#Local_News
Published 20 January 2025
▪️ မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲ ကျင်းပရန် တည်းခိုဆောင်နှင့် ဈေးဆိုင်ခန်းပေါင်း ၁၀၀ကျော်အထိ ဆောက်လုပ်ပြီးစီးရာ ကျန် ရှိသည်များကိုဆက်လက်ဆောက်လုပ်နေကြောင်း မန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီထံမှ သိရသည်။
▪️ အဆိုပါ ဘုရားပွဲတော်ကို ဖေဖော်ဝါရီ ၂ ရက်မှ ဧပြီ ၁၇ ရက်အထိ ရက်ပေါင်း ၇၅ ရက်ကြာ ကျင်းပမည်ဖြစ်သည်။
▪️ ထို့ကြောင့် ဘုရားဖူးများ ညအိပ်တည်းခိုနားနေနိုင်ရန် တည်းခိုဆောင်အခန်းပေါင်း ၆၀၀ ကျော်နှင့် ဈေးဆိုင်ခန်းပေါင်း ၈၀၀ ကျော် တည်ဆောက်သွားမည်ဖြစ်ပြီး လက်ရှိတွင် ၁၄၀ကျော်အထိဆောက်လုပ်ပြီးစီးပြီဖြစ်ကာ ရက်ပိုင်းအတွင်းပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် ဘုရားဖူးများ သွားလာရေးအဆင်ပြေစေရန်အတွက် သောင်ပြင်အတွင်း၌ ယာယီဘေလီသံပေါင်တံတား (အထူး တံတား) တစ်စင်းကိုလည်း ဆောက်လုပ်ပေးထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ (Myanmar National Building Code) ကို ပြင်ဆင်ရေးဆွဲလျှက်ရှိရာ ယခုနှစ် မတ်လမှာတော့ ထုတ်ပြန်နိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
#Local_News
Published 20 January 2025
#Myanmar_National_Building_Code #စံချိန်စံညွှန်းလမ်းညွှန်ချက်
#YMG/SW #Yangon_Times
စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲ၁၀၆ ကြိမ်အတွင်း သာသနာ့အာဇာနည်အရှင်သူမြတ်ပေါင်း အပါး (၁၃၀၀)ကျော်အထိဖြေဆိုအောင်မြင်တော်မူခဲ့ပြီးဖြစ်တယ်လို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကနေ သိရပါတယ်။
#Local_News
Published 20 January 2025
#စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ #စာလျှောက်မေးပွဲ
#YMG/NN #Yangon_Times
#Local_News
Published 20 January 2025
▪️ ပဲခူးတိုင်းဒေသကြီးအတွင်း ဆွာ၊ ရေတာရှည်နှင့် တောင်ငူတွင် အသေးစား ခြေတု၊ လက်တု ပြုပြင်ရန် လိုအပ်သူ(၁၆၅)ဦးကို ပြုပြင်ပေးခဲ့ကြောင်းမြန်မာနိုင်ငံကြက်ခြေနီအသင်းမှ သိရသည်။
▪️ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ပူးပေါင်းဆောင်ရွက်လျက်ရှိသော ဘားအံခြေတုလက်တုဆိုင်ရာပြန်လည်သန်စွမ်းရေးဌာနမှ နယ်လှည့် ကွင်းဆင်းဆောင်ရွက်သည့်အစီအစဥ်ကို ဇန်နဝါရီလ (၁၄)ရက်နေ့မှ ဇန်နဝါရီလ(၁၆)ရက်နေ့အထိ ပဲခူးတိုင်းဒေသကြီး ဆွာမြို့၊ ရေတာရှည်မြို့နယ်နှင့် တောင်ငူမြို့နယ်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
▪️ ထိုသို့ ဆောင်ရွက်ရာတွင် ဆွာမြို့တွင် အသေးစား ခြေတု၊ လက်တု ပြုပြင်ရန် လိုအပ်သူ(၃၅)ဦး၊ ရေတာရှည်မြို့နယ်တွင် အသေးစားခြေတု၊ လက်တုပြုပြင်ရန်လိုအပ်သူ(၄၄)ဦး၊ တောင်ငူမြို့နယ်တွင် အသေးစား ခြေတု၊ လက်တုပြုပြင်ရန် လိုအပ်သူ(၈၆)ဦး၊ စုစုပေါင်း အသေးစား ခြေတု၊ လက်တုပြုပြင်ရန်လိုအပ်သူ (၁၆၅)ဦး တို့ကို ပြုပြင်ပေးခြင်း၊ အသစ် ပြုလုပ်ရန် လိုအပ်သူ(၁၂)ဦး ကို ဘားအံခြေတုလက်တုဆိုင်ရာပြန်လည်သန်စွမ်းရေးဌာနသို့ ညွှန်းပို့ပေးခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published_ 20 January 2025
▪️ မလေးရှားနိုင်ငံ၊ လန်ကာဝီမြို့၌ ဇန်နဝါရီ ၁၉ ရက်တွင် ပြုလုပ်ခဲ့သည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပါတယ်။
▪️ အဆိုပါအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့တယ်။
▪️ အစည်းအဝေးတွင် ၂၀၂၅ ခုနှစ်အတွင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံ၏ ဦးစားပေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်မည့်အစီအစဉ်များ ဆွေးနွေးပြောကြားခဲ့ပြီး၊ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများက အာဆီယံမိတ်ဖက်နိုင်ငံများနှင့် ဆက်ဆံရေး၊ အာဆီယံ၏ ပြင်ပ ဆက်ဆံရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာအရေးကိစ္စများနှင့် အာဆီယံ၏ တူညီဆန္ဒ(၅) ချက် အကောင်ထည်ဖော်မှုအခြေအနေများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါတယ်။
▪️ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က အာဆီယံ၏ တူညီဆန္ဒ (၅)ချက်အပေါ် မြန်မာနိုင်ငံမှ ပူးပေါင်းဆောင်ရွက်မှုများ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အတွက် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှုများအကြောင်း ဆွေးနွေးခဲ့ပါတယ်။
▪️ ဇန်နဝါရီ ၁၈ ရက်တွင် ပြုလုပ်ခဲ့တဲ့ အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့ အာဆီယံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး၊ အာဆီယံအသိုက်အဝန်းမျှော်မှန်းချက်-၂၀၄၅ ရေးဆွဲမှုအခြေအနေ၊ အာဆီယံ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး စာချုပ်အဖွဲ့ဝင်အဖြစ် လျှောက်ထားမှုအခြေအနေနှင့် အာဆီယံဆွေးနွေးဖက်နိုင်ငံများနှင့် ဆက်ဆံရေးအခြေအနေတို့ကို ဆွေးနွေးခဲ့ကြပြီး၊ မြန်မာနိုင်ငံမှ အာဆီယံ-ရုရှား ဆက်ဆံရေး ညှိနှိုင်းမှုတာဝန်များ ဆောင်ရွက်ကာ နှစ်ဖက်ဆက်ဆံရေး မြှင့်တင်နိုင်မည့် နည်းလမ်းများရှာဖွေသွားမှာဖြစ်ကြောင်း သတင်းရရှိပါတယ်။
#Ymg_mnn
#Yangon_Media_Group
#Daily_News
Published 18 January 2025
၁။ ဒိန်းမတ်အကူအညီဖြင့် ကလေးပျော်စင်တာများ ဆက်လက်ဖွင့်လှစ်မည်
၂။ ရွှေလုပ်ငန်းလိုင်စင်သစ်ကြောင့် ရွှေဆိုင်တစ်ချို့လုပ်ငန်းပိတ်သိမ်းသည်မှာ မဟုတ်မှန်
၃။ သီလဝါဘက်စုံသုံး ကုန်သေတ္တာဆိပ်ကမ်းတံတားအတွက်နှစ်ရှည်လုပ်ပိုင်ခွင့် တင်ဒါခေါ်ယူ
၄။ အမေရိကန်မှ TikTok သုံးစွဲသူများ တရုတ်ပြည်ထုတ် RedNote အက်ပလီကေးရှင်း ပြောင်းလဲအသုံးပြုလာကြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 18 January 2025
▪️ ပြည်တွင်းသို့ ရေထွက်ကုန်တင်သွင်းလိုသည့် လုပ်ငန်းရှင်များအတွက် အီလက်ထရောနစ်အခြေပြု မြန်မာအလိုအလျောက်ကုန်စည်ရှင်းလင်းရေးစနစ် (Myanmar Automated Cargo Clearance System – MACCS) စနစ်ကို ဖေဖော်ဝါရီလတွင် စတင်သွားမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။
▪️ ထို့ကြောင့် သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် ဇန်နဝါရီလ ၁၅ ရက်နေ့မှ စတင်ကာ အကောက်ခွန်ဦးစီးဌာနတွင် MACCS User Code ဖြင့် E-Token များကို Company Letter Head ကတိခံဝန်ချက်လျှောက်လွှာ၊ လျှောက်ထားသူ၏ မှတ်ပုံတင်၊ IE Code၊ Application Form (UR-1)၊ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်လက်မှတ်များကို ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း၊ ထို့အပြင်လုပ်ငန်းရှင်များအနေဖြင့် ပြည်ပမှ ရေထွက်ကုန်ပစ္စည်းများတင်သွင်းခြင်းမပြုမီ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ ထုတ်ကုန်/သွင်းကုန်လုပ်ငန်းမှတ်ပုံတင်၊ အရောင်းအဝယ်စာချုပ်၊ ကုန်ထုတ်ပိုးမှု၊ ပင်ရင်းဒေသသက်သေခံလက်မှတ်၊ Health / Sanitary Certificate ၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၏ ထောက်ခံချက်များကို MACCS စနစ်တွင် ပူးတွဲလျှောက်ထားရန် လိုအပ်ကြောင်း သိရသည်။
▪️ အဆိုပါစနစ်ကိုကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး သဘောတူညီချက် (Trade Facilitation Agreement) လုပ်ငန်းစဉ်ပါအတိုင်း ကုန်သွယ်မှုလုပ်ငန်း၌ လိုအပ်သည့် အချက်အလက်များကို အီလက်ထရောနစ်စနစ်ဖြင့် ပေးပို့နိုင်ရေး စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 405 of 2280