အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်နဲ့ မုတ်သုံလေအားအလွန်ကောင်းတဲ့အတွက် ရန်ကုန်အပါအဝင်မိုးကြီးမည့်ဒေသ(၇)ခုရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 27 July 2024
#လေဖိအားနည်းရပ်ဝန်း #မိုးကြီးမည့်ဒေသ(၇)ခု
#YMG/tthl #Yangon_Times
ရေကြီးနစ်မြုပ်မှုကြုံခဲ့ရတဲ့ မိုးစပါးစိုက်တောင်သူတွေကို မျိုးစပါး၊ မြေဩဇာနဲ့ စိုက်ပျိုးရေးဆေးတွေ ကူညီပံ့ပိုးပေးသွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News
Published 27 July 2024
#ရေကြီးနစ်မြုပ်မှု #စိုက်ပျိုးရေးဆေးများ
#YMG/NN #Yangon_Times
ရန်ကုန်နဲ့ပဲခူးမြို့တွေမှာ သက်သာတဲ့ စျေးနှုန်းတွေနဲ့ ဆေးဝါးတွေကို အခုလကုန်ပိုင်းကနေ စတင်ပြီး တိုးချဲ့ရောင်းပေးသွားမယ်လို့ မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News
Published 27 July 2024
#ဆေးဝါးများတိုးချဲ့ရောင်းပေး #သက်သာသောစျေးနှုန်း
#YMG/NN #Yangon_Times
#Local_News
Published 27 July 2024
▪️ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်မြို့ရှိ စမ်းချောင်းမြို့နယ်၌ ဘုန်းကြီးကျောင်းအုတ်တံတိုင်းပြိုကျပြီး မော်တော်ယာဉ်(၆)စီးပေါ်ပိမိမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဇူလိုင်၂၇ရက်နေ့၊ မနက်၁၁ နာရီ၂၀ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောတောင်ရပ်ကွက်၊ မုန့်လုပ်ဆောင်းကုန်းတောင်ရပ်ကွက်၊ ကျွန်းတောလမ်း၊ ဘီးလင်းကျောင်းတိုက် အုတ်တံတိုင်းပြိုကျမှုဖြစ်ပွားပြီး မော်တော်ယာဉ်(၆)စီးပေါ်ပိမိနေကြောင်း သတင်းရရှိသဖြင့် စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကူညီရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 27 July 2024
▪️ ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ ကညင်ကုန်းကျေးရွာနှင့် ညောင်နီကျေးရွာတွင် ယနေ့မနက်ပိုင်းက လေဆင်နှာမောင်း တိုက်ခတ်မှုထပ်မံဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဇူလိုင်၂၇ ရက်နေ့၊မနက် ၆ နာရီအချိန်ခန့်တွင် ကွမ်းခြံကုန်းမြို့နယ်မီးသတ်စခန်းနှင့် ကော့မှူးမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲသူရိန်(စမ်းချောင်း)အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် မုဒိတာလူမှုကူညီရေးအသင်း၊ သောင်ခုန်မေတ္တာမွန်လူမှုကူညီရေးအသင်း၊ စိတ္တသုခ(တွံတေး)လူမှုကူညီရေးအသင်းနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
▪️ ယမန်နေ့ဇူလိုင်၂၆ ရက်နေ့၊ မနက်၄ နာရီ ၄၄ မိနစ်အချိန်ခန့်ကလည်း ကွမ်းခြံကုန်းမြို့နယ်၊ ကညင်ကုန်းကျေးရွာနှင့် ညောင်နီကုန်းကျေးရွာတွင် လေဆင်နှာမောင်း တိုက်ခတ်မှုဖြစ်ပွါးခဲ့ရာ ကွမ်းခြံကုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ ကော့မှူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရကြောင်း သိရသည်။


#YMG/NN #Yangon_Times
#Local_News
Published 27 July 2024
▪️ တရုတ်နိုင်ငံမှမြန်မာနိုင်ငံမြောက်ပိုင်းဒေသ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းစွာဆွေးနွေးရေးအရှိန်အဟုန်ကို ထိန်းသိမ်းထားရန် တွန်းအားပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
▪️ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲ၌တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mrs. Mao Ning ကထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
▪️ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mrs. Mao Ning သည် ဇူလိုင်လ ၂၅ ရက်နေ့တွင် ကျင်းပသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲ၌ မြန်မာနိုင်ငံမြောက်ပိုင်းဒေသ လက်ရှိအခြေအနေနှင့်စပ်လျဉ်း၍ ဖြေကြားရာတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမြောက်ပိုင်းဒေသ အခြေအနေကို အလွန်ဂရုပြုလျက်ရှိကြောင်း၊
▪️ မြန်မာနိုင်ငံ သက်ဆိုင်ရာဘက်အသီးသီးက တွေ့ဆုံဆွေးနွေးမှုကိုကိုင်စွဲ၍ အမြန်ဆုံးအပစ်အခတ်ရပ်စဲကာ ငြိမ်းချမ်းသောနည်းလမ်းဖြင့် သဘောထားကွဲပြားမှုများကိုဖြေရှင်းပြီး အခြေအနေပိုမိုအရှိန်မြင့်လာမှုကို ရှောင်ရှားရန် မိမိတို့က အမြဲတိုက်တွန်းလျက်ရှိကြောင်း၊
▪️ အထူးသဖြင့် တရုတ်နိုင်ငံနယ်စပ်ဒေသ၊ နယ်စပ်ဒေသနေ ပြည်သူများနှင့် မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများ၊ ကုမ္ပဏီများ၊ ဝန်ထမ်းများ၏ လုံခြုံရေးကို မထိခိုက်စေရန် တိုက်တွန်းလျက်ရှိကြောင်း၊
▪️ မိမိတို့သည် ငြိမ်းချမ်းစွာဆွေးနွေးရန် ဆက်လက်တိုက်တွန်းသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းစွာဆွေးနွေးရေးအရှိန်အဟုန်ကို ထိန်းသိမ်းထားရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
#YMG/tthl #Yangon_Times
#Daily_News
Published 26 July 2024
၁။ တရုတ်-မြန်မာနှစ်နိုင်ငံ မူကြီး(၅)ရပ်ကို ဆက်လက်ကျင့်သုံးပြီး ဖွံ့ဖြိုးရေးဆိုင်ရာ အစီအမံ(၃)ခုဆက်၍ ဖော်ဆောင်မည်
၂။ ထိုင်ဝမ်မုန်တိုင်းအတွင်း မြန်မာသင်္ဘောသား(၉)ဦး ပျောက်ဆုံးပြီး(၄)ဦးကယ်တင်နိုင်ခဲ့၊MSF အကူအညီပေးမည်ဆို
၃။ လှိုင်နှင့်သောင်းရင်းမြစ်ရေ မြင့်တက်မှုများကြောင့် ကူညီကယ်ဆယ်ရေးများပြုလုပ်ပေးနေရ
၄။ Lawson Incစ တိုးဆိုင်လုပ်ငန်းကြီးအား ဂျပန်တယ်လီကွန်းကုမ္ပဏီ KDDIလွှဲပြောင်းရယူလိုက်သဖြင့် ၂၄နှစ်ကြာ အများပိုင်ကုမ္ပဏီအဖြစ်မှ အဆုံးသတ်သွား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 846 of 2532