#Local_News
Published - 18 July 2022
၂၀၂၂ခုနှစ်ဇန်နဝါရီလမှ ဇွန်လအထိ ယူနန်ပြည်နယ်နှင့် မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများ စုစုပေါင်းလျှပ်စစ်တင်သွင်းတင်ပို့သည့် ကုန်သွယ်မှုပမာဏပေါင်း (၁.၄၃)ဘီလီယံ kWh ရှိပြီး ယမန်နှစ်ကာလတူထက် (၅၉.၂၄)% မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကထုတ်ပြန်လိုက်သည်၊၊
၎င်းတို့အနက် တင်ပို့သည့်လျှပ်စစ်ပမာဏပေါင်း (၇၀၅)သန်း kWh ရှိပြီး ယမန်နှစ်ကာလတူထက် ၁ ဆတိုးတက်လာခဲ့ကြောင်းဖော်ပြထားသည်၊၊
တင်သွင်းသည့် လျှပ်စစ်ပမာဏပေါင်း (၇၂၆)သန်း kWh ရှိကာ ယမန်နှစ်ကာလတူထက် (၃၂.၆)% တိုးတက်လာခဲ့ခြင်းဖြစ်သည်၊၊
China Southern Power Grid Co., Ltdသည် ယူနန်ပြည်နယ်နှင့် ဗီယက်နမ်၊ လာအို၊ မြန်မာနိုင်ငံလျှပ်စစ်ကွန်ရက်တို့ အစိတ်အပိုင်းလိုက်အပြန်အလှန်ချိတ်ဆက်သော နိုင်ငံဖြတ်ကျော် လျှပ်စစ်ပို့လွှတ်သည့်လမ်းကြောင်းမှတစ်ဆင့် အနီးတဝိုက်နိုင်ငံများ၏ လျှပ်စစ်တင်သွင်းတင်ပို့မှု လိုအပ်ချက်ဖြည့်ဆည်းပေးကာ ဒေသတွင်း စီးပွားရေး ပူးပေါင်းဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူလူနေဘဝ လျှပ်စစ်အသုံးပြုမှုကို ထောက်ပံ့ပေး၍ နိုင်ငံဖြတ်ကျော်လျှပ်စစ်ကုန်သွယ်ရေး တည်ငြိမ်စွာတိုးတက်လာမှုဖော်ဆောင်ပြီး အပြန်အလှန်ချိတ်ဆက်မှုအား စဉ်ဆက်မပြတ် အကောင်အထည်ဖော်လျက်ရှိသည်ဟု ဆိုသည်၊၊
စာရင်းများအရ China Southern Power Grid Co., Ltd သည် ၂၀၁၄ ခုနှစ်တွင် မဲခေါင်မြစ်ဝှမ်းဒေသလျှပ်စစ်ကွန်ရက်များနှင့် ကုန်သွယ်ရေးစတင်လာကတည်းက ဇွန်လ ၃၀ ရက်နေ့အထိ နိုင်ငံဖြတ်ကျော် လျှပ်စစ်ကုန်သွယ်မှုပမာဏပေါင်း ၆၅.၅ ဘီလီယံ kWh ဖော်ဆောင်ခဲ့ပြီးဖြစ်သည်။ ၎င်းတို့အနက် သန့်ရှင်းစွမ်းအင်ပါဝင်မှုသည် ၉၀% ထက်ကျော်လွန်ပြီး သန့်ရှင်းစွမ်းအင် ဒေသဖြတ်ကျော်ကောင်းမွန်စွာခွဲဝေပေးမှုအား မြှင့်တင်လိုက်ကြောင်း သိရသည်၊၊
ymg/tthl
#Yangon_Media_Group
#Local_News
Published _ 18 July 2022
ပြည်ပအလုပ်အကိုင်အလုပ်သမား သတ်သေခံကတ်(OWIC)မှာ တစ်ရက်လျင် အလုပ်သမားဦးရေ ၁,၀၀၀ကျော်ကို ထုတ်ပေးကြောင်း အလုပ်သမား ညွန်ကြားရေးဦးစီးဌာနထံမှ သိရသည်။
OWICကတ်ကို တနင်္လာမှ စနေအထိနေ့စဉ် ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ပင်လုံခန်းမမှာ ပြုလုပ်ထုတ်ပေးနေပွီး လက်ရှိတွင် တစ်ရက်ကို ထိုင်းနိုင်ငံသွားမည့်အလုပ်သမား ၈၀၀ဦး၊ အခြားနိုင်ငံများထံသွားမည့် အလုပ်သမား ၂၀၀ဦး၊ အေဂျင်စီနှင့်မဟုတ်ဘဲ မိမိအစီစဉ်ဖြင့် ပြည်ပသွားရောက်လုပ်ကိုင်မည့် အလုပ်သမား ၁၀၀ဦးအတွက် ထုတ်ပေးနေကြောင်း အဆိုပါဌာနမှ သိရသည်။
"နေ့စဉ်အရေအတွက် ပြည့်မီအောင်တော့ဆောင်ရွက်ပေးနေတယ်။ အလုပ်သမားတွေကိုယ်တိုင် လျှောက်ထားဖို့ပြောချင်တယ်"ဟု အဆိုပါဌာနတာဝန်ရှိသူ တစ်ဦးက ဆိုသည်။
OWICကတ်ကို ၂၀၂၁ ကုန်ပိုင်းမှစ၍ ပြန်လည်ထုတ်ပေးနေပြီး ပြည်ပကိုသွား ရောက်အလုပ်လုပ်ကိုင်မည့်သူများနှင့် နိုင်ငံကူးလက်မှတ် အမျိုးအစားPJ( Passport for Job)ကိုင်ဆောင်ထားသူများအနေဖြင့် OWICကတ်ရှိမှသာ ပြည်ပထွက်ခွင့်ပြုကြောင်း သိရသည်။
လက်ရှိအချိန်ထိ အလုပ်သမားသိန်းနှင့်ချီပြီး OWICကတ်ထုတ်ထား ကြပြီဖြစ်သည်။
ymg/NN
#Yangon_Media_Group
#Local_News
Published _ 18 July 2022
ရန်ကုန်မြို့တွင်းမှာရှိတဲ့ မြို့နယ်အချို့ကနေရာတွေမှာ အိမ်သုံး Gas တွေပြတ်သွားတော့မယ့် အနေအထားနဲ့ကြုံတွေ့နေရပြီး ရောင်းချသူတွေဆီကိုလည်း gas တွေမရောက်ရှိတာကြောင့် ဝယ်ယူသုံးစွဲသူတွေကို အရင်ကဝယ်ယူထားတဲ့ လက်ကျန် gas တွေနဲ့သာ ရောင်းချပေးနေတယ်လို gas ရောင်းချသူတွေဆီက သိရပါတယ်။
#Yangon_Media_Group
#Local_News
Published - 18 July 2022
ဗဟိုဘဏ်က ကန့်သတ်ထားတဲ့ ငွေသားထုတ်ယူမှုတွေကြောင့် ပြည်ပခရီးသွားလုပ်ငန်းတွေမှာ အခက်အခဲတွေရှိနေတယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published - 18 July 2022
၁။ ငွေသားထုတ်ယူမှု ကန့်သတ်ချက်တွေကြောင့် ပြည်ပခရီးသွားလုပ်ငန်း အခက်ကြုံနေဟု UMTA ဥက္ကဌပြော
၂။ အိမ်သုံး Gas များ ပြတ်လုနီးပါးကြုံတွေ့နေရ
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ချွန်ထက်သည့်လက်သည်း၊ အကြေးခွံများရှိပြီးအဆိပ်ရှိသည့် ထူးခြားရှားပါးသည့် ဂွာတီမာလာပုတ်သင်များ စောင့်ရှောက်ထိန်းသိမ်းနေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published - 18 July 2022
လာမည့်ပြောင်းဖူးရာသီတွင် အစေ့ထုတ်ပြောင်းများကို တရုတ်နိုင်ငံသို့တင်ပို့ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) တွင်မြန်မာကုမ္ပဏီ ၁၀၀ ကျော် မှတ်ပုံတင်ထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ သိရသည်။
GACC အနေဖြင့် မြန်မာနိုင်ငံဘက်မှ ပထမအသုတ် ၈၆ ကုမ္ပဏီ၊ ဒုတိယအသုတ် ၂၂ ကုမ္ပဏီက Register လုပ်ဆောင်ထားပြီး သတ်မှတ်ချက် အောင်မြင်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံမှ အစေ့ထုတ်ပြောင်းများအား တရုတ်နိုင်ငံသို့တင်ပို့နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် GACC တို့သဘောတူညီမှု လက်မှတ်ရေးထိုးထားပြီး ဖြစ်သည်။
လက်ရှိတွင် မြန်မာ့ပြောင်းများကို ထိုင်းနိုင်ငံအပါအဝင် အခြားနိုင်ငံများသို တင်ပို့လျက်ရှိပြီး လာမည့်ပြောင်းရာသီမှ စတင်ကာ တရုတ်နိုင်ငံသို့ GACC မှတ်ပုံတင်ကာ တင်ပို့မည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့ပြောင်းများကို နယ်စပ်ဒေသမှတဆင့် ထိုင်းနိုင်ငံသိုနှစ်စဉ် ဖေဖော်ဝါရီလမှ သြဂုတ်လအတွင်း အခွန်သက်သာခွင့်ဖြင့် တင်ပို့နေပြီးလာမည့် ပြောင်းရာသီတွင် တရုတ်နိုင်ငံသို့ပါ တင်ပို့နိုင်မည်ဖြစ်သည့်အတွက် ပြည်ပဈေးကွက်ပိုမိုရရှိလာမည်ဖြစ်ကြောင်း သိရသည်။
ymg/sth
Yangon_Media_Group
#Local_News
Published - 18 July 2022
စားအုန်းဆီ အခြေခံကာလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိသာ ၃၆၆၅ ကျပ်သတ်မှတ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ကြေညာထားသည်။
စားသုံးဆီအခြေခံလက်ကားရည်ညွှန်းစျေးကို ၃၆၆၅ ကျော် သတ်မှတ်ထားသော်လည်း စျေးကွက်တွင် တစ်ပိဿာ ၈၆၀၀ ကျပ်ဖြစ်ကြောင်း ဝယ်ယူသုံးစွဲသူများထံမှ သိရသည်။
မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် စားသုံးဆီတင်သွင်းသော ကုမ္ပဏီများမှ ပူးပေါင်း၍ စားသုံးသူပြည်သူများသို့ အရောင်းဈေးကားများဖြင့် စားသုံးဆီများကို ယမန်နေ့(ဇူလိုင် ၁၇)ရက် မှစပြီး တိုက်ရိုက်ရောင်းချပေးနေကြောင်း သိရသည်။
စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်းတွင် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်ရေးကို ထိန်းကျောင်းဆောင်ရွက်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆိုသည်။
ကော်မတီအနေဖြင့် စားအုန်းဆီအဓိက ထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပိုဆောင်ခ ကုန်ကျစရိတ်၊ ဘဏ်စရိတ်၊ အခွန် အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်တွင် ရောင်းဝယ်ဖောက်ကားရမည့်အခြေခံလက်ကားရည် ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ဇူလိုင် ၁၈ ရက်မှ ၂၄ ရက်အထိ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ၃၆၆၅ ကျပ်အဖြစ် သတ်မှတ်ထုတ်ပြန်ထား ခြင်းဖြစ်သည်။
လက်ရှိတွင်လည်း စားအုန်းဆီများနှင့် ပတ်သက်၍ ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ ပြုလုပ်ပါက ဥပဒေအရ အရေးယူသွားမည်ဟု နစကဘက်မှ ထုတ်ပြန်ပြောဆိုထားသော်လည်း ပြည်သူများမှာ စားအုန်းဆီကို ဈေးနှုန်းမြင့်မားစွာဖြင့် ဝယ်ယူစားသုံးနေရခြင်းဖြစ်သည်။
ymg/sth
Yangon_Media_Group
Page 1907 of 2241