#Local_News
Published 22 June 2026
■ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရခိုင် ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင် ပြီး မိုးသက်လေပြင်းပါကျရောက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့မနက်ပိုင်းထုတ်ပြန်ချက်အရသိရသည်။
■ အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်း ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ထားသည်။
■ ထို့အပြင် ယနေ့ညနေအထိခန့်မှန်းချက်မှာ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတွင် နေရာကွက်ကျား၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲ၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
ယခုတစ်ပတ်အတွက်ထုတ်ပြန်တဲ့ ရန်ကုန်အထိုင်စားအုန်းဆီလက်ကားရည်ညွန်းဈေးတွေ ထပ်မံကျဆင်းလာတယ်လို့ သိရပါတယ်။
#Local_News
Published 21 June 2026
#စားအုန်းဆီ
#YMG/SW #Yangon_Times
ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ (UNESCO) က ကြီးမှူးကျင်းပတဲ့ YouthHackathon 2026 လူငယ်ဆန်းသစ်တီထွင်မှုပြိုင်ပွဲအတွက် ကမ္ဘာတစ်ဝန်းရှိ အသက် ၁၈ နှစ်မှ ၃၀ နှစ်အတွင်း လူငယ်များအား ပါဝင်ယှဉ်ပြိုင်ဖို့ဖိတ်ခေါ်ထားတယ်လို့သိရပါတယ်။
#Local_News
Published 20 June 2026
#YouthHackathon_2026 #UNESCO
#YMG/SW #Yangon_Times
အခုတစ်ပတ်အတွက် စက်သုံးဆီရည်ညွှန်းဈေးတွေထပ်မံကျဆင်းလာတယ်လိုစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး
ကော်မတီရဲ့ အခုတစ်ပတ်အတွက်ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါတယ်။
#Local_News
Published 20 June 2026
#စက်သုံးဆီ
#YMG/NN #Yangon_Times
ရာသီပေါ်ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေစိုက်ပျိုးကြတဲ့ ရှမ်းပြည်နယ်က တောင်သူများနဲ့ စားသောက်ကုန်လုပ်ငန်းရှင်တွေကို တိုက်ရိုက်ချိတ်ဆက်ပေးနေတယ်လို့ မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) က သိရပါတယ်။
#Local_News
Published 20 June 2026
#ရာသီပေါ်ဟင်းသီးဟင်းရွက်
#YMG/NN #Yangon_Times
#Daily_News
Published 20 June 2026
၁။ YouthHackathon 2026အတွက် အသက်(၁၈)နှစ်မှ(၃၀)နှစ်အတွင်း လူငယ်များယှဉ်ပြိုင်ရန်ဖိတ်ခေါ်
၂။ စက်သုံးဆီဈေးနှုန်းများ ဆက်တိုက်ကျဆင်းနေ
၃။ ရှမ်းတောင်သူများနှင့်စားသောက်ကုန်လုပ်ငန်းရှင်များကို တိုက်ရိုက်ချိတ်ဆက်ပေးနေ
၄။ လျှပ်စစ်လယ်ယာစက်ပစ္စည်းများပထမဆုံးကွင်းဆင်းစမ်းသပ်မှု တရုတ်အောင်မြင်စွာပြီးမြောက်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 20 June 2026
■ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်များ ထပ်ခြင်းနှင့်ပတ်သက်၍တတိယအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့၌ ရှမ်းပြည်နယ်အမျိုးသားလွှတ်တော် ကိုယ်စားလှယ်မှ မေးခွန်းထုတ်ခဲ့ကြောင်းသိရသည်။
■ ယမာန်နေ့ မနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည့်တတိယအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့၌ ရှမ်းပြည်နယ်အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ် (၁၀) စိုင်းဝင်းခိုင်က မေးမြန်းခဲ့ခြင်းဖြစ်သည်။
■ ရှမ်းပြည်နယ်အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ် (၁၀) စိုင်းဝင်းခိုင်က နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်များ အဘယ်ကြောင့်ထပ်သည့်ကိစ္စဖြစ်ပေါ်ရပါသနည်း၊ ထိုကဲ့သို့ ထပ်နေသည့်ကတ်ပြားအမှတ်ဦးစွာရရှိသူအား မည်ကဲ့သို့စိစစ်၍ ၎င်း၏ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရန်အတွက် ကာကွယ်စောင့်ရှောက်ပေးနိုင်သနည်း၊ မသမာမှုကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်ထပ်ရသည်ကို စိစစ်တွေ့ရှိရပါက မည်သို့အရေးယူဆောင်ရွက်မည်တို့ကိုသိရှိလိုခြင်း မေးခွန်းကိုတင်သွင်း ခဲ့ကြောင်းသိရသည်။
■ အဆိုပါ မေးခွန်းနှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က နိုင်ငံသားနံပါတ်တစ်ခုတည်းကို လူပုဂ္ဂိုလ်နှစ်ဦးအား နံပါတ်ထပ်၍ ထုတ်ပေးထားခြင်းကြောင့် ကာယကံရှင်များမှလည်း အဆိုပါနိုင်ငံသားနံပါတ်ဖြင့် ပညာရေး၊ စီးပွားရေး၊ လူမှုရေးတို့တွင် အသုံးပြုထားသဖြင့် အခက်အခဲမရှိစေရန်အတွက် ထုတ်ပေးထားသည့် နိုင်ငံသားနံပါတ်များအား ရုံးလက်ခံနိုင်ငံသားကိုယ်ရေးမှတ်တမ်းဖြင့် ပြန်လည်စိစစ်ခြင်း၊ သဘောရိုးဖြင့်မှားယွင်း၍ ထုတ်ပေးထားခြင်း ဟုတ်မဟုတ် စစ်ဆေးခြင်း၊ ထုတ်ပေးထားသူများသည် မြန်မာနိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသားအရည်အချင်းအရ အထောက်အထားခိုင်မာစွာဖြင့် ထုတ်ပေးခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ဝန်ထမ်းမှ မရိုးဖြောင့်သောနည်းဖြင့် ထုတ်ပေးထားခြင်း ရှိ/မရှိ စစ်ဆေးခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်းပြောကြားခဲ့သည်။
■ ထိုသို့ ဖြေရှင်းဆောင်ရွက်ပေးရာတွင် နိုင်ငံသားနံပါတ်တစ်ခုတည်းဖြင့် ထုတ်ပေးထားသော နိုင်ငံသား စိစစ်ရေးကတ်ပြားများသည် မှန်ကန်စွာထုတ်ပေးထားသော ကတ်ပြားများဖြစ်ပါက နံပါတ်ပေးသည့် စာအုပ်တွင်ဖော်ပြထားသူအား အတည်ပြုပေးပြီး ကျန်တစ်ဦးအား နံပါတ်အသစ်ဖြင့်လည်းကောင်း၊ နံပါတ်ပေးသည့်စာအုပ်တွင် နှစ်ဦးစလုံးအား နိုင်ငံသားနံပါတ်တူညီစွာ မှတ်တမ်းသွင်းထားပါက နံပါတ်ထပ်နေသူနှစ်ဦးအား တွေ့ဆုံညှိနှိုင်းစေ၍ စောစွာထုတ်ယူသူအားအတည်ပြုပြီး ကျန်တစ်ဦးအား နိုင်ငံသားနံပါတ်အသစ်ရယူစေခြင်းဖြင့်လည်းကောင်း နိုင်ငံသားနံပါတ်ကို အတည်ပြုဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ထို့ပြင် တစ်ဦးသည် ယင်းနိုင်ငံသားနံပါတ်ဖြင့် ဘွဲ့လက်မှတ်၊ ဝန်ထမ်းပင်စင်စာအုပ်များတွင် အသုံးပြုထား၍ ကျန်တစ်ဦးမှာ အသုံးမပြုပါက ယင်းပုဂ္ဂိုလ်အား နံပါတ်အသစ်ထုတ်ပေးပြီး ယခင်နိုင်ငံသားနံပါတ်အဟောင်းကို ပညာရေး၊ စီးပွားရေး၊ ရုံးဌာနများနှင့်ဆက်စပ်သည့်နေရာများတွင် သုံးစွဲထားပါက အခက်အခဲမရှိစေရန်အတွက် နံပါတ်အသစ်ဖြင့်ထုတ်ပေးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား၏ နောက်ကျောတွင် ယခင် ကိုင်ဆောင်ခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်ဟုရေးသွင်း၍ မူလနံပါတ်အားဖော်ပြပေးပြီး မြို့နယ်ဦးစီးမှူးမှ အတည်ပြုလက်မှတ်ရေးထိုးပေးပါကြောင်း ပြန်လည် ဖြေကြားခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
Page 40 of 2397