊ သာသနိကအဆောက်အအုံများ၊ ဈေးဆိုင်ခန်းများ ဆောက်လုပ်လိုသူများသည် လုပ်ငန်းဆောင်ရွက် ခွင့်မရနိုင်သောကြောင့် ဝယ်ယူသူနှင့် လုပ်ငန်းဆောင်ရွက်သူ ကာယကံရှင်များ ငွေကြေးဆိုင်ရာ ဆုံးရှုံးနစ်နာမှုရှိနိုင်ကြောင်း သိရသည်။
ထို့ပြင် ပုဂံဒေသ ဘက်စုံလွှမ်းခြုံသော စီမံခန့်ခွဲရေးမူဘောင် (၅.၂) တွင် “ကမ္ဘာ့အမွေအနှစ်ဇုန်အတွင်းရှိ မြို့ပြဧရိယာများသည် အပြည့်အဝကာကွယ်ရန် လိုအပ်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကန့်အသတ်ဖြင့် အသုံးပြုနိုင်ကြောင်း၊ အဆောက်အအုံ မဆောက်ရသေးသည့် နေရာများသည် ယခုအတိုင်းထားရှိပြီး မည်သည့် ဆောက်လုပ်ရေးလုပ်ငန်း ကိုမျှ ဆောက်လုပ်ခွင့်မပြုကြောင်းနှင့် အမွေအနှစ်ဇုန်အတွင်းရှိ မြေယာရှုခင်းဆိုင်ရာ စည်းကမ်းချက်များကို လိုက်နာရပါမည်” ဟု ဖော်ပြပါရှိသည်။
ထို့ကြောင့် မြေယာဝယ်ယူမည်ဆိုပါက မှားယွင်းမှုမရှိစေရေးအတွက် ဝယ်ယူမှုမပြုခင် ရှေးဟောင်းအမွေအနှစ်များ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်လျက်ရှိသည့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲသို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါကြောင်း အသိပေးထားသည်။
Yangon_Times/LW
#Local_News
#Published_ 28 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published 28 May 2024
ရန်ကုန်တိုင်းဒေသကြီး၊ ရင်းနှီးမြှုပ်နှံမှုကော်မတီသည် ယခုရက်ပိုင်းအတွင်းလူဦးရေ ၂၃၀၀ကျော် အတွက် ပြည်တွင်းအလုပ်အကိုင်ရနိုင်မည့် ရင်းနှီးမြှုပ်နှံမှု များအားခွင့်ပြုပေးခဲ့ကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ မေလ(၂၇) နံနက်ပိုင်းက ရန်ကင်းမြို့နယ်၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီရုံး၌ ကျင်းပခဲ့ရာ အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီသည် ဟိုတယ်ဝန်ဆောင်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တစ်ခုနှင့် စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၃) ခုတို့ကို အတည်ပြုပေးခဲ့ကြောင်း၊ယင်း အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ CMP စနစ်ဖြင့် အိတ်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းနှင့် CMP စနစ်ဖြင့် သတို့သမီး ဝတ်စုံအမျိုးမျိုး ချုပ်လုပ်ခြင်း လုပ်ငန်းတို့ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ မြန်မာငွေကျပ် ၁၅၅၅ ဒသမ ၈၀၀ သန်းနှင့် အမေရိကန် ဒေါ် လာ ၃ ဒသမ ၇၃၉ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၂၃၀၁ ဦးအတွက် ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။
ထို အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကော်မတီအဖွဲ့ဝင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အထူးဖိတ်ကြာ ထားသူများ တက်ရောက်ကြကြောင်း သိရသည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့မှ ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များ ထုတ်လုပ်သည့် ပစ္စည်းနမူနာ ပြသထားရှိမှုများကို ကြည့်ရှုပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားခဲ့ကြောင်း၊၎င်းအပြင် အစည်းအဝေးတွင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၉)ခု၏ တင်ပြချက်များကိုလည်း ဆွေး နွေးဆုံးဖြတ်ခဲ့ကြကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published_ 28 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
မိုးကြိုကာလဖြစ်တဲ့ ပြီးခဲ့တဲ့ဧပြီလ တစ်လတာအတွင်း တစ်နိုင်ငံလုံးမှာ လေပြင်းတိုက်ခတ်မှုပေါင်း ၁၈၀ကျော် ဖြစ်ပွားခဲ့ပြီး လက်ရှိမိုးဦးကာလမှာလည်း ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်နိုင်တာကြောင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ ကယ်ဆယ်ရေးပစ္စည်းတွေ အဆင်သင့်ပြင်ဆင်ထားတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက သိရပါတယ်။
Yangon_Times/NN
#Local_News
#Published_ 28 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Page 841 of 2420