#Local_News
Published 18 January 2025
▪️ ၂၀၂၅ ခုနှစ်၊ မာဃမင်းဖလား တင်းနစ်ပြိုင်ပွဲကို ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ သိမ်ဖြူတင်းနစ်အားကစားကွင်း တွင် ယခုလကုန်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ မာဃမင်းဖလားတင်းနစ်ပြိုင်ပွဲကို မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ်မှ ကြီးမှူး၍ ဇန်နဝါရီလ ၃၁ ရက်မှ ဖေဖော်ဝါရီလ ၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ယင်းပြိုင်ပွဲကို ပြည်ပကစားသမားများအား ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပေးမည်မဟုတ်ဘဲ ပြည်တွင်းကစားသမားများကို သာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပေးမည် ဖြစ်ကြောင်း သိရသည်။
▪️ ထို့သို့ယှဉ်ပြိုင်ရာတွင် အမျိုးသားအသင်းလိုက် တင်းနစ်ပြိုင်ပွဲ၊ အမျိုးသ
မီးအသင်းလိုက် တင်းနစ်ပြိုင်ပွဲ၊ ပထမတန်းအမျိုးသားတစ်ဦးချင်းပြိုင်ပွဲ၊ ပထမတန်း အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၊ ပထမတန်း အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲ၊ ဒုတိယတန်း အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲ၊ ဒုတိယတန်း အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲ များပါဝင်မည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် အသက် ၅ဝ နှစ်နှင့်အထက် အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲ၊ အသက် ၆၀ နှစ်နှင့်အထက် အမျိုးသား နှစ်ယောက်တွဲပြိုင်ပွဲ၊ အသက် ၁၂ နှစ်အောက် အမျိုးသား/အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ၊ အသက် ၁၆ နှစ်အောက် အမျိုးသား/အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲများ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 18 January 2025
▪️ နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်ယူမှုလုပ်ငန်းများအတွက် အရင်းအနှီးလိုအပ်ချက်များကို နိုင်ငံတော်အနေဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
▪️ ဇန်နဝါရီ ၁၇ ရက်က ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
▪️ ထိုသို့ပြောကြားရာတွင် စိုက်ပျိုးရေးနှင့်ပတ်သက်၍ လိုအပ်သည့်ရေရရှိရေးတွင် မိုးကောင်းသောက်ရေ၊ ဆည်ရေ၊ မြေအောက်ရေ၊ မြစ်ရေဟူ၍ နည်းလမ်းများရှိကြောင်း၊ မြစ်ကြီးများအနီးတွင်ရှိသည့် ဒေသများအနေဖြင့် မိမိတို့လုပ်ငန်းရပ်အလိုက် မြစ်ရေတင်စီမံကိန်းများ ဆောင်ရွက်၍ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ကြောင်း၊ မြစ်ရေတင်စီမံကိန်းများအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူဆောင်ရွက်နိုင်ကြောင်း ဆိုသည်။
▪️ ထို့အပြင် နိုင်ငံတော်မှ ဆောင်ရွက်သည့် ဆိုလာစီမံကိန်းများရှိသကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့လုပ်ငန်းလိုအပ်ချက်များအလိုက် ဆိုလာစီမံကိန်းများကို ဆောင်ရွက်နိုင်ကြောင်း၊ နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်ယူမှုလုပ်ငန်းများအတွက် အရင်းအနှီးလိုအပ်ချက်များကိုလည်း နိုင်ငံတော်အနေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
#YMG/NN #Yangon_Times
အခု ၂၀၂၅ခုနှစ်အတွင်းပေးချေရမယ့် ကိုဗစ်ချေးငွေတွေမှာဖျော်ဖြေရေးနဲ့ မီဒီယာကဏ္ဍတွေ ပါဝင်တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။
#Local_News
Published 18 January 2025
#ကိုဗစ်ချေးငွေ #ဖျော်ဖြေရေးနှင့်မီဒီယာကဏ္ဍ
#YMG/NN #Yangon_Times
ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းရှိဘက်စုံသုံး ကုန်သေတ္တာဆိပ်ကမ်းတံတား(TMIT)အတွက်နှစ်ရှည်လုပ်ပိုင်ခွင့် တင်ဒါခေါ်ယူနေတယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာ ပိုင်က သိရပါတယ်။
#Local_News
Published 18 January 2025
#သီလဝါ #ကုန်သေတ္တာဆိပ်ကမ်းတံတား
#YMG/NN #Yangon_Times
လတ်တလောထွက်ပေါ်နေတဲ့ ဓာတ်သတ္တုရွှေလုပ်ငန်းလိုင်စင်သစ်ကြောင့် ရွှေလုပ်ငန်းတစ်ချို့လုပ်ငန်းပိတ်သိမ်းနေတယ်ဆိုတဲ့ သတင်းကမှန်ကန်မှုမရှိဘူးလို့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးမျိုးမြင့်က ရန်ကုန်မီဒီယာကို ပြောပါတယ်။
#Local_News
Published 18 January 2025
#ရွှေလုပ်ငန်းလိုင်စင်သစ် #ရွှေလုပ်ငန်းရှင်များအသင်း
#YMG/SW #Yangon_Times
ဒိန်းမတ်နိုင်ငံရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံတစ်ဝန်းမှာ ကလေးပျော်စင်တာတွေ ဖွင့်လှစ်သွားဖို့ရှိတယ်လို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက သိရပါတယ်။
#Local_News
Published 18 January 2025
#ကလေးပျော်စင်တာ #ဒိန်းမတ်နိုင်ငံ
#YMG/SW #Yangon_Times
#Local_News
Published 18 January 2025
▪️ နန်နင်းမြို့နှင့် ရန်ကုန်မြို့တို့အကြား၂၀၂၅-၂၀၂၆ ခုနှစ် ချစ်ကြည် ရင်းနှီးမှုဖလှယ်ရေး နားလည်မှုစာချွန်လွှာကို ယခုလ ၁၆ရက်တွင် ပြုလုပ်သည့် Global Mayor Dialogue တွင် ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် နန်နင်းဒုတိယမြို့တော်ဝန် Mr. Guo Wei တို့က လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
▪️ တရုတ်နိုင်ငံ၊ ကွမ်ရှီးဒေသ၊ နန်နင်းမြို့တွင် ကျင်းပခဲ့သော Global Mayor Dialogue (GMD) သို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့နှင့်အတူ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်း ပါဝင်တက်ရောက်ခဲ့ကြောင်း၊ GMD အခမ်းအနားမတိုင်မီ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး နှင့် ကွမ်ရှီးဒေသအုပ်ချုပ်ရေးမှူး Mr. Lan Tianli တို့ တွေ့ဆုံစဉ်နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင် ရေး၊ အသက်မွေးဝမ်းကြောင်းပညာသင်တန်းများ ဖွင့်လှစ်ရေး၊ မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီး၏မြှုပ်နှံရေးနှင့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် ကျင်းပမည့် တရုတ်-အာဆီယံကုန်စည်ပြပွဲ (CAEXPO) တွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
▪️ အဆိုပါအခမ်းအနား၌ နန်နင်းမြို့နှင့် ရန်ကုန်မြို့တို့အကြား၂၀၂၅-၂၀၂၆ ခုနှစ် ချစ်ကြည် ရင်းနှီးမှုဖလှယ်ရေး နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည့် အပြင် ပိုမိုသာယာဝပြောပြီး ချိတ်ဆက်ထားသော တရုတ်-အာဆီယံအသိုက်အဝန်းအတွက် မြို့အများအကြား ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်မည့် “Nanning Initiatives” ကို ထုတ်ပြန်ခဲ့ကြောင်းသိရသည်။
#YMG/SW #Yangon_Times
Page 406 of 2280