ငလျင်ဘေးခံစားနေရသူတွေကို ကျပ်သိန်းတစ်သောင်းဝန်းကျင် အထိ လှူဒါန်းသွားဖို့ရည်ရွယ်ထားတယ်လို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက အသိပေးထားပါတယ်။
#Local_News
Published 03 Apirl 2025
#ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင် #ကျပ်သိန်းတစ်သောင်းလှူဒါန်း
#YMG/NN #Yangon_Times
ပြည်ပနိုင်ငံတွေကို ပို့ကုန်တွေတင်ပို့ရာမှာ လျှောက်ထားရတဲ့ ပို့ကုန်လိုင်စင်ကို ယခုဧပြီလကုန်ထိလျှောက်ထားရန်မလိုဘဲပို့ကုန်တွေတင်ပို့ခွင့်ပြုမယ်
လို့စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။
#Local_News
Published 03 Apirl 2025
#ပြည်ပနိုင်ငံတွေကိုပို့ကုန်တွေတင်ပို့ #ဧပြီလကုန်ထိလျှောက်ထားရန်မလိုဘဲပို့ကုန်
#YMG/SW #Yangon_Times
မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်( MCEF ) က ငလျင်ဘေးသင့် ဒေသများရှိ ပြည်သူတွေအတွက် ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး၊ ပညာရပ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးပေးသွားမယ်လို သိရပါတယ်။
#Local_News
Published 03 Apirl 2025
#ငလျင်ဘေးသင့်ပြည်သူများအတွက် #MCEFကူညီပံ့ပိုးပေးသွားမယ်
#YMG/SW #Yangon_Times
#Local_News
Published 03 Apirl 2025
▪️ တောင်ငနှင့်ဖြူးမြို့အနီး၌ယနေ့ မနက်ပိုင်းမှနေ့လယ်ပိုင်းအထိ ငလျင်သုံးကြိမ် အထိလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
▪️ ဧပြီလ ၃ရက်နေ့ မနက် ၁၀နာရီ ၂မိနစ်၄၆စက္ကန့်အချိန်၌ အင်အားပမာဏ
၃ .၀ ရှိပြီး အနက် ၁၀ကီလိုမီတာ တွင် လှုပ်ခတ်ခဲ့ပြီး
ဗဟိုချက်မှာ တောင်ငူမြို့၏ အနောက်တောင်ဘက် (၁) မိုင်ခန့်တွင်တည်ရှိကြောင်းသိရသည်။
▪️ ထို့အပြင် ဧပြီ လ ၃ရက်နေ့ မနက် ၁၀နာရီ ၁၀နာရီ၄၂မိနစ်၁၈စက္ကန့်အချိန်၌ အင်အားပမာဏ ၃ .၂ ရှိပြီး အနက် ၁၀ကီလိုမီတာတွင် လှုပ်ခတ်ခဲ့ပြီး
ဗဟိုချက်မှာ တောင်ငူမြို့၏ အနောက်မြောက်ဘက် (၁၀) မိုင်ခန့် တွင်တည်ရှိကြောင်းသိရသည်။
▪️ ၎င်းအပြင် ဧပြီ လ ၃ရက်နေ့ နေ့လယ် ၁၂နာရီ ၃၁စက္ကန့်အချိန်၌ အင်အားပမာဏ ၃ .၄ ရှိပြီး အနက် ၁၀ကီလိုမီတာတွင် လှုပ်ခတ်ခဲ့ပြီး
ဗဟိုချက်မှာ ဖြူးမြို့၏ အရှေ့တောင်ဘက် (၁၆) မိုင်ခန့် တွင်တည်ရှိကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 03 Apirl 2025
▪️ ယနေ့မနက်ပိုင်းအထိ စာရင်များအရ တစ်နိုင်ငံလုံး၌ ငလျင်ကြောင့်သေဆုံးသူ ၃၀၀၀ ကျော် ၊ ပျောက်ဆုံးသူ၃၄၀ကျော် ၊ဒဏ်ရာရရှိသူစုစုပေါင်း ၄၇၀၀ကျော်အထိရှိကာ ယနေ့ နေ့လယ်ပိုင်းအထိ တောင်ငူနှင့်ဖြူးမြို့နယ်များ၌ ငလျင်ငယ်များဆက်လက်လှုပ်ခတ်နေကြောင်း သိရသည်။
▪️ ပြီးခဲ့သည့် မတ်လ ၂၈ ရက်က ဖြစ်ပေါ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သည့် မြေငလျင်နှင့် နောက်ဆက်တွဲငလျင်ငယ်များကြောင့် မန္တလေးတိုင်း၊စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း ၊ နေပြည်တော် ကောင်စီနယ်မြေနှင့် ပဲခူးတိုင်းဒေသကြီးတို့၌ လူများနှင့် အဆောက်အအုံများ ထိခိုက်ေ-သ ဆုံး ပျက်စီးမှုများရှိနေခြင်းဖြစ်သည်။
▪️ နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ယနေ့ ဧပြီလ ၃ ရက် မနက် ၈ နာရီအချိန်ထိ နောက်ဆုံးကောက်ယူရရှိထားသည့် စာရင်းများအရ စုစုပေါင်း ၃၀၈၅ ယောက် ၊ ဒဏ်ရာရရှိသူစုစုပေါင်း ၄၇၁၅ ယောက်နှင့် ပျောက်ဆုံးနေသူ ၃၄၁ ယောက် ရှိ ကြောင်း သိရသည်။
▪️ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ အဆိုပါ အင်အားပြင်းထန်သည့် ငလျင်ကြီးစတင်လှုပ်ခတ်ခဲ့သည့် မတ်လ၂၈ရက်မှ ယနေ့ နေ့လယ်ပိုင်းအချိန်အထိ ငလျင်အကြိမ်ရေပေါင်း ၆၇ကြိမ်အထိ လှုပ်ခတ်ပြီးဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 03 April 2025
▪️ ဩစတြေးလျအနေဖြင့် ငလျင်ဒဏ်သင့်မြန်မာပြည်သူများအတွက် International Committee of the Red Cross မှတစ်ဆင့် ကနဦးပံ့ပိုးထားသော ဒေါ်လာ ၂ သန်းအပြင် ထပ်တိုး ဒေါ်လာ ၇ သန်းကိုပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။
▪️ သဘာဝဘေးသည် လူ့အသက်ဆုံးရှုံးမှုများစွာ၊ ထိခိုက်ဒဏ်ရာရရှိသူများစွာနှင့် နေအိမ်၊ စီးပွားရေးလုပ်ငန်းနှင့် အရေးပါသောအခြေခံအဆောက်အအုံများကိုထိခိုက်ပျက်စီးမှုများစွာ ဖြစ်ပေါ်စေခဲ့ရာ သြစတြေးလျ၏ထပ်တိုးကူညီမှုတွင်သြစတြေးလျအန်ဂျီအိုများနှင့် ၄င်းတို့၏ဒေသခံမိတ်ဖက်များမှတစ်ဆင့် အစားအစာ၊ ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေး၊ အရေးပေါ်ကျန်းမာရေးနှင့်ပညာရေးတို့အတွက် ဒေါ်လာ ၃.၅ သန်းပေးအပ်ခြင်း၊ Emergency Action Alliance မှတစ်ဆင့် ဒေါ်လာ ၅ သိန်းအထိ ပေးအပ်ခြင်း၊အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများနှင့် ASEAN Coordination Centre for Humanitarian Assistance on Disaster Management ၏လုပ်ငန်းများကိုပံ့ပိုးရန် ဒေါ်လာ ၃ သန်းပေးအပ်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။
▪️ ထို့ပြင် မြေပြင်တွင် ကယ်ဆယ်ရေးလုပ်ငန်းများကိုကူညီဆောင်ရွက်ရန်အတွက်လည်း တုံ့ပြန်ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကို စေလွှတ်ပြီးဖြစ်ကြောင်း၊မြန်မာနိုင်ငံအတွက်ပေးအပ်သည့် သြစတြေးလျ၏လူသားချင်းစာနာမှုဆိုင်ရာအကူအညီများအား နိုင်ငံတစ်ဝန်းရှိ စနစ်တကျစစ်ဆေးအကဲဖြတ်ထားသည့်လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းများမှတစ်ဆင့် လူသားချင်းစာနာမှုဆိုင်ရာစည်းမျဥ်းများနှင့်အညီ ပေးအပ်ခြင်းဖြစ်ကြောင်း၊ဩစတြေးလျအနေဖြင့်အကျပ်အတည်းအခြေအနေများတွင်အသက်ကယ်လုပ်ငန်းများကိုလုပ်ဆောင်နေသော လူသားချင်းစာနာမှုဆိုင်ရာအဓိကမိတ်ဖက်အဖွဲ့တစ်ခုဖြစ်သည့်World Food Programme Myanmar နှင့်အတူ နီးကပ်စွာ လက်တွဲဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 03 April 2025
▪️ ဥရောပသမဂ္ဂသည် Humanitarian Air Bridge လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စီမံကိန်းကို စတင်လိုက်ပြီဖြစ်ပြီး ယနေ့တွင် ပထမဆုံး ပျံသန်းသည့် ခရီးစဉ်အဖြစ်ကိုပင် ဟေဂင်မှ ရန်ကုန်သို့ ပျံသန်းထွက်ခွါလာမည် ဖြစ်ကြောင်း သိရသည် ။
▪️ အဆိုပါလေယာဉ်တွင် တင်ဆောင်လာသည့် ရွက်ဖျင်တဲများ၊ ကလေးသူငယ်များအတွက် အကာအကွယ်ပစ္စည်းများ၊ ကျန်းမာရေး၊ ရေနှင့် သန့်ရှင်းရေးသုံးပစ္စည်းများအပါအဝင် တန်ချိန် ၈၀ ရှိသည့် ဥရောပသမဂ္ဂမှ ထောက်ပံ့ရေးပစ္စည်းများကို ယူနီဆက်ဖ်ထံပေးပို့သွားမည်ဖြစ်ကာ ထောက်ပံ့ပစ္စည်းများကို ဥရောပသမဂ္ဂ၏ မိတ်ဖက်အဖွဲ့အစည်းများမှ စုဆောင်းလက်ခံရရှိရေးနှင့် ဖြန့်ဝေရန်အတွက် မန္တလေးသို့ ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာ ညှိနှိုင်းရေးရုံးမှ ဥရောပသမဂ္ဂ အရပ်ဘက်ကာကွယ်ရေး ယန္တရားကို စတင် လိုက်ပြီးနောက် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများမှ ပေးအပ်သည့်အကူအညီများသည် လိုအပ်နေသူထံသို့ ရောက်ရှိမှု သေချာစေရန်အတွက် ဆွီဒင်၊ ဖင်လန်၊ နယ်သာလန်၊ စလိုဗေးနီးယား၊ လူဇင်ဘတ်နှင့်နော်ဝေးနိုင်ငံ တို့မှ ကျွမ်းကျင်ပညာရှင် (၁၂ )ဦးပါ အဖွဲ့တစ်ဖွဲ့ကို ဘန်ကောက်နှင့် ကွာလာလမ်ပူတို့တွင် နေရာချထားမည်ဖြစ်ကြောင်း၊ဆွီဒင်နှင့် နယ်သာလန်နိုင်ငံ တို့သည် UNEP/OCHA Joint Environmental Unit မှ ပန်ကြားချက်အရ အခြားကျွမ်းကျင်သူများကို စေလွှတ်ရန် ကမ်းလှမ်းထားပြီးဥရောပသမဂ္ဂ၏ အရေးပေါ်အခြေအနေတုံ့ပြန်ညှိနှိုင်းရေးဌာနသည် မြေပြင်တွင် မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းမှုသေချာစေရန် ဘန်ကောက်တွင် ဆက်သွယ်ရေးအရာရှိတစ်ဦးကိုလည်း စေလွှတ်ထားကြောင်း သိရသည်။
▪️ ဘေးအန္တရာယ်ကျရောက်ပြီး အရေးအကြီးဆုံး ချိန်နာရီပိုင်းအတွင်း ကူညီပံ့ပိုးမှုသေချာစေရန် ဥရောပသမဂ္ဂ သည် သက်ရောက်မှုအကဲဖြတ်မှုကို အဆင်ပြေချောမွေ့စေရန် Copernicus ဂြိုဟ်တုဝန်ဆောင်မှုကို စတင်ခဲ့ပြီး လူသားချင်းစာနာမှုအကူအညီ ယူရို ၂.၅ သန်းကို စတင်ပေးအပ်ခဲ့ကြောင်း၊ထို့ပြင် ယနေ့တွင်ဥရောပသမဂ္ဂ သည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း(IFRC )အရေးပေါ် တောင်းဆိုချက်အတွက် နောက်ထပ် ယူရို ၅၀၀,၀၀ ကိုလည်း ပံ့ပိုးကူညီပေးခဲ့ကြောင်း သိရသည် ။
#YMG/SW #Yangon_Times
Page 315 of 2279