#Local_News
Published 18 June 2026
■ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရှန်ဟိုင်းမြို့ရှိ လင်းကန်အထူးဒေသ(Shanghai Lingang Special Area) သို့ ယနေ့သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
■ လင်းကန်အထူးဒေသသည် တရုတ်နိုင်ငံက ၎င်း၏ စီးပွားရေးကို ကမ္ဘာနှင့် ပိုမိုချိတ်ဆက်နိုင်ရန် ရည်ရွယ်ဖော်ဆောင်နေသည့် အရေးပါသော စီးပွားရေးနှင့် စက်မှုဖွံ့ဖြိုးရေးဇုန်တစ်ခုဖြစ်ပြီး ပိုမိုမြင့်မားသော တံခါးဖွင့်စီးပွားရေးစနစ်နှင့် နိုင်ငံတကာအဆင့်မီ စီးပွားရေးပတ်ဝန်းကျင်တစ်ရပ် ဖော်ဆောင်ရန် ရည်မှန်းထားကြောင်းသိရသည်။
Yangon Times/pp
#Local_News
Published 18 June 2026
■ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန်လ ၁၈ ရက် နံနက်ပိုင်းတွင် ရှန်ဟိုင်းမြို့ရှိ Radisson Hotel ၌ ကျင်းပသည့် “Myanmar-China Investment and Trade Networking Summit (MCITP-2026) Shanghai” ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့် ဖွင့်လှစ်ခဲ့ကြောင်းသိရ
သည်။
■ အခမ်းအနားတွင် နိုင်ငံတော်သမ္မတက MCITP-2026 Shanghai ထိပ်သီးအစည်းအဝေးကို တရားဝင်ဖွင့်လှစ်ပေးခဲ့ပြီး ခင်းကျင်းပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးကထုတ်ပြန်ထားသည်။
■ ထို့နောက် နိုင်ငံတော်သမ္မတက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နှစ်နိုင်ငံစီးပွားရေးဆက်ဆံမှုများ ပိုမိုခိုင်မာလာရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
Yangon Times/pp
#Local_News
Published 18 June 2026
■ ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အလုပ်သမားဆေးရုံကြီး၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ်များ စနစ်တကျရှိ ပြီးပိုမိုထိရောက်စေရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန်
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်စိုးကမှာကြားခဲ့ကြောင်း သိရသည်။
■ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ယမာန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ အလုပ်သမားဆေးရုံကြီး ပြင်ပလူနာဌာနတွင် အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
■ ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ဆေးရုံအတွင်းရှိ ဆေးဝါးသိုလှောင်ရုံနှင့် ဆေးကုသမှုဆိုင်ရာ ပစ္စည်းကိရိယာများ ထားရှိမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ်များ စနစ်တကျရှိစေရေးနှင့် ပိုမိုထိရောက်စေရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် မှာကြားသည်။
■ ဇွန်လ ၁၆ရက်နေ့ကလည်း ပြည်ထောင်စုဝန်ကြီးသည် မင်္ဂလာဒုံစက်မှုဇုန်ရှိ Myanmar Postraion Co.,Ltd. အထည်ချုပ်စက်ရုံနှင့် SMK Mingalardon Co.,Ltd. အထည်ချုပ်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး အထည်ချုပ်စက်ရုံများတွင် ရွေ့လျားဆေးကုသရေးအဖွဲ့ဖြင့် လုပ်ငန်းခွင်အရောက် ကွင်းဆင်းဆေးကုသပေးနေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ ကြောင်းသိရသည်။
#YMG/NN #Yangon_Times
"(၁၀) ကြိမ်မြောက်တရုတ်နိုင်ငံနှင့်တောင်အာရှနိုင်ငံများ၏ ကုန်စည်ပြပွဲ" မှာမြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ရဲ့ မြန်မာ့ဆန်စပါးကဏ္ဍကိုယ်စားပြု ပြခန်းကို Shwe Wah Yaung Agriculture Production Co., Ltd, Good Brothers’ Co., Ltd တိုနဲ့ ပူးပေါင်းပြီးတရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြိုတွင် ဇွန်လ(၁၁)ရက်နေ့ကနေ(၁၆)ရက်နေ့အထိပါဝင်ပြသခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကနေသိရပါတယ်။
#Local_News
Published 17 June 2026
#တရုတ်နိုင်ငံ #မြန်မာ့ဆန်စပါး
#YMG/NN #Yangon_Times
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေနဲ့ပြည်ပပို့ကုန် ဆန်စပါးစိုက်ပျိုးရေးဇုန်(Rice Export Zone -REZ) စီမံကိန်းမှာ ပူးပေါင်းပါဝင်လိုသူဆွေကို ဖိတ်ခေါ်လျှက်ရှိပြီး Rice Export Zone တွင်ပါဝင်လိုသူတွေအနေနဲ့ကလည်းယခုလကုန်နောက်ဆုံးထားဆက်သွယ်ဆောင်ရွက်ဖို့လိုတယ်လို့အသိပေးထားပါတယ်။
#Local_News
Published 17 June 2026
#Rice_Export_Zone
#YMG/SW #Yangon_Times
ပြည်တွင်းကထွက်ရှိတဲ့ ထောပတ်သီးနှံအတွက်စံချိန်မီ ထုတ်ပိုးစက်ရုံများ လာရောက်ရင်းနှီးမြုပ်နှံကြဖို့ တရုတ်ကုန်သည်များနဲ့ဆွေးနွေးနေတယ်လို့ မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းက သိရပါတယ်။
#Local_News
Published 17 June 2026
#ထောပတ်သီး #တရုတ်ကုန်သည်
#YMG/NN #Yangon_Times
မအူပင် (တောင်) ရေနံနှင့် သဘာဝဓာတ်ငွေ့မြေ၊ တွင်းအမှတ် (၂၂) ရှိ သဲကြောများအား သုတေသနပြုဆန်းစစ်ပြီး တိုးချဲ့သေနတ်ဖောက်ယူခဲ့ရာ သဘာဝဓာတ်ငွေ့များ တိုးတက်ထွက်ရှိခဲ့တယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
#Local_News
Published 17 June 2026
#ရေနံနှင့်သဘာဝဓာတ်ငွေ့ #လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
#YMG/SW #Yangon_Times
Page 42 of 2397