ဖေဖော်ဝါရီ ၂၃၊ ၂၀၂၅
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးကကြီးမှူးကျင်းပတဲ့ မဲခေါင်−ဂင်္ဂါ အစားအစာပွဲတော်ကို ယနေ့ညနေပိုင်းက ရန်ကုန်မြို့သိမ်ဖြူလမ်းရှိ အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)၌ ကျင်းပခဲ့ပါတယ်။
အဲဒီမဲခေါင်-ဂင်္ဂါ အစားအစာပွဲတော်ဖွင့်ပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ အိန္ဒိယသံအမတ်ကြီး မစ္စတာ Abhay Thakur နှင့် အခြားဖိတ်ကြားထားသည့်လူမှုအဖွဲ့အစည်းအသီးသီးမှပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြပါတယ်။
အဆိုပါ ပွဲတော်ကို မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုတိုးတက်ရေးရည်ရွယ်ကျင်းပခဲ့တာဖြစ်ပြီး မြန်မာနှင့် အိန္ဒိယ ရိုးရာအစားအစာများ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်များနှင့် လက်မှုပစ္စည်းအရောင်းဆိုင်များ ကို ခင်းကျင်းပြသရောင်းချပေးခဲ့ကြပါတယ်။
မဲခေါင်−ဂင်္ဂါ အစားအစာပွဲတော်ကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးနှင့် ရန်ကုန်မြို့ရှိ အိန္ဒိယနွယ်ဖွား အမျိုးသမီးများအသင်း၊ မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက်တို့ပူးပေါင်းကျင်းပခဲ့ခြင်း ဖြစ်ပါ တယ်။
Mnn/ymg

#Daily_News
Published 22 February 2025
၁။ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း Long Stop Date မတိုင်ခင်လုပ်ငန်းများပြီးပြတ် အောင်ဆောင်ရွက်ရမည်
၂။ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်ရန်ပြည်ပမှ နည်းပညာအကူအညီများရယူဆောင်ရွက်မည်
၃။ ရွှေလုပ်ငန်းရှင်များအား ဈေးတက်နိုင်သည့် နည်းလမ်းများဖြင့် ရောင်းဝယ်ခြင်းမပြုကြရန် အသိပေး
၄။ ငှက်တုပ်ကွေးကြောင့် အမေရိကန်တွင် ကြက်ဥဈေးနှုန်းမြင့်တက်ကာ ကြက်မငှားရမ်းမွေးမြူသူများပြားလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
အခု၂၀၂၅ခုနှစ် နှစ်ဆန်းပိုင်းမှာ ပြည်ပနိုင်ငံတွေကို ပြောင်းတန်ချိန်လေးသိန်းခန့်တင်ပို့ထားတယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းက သိရပါတယ်။
#Local_News
Published 22 February 2025
#ပြောင်းတန်ချိန်လေးသိန်းခန့်တင်ပို့ #မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း
#YMG/NN #Yangon_Times
တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ရောင်းဝယ်နေတဲ့ ရွှေလုပ်ငန်းရှင်တွေကို ဈေးတက်နိုင်တဲ့ နည်းလမ်းတွေနဲ့ ရောင်းဝယ်ခြင်းမပြုကြဖို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ်က အသိပေးလိုက်ပါတယ်။
#Local_News
Published 22 February 2025
#ရွှေလုပ်ငန်းရှင် #မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ်
#YMG/NN #Yangon_Times
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအား ပြင်ဆင်နိုင်ဖို့အတွက် ပြည်ပမှကျွမ်းကျင်ပညာရှင်တွေရဲ့ နည်းပညာအကူ အညီတွေရယူနိုင်ရေး ချိတ်ဆက်ဆောင်ရွက်လျက်ရှိတယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။
#Local_News
Published 22 February 2025
#ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ #မြန်မာနိုင်ငံတော်ဗဟိုဘဏ်
#YMG/SW #Yangon_Times
ကျောက်ဖြူအထူးစီးပွားရေးဇုန်ရေနက်ဆိပ်ကမ်းစီမံကိန်းရဲ့ Long Stop Date သက်တမ်းတိုးမြှင့်ထားတဲ့ ကာလဟာ လာမယ့် ဇွန်လမှာ ပြည့်မြောက်မှာဖြစ်တာကြောင့် အဆိုပါသက်တမ်းမပြည့်မြောက်မီ လုပ်ငန်းေတွပြီးပြတ် အောင်ဆောင်ရွက်ရမယ်လို့ ယမန်နေ့က ကျင်းပခဲ့တဲ့ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းဆောင်ရွက်နိုင်ရေးအတွက် မြန်မာနဲ့CITIC နှစ်ဖက်ကြိုတင်ဖြည့်ဆည်းရမယ့်အချက်တွေနဲ့ စပ်လျဉ်းတဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရပါတယ်။
#Local_News
Published 22 February 2025
#ကျောက်ဖြူရေနက်ဆိပ်ကမ်း #Long_Stop_Date
#YMG/SW #Yangon_Times
#Local_News
Published_22 Feb 2025
▪️ အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် တရုတ်နိုင်ငံသား (၁၁၁)ဦးကို ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်က ထပ်မံလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
▪️ ယင်းတို့ကို လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတိုကိုရှေးရှု၍ မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်နှင်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ယနေ့ ပြည်နှင်လွှဲပြောင်းပေးခဲ့သည့် ပြည်ပနိုင်ငံသားများသည် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်ပြီး ကရင်ပြည်နယ် မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင် Online လောင်းက စားမှုများ၊ Online လိမ်လည်မှုများနှင့် ဒုစရိုက်မှုများတွင် ပါဝင်လုပ်ဆောင်ရန် စည်းရုံးစေခိုင်းခြင်း ခံခဲ့ကြရသူများဖြစ်ကြပြီး ၎င်းတို့၏ ဖွင့်ဟဝန်ခံချက်များအရအများစုသည် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်းပြီး နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို တရားမဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေချော မွေ့စေရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ်တင်ကိုကိုနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု စစ်ဆေးကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူများက တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများထံ ပြည်နှင်လွှဲပြောင်း လက်ခံရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ကြကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
#Yangon_Times/PP
Page 540 of 2422