#Local_News
Published 07 May 2026
■ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi, PVSM, AVSM, NM ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။
■ ယင်းသို့ တပ်မတော် (ရေ) မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယရေတပ်စစ်သံမှူးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြကြောင်း သိရသည်။
■ အဆိုပါ အိန္ဒိယရေတပ်ဦးစီးချုပ် ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ရောက် ရှိစဉ်အတွင်း မေလ ၂ ရက်တွင် သန်လျင်တပ်နယ်ရှိ နယ်မြေခံရေတပ်ကွပ်ကဲမှုဌာနချုပ်သို့ရောက်ရှိရာ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး နယ်မြေခံရေတပ်ကွပ်ကဲမှုဌာနချုပ်မှူးနှင့် တွေ့ဆုံဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
■ ဆက်လက်၍ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် သန်လျင်တပ်နယ်ရှိ နယ်မြေခံရေတပ်လေ့ကျင့်ရေး ဌာနချုပ်သို့ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီးနောက် အဆိုပါရေတပ်လေ့ကျင့်ရေးဌာ နချုပ်ရှိ Small Arm Simulator အား အိန္ဒိယရေတပ်ဦးစီးချုပ်က ဖွင့်လှစ်ပေးပြီး သမိုင်းဝင်စစ်ရေယာဉ် (မေယု) သို့ သွားရောက်ကြည့်ရှုလေ့လာကြကာ အမှတ်တရသစ်ပင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။
■ အိန္ဒိယရေတပ်ဦးစီးချုပ် ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် မေလ ၃ ရက်တွင်အင်းလေးဒေ သရှိ ဖောင်တော်ဦးဘုရားသို့ သွားရောက်ဖူးမြော်လေ့လာခြင်း၊ ရိုးရာယက်ကန်းရက်လုပ်နေမှုများကိုလေ့လာခြင်းနှင့် အင်းလေးကန်၌ လှည့်လည်ကြည့်ရှုလေ့လာခြင်းတို့ ဆောင်ရွက်ကြပြီး နေပြည်တော်သို့ရောက်ရှိကြ ပြီး နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုကြကြောင်း သိရ သည်။
■ ယင်းအပြင် မေလ ၄ ရက်တွင် အိန္ဒိယရေတပ်ဦးစီးချုပ်ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် သူရဲကောင်း ဗိမာန် (နေပြည်တော်) သို့ သွားရောက်၍ နိုင်ငံတော်နှင့် တပ်မတော်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြသည့် တပ်မတော်သားများအတွက် ဂုဏ်ပြုပန်းခြင်းချ အလေးပြုကြပြီးနောက် ဘုရင့်နောင်ရိပ်သာ၌ ကာကွယ်ရေးဦးစီးချုပ် (ရေ) နှင့် တွေ့ဆုံ၍ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီးနောက် နှစ်ဖက်အပြန်အလှန်မိတ်ဆက်ခဲ့ကြပြီး နှစ်နိုင်ငံရေတပ်ဦးစီးချုပ်များ တွေ့ဆုံဆွေးနွေးကြကာ တပ်မတော်စစ်သမိုင်းပြတိုက်သို့ သွားရောက်လေ့လာခဲ့ကြကြောင်းလည်း သိရသည်။
Yangon_Times/PP
#Local_News
Published 06 May 2026
#လျှပ်စစ်ဓာတ်အား #မိုးရာသီ
#YMG/NN #Yangon_Times
#Local_News
Published 06 May 2026
#ရေငန် #မြန်မာနိုင်ငံငါးလုပ်ငန်း
#YMG/NN #Yangon_Times
#Local_News
Published 06 May 2026
#မန္တလေးတိုင်း
#YMG/NN #Yangon_Times
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေကြေးဈေးကွက်မှာ စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၁၃၅.၃၁ သန်းအား ရောင်းချပေးသွားမယ်လို့ သိရပါတယ်။
#Local_News
Published 06 May 2026
#စက်သုံးဆီ
#YMG/SW #Yangon_Times
#Daily_News
Published 06 May 2026
၁။ မိုးရာသီအတွင်းလျှပ်စစ်ဓာတ်အား ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးမှုနှင့်ပတ်သက်၍ ဆွေးနွေးနေ
၂။ ရေငန်ထွက်ပစ္စည်း(၇၀)ရာခိုင်နှုန်းကို ပြည်ပသို့တင်ပို့နေဟုဆို
၃။ မန္တလေးနှင့်တိုင်း၊ပြည်နယ်လေးခုရှိ မိုးတိမ်တောင်ဖြစ်ပေါ်ရာဒေသများ၌ မိုးကြီးလေထန်မှုများဖြစ်ပေါ်နိုင်
၄။ တရုတ်၏အခွန်ကင်းလွတ်ခွင့်ပေါ်လစီအား အာဖရိက(၅၃)နိုင်ငံကြိုဆို... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 06 May 2026
■ တိုင်းဒေသကြီး ခြောက်ခုတွင် Smart School နှင့် Football for school အဖြစ် Pilot Project စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
■ Smart School နှင့် Football for School Program အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမာန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
■ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က နိုင်ငံတော်၏ ရက် (၁၀၀) စီမံချက်တွင်ပါဝင်သည့် Smart School နှင့် Football for School Program အကောင် အထည်ဖော်ဆောင်မည့် အခြေ အနေများကို စံနှုန်းများသတ်မှတ် ၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကနဦးအနေဖြင့် တိုင်းဒေသကြီး ခြောက်ခုတွင် Smart School နှင့် Football for school အဖြစ် Pilot Project စတင်ဆောင်ရွက်မည်ဖြစ်ပြီး လာမည့်နှစ်များတွင် တိုးချဲ့ဆောင်ရွက်နိုင်ရေးအစီအမံများ တိကျစွာ ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရလဒ်များပေါ်တွင် အခြေခံ၍ လုပ်ငန်းများ၏ တိုးတက်မှုကို အမြဲမပြတ်လေ့လာဆန်းစစ်ပြီး ရေရှည်တည်တံ့သော စီမံကိန်းဖြစ်လာစေရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ Smart School နှင့် Football for School Program အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အကြံပြုဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
■ ထို့နောက် ဆက်စပ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူက Smart School နှင့် Football for School Program အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်နိုင်မည့်အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
■ ယင်းနောက် တက်ရောက် လာသူများက Smart School နှင့် Football for School Program ဆောင်ရွက်မည့် ကျောင်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 34 of 2352