၁၇ ဩဂုတ် ၂၀၂၄
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေး တွမ်ဆူလီဗန်၊ USAID လက်ထောက်အုပ်ချုပ်ရေးမှူး မိုက်ကယ်ရှစ်ဖာတို့ဟာ NUG နှင့် NUCC ၊အဓိကခုခံရေးအဖွဲ့တွေ၊ KNU ၊ KNPP နှင့် CNFတို့မှ ဦးဆောင်သူတွေနှင့် ဩဂုတ် ၁၆ ရက်သောကြာနေ့က အွန်လိုင်းပေါ်ကနေ တွေ့ဆုံခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်ကို ကိုးကားပြီး ရိုက်တာ သတင်းက ဖော်ပြရေးသားပါတယ်။
အွန်လိုင်းအစည်းအဝေးမှာ အရပ်သားအစိုးရ အသွင်ကူးပြောင်းရေးကို ကူညီဖို့နှင့် လက်ရှိ နစက ကို ဖိအား ဆက်လက်ပေးနေဖို့ သဘောတူခဲ့ကြတယ်လို့လည်း အဆိုပါသတင်းအရသိရပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံလာရောက်ပြီးဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံကာ နောက်တစ်ရက် မှာ လာအို၊မြန်မာနှင့်ထိုင်းနိုင်ငံခြားရေးဝန်ကြီးတွေနှင့်အတူ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မြန်မာနိုင်ငံကိုအကူအညီပေးဖို့ ဝမ်ယိ က တိုက်တွန်းခဲ့အပြီးမှာ အမေရိကန်အရာရှိများနှင့် အတိုက်အခံတွေ အွန်လိုင်း အစည်းအဝေးလုပ်ခဲ့ကြတာဖြစ်ပါတယ်။
အစည်းအဝေးမှာ နစကကို ဖိအားဆက်ပေးနေဖို့ အရေးကြီးတယ်လို့ သဘောတူခဲ့ကြပါတယ်။
“ အမေရိကန်အနေနှင့် သူတို့ပေါင်းစည်းညီညွတ်မှုကို တည်ဆောက်ရာမှာ ကူညီနိုင်ဖို့အတွက် ဒီမိုကရေစီလိုလားသူတွေကို တိုက်ရိုက်အကူအညီတွေတိုးချဲ့ပေးသွားမှာဖြစ်ပါတယ်။ပြည်သူဝန်ဆောင်မှုအလုပ်တွေနှင့် လိုအပ်နေတဲ့နေရာတွေမှာ လူသားချင်းစာနာထောက်ထား မှု အကူအညီတွေကို ပေးအပ်နိုင်ဖို့ သူတို့ရဲ့လုပ်နိုင်စွမ်းတွေတိုးတက်အောင်ကူညီမှာပါ” လို့ အမေရိကန်အရာရှိတွေက ပြောတယ်လို့ ရိုက်တာကရေးပါတယ်။
နှစ်ဘက်စလုံးက မြန်မာနိုင်ငံရဲ့ အကျပ်အတည်း အဆုံးသတ်စေဖို့အတွက် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်တွေနှင့် အာဆီယံတို့အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းနှင့် လက်တွဲလုပ်ဆောင်ဖို့လည်း သဘောတူခဲ့ ကြတယ်လို့ဆိုပါတယ်။
ခပ်စောစောပိုင်းကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက မြန်မာနိုင်ငံအခြေအနေဟာ စိတ်ပူစရာဖြစ်ပြီး အိမ်နီးချင်း နိုင်ငံတွေအနေနှင့် ပဋိပက္ခတွေတားဆီးဖို့အတွက် စီးပွားရေးနှင့်လူမှုအခြေအနေတွေဖန်တီးရေးကူညီရာမှာ မြန်မာ နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုတွေတိုးမြှင့်လုပ်ဆောင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်လို့ ရိုက်တာက သတင်းဖော်ပြပါတယ်။
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအတွင်းကူပြောင်းရေးကို အားပေးထောက်ခံပြီး လက်ရှိအကျပ်အတည်းကိုဖြေရှင်းမယ့်နည်းလမ်း ရှာဖွေနေတဲ့ ဒေသဆိုင်ရာ အစီအစဉ်ကိုလည်း ထောက်ခံတယ်လို့ ဝမ်ယိကပြောထားတာဖြစ်ပါတယ်။
Ref: Reuters
#Local_News
Published 17 August 2024
▪️ ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး၌ ယနေ့မနက်ပိုင်းက ယာဉ်တစ်စီးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ မှသိရသည်။
▪️ ဩဂုတ် ၁၇ ရက်နေ့၊ မနက် ၃ နာရီ၂၀မိနစ် အချိန်ခန့် က ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၃၄/၇)နှင့် (၁၄၃/၆)ကြားတွင် ကား(၁)စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၃ နာရီ ၅၀ မိနစ် အချိန်တွင် မီးငြိမ်းခဲ့ ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 17 August 2024
▪️ အကယ်ဒမီကျော်ဟိန်းဓာတ်ပုံနှင့် သူ၏လက်သုံးစကားများကို ခွင့်ပြုချက်မရှိဘဲတီရှပ်၌ ပုံနှိပ်ပြီးရောင်းချအသုံးပြုမိ၍ တီရှပ်များပုံနှိပ်ရောင်းချသည့်လုပ်ငန်းလုပ်ကိုင်သူဦးအောင်ခန့်ပိုင်မှ နိုင်ငံပိုင်သတင်းစာမှ တစ်ဆင့် ပြန်တောင်းပန်လိုက်ကြောင်း သိရသည်။
▪️ အကယ်ဒမီကျော်ဟိန်းဓာတ်ပုံနှင့် သူ၏လက်သုံး စကားဖြစ်သည့် "လူသားအားလုံးကို လေးစားပါတယ်"ဆိုသည့်စာသားကို တီရှပ်ပေါ်တွင် ရိုက်နှိပ် ထုတ်လုပ်ပြီးရောင်းချခြင်း၊ အမှတ်ရပေးခဲ့ခြင်းများဆောင်ရွက်ခဲ့သည့်အတွက် ပုဏ္ဏကအမည်ဖြင့် တီရှပ်များပုံနှိပ်ရောင်းချသည့်လုပ်ငန်းလုပ်ကိုင်သူ ဦးအောင်ခန့်ပိုင်က အကယ်ဒမီကျော်ဟိန်းနှင့်ပတ်သက်၍ မူပိုင်ခွင့်ရှိသည့် အကယ်ဒမီကျော်ဟိန်း၏ဇနီး ဒေါ်ခင်သန်းနွယ်အေးနှင့်မိသားစုဝင်များကို နိုင်ငံပိုင်သတင်းစာမှ တစ်ဆင့် ပြန်တောင်းပန်လိုက်ခြင်းဖြစ်သည်။
▪️ သရုပ်ဆောင် အကယ်ဒမီကျော်ဟိန်းနှင့် ပတ်သက်သည့် အနုပညာကိစ္စအဝဝနှင့်တရားတော်များ၊ ဓာတ်ပုံများကို အကယ်ဒမီကျော်ဟိန်း၏ဇနီး PENTA LUCKY Service ကုမ္ပဏီ၏ မူပိုင်ခွင့်အဖြစ်မှတ်ပုံတင်သွင်းထားခြင်းဖြစ်သည်။
▪️ သို့ဖြစ်၍ သရုပ်ဆောင် အကယ်ဒမီကျော်ဟိန်းနှင့် ပတ်သက်သည့်ရုပ်ရှင်ဇာတ်ကားများ၊တေးသီချင်းများ၊ တေးသီချင်းစာသားများ၊ စာပေဝတ္ထုများ၊ ဓာတ်ပုံများ အစရှိသည့် အနုပညာကိစ္စအဝဝကို ဒေါ်သန်းနွယ်အေးနှင့်သားသမီး(၃)ဦးတို့၏ ခွင့်ပြုချက်မပါဘဲ မသုံးစွဲရန်နှင့် အသုံးပြုပါက ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်းလည်း နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် အသိပေးကြေညာထားကြောင်းလည်း သိရသည်။
#YMG/tthl #Yangon_Times
#Daily_News
Published 16 August 2024
၁။ ရက်ပိုင်းအတွင်း မိုးပြန်များလာမည်၊ စိုက်ပျိုးတောင်သူများ သတိထားရန်လို
၂။ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးခဲ့သည့်သီးနှံများအတွက် ဓာတ်မြေဩဇာယူရီးယားနှင့်ကွန်ပေါင်းဓာတ်မြေဩဇာများကို သက်သာသောဈေးနှုန်းဖြင့် ပံ့ပိုးပေးမည်
၃။ အဝေးသင်ကျောင်းအပ်လက်ခံရက် စက်တင်ဘာလအထိတပ်တိုး
၄။ အပူလှိုင်းဒဏ်နှင့်မိုးခေါင်မှုတို့ကြောင့် ဂျပန်တွင် အရန်ဆန်သိုလှောင်ထားရှိမှုစံချိန်တင်နည်းပါး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
စက်သုံးဆီ တစ်လီတာကို အမျိုးအစားအလိုက်ကျပ် ၁၁၀ ကနေ ၁၇၀အထိမြင့်တက်လာသလို တန်းစီရတာ အချိန်ကြာမြင့်တာကြောင့် ကျောင်းကားနဲ့အငှားယာဉ်အချို့ရပ်နားလာတယ်လို့ သိရပါတယ်။
#Local_News
Published 16 August 2024
#ကျောင်းကားနှင့်အငှားယာဉ်အချို့ရပ်နား #စက်သုံးဆီစျေးအနည်းငယ်တက်
#YMG/NN #Yangon_Times
၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သူတွေအနေနဲ့ တက္ကသိုလ် ၂၃ခုမှာ ဝင်ခွင့် တွေ လျှောက်ထားနိုင်ပြီလို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
#Local_News
Published 16 August 2024
#တက္ကသိုလ်၂၃ခု #ဝင်ခွင့်များလျှောက်ထားနိုင်
#YMG/NN #Yangon_Times
#Local_News
Published 16 August 2024
▪️ (၁၄၂) ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲ၌ ပုလဲတွဲအပေါင်း ၅၇၁ တွဲကို ရောင်းချ နိုင်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ ၂၀၂၄ ခုနှစ်(၁၄၂)ကြိမ်မြောက် မြန်မာ့တောင်ပင်လယ် ပုလဲရောင်းချပွဲကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမမှာ ဩဂုတ်လ ၁၂ ရက်မှ ၁၅ ရက်အထိ ကျင်းပပေးခဲ့ခြင်းဖြစ်ပြီးပြပွဲကာလ အတွင်း ဒုတိယနေ့၌ ပုလဲအတွဲပေါင်း ၂၃၀ အနက် ပုလဲအတွဲ ၁၇၇ တွဲ၊ တတိယနေ့၌ ပုလဲအတွဲပေါင်း ၂၃၀ အနက် ပုလဲအတွဲ ၁၈၄ တွဲကို လည်းကောင်း၊ စတုတ္ထနေ့၌ ပုလဲအတွဲပေါင်း ၂၄၀ အနက် ပုလဲအတွဲ ၁၉၆ တွဲနှင့် ထပ်မံရောင်းချရသည့် ပုလဲအတွဲ ၁၄ တွဲ စုစုပေါင်းအတွဲ ၂၁၀ ၊ စုစုပေါင်း ပုလဲတွဲအပေါင်း ၅၇၁ တွဲကို ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချရာတွင် မြန်မာ့တောင်ပင်လယ် ပုလဲရောင်းချပွဲ ဗဟိုကော်မတီ၏ ကြီးကြပ်မှုဖြင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် အောင်မြင်စွာ ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 748 of 2420