#Daily_News
Published 04 Apirl 2025
၁။ ဧပြီ ၅ ရက်မှစ၍ အမြန်လမ်းတွင် ရန်ကုန်မှနေပြည်တော်ထိ ယာဉ်ငယ်များ သွားလာနိုင်မည်
၂။ ဂျပန်က အရေးပေါ်ကူညီထောက်ပံ့ငွေ ဒေါ်လာ (၆) သန်းခန့်ကို နိုင်ငံတကာအဖွဲ့အစည်းများမှတစ်ဆင့် ထောက်ပံ့ပေးအပ်သွားမည်
၃။ ရန်ကုန်-မန္တလေးလမ်းပိုင်းရှိ အမြန်ရထားများ မနက်ဖန်မှစ၍ ပြန်လည်ပြေးဆွဲမည်
၄။ အမေရိကန်အစိုးရ၏ မော်တော်ကားတင်သွင်းမှုအခွန်စည်းကြပ်ခြင်းသည် ဂျပန်စီးပွားရေးထိခိုက်လာနိုင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်ရွှေတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ၁၂ကြိမ်မြောက် နှစ်ဦးအကြို စတုဒီသာကျွေးမွေးလှုဒါန်းပွဲကို ဒီကနေ့မှာ ရန်ကုန်မြို့ ၊ပန်းပဲတန်းမြို့နယ် ၊ ရွှေဘုံသာလမ်းရှိ အသင်းရုံးရှေ့မှာ ကျင်းပခဲ့ပါတယ်။
#Local_News
Published 04 Apirl 2025
#ရွှေလုပ်ငန်းရှင်များအသင်း #နှစ်ဦးအကြိုစတုဒီသာကျွေးမွေးလှူဒါန်းပွဲ
#YMG/NN #Yangon_Times
#Local_News
Published 4 April 2025
▪️ ငလျင်ဘေးသင့် ပြည်သူများအတွက်ကိုရီးယားနိုင်ငံသားစေတနာရှင်များမှ မြန်မာ စစ်သံ (ကြည်း၊ ရေ၊ လေ) ရုံးဝန်ထမ်းမိသားစုများမှ ဝမ်ပေါင်း
တစ်သန်းခြောက်သိန်းကျော် နှင့်အမေရိကန်ဒေါ်လာတစ်ထောင် လှူဒါန်း ခဲ့ရာကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံတွင် မတ်လ ၂၈ရက်နေ့က အင်အား ရစ်ချ်တာစကေး (၇.၇) ပမာဏရှိ အလွန်ပြင်းထန် သောငလျင် လှုပ်ခတ်ခဲ့မှုကြောင့် မြန်မာနိုင်ငံရှိ ဒေသအနှံ့အပြားတွင် ပျက်ဆီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သဖြင့် ယင်းငလျင်ဘေးသင့်ဒေသများမှ ပြည်သူများအား လိုအပ်သည့်ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကိုရီးယားနိုင်ငံသားစေတနာရှင်များဖြစ်ကြသော Mr. Jang Min Choi မှ ကိုရီးယားဝမ် တစ်သန်းတိတိ (ဝမ် ၁,၀၀၀,၀၀၀) ၊ Mr. Jamie Jangkook Choi မှ အမေရိကန်ဒေါ်လာ တစ်ထောင်တိတိ (USD $ 1,000/-) နှင့် ဆိုးလ်မြို့ရှိ မြန်မာ စစ်သံ (ကြည်း၊ ရေ၊ လေ) ရုံးဝန်ထမ်းမိသားစုမှ ကိုရီးယားဝမ် တစ်သန်းခြောက်သိန်းတစ်သောင်း လေးထောင်တိတိ (ဝမ် ၁,၆၁၄,၀၀၀/-) တို့ကို မြန်မာသံရုံး၊ ဆိုးလ်မြို့သို့ ၄-၄-၂၀၂၅ ရက်နေ့တွင် လာရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်။
▪️ ထိုသို့ လှူဒါန်းခဲ့ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများအား ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါလှူဒါန်းငွေအား နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ငလျင်ဘေးသင့်ပြည်သူများကို ဆက် လက်ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရှိ ငလျင်ဒဏ်သင့်ပြည်သူများအတွက် အရေးပေါ်ကူညီထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ (၆) သန်းခန့်ကို နိုင်ငံတကာအဖွဲ့အစည်းတွေကတစ်ဆင့် ထောက်ပံ့ပေးအပ်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 04 Apirl 2025
#နိုင်ငံတကာအဖွဲ့အစည်း #ထောက်ပံ့ပေးအပ်
#YMG/SW #Yangon_Times
ရန်ကုန်-မန္တလေးလမ်းပိုင်းမှာ ပြေးဆွဲပေးနေတဲ့ လူစီးအမြန်ရထားတွေကို မနက်ဖန်ကနေစတင်ပြီး ပြန်လည်ပြေးဆွဲပေးသွားမယ်လို့ မြန်မာ့မီးရထားကနေ သိရပါတယ်။
#Local_News
Published 04 Apirl 2025
#အမြန်ရထား #မနက်ဖန်မှစ၍ပြန်လည်ပြေးဆွဲ
#YMG/NN #Yangon_Times
မတ်လ၂၈ရက်မှာဖြစ်ပွါးခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရတဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းမှာ မနက်ဖြန်ကစပြီးယာဉ်ငယ်တွေကို ရန်ကုန်ကနေ နေပြည်တော်အထိသွားလာခွင့် ပြုမယ်လို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ သိရပါတယ်။
#Local_News
Published 04 Apirl 2025
#ရန်ကုန်-မန္တလေးအမြန်လမ်း #ငလျင်ဒဏ်ကြောင့်ပျက်စီး
#YMG/SW #Yangon_Times
#Local_News
Published 4 April 2025
▪️ မတ်လ (၂၈)ရက်က မန္တလေးနှင့်စစ်ကိုင်းမြို့များကို အထိနာစေ ခဲ့သည့် ရစ်(ခ်)တာစကေး ၇ ဒဿမ ၇ ရှိ အလွန်အင်အားပြင်း ငလျင်တစ်ခုလှုပ်ခတ်ပြီးနောက်ပိုင်း ငလျင်ငယ်များဆက်လက်လှုပ်ခတ်လျှက်ရှိရာ ယနေ့ ဧပြီ(၄)ရက် နေ့လယ်ပိုင်း အချိန်အထိ နောက်ဆက်တွဲငလျင် အရေအတွက် (၇၃)ကြိမ် အထိ လှုပ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မိုး/ဇလ၏ အသိပေးချက်အရ သိရသည်။
▪️ အဆိုပါ နောက်ဆက်တွဲ ငလျင်ငယ်များသည်အမြင့်ဆုံး ရစ်(ခ်) တာစကေး ၇ ဒသမ ၅ အဆင့်မှ အနိမ့်ဆုံး ရစ်(ခ်) တာစကေး၂ ဒသမ ၈ အဆင့်အထိ ရှိကြပြီး မိတ္ထီလာ၊ သံတောင်ကြီး၊ ထီးချိုင့် ၊ စစ်ကိုင်း၊ နေပြည်တော်၊ မလှိုင်၊ တပ်ကုန်း၊ ပျဉ်းမနား၊ မြို့လှ၊ ဧလာ၊ ရေတာရှည်၊ ရွာငံ၊ ဝမ်းတွင်း၊ ကျောက်ဆည် ၊ ထန်းတပင်၊ ပုသိမ်ကြီး၊ ကျောက်မြောင်း ၊ ဝက်လက် ၊ သာဂရ၊ နထိုးကြီး၊ စဉ့်ကိုင်၊ တောင်ငူ၊ သာစည်၊ အုတ်တွင်း၊ မတ္တရာ၊ ဖြူး၊ ပြင်စလူ၊ကျောက်တံခါး စသည်တို့တွင် လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
မတ်လ ၄ရက် ယနေ့နေ့လယ်ပိုင်း အချိမ်အထိ ငလျင်ငယ်သုံးကြိမ်အထိလှုပ်ခတ်ခဲ့ပြီး ယင်းငလျင်ငယ်များမှာ မနက်ပိုင်း၆ နာရီ ၅မိနစ်၁၆ စက္ကန့်အချိန်တွင် သာစည်မြို့၏ အရှေ့အရှေ့မြောက်ဘက် (၁၀)ခန့်အကွာတွင် ရစ်(ခ်) တာစကေး ၃ ဒသမ ၀ အဆင့်ရှိ ငလျင်တစ်ခုနှင့် ၆ နာရီ ၂၉မိနစ်၅၃စက္ကန့်အချိန်၌ မြန်မာပင်လယ်ပြင် ပြင်စလူမြို့၏ အနောက် အနောက်တောင်ဘက် (၇၄) မိုင်အကွာတွင် ဗဟိုပြု၍ ရစ်(ခ်) တာစကေး ၄ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသည့် ငလျင်တစ်ခု၊ နေ့လယ် ၁၂ နာရီ ၃၃မိနစ်၅၆ စက္ကန့် အချိန်၌ ကျောက်တံခါးမြို့၏ အနောက်- အနောက်တောင်ဘက် (၂၃) မိုင်ခန့်အကွာတွင် ဗဟိုပြု၍ ရစ်(ခ်)တာစကေး ၃ ဒသမ ၈အဆင့်ရှိ တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 313 of 2279