#Daily_News
Published 17 June 2026
၁။ (၁၀)ကြိမ်မြောက်တရုတ်နိုင်ငံနှင့်တောင်အာရှနိုင်ငံများ၏ ကုန်စည်ပြပွဲ၌ မြန်မာ့ဆန်စပါးကဏ္ဍ ကိုယ်စားပြုပြခန်းပါဝင်ပြသ
၂။ Rice Export Zone တွင်ပါဝင်လိုသူများ ယခုလကုန်နောက်ဆုံးထားဆက်သွယ်ဆောင်ရွက်ရန်လို
၃။ ထောပတ်သီးစံချိန်မီထုတ်ပိုးစက်ရုံများ အတွက်ရင်းနှီးမြုပ်နှံရန် တရုတ်ကုန်သည်များနှင့်ဆွေးနွေးနေ
၄။ တရုတ်ပြည်၏AIဆက်စပ်တင်ပို့ကုန်ပစ္စည်းများ ယွမ်ငွေ(၄.၁၂)ထရီလီယံအထိတန်ဖိုးမြင့်တက်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 17 June 2026
■ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ယနေ့မွန်းလွဲပိုင်းတွင် ရှန်ဟိုင်းမြို့၊ မြို့တော်ဝန် မစ္စတာ ကုန်းကျန့်(Gong Zheng)က ခေတ္တတည်းခိုလျက်ရှိသည့် Fairmont Peace Hotel ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ကြောင်းသိရသည်။
■ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ပေကျင်းမြို့မှ ရှန်ဟိုင်းမြို့သို့ အမြန်ရထားဖြင့် လိုက်ပါစီးနင်းခဲ့ပြီးနောက် ယနေ့ မွန်းလွဲပိုင်းတွင် ရှန်ဟိုင်းမြို့သို့ ရောက်ရှိလာခဲ့ခြင်းလည်းဖြစ်သည်။
Yangon Times/pp
#Local_News
Published 17 June 2026
■ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၄) ရက်နေ့က ပြင်ဦးလွင်မြို့၊ Hotel Spring ၌ ကျင်းပပြုလုပ်ခဲ့သည့် "မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း" (MTA) ၏ စတုတ္ထကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးသို့ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) ဥက္ကဋ္ဌ ဦးကျော်သူ တက်ရောက်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
■ အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် MFVP ဥက္ကဋ္ဌ ဦးကျော်သူက အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး၊ အသင်း၏ ညီနောင်အသင်းတစ်ခုဖြစ်သည့် မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MTA) နှင့်အတူ လက်ဖက်ကဏ္ဍအပါအဝင် မြန်မာ့သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် ကဏ္ဍအရည်အသွေးမြင့်မားလာစေရေး၊ ပြည်တွင်း/ပြည်ပ ဈေးကွက်များ ပိုမိုခိုင်မာစွာ ချိတ်ဆက်နိုင်ရေးနှင့် တောင်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မိခင်အသင်းကြီးအနေဖြင့် အစဉ်တစိုက် ဝန်းရံပံ့ပိုးကူညီသွားမည့် အခြေအနေများကို အလေးပေး ပြောကြားခဲ့ကာ MTA အသင်းမဖြစ်ခင် လက်ဖက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့ အဖြစ် စတင်လှုပ်ရှားခဲ့စဉ်က workshop တစ်ခုတွင် စုပေါင်းရိုက်ကူးထားသောလက်ဖက်အဖွဲ့သားများ၏ဓာတ်ပုံအား အမှတ်တရလက်ဆောင်အဖြစ်ပေးအပ်ခဲ့ကြောင်းသိရသည်။
■ ယင်းအစည်းအဝေးတွင် မြန်မာနိုင်ငံလက်ဖက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ တာဝန်ရှိသူများက ပြီးခဲ့သည့်နှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်များနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို တင်ပြခဲ့ကြပြီး၊ ရှေ့ဆက်လုပ်ငန်းစဉ်များ ဆွေးနွေးရန်အတွက်လုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ပြုလုပ်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
■ အဆိုပါ နှစ်ပတ်လည်အထွေထွေအစည်းအဝေးသို့ MTA ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ ဒေသအသီးသီးမှ လက်ဖက်စိုက်ပျိုးထုတ်လုပ်သူများ၊ လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုံစုံလင်လင် တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကိုအောင်မြင်စွာပြုလုပ်ခဲ့ပါသည်။
■ မြန်မာနိုင်ငံ လက်ဖက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းသည် ယခု၂၀၂၆ ခုနှစ်ဧပြီလအတွင်း (၂၀၂၆-၂၀၂၉) သက်တမ်းအတွက် ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင်ရွေးချယ် တင်မြှောက်ပွဲကို MFVP ၏ ကြီးကြပ်မှု ဖြင့်ဆောင်ရွက်ခဲ့ပြီး (၂၀၂၆-၂၀၂၉) သက်တမ်း အလုပ်အမှုဆောင်အဖွဲ့ တွင် ဥက္ကဌ အဖြစ် ဦးရဲထွဋ် နှင့် စီမံခန့်ခွဲရေးအဖွဲ့ဝင်(၁၃)ဦး ပါဝင်သည့် ဗဟို အလုပ်အမှုဆောင်၊ အလုပ်အမှုဆောင် (၄၉) ဦး ကိုရွေးချယ်တင်မြှောက်နိုင်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 17 June 2026
■ ဂျပန်နိုင်ငံတွင် သတင်းစာပို့ရင်း ကျောင်းတက်ရောက်နိုင်မည့် သတင်းစာစကော် လားရှစ် (2027 April Intake - ASAHI Shimbun Scholarship) အတွက် မြန်မာနိုင်ငံသားများလျှောက်ထားနိုင်မည်ဖြစ်ကြောင်းMAJA Education Centre မှ သိရသည်။
■ အဆိုပါ သတင်းစာစကော်လားရှစ်သည် ၂၀၂၇ ခုနှစ်၊ (၄) လပိုင်း အတွက် ခေါ်ယူ ခြင်းဖြစ်ပြီး လျှောက်လွှာများကို MAJA Education Centre မှ စတင်လက်ခံခေါ်ယူနေ ခြင်းဖြစ်ရာ ယခု ခေါ်ယူမည့် သတင်းစာ စကော်လားရှစ်အား ဂျပန်ဘာသာ အရည်အချင်းတွင် JLPT (N4) နှင့် အထက် အောင်မြင်ထားသူ ၊2026 April တွင် အသက် (၁၈) နှစ် နှင့် (၂၅) နှစ်အကြားရှိသူ၊ပညာအရည်အချင်း စနစ်သစ် - ၁၂ တန်းအောင်မြင် ထားသူ (သို့) စနစ်ဟောင်း ၊ တက္ကသိုလ်ပထမနှစ်နှင့် အထက် အောင်မြင်ထားသူ၊ အိမ်ထောင်မရှိသူ၊တက်တူး (လုံးဝ) မရှိသူ၊ကျန်းမာရေးကောင်းမွန်ကြံ့ခိုင်သူ၊Passport (PV / PE) ကိုင်ထားသူ (သို့မဟုတ်) Passport လျှောက်ထားဆဲ (သို့မဟုတ်) Passport လျှောက်ထား/လဲလှယ်ရန်အတွက် QR code ရရှိထားသူ၊ ဆိုင်ကယ်လိုင်စင် (က) လိုင်စင်လုပ်ရန်လိုအပ်ကြောင်းသိရပြီးလိုအပ်ချက်များနှင့် ပြည့်စုံသူမည်သူမဆို လျှောက်ထားနိုင်ကြောင်းသိရသည်။
■ ရွေးချယ်ခံရသူများအတွက် ကုန်ကျစရိတ်ကို အင်တာဗျူး အောင်မြင်ပြီးပါက MAJA Education Centre သို့ Processing Fees (၂၅) သိန်း သွင်းရမည်ဖြစ်ပြီးProcessing Fees (၂၅) သိန်းတွင် ဂျပန်စာသင်တန်းကြေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် သတင်းစာပို့ ခြင်းဆိုင်ရာ သင်တန်းကြေး၊ ဂျပန်လူမျိုးဆရာ/မများနှင့် နေ့စဉ်စကားပြောသင်တန်းများ အပါအဝင်ဖြစ်ကြောင်းသိရပြီး COE ရရှိချိန်တွင် သတင်းစာတိုက်သို့ $1000 (သို့မဟုတ်) ယန်း ၁၅သောင်း ပေးသွင်းရမည်ဖြစ်ကြောင်းထို့နောက် လေယာဥ်လက်မှတ်အား သတင်းစာတိုက်ဘက်မှ ပြန်လည်ကျခံပေးသွားမည် ဖြစ်ပြီး ၂ နှစ်စာ ကျောင်းလခကို အဆာဟိ သတင်းစာတိုက်မှ ထောက်ပံ့မည် ဖြစ်ကာအဆောင်နှင့်ပတ်သက်၍ သက်ဆိုင်ရာ သတင်းစာဆိုင်ခွဲမှ စီစဉ်မည် ဖြစ်၍ အဆောင်ကြေးအနေဖြင့် မိမိလစာမှတစ်လလျှင် ယန်း ၁ သောင်းကို နှုတ်သွားမည် ဖြစ်ကြောင်းသိရသည်။
■ လျှောက်ထားလိုသူများအနေဖြင့် ဇွန်လ ၁၂ရက်မှ ဇူလိုင်လ ၅ရက် အထိ
Google Form Link: https://forms.gle/zrBePAsXU9cQhUWF9အားဖြည့် စွက်ကာ လျှောက်ထားနိုင်ကာလျှောက်ထားပြီးသူများအား Scholarship နှင့်သက်ဆိုင်သည့် အသေးစိတ်အစီအစဥ်များကို Google Form တွင်ဖြည့်သွင်းထားသော Gmail များမှတစ်ဆင့်သာ ဆက်သွယ်အကြောင်းကြား ပေးပို့သွားမည်ရာGoogle Form ဖြည့်ပြီးသည့် နောက်တွင် အီးမေးလ်အား သတိပြုစစ် ဆေးရန်လိုအပ်ကြောင်း ၊ လျှောက်ထားရာတွင်ဂျပန်နိုင်ငံသို့ ကျောင်းဗီဇာ (သို့) တခြားသော ဗီဇာများဖြင့် လျှောက်ထားပြီးသူများ၊ COE Rejected ဖြစ်ထားဖူးသူများ လျှောက်ထားခွင့်မရှိ ကြောင်းသိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 17 June 2026
■ ရန်ကုန်မြို့တွင် ယခုလအတွင်း ပြုလုပ်မည့်Agritech Myanmar 2026 ပြပွဲ ၌ သစ်သီးသွင်းကုန်လုပ်ငန်းရှင်များကိုလည်း လာရောက်ချိတ်ဆက်ပြသရန် ဖိတ်ခေါ်ထားကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှသိရသည်။
■ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) အနေဖြင့် အဓိက ပံ့ပိုးကူညီသူ (Major Supporter) အဖြစ် ပါဝင်ဆင်နွှဲမည့် Agritech Myanmar 2026 ပြပွဲကြီး ကို ဇွန်လ ၂၆ရက်မှ ၂၈ရက် နေ့အထိ ရန်ကုန်မြို့ရှိ YCC တွင်ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။
■ အဆိုပါ ပြပွဲတွင် MFVP အသင်းသူ/အသင်းသားများအနက် တောင်သူငယ်များ (Smallholder Growers) နှင့် အသေးစားနှင့်အလတ်စား သစ်သီးဝလံ MSME လုပ်ငန်းရှင်များ၏ မိုးရာသီပေါ်သစ်သီးဝလံများကို ခင်းကျင်းပြသချိတ်ဆက်ရောင်းချသွားမည်ဖြစ်သည်။
■ ထို့အပြင် မိုးရာသီပေါ် သစ်သီးဝလံများ - သရက်သီး၊ ဒူးရင်းသီး၊ ကြက်မောက်သီး၊ နာနတ်သီး ၊ မင်းကွတ် အစရှိသည့်လတ်ဆတ်သည့် သစ်သီးတွေကို ပြပွဲအထူးစျေးနှုန်း (Special Price) များနဲ့ တိုက်ရိုက် ဝယ်ယူရရှိနိုင်မည် ဖြစ်ကြောင်းသိရသည်။
■ အစုအဖွဲ့သစ်များအား အထူးမိတ်ဆက်ခြင်း အနေဖြင့် (Special Introduction to Small Clusters) - ကဏ္ဍအလိုက် ပိုမိုအားကောင်းလာစေဖို့ မြန်မာငရုတ်သီး အစုအဖွဲ့ (Chili Cluster) နှင့် ဟင်းသီးဟင်းရွက် အစုအဖွဲ့ ( Vegetable Cluster) နှင့် Organic Coffee တို့ကိုလည်း အထူးတလည် မိတ်ဆက်ပြသသွားမည်ဖြစ်ပြီး လုပ်ငန်းချိတ်ဆက်မှုများ လာရောက်ပြုလုပ်နိုင်မည် ဖြစ်ကြောင်းသိရသည်။
■ ၎င်းအပြင် သွင်းကုန်သစ်သီးများအဖြစ်မြန်မာနိုင်ငံတွင်မစိုက်ပျိုးနိုင်ပေသော်လည်း သစ်သီးဝလံချစ်သူများနှစ်သက်သည့်ပန်းသီး၊ ကီဝီသီး၊ဘယ်ရီသီးစသည့် တင်သွင်းရန်လိုအပ်သည့်အတွက် သစ်သီးသွင်းကုန်လုပ်ငန်းရှင်များကိုလည်း လာရောက်ချိတ်ဆက်ပြသရန် ဖိတ်ခေါ်ထားကြောင်းသိရသည်။
■ MFVP Knowledge Sharing Seminar (အသိပညာပေး ဆွေးနွေးပွဲ ကဏ္ဍ) အဖြစ် ပြပွဲအတွင်း ကျင်းပမည့် စိုက်ပျိုးရေးဆိုင်ရာနှီးနှောဖလှယ်ပွဲ၌ MFVP ၏ ကျွမ်းကျင်ပညာရှင် (၂) ဦးမှ စိတ်ဝင်စားဖွယ် ခေါင်းစဉ်များနှင့်ပါဝင်ဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 17 June 2026
■ မြန်မာ-ကမ္ဘောဒီးယား ခရီးသွားလုပ်ငန်း မြှင့်တင်ရန်မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာMOU လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။
■ မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ် - ၂၀၂၆နှင့် ဆက်စပ်အစည်းအဝေးများကို မဟာမဲခေါင်ဒေသခွဲ အဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် “Tourism for People, Travel with Purpose” ဟူသော ဦးတည်ချက်ဖြင့် ဇွန် ၁၄ ရက်မှ ၁၉ ရက်အထိ ရန်ကုန်မြို့ Pan Pacific ဟိုတယ်၌ လက်ခံကျင်းပလျက်ရှိသည်။
■ ယမာန်နေ့မွန်းလွဲပိုင်းက ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ် -၂၀၂၆ သို့ တက်ရောက်လာသည့် ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. HUOT HAK အား အလုပ်သဘောနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံပြီး ဒေသတွင်းခရီးသွားလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးသည်။
■ ထို့နောက် မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီးတို့ တက်ရောက်၍ အမှာစကားပြောကြားကြပြီး မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးကြသည်။
■ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီးတို့သည် မြန်မာ-ကမ္ဘောဒီးယား ခရီးသွားလုပ်ငန်း မြှင့်တင်ရေး Roadshow သို့ တက်ရောက်အမှာစကားပြောကြားကြပြီး ကမ္ဘောဒီးယားနိုင်ငံ၏ ခရီးစဉ်ဒေသများအကြောင်း ရိုက်ကူးထားသည့် Visit Cambodia Video နှင့် မြန်မာနိုင်ငံ၏ အထင်ကရခရီးစဉ်ဒေသများအကြောင်း ရိုက်ကူးထားသည့် Myanmar Beauty Video တို့ကိုပြသကာ ကမ္ဘောဒီးယားခရီးသွားလုပ်ငန်းဘုတ်အဖွဲ့မှ တာဝန်ရှိသူများက ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလုပ်ငန်းအခြေအနေများကိုလည်းကောင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများက မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
■ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီးတို့သည် ဇွန် ၁၅ ရက်မှ ၁၇ ရက်အထိ Pan Pacific ဟိုတယ်၌ ကျင်းပလျက်ရှိသည့် မဟာမဲခေါင်ဒေသခွဲအစားအစာပြပွဲကို လှည့်လည်ကြည့်ရှုအားပေးသည်။
■ ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၆ နှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်လာကြသည့် ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီး၊ မဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကို ရန်ကုန်မြို့ Lotte Hotel ၌ ကြိုဆိုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံပြီး ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 17 June 2026
■ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန်လ ၁၇ ရက် နံနက်ပိုင်းက ပေကျင်းမြို့ရှိ Beijing South Railway Station မှ ရှန်ဟိုင်းမြို့ရှိ Hongqiao Railway Station သို့ G23 အမြန်ရထားဖြင့် ဆက်လက်ထွက်ခွာခဲ့ကြောင်း သိရသည်။
■ နိုင်ငံတော်သမ္မတ၏ ရှန်ဟိုင်းခရီးစဉ်သည် ယခုခရီးစဉ်အတွင်း ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Yangon Times/PP
Page 43 of 2397