#Local_News
Published_20 October 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ခြောက်လကျော်ကာလအတွင်းမှာ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးက ကန်ဒေါ်လာ ၁ ဒသမ ၂၈ ဘီလီယံကုန်သွယ်မှုပြုလုပ်ထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားတဲ့ ကုန်သွယ်မှုစာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 20 October 2022
၁။ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ကန်ဒေါ်လာ ၁ ဒသမ ၂၈ ဘီလီယံကုန်သွယ်မှုပြုလုပ်ထား
၂။ မြစ်ဝကျွန်းပေါ်ဒေသများတွင် ငရုတ်သီးအစိုဝယ်လိုအားကောင်းနေ
၃။ ကျေးရွာနေပြည်သူများကို နားအကြားအာရုံအခမဲ့ စမ်းသပ်ပေးပြီး နားကြားကိရိယာများ အခမဲ့ပေးနေ
၄။ ဂျပန်ဒီဇိုင်နာပညာရှင်ကြီးများဖြစ်သည့် 'ကင်ဇို'နှင့်'မီယာကဲ'တို့ဆုံးပါးပြီးနောက် ဖက်ရှင်လောကအပြောင်းအလဲဖြစ်လာဖွယ်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_20 October 2022
ထိုင်းနိုင်ငံကို MoU နဲ့ သွားကြတဲ့ မြန်မာအလုပ်သမား ၁၅၀၀ ကျော်ဟာ ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးပေါ်မှာ ပိတ်မိနေကြပါတယ်။
#Yangon_Media_Group
#Local_News
Published _ 20 october 2022
အရှေ့လယ်ပိုင်းနိုင်ငံတွေမှာ ဒုက္ခရောက်နေသော မြန်မာများကို သံတမန်နည်းလမ်းဖြင့် ကူညီဆောင်ရွက်ပေးနေကြောင်း ဆော်ဒီအာရေဗျနိုင်ငံ အခြေစိုက်ရီယာဒ်မြို့ရှိ မြန်မာသံရုံးမှ အောက်တိုဘာလ ၁၉ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားရှိသည်။
ယခုရက်ပိုင်းအတွင်း လူမှုကွန်ယက်စာမျက်နှာတွင် အရှေ့အလယ်ပိုင်း နိုင်ငံများ၌ အလုပ်လုပ်နေကြသည့် မြန်မာအမျိုးသမီးများဟာ အခက်အခဲများနှင့် တွေ့ကြုံနေရသည့် သတင်းများလည်းကြားနေရသလို အကူအညီတောင်းခံခြင်းတွေ လည်းတွေ့ရှိရကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
သံရုံးထံ ဆက်သွယ်လာသည့်အခါ၌ သံတမန်နည်းလမ်းများဖြင့် ဆောင်ရွက်ပေးနေသလို သံရုံးထံ ဆက်သွယ်လာခြင်းမရှိသေးသည့် ကိစ္စရပ်များကိုလည်း ရရှိသည့် သတင်းများအပေါ် စီစစ်ပြီး သံတမန်လမ်းကြောင်းမှတဆင့် ဆောင်ရွက်ပေးနေလျှက်ရှိကြောင်း သိရှိရသည်။
အရှေ့အလယ်ပိုင်းနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ကြမည့် မြန်မာနိုင်ငံသားများအနေဖြင့် မသွားရောက်မီ ကုန်ကျစရိတ်မိားအတွက် ကြိုတင်ကျခံပေးထားသူများနှင့် ကာယကံရှင်အလုပ်သမားများအကြား သဘောတူညီထားသည့်အချက်များ၊ လျော်ကြေးငွေပေးရမည့်ကိစများနှင့် ကန်ထရိုက်ပါအချက်များကို သေချာစွာသိရှိနားလည်ထားရန်လိုအပ်ပြီး အဆိုပါသဘောတူညီမှုကိုလုပ်ဆောင်ပေးသည့် အလုပ်သမားအေဂျင်စီများသည် နှစ်နိုင်ငံလုံးတွင် တရားဝင်လိုင်စင်ရှိသည့် အေဂျင်စီများဖြစ်ရန် လိုအပ်သည်။
အရှေ့အလယ်ပိုင်းနိုင်ငံများ၏ ဥပဒေအရ အိမ်ရှင်များ၊ အေးဂျင့်များက ကိုယ်ထိလက်ရောက်ညှင်းပန်းနှိပ်စက်ခြင်း၊ လုပ်ခလစာမပေးခြင်း၊ လုပ်ခလစာအား ခေါင်းပုံဖြတ်ခြင်းများ အရေးယူအပစ်ပေးလျက်ရှိပြီး လိင်ပိုင်ဆိုင်ရာ အမြတ်ထုတ်ခြင်းများရှိပါက သက်သေအထောက်များဖြင့် နီးစပ်ရာရဲစခန်းသို့ လူကိုယ်တိုင်တိုင်ကြားပါက အရေးယူအပြစ်ပေးလျှက်ရှိသည်။ ထိုသို့တိုင်ကြားရာ၌ အခက်အခဲများရှိပါက မြန်မာသံရုံးများသို့ အသိပေးကြရန်လည်း ထုတ်ပြန်ချက်၌ဖော်ပြထားသည်။
မြန်မာသံရုံး ရီယာဒ်မြို့မှ ၂၀၂၁ ၊ နိုဝင်ဘာ လ ၂၀၂၂၊ စက်တင်ဘာလ အတွင်း ကာတာနိုင်ငံ၊ အိုမန်နိုင်ငံ၊ ယူအေအီးနိုင်ငံတို့တွင် အခက်အခဲကြုံတွေ့ရသဖြင့် မြန်မာနိုင်ငံသို့ ပြန်လိုသူ ၅၃ဦးကို ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published_ 20 October 2022
အဏုမြူရောင်ခြည်နည်းပညာဖြင့် ရောဂါရှာဖွေကုသရေးပညာရပ်များလေ့လာနိုင်ရန်မြန်မာနိုင်ငံကကာကွယ်ရေးဝန်ကြီးဌာနနှင့်ကျန်းမာရေးဝန်ကြီး ဌာနတို့မှအထူးကုဆရာဝန်ကြီး(၅)ဦးသည်ရုရှားနိုင်ငံသို့သွားရောက်ကြကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှသိရသည်၊၊
အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ The Republic of Buryatia, Ulan-Ude တွင် ကျင်းပပြုလုပ်မည့် ပထမအကြိမ်အပြည်ပြည်ဆိုင်ရာ အရှေ့ဖျားသိပ္ပံနှင့် အဏုမြူရောင်ခြည်နည်းပညာဖြင့် ရောဂါ ရှာဖွေကုသရေး လက်တွေ့လေ့ကျင့်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ကြမည်ဖြစ်ပြီး အောက် တိုဘာလ(၁၈)ရက်တွင် ရုရှားနိုင်ငံသို့ စတင်သွားရောက်ကြပြီဖြစ်သည်၊၊
အဆိုပါဆွေးနွေးပွဲသည် နိုင်ငံတော်ဝန်ကြီးချုပ်၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးစဉ်အတွင်း တွေ့ဆုံဆွေးနွေးမှုအရ ဖိတ်ကြားလာခြင်းဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများမှ အထူးကုဆရာဝန်များတက်ရောက်၍ အဏုမြူရောင်ခြည်နည်းပညာဖြင့် ရောဂါ ရှာဖွေကုသရေးပညာရပ်များကို ညှိနှိုင်းဆွေးနွေးကြမည့်အပြင် နိုင်ငံတကာမှပညာရှင်များနှင့် အတွေ့အကြုံများဖလှယ်မည်ဖြစ်ပါသဖြင့် မိမိနိုင်ငံအတွင်း အဏုမြူရောင်ခြည်နည်းပညာ ဖြင့် ကင်ဆာရောဂါရှာဖွေကုသရေးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအတွက် အထောက် အကူများစွာရရှိနိုင်ပြီး နိုင်ငံတကာမှ အတွေ့အကြုံကောင်းများ ပြန်လည်မျှဝေပေးနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_20 October 2022
ရန်ကုန်မြို့၏ ပထမဆုံးရေပေါ်ညဈေးကို ဗိုလ်တထောင်ဘုရားအနီး ဆိပ်ခံတံတားအမှတ်(၅) Love Boat Bridge တွင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ညဈေးစီစဉ်သည့် တော်ဝင်ချမ်းသာ ကုမ္ပဏီမှ သိရသည်။
အဆိုပါ ရေပေါ်ညဈေးကို အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၈ ရက်အထိ ညနေ ၃ နာရီမှ ည ၉ နာရီထိ ဖွင့်လှစ်ရောင်းချသွားမှာဖြစ်ပြီး ဆိုင်ခန်း ၃၀ ပါဝင်ပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ညဈေးတွင် ရန်ကုန်မြစ်၏ အလှအပများကို ကြည့်ရင်း ရိုးရာအစားအစာများ၊ ဖော်ထုတ်သွားမှာဖြစ်ပြီး တိုင်းရင်းသားရိုးရာအစားအစာရောင်းချမည့်သူများကိုလည်း ရိုးရာဝတ်စုံဝတ်စုံဝတ်ဆင်စေ၍ ရောင်းချစေမည်ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် ဈေးပွဲတော်ရက်တွင် အင်းလေးဒေသလိုမျိုး လှေများ၊ ရိုးရိုးလှေများဖြင့် ပါဝင်ပြသသွားမည်ဖြစ်သည်။
ယင်းအပြင် ဆိုင်ခန်းခမှာ အခမဲ့ဖြစ်ပြီး အစားအသောက်တည်ခင်းရောင်းချနိုင်မည့် လှည်းပုံစံထုတ်ပေးမည်ဖြစ်ကာ လှည်း၏ နေရာထားခကို တစ်ရက် ၃၀၀၀၀ ကျပ်၊ ရေနှင့် မီး အပါအဝင် စားသုံးသူတွေ နေရာထိုင်ခင်းကို ကုမ္ပဏီဘက်မှ စီစဉ်ပေးမည်ဖြစ်ပြီး မည်သူမဆိုလာရောက်စုံစမ်းရောင်းချနိုင်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_20 October 2022
မြန်မာ့ဆန်ကို အရည်အသွေးမြှင့်တင်ပြီး ဘင်္ဂလားဒေ့ရှ်အပါအဝင် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချရန် ပြည်တွင်းကုမ္ပဏီ ၃၀ ကို ခွင့်ပြုထားပြီးဖြစ်ကြောင်း ဝန်ကြီးဌာနထုတ်ပြန်ချက်များအရ သိရသည်။
ယခင်က ကုမ္ပဏီများစုပေါင်း၍ ပြည်ပသို့ ဆန်တင်ပို့ရာတွင် အရည်အသွေးလျော့သောဆန်များ ရောနှောပါဝင်နေမှုကြောင့် အရည်အသွေးကောင်းတင်ပို့သော ကုမ္ပဏီများအနေဖြင့် နစ်နာမှုများစွာကြုံတွေ့ခဲ့ရကြောင်း သိရသည်။ ယင်းကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် တင်ပို့သောဆန်အိတ်အတွင်း ကုမ္ပဏီအမှတ်တံဆိပ်ကိုထည့်သွင်းထားခြင်း၊ ဆန်အရည်အသွေးအထူးဂရုပြုစစ်ဆေးခြင်းများ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းအပြင် ဘင်္ဂလားဒေ့ရှ်မှ ဆန်အဝယ်လိုက်မှုကြောင့် ဝယ်ယူသောဆန်အမျိုးအစားများ ပြည်တွင်းဈေးကွက်အတွင်း၌ အရောင်းအဝယ်ကောင်းနေပြီး ဝယ်ယူသွားသောဆန်များအတွက် တစ်ပါတ်၊ ၁၀ ရက်ငွေစောင့်ဆိုင်းမှုမရှိစေရန်အတွက် ငွေလက်ငင်းဈေးကွက်ပုံစံစနစ်ဖြင့် ဝယ်ယူရောင်းချမှုများ ပြုလုပ်နေကြောင်း သိရသည်။
ပြည်ပသို့ ဆန်နှင့်ဆန်ကွဲကို တရုတ်၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်နှင့် ဥရောပနိုင်ငံအချို့ကို တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ပြည်တွင်း၌စိုက်ပျိုးထုတ်လုပ်သည့် ဆန်နှင့်ဆန်ကွဲများကို နယ်စပ်နှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုကနေ တင်ပို့ရောင်းချလျက်ရှိပြီး စက်တင်ဘာအတွင်း ၉၃,၇၉၁ မက်ထရစ်တန် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
Page 1840 of 2379