၁ ဧပြီ ၂၀၂၅
မြန်မာနိုင်ငံမှာ ငလျင်ကြီးကြောင့် ပိတ်မိနေသူများထဲမှ (၆)ဦးကို တရုတ်နိုင်ငံ ကယ်ဆယ်ၕေးအဖွဲ့က အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ကြပါတယ်။
Source CCTV+
အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးမြို့ရှိ ပြိုကျ ပိမိခဲ့တဲ့ Sky Villa ကွန်ဒို အတွင်းကနေ ကိုယ်အားကိုယ်ကိုးပြီး ဖောက်ထွက်လာနိုင်ခဲ့တဲ့ အမျိုးသမီးငယ်အတွက် ဝမ်းသာဂုဏ်ယူကြောင်း သတင်းထုတ်ပြန်ထား ပါတယ်။
#Local_News
Published 1 Apirl 2025
#Sky_Villaကွန်ဒို #ဖောက်ထွက်လာနိုင်ခဲ့တဲ့အမျိုးသမီးငယ်
#YMG/NN #Yangon_Times
မြေငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေကို အမြန်ဆုံး လျော်ကြေးပေးလျော်သွားမယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့အာမခံလုပ်ငန်းက အသိပေးထားပါတယ်။
#Local_News
Published 1 Apirl 2025
#အမြန်ဆုံးလျော်ကြေးပေး #စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
#YMG/SW #Yangon_Times
မြန်မာနိုင်ငံအလယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ထိခိုက်ပျက်စီးမှုတွေကို ကူညီဆောင်ရွက်ဖို့အတွက် သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့ ရန်ကုန်ကို ယမန်နေ့ညနေပိုင်းက ရောက်ရှိလာပြီဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ထုတ်ပြန်ထားပါတယ်။
#Local_News
Published 1 Apirl 2025
#ကျွမ်းကျင်ပညာရှင်များအဖွဲ့ #မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး
#YMG/SW #Yangon_Times
ပြီးခဲ့တဲ့ ရက်ပိုင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ဘေးကြောင့် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ကသံဃာတော် ၂၁ ပါး ပျံလွန်ခဲ့ရရှာပြီး ၄၅ ပါး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 1 Apirl 2025
#မစိုးရိမ်တိုက်သစ် #သံဃာတော်၂၁ပါးပျံလွန်တော်မူ
#YMG/NN #Yangon_Times
#Local_News
Published 1 April 2025
▪️ ယနေ့မွန်းလွဲတစ်နာရီကျော်အချိန့်ခန့်က မဂ်လာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူလမ်းမပေါ် သိမ်ဖြူစာတိုက်အနီးတွင် ကားနှစ်စီးမီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
▪️ သိမ်ဖြူစာတိုက်မှတ်တိုင်အနီးရှိ Daily Gasရှေ့တွင် ရပ်နားထားသည့် တိုယိုတာပရိုဘောက်ယာဉ်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဘေး၌ကပ်လျက်ရပ်ထားသည့်ကားကိုပါ ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
▪️ အဆိုပါမီးလောင်မှုကြောင့် သိမ်ဖြုလမ်းပိုင်းအားခေတ္တပိတ်ကာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ မီးသတ်ကား ၆စီးခန့်ဖြင့် မီးငြိမ်းသတ်ခဲ့ရသည်။
#YMG/SW #Yangon_Times
#Local_News
Published 1 April 2025
▪️ အိန္ဒိယရေတပ်သင်္ဘောဖြင့် သယ်ဆောင်လာသည့်ကူညီကယ်ဆယ်ရေးပစ္စည်းများရောက်ရှိလာပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးမှ ထုတ်ပြန်ထားသည်။
▪️ အိန္ဒိယရေတပ်သင်္ဘော INS Karmuk & LCU52 ဖြင့် သယ်ဆောင်လာသော အစားအသောက်၊ ဆေးဝါးနှင့် ရွက်ဖျင်တဲများအပါအဝင် သယ်ဆောင်လာသည့်ကူညီကယ်ဆယ်ရေးပစ္စည်းတန် ၅၀ သည်ရန်ကုန်မြို့သို့ ယမန်နေ့ညပိုင်းက ရောက်ရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါပစ္စည်းများအားသံအမတ်ကြီး Abhay Thakur မှ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းထံ ယနေ့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
▪️ အိန္ဒိယတပ်မတော်လေမှ လေယာဉ် ၆ စီးနှင့် အိန္ဒိယတပ်မတော်ရေ မှ သင်္ဘော ၅ စင်းတို့နှင့်အတူ အိန္ဒိယ၏ ကြီးမားသော ပထမဆုံးတုံ့ပြန်ကူညီမှုများကို ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့များသို့ ပို့ဆောင်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 319 of 2279