#Local_News
Published 23 May 2025
▪️ အမျိုးသမီးစုံတွဲများကိုညစ်ညမ်းဗီဒီယိုရိုက်ကူးပြီး Live လွှင့် ကာ အကျိုးအမြတ်များကို ခေါင်းပုံဖြတ်ရယူခဲ့ကြသူများကို အလုပ်နှင့် ထောင်ဒဏ်နှစ် ၃၀ စီ ချမှတ်ခဲ့ကြောင်း သိရသည်။
▪️ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အပြင်ပဒံကျေးရွာ ရွှေကမ်းသာယာအိမ်ရာ Block 84၊ တိုက်အမှတ်(၅)တွင် တရုတ်နိုင်ငံသားများဖြစ်ကြသည့် Mr. Wang Shaohua (၃၉ နှစ်)၊ (ဘ)ဦးဝမ်းရှင်းဖား ယူနန်ပြည်နယ် တရုတ်နိုင်ငံ၊ Mr. Yung Kun (၃၇ နှစ်)၊ (ဘ)ဦးရန်ပေါင်စွင့် တာ့လျန်ပြည်နယ် တရုတ်နိုင်ငံ၊ Mr. Zeng Yuan (၂၉ နှစ်)၊ (ဘ)ဦးကျင်းယုံကောင်း စီချွမ်ပြည်နယ် တရုတ်နိုင်ငံနှင့် အဲလစ်စစ်(ခ)နော်မူးရှီးဖော(ခ)ကျဲကျဲ(မ) (၃၂ နှစ်)၊ (ဘ)ဦးစောလားချရှီး ငပုတောမြို့နယ် ဧရာဝတီတိုင်းဒေသကြီးနေသူတို့က မြန်မာအမျိုးသမီးစုံတွဲလေးတွဲတို့ကို Sex Video ရိုက်ကူး၍ Live လွှင့်ကာ ရရှိသည့်အကျိုးအမြတ်များအား ခေါင်းပုံဖြတ်ရယူခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့မရဲစခန်း(ပ)၈၇၆/၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)(ခ)ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ခြင်းဖြစ်သည်။
▪️ ထို့နောက် အင်းစိန်ခရိုင်တရားရုံးမှ စစ်ဆေးခဲ့ပြီး ၂၀၂၅ ခုနှစ် မေ ၂၀ ရက် တွင် တရားခံ Mr. Wang Shaohua ၊ Mr. Yung Kun ၊ Mr. Zeng Yuan နှင့် အဲလစ်စစ်(ခ) နော်မူးရှီးဖော(ခ)ကျဲကျဲ(မ)တို့ လေးဦးအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)အရ အလုပ်နှင့်ထောင်ဒဏ်နှစ် ၂၀ စီနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ၃၈(ခ) အရအလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီကို တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ သူသူရှိန်(မ)ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/ ၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 22 May 2025
၁။ ကမ္ဘာ့ရွှေဈေးကြောင့် မြန်မာ့ရွှေဈေးတက်နေပြီး တစ်နေ့ငါးပိဿာခန့်ပြန်လည်ရောင်းချမှုရှိနေ
၂။ မြန်မာ့ပေါ်ဆန်းကို ခေတ်မီထုတ်ပိုးမှုပုံစံများဖြင့် နိုင်ငံတကာဈေးကွက်သို့ တင်ပို့ရောင်းချရန် စီစဉ်နေ
၃။ တိုက်ကြီးစံပြမွေးမြူရေးဇုန်အဖြစ် ဆောင်ရွက်နေ
၄။ ဂျပန်၌ယမန်နှစ်ကထက် ဆန်ဈေးနှုန်းနှစ်ဆနီးပါးမြင့်တက်လာနေ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ကမ္ဘာ့ရွှေဈေးဆက်တိုက် မြင့်တက်နေတာကြောင့် မြန်မာ့ရွှေဈေးလည်း လိုက်ပါမြင့်တက်နေပြီး ရွှေဈေးကွက်အတွင်းမှာ တစ်နေ့ကို ရွှေပိဿာချိန်ငါးပိဿာခန့်ပြန်လည်ရောင်းချမှုရှိနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌဦးမျိုးမြင့်က ပြောပါတယ်။
#Local_News
Published 22 May 2025
#ကမ္ဘာ့ရွှေဈေး #ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း
#YMG/SW #Yangon_Times
မြန်မာ့ပေါ်ဆန်းကို ခေတ်မီထုတ်ပိုးမှုပုံစံတွေနဲ့ နိုင်ငံတကာဈေးကွက်သို့တင်ပို့ရောင်းချဖို့ စီစဉ်နေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ကနေ သိရပါတယ်။
#Local_News
Published 22 May 2025
#ခေတ်မီထုတ်ပိုးမှုပုံစံ #မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
#YMG/NN #Yangon_Times
ရန်ကုန်တိုင်းအတွင်းက တိုက်ကြီးမွေးမြူရေးဇုန်ကို စံပြမွေးမြူရေးဇုန်အဖြစ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
#Local_News
Published 22 May 2025
#တိုက်ကြီး #စံပြမွေးမြူရေးဇုန်
#YMG/NN #Yangon_Times
လာမယ့်ရက်သတ္တတစ်ပတ်အတွင်း ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွေမှာလေထုမငြိမ်မသက်ခြင်း၊ မုတ်သုံလေအားကောင်းလာနိုင်ခြင်းနဲ့အပူပျံတက်တိမ်များ ဖြစ်ထွန်းမှု အားကောင်းခြင်းတွေကြောင့် ဒေသအချို့မှာ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက အထူးမိုးလေဝသသတင်းအသိပေးချက်အနေနဲ့ထုတ်ပြန်ထားပါတယ်။
#Local_News
Published 22 May 2025
#မုတ်သုံလေအားကောင်း #ဒေသအချို့တွင်မိုးကြီးနိုင်
#YMG/SW #Yangon_Times
#Local_News
Published 22 May 2025
▪️ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ(မြောက်ပိုင်း) မြို့နယ်ရှိ သီတဂူဗုဒ္ဓတက္ကသိုလ်(ရန်ကုန်) ၏ သီတဂူစက္ခုဒါနဆေးရုံ၌ (၁၂)ကြိမ်မြောက်အဖြစ် ကုသမှုကို မေလ ၂၃ ရက်မှ စတင်ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ဆေးရုံကြီး၌ အနယ်နယ်အရပ်ရပ်မှ မျက်စိဝေဒနာရှင်များအား အခမဲ့ကုသပေးလျက်ရှိခြင်းဖြစ်သည်။
▪️ ပြီးခဲ့သည့် (၁၁)ကြိမ်မြောက် အခမဲ့မျက်စိခွဲစိတ်ကုသမှုကို ၂၀၂၅ ခုနှစ်၊ မတ်လ ၂၅ ရက်မှ ၃၁ ရက်အထိ ဆောင်ရွက်ပေးရန် စီစဉ်ထားပြီး လူနာ ၁,၂၀၀ ကျော် စာရင်းပေးသွင်းထားရာ အဆိုပါကာလအတွင်း မန္တလေးမြေငလျင်ကြီးကြောင့် ဆရာဝန်၊ သူနာပြုများ အရေးပေါ်ကယ်ဆယ်ရေး သွားရောက်ခဲ့ရခြင်းကြောင့် (၁၁)ကြိမ်မြောက် ခွဲစိတ်ကုသမှုတွင် မျက်စိခွဲစိတ် ကုသရမည့်လူနာ ၂၀၀ ကျော် ကျန်ရှိခဲ့ကြောင်း သိရသည်။
▪️ ထို့ကြောင့် ယခုပြုလုပ်မည့် (၁၂)ကြိမ်မြောက် မျက်စိခွဲစိတ်ကုသမှုတွင် လူနာသစ်များကို လတ်တလောလက်ခံဆောင်ရွက်ပေးနိုင်မည် မဟုတ်ဘဲ (၁၁)ကြိမ် မြောက်ခွဲစိတ်ကုသမှု ဆောင်ရွက်ချိန်တွင် မန္တလေးမြေငလျင်ကြီးကြောင့် ခေတ္တရပ်နားခဲ့ရခြင်းကြောင့် ကျန်ရှိခဲ့သည့် မျက်စိစမ်းသပ်စစ်ဆေးပြီး လူနာ ၂၀၀ ကျော်အား ယခုပြုလုပ်မည့် (၁၂)ကြိမ်မြောက်တွင် ပြန်လည် စစ်ဆေးခွဲစိတ်ကုသပေးမည် ဖြစ်ကြောင်း သိရသည်။
▪️ သီတဂူဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)၌ ပထမအကြိမ်အခမဲ့ မျက်စိခွဲစိတ်ကုသမှုကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၅ ရက်မှ ၁၀ ရက်အထိနှင့် (၁၀)ကြိမ်မြောက် အခမဲ့မျက်စိခွဲစိတ်ကုသမှုကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ရက်မှ ၁၇ ရက် အထိ ဆောင်ရွက်ခဲ့ရာ ပထမအကြိမ်မှ (၁၀)ကြိမ်မြောက်အထိ မျက်စိစမ်းသပ်လူနာစုစုပေါင်း ၁၃,၂၄၅ ဦးရှိခဲ့ပြီး ၎င်းတို့အနက် ခွဲစိတ်ကုသလူနာ ၄,၀၃၁ ဦး၊ လေဆာဖြင့်ကုသလူနာ ၂၃၆ ဦးရှိခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 250 of 2278