ပြည်တွင်းထွက်အရည်အသွေးမြင့် Hass ထောပတ်သီးများကိုစင်္ကာပူနဲ့ ထိုင်းနိုင်ငံသို့ အဓိကတင်ပို့သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှသိရပါတယ်။
#Local_News
Published 04 September 2025
#စင်္ကာပူ/ထိုင်း #ထောပတ်သီး
#YMG/SW #Yangon_Times
အာရှနဲ့ဥရောပနိုင်ငံတွေကို ပြီးခဲ့တဲ့ဩဂုတ်လအတွင်း ဆန်နဲ့ဆန်ကွဲတန်ချိန်နှစ်သိန်းနီးပါးတင်ပို့ထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကသိရပါတယ်။
#Local_News
Published 04 September 2025
#ဆန်/ဆန်ကွဲ #အာရှနဲ့ဥရောပနိုင်ငံ
#YMG/NN #Yangon_Times
#Local_News
Published 04 September 2025
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မန္တလေးမြေငလျင်ကြီး ဒဏ်သင့်စီးပွားရေးလုပ်ငန်းများအတွက် ငွေကျပ် ဘီလီယံ (၇၀၀) ကို ပြန်လည်ထူထောင်ရေးချေးငွေအဖြစ် ထုတ်ချေးသွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၂ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
▪️ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းဒေသများမှ နိုင်ငံ့ဝန်ထမ်းများအပါအဝင် ပြည်သူများ၏ စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ရန်၊ နေအိမ်နှင့် လုပ်ငန်းသုံးစက်ရုံနှင့် အလုပ်ရုံများ ပြန်လည်တည်ဆောက် ရန်ရည်ရွယ်၍ နိုင်ငံတော်က ထည့်ဝင်ပံ့ပိုးသောရန်ပုံငွေဖြင့် ချေးငွေအစီအစဉ်များ ဆောင်ရွက်ရန်အတွက် ဩဂုတ် ၁၄ ရက်တွင်ထုတ်ပြန်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၆၈/၂၀၂၅ အရ ရန်ပုံငွေကြီးကြပ်မှုဗဟိုကော်မတီနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် ၃၀/၂၀၂၅ အရ ဩဂုတ် ၂၀ ရက်တွင် ရန်ပုံငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီးပြန်လည်ထူထောင်ရေး ရန်ပုံငွေအတွက် ကနဦးမတည်ရန်ပုံငွေကျပ် ဘီလီယံ ၇၀၀ ကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ကျပ် ဘီလီယံ ၅၀၀ နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဈေးကွက်တည်ငြိမ်ရေးရန်ပုံငွေမှ ကျပ်ဘီလီယံ (၂၀၀) ထည့်ဝင်မည်ဖြစ်ကြောင်းသိရသည်။
▪️ ချေးငွေသက်တမ်း၃ နှစ်မှ ၅ နှစ်အထိ သတ်မှတ်ထားသည့်အဆိုပါချေးငွေကိုအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) နှင့် စက်မှု လုပ်ငန်းများအတွက် လုပ်ငန်းသုံးအရင်းအနှီး၊ အိမ်များ၊ အဆောက်အအုံများ ပြန်လည် တည်ဆောက်ရေး၊ စက်ပစ္စည်း၊ ရေပေးဝေရေး၊ လျှပ်စစ်မီး၊ ဆိုလာနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံတော်၏ အခြေခံအဆောက်အအုံများတည်ဆောက်ရန်တာဝန်ယူသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များအတွက် အတိုးနှုန်းသက်သာစွာ ထုတ်ချေးပေးမည်ဖြစ် ကြောင်းသိရသည်။
▪️ ချေးငွေအစီအစဉ်တွင်ပါဝင်ဆောင်ရွက်မည့် ဘဏ်နှင့်ဘဏ်မဟုတ်သောငွေရေးကြေးရေးအဖွဲ့အစည်းများအဖြစ် AYA Bank PCL ၊ uab Bank PCL ၊ CB Bank PCL ၊ ဧရာဝတီတောင်သူ လယ်သမားများဖွံ့ဖြိုးရေးဘဏ်၊ ရိုးမဘဏ်၊ ဆောက်လုပ်ရေးအိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ကမ္ဘောဇဘဏ်၊ Best Merchant Finance Co., Ltd နှင့် Zega Finance Co., Ltd တို့မှ ချေးငွေအစီအစဉ်တွင် ပါဝင်ဆောင်ရွက်လိုကြောင်း တင်ပြလျှောက်ထားလာခြင်းအပေါ် ချေးငွေဆိုင်ရာစံပြုလုပ်ငန်းစဉ် (SOP) ပါ စံသတ်မှတ်ချက်များနှင့် အညီရွေးချယ်ထားခြင်းဖြစ်ကြောင်း၊ထို့ကြောင့် ငလျင်ဒဏ်သင့် စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူများအနေဖြင့် စက်တင်ဘာ ၂ ရက်မှ စတင်၍သက်ဆိုင်ရာဘဏ်များနှင့် ဘဏ်မဟုတ်သော ငွေကြေးအဖွဲ့အစည်းများတွင် အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေလျှောက်ထားနိုင်ကြောင်းသိရသည်။
#YMG/SW #Yangon_Times
မြန်မာအစိုးရရဲ့ သွင်းကုန်လိုင်စင်နဲ့ ပတ်သက်တဲ့အကောင်အထည်ဖော်မှုကို ဖြေလျှော့နိုင်ရေးအတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးနဲ့ ထိုင်းနိုင်ငံစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 04 September 2025
#ထိုင်းကုန်စည် #မြန်မာအစိုးရ
#YMG/SW #Yangon_Times
လေးနှစ်တာအတွင်း ပန်းခင်းစီမံချက်နဲ့ လူဦးရေ(၉) သန်းကျော်ကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးထားတဲ့အပြင်
အိမ်ထောင်စုလူဦးရေစာရင်းနဲ့ နိုင်ငံသားစိစစ်ရေးကတ် လိုအပ်တဲ့ဒေသခံပြည်သူတွေကို ပန်းခင်းစီမံချက်အဆင့်(၃)နဲ့ ဆက်လက်ဆောင်ရွက်ပေးနေတယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက
သိရပါတယ်။
#Local_News
Published 04 September 2025
#ပန်းခင်းစီမံချက် #နိုင်ငံသားစိစစ်ရေး ကတ်ပြား
#YMG/NN #Yangon_Times
#Local_News
Published 04 September 2025
▪️ ယနေ့နံနက်ပိုင်းက ကျောက်ဆည်မြို့အနီးပြင်းအား၄.၉အဆင့်ရှိငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ ငလျင်ကို မန္တလေး၊ကျောက်ဆည်နှင့်စစ်ကိုင်းရှိ ပြည်သူများ သိသိသာသာခံစားခဲ့ရပြီး အသံပါမြည်ဟိန်းသည့် ငလျင်လှုပ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
▪️ " လှုပ်တာကကြမ်းတယ်ကြောက်စရာကြီးအသံလည်းပါတယ်။ အိမ်ထဲက နေထွက်ပြေးရတာဖိနပ်တောင်မပါဘူး" ဟု မန္တလေးမြို့ခံတစ်ဦးကပြောသည်။
▪️ ယနေ့ စက်တင်ဘာ ၄ ရက်နံနက် ၁၀ နာရီ ၅၁ မိနစ် ၄၈ စက္ကန့်က ကျောက်ဆည်မြို၏ အနောက်-အနောက်တောင်ဘက်(၇)မိုင်ခန့်အကွာ အနက်(၁၀) ကီလိုမီတာကိုဗဟိုပြု၍ အင်အားရသ်(ခ်)တာစကေး(၄ ဒသမ ၂)အဆင့် အင်အားအသင့်အတင့်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
#YMG/SW #Yangon_Times
#Local_News
Published 04 September 2025
▪️ IT နည်းပညာနှင့်ပတ်သက်သော ဟောပြောပွဲကို စက်တင်ဘာလ ၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ MICT Park ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ သိရသည် ။
▪️ အဆိုပါ ဆွေးနွေးပွဲကို Yangon-MCPA မှကြီးမှူး၍ အသင်းဝင်များအတွက် ရည်ရွယ်၍ ကျင်းပသွားမည်ဖြစ်ကာ ကျောင်းသား၊ကျောင်းသူများ၊ စွန့်ဦးတီထွင်လူငယ်များနှင့် Digital နည်းပညာအသုံးပြု၍ ကိုယ်ပိုင်လုပ်ငန်းများတွင် စတင်အသုံးပြုရန် စိတ်ဝင်စားသူများအတွက်ရည်ရွယ်၍ How to Start a Startup Business in Digital Economy ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးသွားမည် ဖြစ်သည်။
▪️ ဟောပြောပွဲတွင် စဉ်ဆက်မပြတ်ပြောင်းလဲနေသော Digital ခေတ်အတွင်း အရင်းအနှီးနည်းနည်းဖြင့် လုပ်ငန်းစတင်ခြင်း၊ ကိုယ်ပိုင်လုပ်ငန်းတည်ထောင်ခြင်း၊ စီးပွားရေးတစ်ခုစတင်ရာတွင် မရှိမဖြစ်သိထားရမည့် Strategy Finance၊ Marketing၊ Sales အစရှိသော စီးပွားရေးစီမံခန့်ခွဲမှု အခြေခံမူများကို ထည့်သွင်းဆွေးနွေးမည် ဖြစ်သည့်အပြင် မိမိတို့၏ စီးပွားရေးလုပ်ငန်းတွင် အသုံးပြုနိုင်မည့် အသုံးဝင် Software များ၊ IT နည်းပညာများနှင့် တခြားသောအသုံးချနည်းပညာများကိုပါ ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည် ။
▪️ အဆိုပါ ဆွေးနွေးပွဲကို စိတ်ပါဝင်စားသူများအနေဖြင့် စက်တင်ဘာလ ၄ ရက်ထက် နောက်မကျစေဘဲ Google Form Link တွင် Register ဝင်ရောက်ပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည် ။
#YMG/NN #Yangon_Times
Page 170 of 2323