#Local_News
Published 05 May 2026
■ PJ စာအုပ်ကိုင်ဆောင်ထားသော မြန်မာနိုင်ငံသားများ ခွင့်ဖြင့်မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရာတွင်သတ်မှတ်ချက်များလိုက်နာရမည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနကအသိပေးထုတ်ပြန်ထားသည်။
■ အဆိုပါထုတ်ပြန်ချက်၌ ၂၀၂၆ ခုနှစ်၊ မေလ (၁) ရက်နေ့မှစတင်၍ မြန်မာနိုင်ငံသို့ ခွင့်ဖြင့် ပြန်လည်ဝင်ရောက်မည့် အလုပ်သမားများသည် အလုပ်ရှင်ထံမှခွင့်စာ (Letter of Permission for Leave) နှင့် သက်ဆိုင်ရာ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတို့မှ မှန်ကန်ကြောင်း စိစစ်ထောက်ခံချက်ရယူပြီး သတ်မှတ်စာရွက်စာတမ်းများနှင့်အတူ သက်ဆိုင်ရာမှ ထုတ်ပေးသော ထောက်ခံချက်ပူးတွဲ၍ ပြည်ပသို့ ပြန်လည်ထွက်ခွာခွင့် တင်ပြလျှောက်ထားရမည်ဖြစ် ကြောင်း ဖော်ပြထားသည်။
■ ထို့အပြင် မေလ (၁) ရက်နေ့မတိုင်မီကာလအတွင်း မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနေကြသည့် အလုပ်သမားများတွင် ခွင့်ကာလ (၁) လအထက်ကျော်သူများ၊ OWIC တွင် ဖော်ပြထားသော နိုင်ငံနှင့် လုပ်ငန်းခွင်ကွဲလွဲသူများသည် ခွင့်ကာလတစ်လကျော်ယူရသည့် အကြောင်းပြချက်နှင့် အထောက်အထားခိုင်လုံစွာဖြင့် တင်ပြရမည်ဖြစ်ကြောင်းသိရသည်။
■ ၎င်းအပြင် မြန်မာနိုင်ငံသားများ အလုပ်သွားရောက်လုပ်ကိုင်နေသော နိုင်ငံအများစုတွင် သတ်မှတ်ထားသော ခွင့်အမျိုးအစားများအနက် မီးဖွားခွင့်၊ မိသားစုစောင့်ရှောက်ခွင့်၊ နာမကျန်းခွင့် စသည်တို့မှအပ နှစ်ပတ်လည် ခွင့်အပါအဝင် သာမန်ခွင့်များကို အများဆုံး (၁) လသာ ခွင့်ပြုထားသည်ဟု သိရှိထားရသဖြင့် အမှန်တကယ် ခွင့်တင်ပြရယူထားသော ခွင့်ပြန် အလုပ်သမားဖြစ်ကြောင်း သေချာစေရန် စိစစ်ရခြင်းဖြစ်ပြီး မြန်မာနိုင်ငံသား အလုပ်သမားများ အမှန်တကယ်အလုပ်လုပ်ကိုင်နေသော OWIC ပါ အလုပ်ရှင်နှင့်လုပ်ငန်းခွင်တို့တွင် အခက်အခဲတစ်စုံတစ်ရာကြုံတွေ့ရပါက သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်မှုပေးနိုင်ရန်ရည်ရွယ်၍ လက်ရှိအလုပ်လုပ်နေသော အလုပ်ရှင်/ လုပ်ငန်းခွင်အမှန်ကိုသိရှိနိုင်ရေး ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
■ ထို့ကြောင့် ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသည့် PJ စာအုပ်ကိုင်ဆောင်ထားသော မြန်မာနိုင်ငံသားများ ခွင့်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာပြီး ၎င်းတို့အလုပ်လုပ်ကိုင်ရာ သက်ဆိုင်ရာနိုင်ငံရှိ လုပ်ငန်းခွင်များသို့ အချိန်မီပြန်လည်ဝင်ရောက်နိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးမှုမရှိစေရေးအတွက် အထောက်အထားများကို မှန်ကန်ပြည့်စုံစွာ တင်ပြနိုင်သည့် လျှောက်လွှာများကို ရက်သတ္တပတ်တစ်ပတ် (ရုံးပိတ်ရက်အပါအဝင်) အတွင်း ပြည်ပထွက်ခွာခွင့်နှင့် OWIC အသစ်လဲလှယ်နိုင်ရေးတို့ကို စနစ်တကျနှင့်အမြန်ဆုံးစိစစ်ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 05 May 2026
■ တပ်မတော် (ရေ) ရေကြောင်းလူငယ်သင်တန်းစခန်း ၁၃ ခု၌သင်တန်းသူ၊ သင်တန်းသား ၈၀၀ ဦးနှင့်ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် သင်တန်းစခန်း ၂၀ ခုတွင် စုစုပေါင်း သင်တန်းသား ၁၀၄၄ ဦးတို့ကို လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်းသိရသည်။
■ ထိုသို့လေ့ကျင့်ပေးရာတွင်ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များ အကျိုးရှိစေရန်၊ မိမိဝါသနာပါသည့်ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော် (ရေ) က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော် (လေ) က အခြေခံလေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းဖွင့်ပွဲများကို ဧပြီ ၂၇ ရက်တွင် သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိခြင်းဖြစ်သည်။
■ အဆိုပါကဲ့သို့လေ့ကျင့်သင်ကြားလျက်ရှိရာ ယမာန်နေ့တွင် အခြေခံစစ်ရေးပြ၊ တပ်မတော် (ရေ) သမိုင်းဘာသာရပ်နှင့် ရေကြောင်းလမ်းညွှန်ဘာသာရပ်၊ နက္ခတ္တဗေဒသင်ခန်းစာ၊ ညွှန်းထောင့်နှင့် Compass သင်ခန်းစာများကို နေပြည်တော်ကောင်စီနယ်မြေရှိ နေပြည်တော်စခန်းတန်းခွဲ (၁) ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၄၅ ဦး၊ နေပြည်တော်စခန်းတန်းခွဲ (၂) ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၅၀ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ရှိ အင်းယားရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၁၀၀ ဦး၊ ကိုကိုးကျွန်းမြို့ရှိရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၃၅ ဦး၊ ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၁၂၀ ဦး၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၆၀ ဦး၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၅၀ ဦး၊ ပုသိမ်မြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၆၅ ဦး၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၆၀ ဦး၊ တနင်္သာရီတိုင်းဒေသကြီး၊ ဟိန်းဇဲဒေသရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၄၀ ဦး၊ မြိတ်မြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၅၀ ဦး၊ ကျွန်းစုမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၅၀ ဦးနှင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၇၅ ဦးတို့ကို သက်ဆိုင်ရာနယ်မြေအသီးသီးမှ တာဝန်ရှိသူနည်းပြများက လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး တပ်မတော် (ရေ) ရေကြောင်းလူငယ်သင်တန်းစခန်း ၁၃ ခု၌ သင်တန်းသား၊ သင်တန်းသူစုစုပေါင်း ၈၀၀ ဦးတို့ကို လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။
■ အလားတူ အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ် (၁၀) နှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်း အမှတ်စဉ် (၉) သင်တန်းများကို ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် သင်တန်းစခန်း ၂၀ ခုတွင် စုစုပေါင်း သင်တန်းသား ၁၀၄၄ ဦးဖြင့် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့မှစတင်၍ ဖွင့်လှစ်လျက်ရှိရာ ပြည်မြို့ရှိ ပြည်သင်တန်းစခန်းမှ အခြေခံလေကြောင်းလူငယ် သင်တန်းသား ၅၄ ဦးအားလည်းကောင်း၊ မော်လမြိုင်မြို့ရှိ မော်လမြိုင်သင်တန်းစခန်းမှ အခြေခံလေကြောင်း လူငယ်သင်တန်းသား ၅၀ ဦးအားလည်းကောင်း၊ တောင်ကြီးမြို့ရှိတောင်ကြီးသင်တန်းစခန်းမှ အခြေခံလေကြောင်းလူငယ်သင်တန်းသား ၆၀ ဦးအားလည်းကောင်း၊ မကွေးမြို့ရှိ မကွေးသင်တန်းစခန်းမှ အခြေခံလေကြောင်း လူငယ်သင်တန်းသား ၅၀ ဦးအားလည်းကောင်း၊ ဟုမ္မလင်းမြို့ရှိ ဟုမ္မလင်းသင်တန်းစခန်းမှ အခြေခံလေကြောင်း လူငယ်သင်တန်းသား ၅၀ ဦးအားလည်းကောင်း၊ နေပြည်တော်မြို့ရှိ နေပြည်တော်သင်တန်းစခန်းမှ အခြေခံလေကြောင်းလူငယ် သင်တန်းသား ၆၅ ဦးအားလည်းကောင်း၊ ကျိုင်းတုံမြို့ရှိ ကျိုင်းတုံ သင်တန်းစခန်းမှ အခြေခံလေကြောင်းလူငယ်သင်တန်းသား ၅၀ ဦးအားလည်းကောင်း အခြေခံစစ်ရေးပြဘာသာရပ်၊ လေကြောင်းလူငယ်သမိုင်းဘာသာရပ်၊ လေကြောင်းပညာသမိုင်းဘာသာရပ်၊ လေယာဉ်ပျံသန်းမှုအခြေခံ သဘောတရားဘာသာရပ်၊ လေကြောင်းဆိုင်ရာ အခြေခံဗဟုသုတများဘာသာရပ်၊ Airfield Procedure ဘာသာရပ်၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့် ဇာတိသွေးဇာတိမာန်ဘာသာရပ်၊ RC လေယာဉ်/ရဟတ်ယာဉ် မောင်းနှင်ခြင်းဘာသာရပ်၊ RC Simulator နှင့် Flight Simulator မောင်းနှင်ခြင်းဘာသာရပ်များကို တာဝန်ရှိသူနည်းပြများက လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး ကျန်သင်တန်းစခန်းအသီးသီးတွင်လည်း ဆက်လက်လေ့ကျင့် သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 04 May 2026
၁။ ပုဂံရှိ နံရံဆေးရေးပန်းချီရေးဆွဲထားသည့် စေတီ၊ ပုထိုး၏သမိုင်းကို
တိုးရစ်စ်များ ပိုမိုစိတ်ဝင်စားကြဟုဆို
၂။ အခြေခံစားအုန်းဆီရည်ညွန်းဈေးထပ်မံတက်လာ
၃။ ယခုနှစ်အတွင်းအမြန်လမ်း၌ ယာဉ်မတော်ဆမှုကြောင့်(၃၂)ဦးေ-သဆုံး
၄။ မတ်လကုန်အထိ တရုတ်ပြည်၏EVအားသွင်းစခန်း ၄.၈သန်းကျော်ရှိလာ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ပုဂံဒေသရှိ နံရံဆေးရေးပန်းချီရေးဆွဲထားတဲ့ စေတီ၊ ပုထိုးရဲ့သမိုင်းကို နိုင်ငံခြားသား ခရီးသွားဧည့်သည် တိုးရစ်စ်များပိုမိုစိတ်ဝင်စားလေ့ရှိကြတယ်လို ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနပုဂံရုံးခွဲမှ သိရပါတယ်။
#Local_News
Published 04 May 2026
#ပုဂံ #နံရံဆေးရေးပန်းချီ
#YMG/NN #Yangon_Times
ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့တဲ့ နိုင်ငံတွေရဲ့ဈေးကွက်နဲ့ဈေးနှုန်းဖြစ်ပေါ်မှုများအရ မေလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေးအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာစားအုန်းဆီ တစ်ပိဿာလျှင်ငွေကျပ် ၇,၃၈၀ဖြစ်တယ်လို့ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ကြေညာထားပါတယ်။
#Local_News
Published 04 May 2026
#စားအုန်းဆီ
#YMG/SW #Yangon_Times
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှာ အခု ၂၀၂၆ ခုနှစ် လေးလတာအတွင်း ယခုနှစ်အတွင်းအမြန်လမ်း၌ ယာဉ်မတော်ဆမှုကြောင့် ၃၂ဦးေ-သဆုံးခဲ့တယ်လို့အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။
#Local_News
Published 04 May 2026
#ရန်ကုန်_မန္တလေးအမြန်လမ်းမကြီး
#YMG/NN #Yangon_Times
ပြည်တွင်းပြောင်းဈေးဆက်တိုက်မြင့်တက်လာရာ ယခုရက်သတ္တပတ်တွင် ပြောင်းဈေးမှာ ပြည်တွင်းဈေးသာမက ပြည်ပဈေးပါမြင့်တက်လာပြီး ရန်ကုန်ဈေးကွက်တွင် ပြောင်း FOB ဈေးမှာ တစ်တန်လျှင် ၅ ဒေါ်လာခန့် ဈေးတက်လာတယ်လို့ ပြောင်းကုန်သည်များထံမှ စုံစမ်းသိရှိရပါတယ်။
#Local_News
Published 04 May 2026
#ပြောင်း #FOB
#YMG/SW #Yangon_Times
Page 36 of 2352