#WorldBusiness
Published 07 March 2022
တရုတ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြည်တွင်းထုတ်လုပ်သုံးစွဲမှု ပြန်လည်ဦးမော့လာဖို့ကိုသာ အားထားရတော့မှာဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 7 Mar 2022
၂၀၂၂ ခုနှစ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ ၂ လအတွင်း တရားမဝင်ဝင်ရောက်မှုနဲ့ထိုင်းနိုင်ငံမှာ ဖမ်းဆီခံရတဲ့မြန်မာအလုပ်သမားတွေ ၁၀,၀၀၀ နီးပါးရှိတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီကနေ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_7 March 2022
ကိုဗစ်ပိုးတွေ့တဲ့အတွက် ဖွင့်ပြီးသား တရုတ်-မြန်မာနယ်စပ်ဂိတ်တွေအားလုံးကို ဖေဖော်ဝါရီလနဲ့ မတ်လဆန်းပိုင်းတွေမှာ ပိတ်ခဲ့ပြီးတဲ့နောက် အခုလက်ရှိမှာ လွယ်ဂျယ်ဂိတ်တစ်ခုကိုပဲ ဖွင့်ခွင့်ပြန်ရထားပါပြီ။
#Yangon_Media_Group
Published - 7 Mar 2022
"လက်ရှိပေါက်ဈေး က ၂၃၆ သိန်းလောက် ပေါက်ပေမယ့် ကိုဗစ်ကာလအတွင်း မြန်မာပြည်သူတွေကို ထောက်ပံ့ကူညီတဲ့အနေနဲ့
တစ်ရာ့ဆယ်ရှစ်သိန်း ရှစ်သောင်းနဲ့ ရောင်းချပေးသွားမယ် ...." KSD ကားထုတ်လုပ်ရေး မန်နေဂျာ
#Yangon_Media_Group
#Local_News
Published_ 7 March 2022
၂၀၂၂ ခုနှစ် မတ် ၇ ရက် သာသနာတော်နှစ် ၂၅၆၅ နှစ်၊ ကောဇာသက္ကရာဇ်၁၃၈၃ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက်နေ့၊ ဒီကနေ့၊ နံနက် ၉ နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင် ရာဟုထောင့် အောင်မြေအနီး ချမ်းသာကြီးတန်ဆောင်း၌ ၂၆၁၀ နှစ်မြောက်၊ ရွှေတိဂုံစေတီတော် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်းသိရပါတယ်။
ဆက်လက်၍ ပဋ္ဌာန်းဘာဏကဆရာတော် ဉူးကေလာသ က မဟာပဋ္ဌာန်း ရောင်ခြည်တော်ဖွင့်ဂါထာဖြင့် ဘုရားရှင်ကို ပင့်လျှောက်ပြီး ပဋ္ဌာန်းဘာဏကဆရာတော် ဘဒ္ဒန္တသောဘနမှ နတ်ဗြဟ္မာအပေါင်းအား ဂါထာပါး၍ ဖိတ်ကြားခြင်းတို့ပြုပြီးနောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ သြဝါဒါစရိယ ဆရာတော် ဘဒ္ဒန္တသီရိန္ဒာဘိဝံသ (ယောဆရာတော်)၊ အဂ္ဂမဟာပဏ္ဍိတ၊ သ.စ.အ ပါဠိပါရဂူ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး အဖွဲ သြဝါဒါစရိယထံမှ ကိုးပါးသီလခံယူဆောက်တည်ခဲ့ကြပါတယ်။
ထို့နောက် ရွှေတိဂုံစေတီတော်သြဝါဒါစရိယဆရာတော် ဆရာတော်ဘဒ္ဒန္တ ပဝရာဘိဝံသ၊ (ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတိုက်)နှင့် အလှည့်ကျသဘာပတိ ဂေါပကအဖွဲ့ဝင် ဦးဘိုးသင်းက ဆီမီးတန်ဆောင် ထွန်းညှိပူဇော်ပြီး ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်အား ဖွင့်လှစ်ပေးခဲ့ပါတယ်။
မဟာပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ရန် တိုက်တွန်းလွှာအား ပဋ္ဌာန်း ဘာဏက ဆရာတော် ဉူးဝိစာရက ရွတ်ဖတ်ပူဇော်ပြီး ရွှေတိဂုံစေတီတော် သြဝါဒါစရိယ ဆရာတော်ကြီးများနှင့် ဗဟိုမဏ္ဍပ်အတွင်းရှိ ဧည့်သည်တော်များက မဟာပဋ္ဌာန်း ပစ္စယုဒ္ဒေသဒေသနာတော်ကို စုပေါင်းရွတ်ဖတ်ပူဇော်ခဲ့ပြီးနောက် ရတနာဃရစံ အိမ်တော်အတွင်း အသင့်နေရာယူထားသော အလှည့်ကျဘာဏကဆရာတော်မှ ပဋ္ဌာန်းဒေသနာတော်အား စတင်ရွတ်ဖတ်ပူဇော်ခြင်းဖြင့် အသံမစဲမဟာပဋ္ဌာန်း ဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့ကြောင်း သိရပါတယ်။
ymg_mnn
#Yangon_Media_Group
#LocalNews
Published_7 March 2022
နေပြည်တော်-စစ်တွေ ၊ စစ်တွေ-နေပြည်တော် လေယာဉ်ခရီးစဉ်ကို အခု ရက်ပိုင်းမှာ စတင်ပြေးဆွဲနေပါ။
#Yangon_Media_Group
Page 2153 of 2215