#Local_News
Published 10 September 2025
▪️ ကလောမြို့နယ် နန်းသဲကျေးရွာရှိ Kalawe Glamping Adventure Tourism Site ဧရိယာ၌ စွန့်စားခရီးသွားလုပ်ငန်းများ ဖော်ဆောင်နေကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
▪️ အဆိုပါ နန်းသဲကျေးရွာရှိ Kalawe Glamping Adventure Tourism Site ဧရိယာသည် ကလောမြို့၏ ထင်ရှားသော ခရီးသွားဆွဲဆောင်ရာနေရာတစ်ခုဖြစ်ပြီး ၎င်း ဧရိယာအတွင်းရှိ စွန့်စားခရီးသွားလုပ်ငန်း၊ စခန်းချတည်းခိုနေထိုင်ခြင်းဆိုင်ရာ ခရီးသွားလုပ်ငန်း၊ အပန်းဖြေခရီးသွားလုပ်ငန်း၊ ကြိုးတန်းလျှောစီးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု များကိုအားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
▪️ ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက လူငယ်ခရီးသွားလုပ်ငန်း (Youth Tourism)၊ တောင်တန်းဒေသခရီးသွားလုပ်ငန်း (Mountaineering Tourism)၊ အားကစားခရီးသွားလုပ်ငန်း (Sports Tourism)၊ တောတွင်းခရီးသွားလုပ်ငန်း (Jungle Tourism) တို့ကိုပါ တွဲဖက်ဖော်ဆောင်ရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပြည်တွင်း၊ ပြည်ပခရီးသွားများ ပိုမိုလာရောက်လည်ပတ်ကြစေရန် ဈေးကွက်မြှင့်တင် ကြိုးစားကြရေးဆိုင်ရာများကို ဆွေးနွေးမှာကြားသည်။
▪️ ထို့နောက် ဌာနပိုင်ငှားရမ်းထားသော Kalaw Heritage Hotel ၌ ခရီးသွားဧည့်သည်များအတွက် ဝန်ဆောင်မှုကောင်းများပေးစွမ်းနိုင်ရေး ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ကလောမြို့ကို ခရီးသွားမြို့တော်ဖြစ်စေရန် ဝိုင်းဝန်းကြိုးပမ်းပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 09 September 2025
၁။ ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း ကန်ထရိုက်တိုက်ခန်းများအရောင်းအဝယ်ဖြစ်နေ
၂။ ပြည်တွင်း၌ ဆန်စက် ၈,၀၀၀ ကျော် ကြိတ်ခွဲလည်ပတ်နေ
၃။ မုတ်သုံလေအားကောင်းလာခြင်းကြောင့် ၄၈နာရီအတွင်း မိုးအသင့်အတင့်မှ မိုးများနိုင်
၄။ တောင်ကိုရီးယားလူငယ်များ ရုံးပိုင်းထက်အလုပ်ကြမ်းဘက်၌ပိုမိုစိတ်ဝင်စား... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 09 September 2025
▪️ စိုးရိမ်ရေမှတ်ကို ကျော်လွန်နေသည့် စစ်တောင်းမြစ်ရေသည် နောက်တစ်ရက်အတွင်းထပ်မံမြင့်တက်လာနိုင်ကြောင်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။
▪️ စစ်တောင်းမြစ်ရေ တောင်ငူမြို့တွင် ပြီးခဲ့သည့် စက်တင်ဘာ(၅)ရက်မှ (၈)ရက်အထိ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ရောက်ရှိခဲ့ရာမှ ယနေ့တွင် စိုးရိမ်ရေမှတ်ကို ပြန်လည်ကျော်လွန်လာခဲ့ခြင်းဖြစ်ကြောင်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ စက်တင်ဘာ(၉)ရက် ၊ နံနက်ပိုင်းအချိန်တိုင်းတာချက်များအရ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ ပေဝက်ခန့်ကျော်လွန်နေပြီး နောက်(၁)ရက်အတွင်း (၃)လက်မ ထပ်မံမြင့်တက်လာနိုင်ကြောင်း သိရသည်။
▪️ ထို့ကြောင့် တောင်ငူမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေ နိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုနိုင်ရန် နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားနိုင်ရန်လည်း အသိပေးနှိုးဆော်ထားသည်။
#YMG/SW #Yangon_Times
တိုင်ဖွန်းမုန်တိုင်း အကြွင်းအကျန်များဝင်ရောက်ခြင်းနဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ မုတ်သုံလေအားအသင့်အတင့်မှ အားကောင်းလာခြင်းတွေကြောင့် တိုင်းနှင့်ပြည်နယ်ခုနှစ်မှာ ၂၄ နာရီ မှ ၄၈ နာရီအတွင်း မိုးအသင့်အတင့်မှ မိုးများနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က အသိပေးထားပါတယ်။
#Local_News
Published 09 September 2025
#တိုင်ဖွန်းမုန်တိုင်း #ပင်လယ်အော်တောင်ပိုင်း
#YMG/SW #Yangon_Times
#Local_News
Published 09 September 2025
▪️ ယခုစက်တင်ဘာလအတွက် ကုန်သေတ္တာတင်သင်္ဘော (၅၉)စီး ကို ကနဦးပြေးဆွဲ ရန်လျာထားပြီး ထပ်မံ၍လည်း တိုးချဲ့ပြေးဆွဲပေးသွားရန်ရှိကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(MPA)က အသိပေးထားသည်။
▪️ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအတွက် ကုန်သေတ္တာတင် သင်္ဘောစာရင်း
ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရန်၊ ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များ တိုးမြှင့်တင်သွင်းနိုင်ရန် စသည့်အချက်များအရ ကုန်သေတ္တာသင်္ဘောလိုင်းအသီးသီးမှ ခရီးစဉ်များပြန်လည်တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားကြောင်းသိရသည်။
▪️ စက်တင်ဘာလတွင် လတ်တလော ကုန်သေတ္တာတင် သင်္ဘော (၅၉)စီး ပြေးဆွဲ သွားမည်ဖြစ်ပြီး ထပ်မံတိုးချဲ့ပြေးဆွဲမည့် စာရင်းများကိုလည်း အချိန်နှင့် တပြေးညီတင်ပြသွားမည်ဖြစ်ကြောင်း သိရသည် ။
#YMG/NN #Yangon_Times
#Local_News
Published 09 September 2025
▪️ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအောက်ရှိ ကျေးလက် ကျန်းမာရေးဌာနနှင့်ဌာနခွဲ ၂၄ ခု ပြန်လည်ဖွင့်လှစ်ထားရှိပြီးကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးနေ ကြောင်းသိရသည်။
▪️ ထို့အပြင် ပဏာမကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများနှင့် အသက် ၁၅ နှစ်အောက်ကလေးများကို ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ပြန်လည်အားဖြည့်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည် ။
▪️ ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၅ ရက်မှ စက်တင်ဘာလ ၆ ရက်အထိ နောင်ချိုမြို့ပေါ်နှင့် ကျေးရွာများရှိ ကျောင်းပေါင်း ၇၆ ကျောင်းနှင့်ကျောင်းသားပေါင်း ၁၂,၁၇၈ ဦးကို ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ပေးခဲ့ပြီး မြို့ပေါ်နှင့်ကျေးလက်ကျန်းမာရေးဌာနများမှာ ဒေသခံ တိုင်းရင်းသားပြည်သူ စုစုပေါင်း ၂၄၁၉ ဦးကို လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည် ။
▪️ ထို့အတူ ဇူလိုင်လ ၂၅ ရက်မှ စက်တင်ဘာလ ၆ ရက်အထိ ကလေး စုစုပေါင်း ၁၂၀၉၇ ဦးကို လိုအပ်သောကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးနိုင်ခဲ့သည့် အပြင် ဇူလိုင်လ ၂၀ ရက်မှစ၍ နောင်ချိုမြို့ “မြနန်းတော်ဝင်” မင်္ဂလာခန်းမ၌ ယာယီဆေးရုံဖွင့်လှစ်၍ ဒေသခံတိုင်းရင်းသားပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်းသိရသည်။
▪️ အလားတူ နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံကိုလည်း သြဂုတ်လ ၂ ရက်မှာပြန်လည်ဖွင့်လှစ်ခဲ့ရာ ဇူလိုင်လ ၂၀ ရက်မှ စက်တင်ဘာ ၆ ရက်အထိ ပြင်ပလူနာ ၃,၄၅၀ နှင့် အတွင်းလူနာ ၃၇၈ ဦးတို့ကို လိုအပ်သော ကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသိရသည် ။
#YMG/NN #Yangon_Times
#Local_News
Published ၀9 September 2025
▪️ ယနေ့ကျင်းပမည့်၂၀၂၆ အာရှဖလားခြေစစ်ပွဲ ယူ ၂၃ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(B)မြန်မာအသင်းနှင့် အာဖဂန်နစ္စတန် အသင်းခြေစစ်ပွဲစဉ်ကို MRTV မှ တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်းသိရသည်။
▪️ ၂၀၂၆ အာရှဖလားခြေစစ်ပွဲ ယူ ၂၃ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(B)ပွဲစဉ်များကို စက်တင်ဘာလ ၃ရက် မှ ၉ရက်အထိ ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ကျင်းပလျှက်ရှိရာ ယနေ့ညနေ ၄နာရီတွင် မြန်မာ့လက်ရွေးစင်ယူ၂၃ အမျိုးသားဘောလုံးအသင်းနှင့်အာဖဂန်နစ္စတန် အသင်းတို့ယှဥ်ပြိုင်ကစားမည်ဖြစ်ကြောင်းသိရသည်။
▪️ ထိုပွဲစဉ်အား ညနေ ၃နာရီ ၄၅မိနစ်မှ စတင်ကာ MRTV HD Channel,MRTV Entertainment Channel နှင့် မြန်မာ့အသံရေဒီယိုတို့မှ တိုက်ရိုက်(live)ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 165 of 2323