အခုတစ်ပတ်အတွက်စက်သုံးဆီ ရည်ညွှန်းဈေးတွေမှာ 95 မှအပ ကျန်စက်သုံးဆီဈေးနှုန်း အားလုံးမြင့်တက်နေတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ဒီကနေ့ထုတ်ပြန်ချက်အရ သိရပါတယ်။
#Local_News
Published 05 September 2025
#စက်သုံးဆီဈေးနှုန်း
#YMG/NN #Yangon_Times
အရေးတကြီးထိန်းသိမ်းသင့်ပြီး မျိုးသုဉ်းဖို့ အလွန်နီးကပ်နေတဲ့မျိုးစိတ်တစ်ခုထဲမှာပါဝင်တဲ့ Indochinese Leopardမျိုးစိတ်မှ ကျားသစ်တစ်ကောင် ပေါက်ဖွားခဲ့တယ်လို တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)မှ သိရပါတယ်။
#Local_News
Published 05 September 2025
#ကျားသစ် #တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)
#YMG/SW #Yangon_Times
အင်းလေးဖောင်တော်ဦးဘုရားပြုပြင်မှုပြီးစီးသွားပြီဖြစ်တာကြောင့် ယခုလ(၆)ရက်မှစတင်ကာ ပြန်လည်ဖူးမျှော်ကြည်ညိုနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 05 September 2025
#အင်းလေးဖောင်တော်ဦး
#YMG/SW #Yangon_Times
#Local_News
Published 05 September 2025
▪️ ငလျင်ကြောင့်ပြိုကျခဲ့ရသည့် မန္တလေးမြို့ရှိ Sky Villa အဆောက်အဦမှ အမျိုးသား(၁)ဦး၏ ရုပ်အလောင်းအား ရှာဖွေတွေ့ရှိထားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးသွားသော Sky Villa အဆောက်အအုံ A အဆောင်အား မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် အောင်မြေသာစံမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
▪️ ထိုသို့ ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၅ ရက်နေ့တွင် အဆောင် (A) မှ အမျိုးသား(၁)ဦး၏ ရုပ်အလောင်းအား မနက် ၁၀ နာရီ၅ မိနစ်အချိန်တွင် ထပ်မံထုတ်ယူနိုင်ခဲ့ပြီး မာလာမေတ္တာလူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 05 September 2025
▪️ မြစ်ကြီးနားမြို့နယ်၌ ကြက်ခြံမီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ တစ်နာရီခွဲ ကျော် ကြာငြိမ်းသတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။
▪️ စက်တင်ဘာ ၄ ရက်နေ့၊ နေ့လယ် ၂နာရီ ၅ မိနစ်အချိန်ခန့်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နန်းကွေ့ကျေးရွာ၊ နယ်မြေ(၅)၊ ခြံအမှတ်(၅) တွင် ကြက်ခြံမီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် မြစ်ကြီးနားမြို့နယ်အတွင်းရှိ မီးသတ်ယာဉ်(၆)စီး၊ မီးသတ်ရေသယ်ယာဉ်(၄)စီး၊ ရမ်ပူအရန်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ မြို့နယ်စည်ပင်မှ ရေသယ်ယာဉ်(၁)စီး တို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၃နာရီခွဲအချိန်၌ မီးငြိမ်းခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 05 September 2025
▪️ ယမန်နေ့ညပိုင်းကဒဂုံမြို့နယ်အလုံလမ်းနှင့်ပြည်လမ်းထောင့်တွင် ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားပြီးယာဉ်မောင်းအမျိုးသားသေဆုံးမှုဖြစ်ပွားခဲ့ကြောင်းအနာဂတ်အလင်းတန်းပရဟိတအသင်းမှ သိရသည်။
▪️ ဖြစ်စဉ်မှာ စက်တင်ဘာလ(၄)ရက် ည၁၁နာရီ ၁၅မိနစ်အချိန်ခန့်က ဒဂုံမြို့နယ် အလုံလမ်းနှင့်ပြည်လမ်းထောင့်တွင်ကိုယ်ပိုင်ကားတစ်စီးမှလမ်းလယ်ကျွန်းသစ်ပင်အားဝင်တိုက်မိရာမှတိုက်မိသည့်အရှိန်ဖြင့်ယာဉ်မောင်းအမျိုးသားတစ်ဦးကားခေါင်းခန်းအတွင်းသေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ အခင်းဖြစ်ပွါးရာနေရာမှရုပ်အလောင်းအား အနာဂတ်အလင်းတန်းပရဟိတအသင်းမှလူနာတင်ယာဉ်ဖြင့်ရန်ကုန်ဆေးရုံကြီးသို့အခမဲ့ပို့ဆောင်ကူညီပေးခဲ့ ကြောင်းသိရသည်။
▪️ အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားသည့်နေရာသည် မကြာခဏယာဉ်တိုက်မှုဖြစ်ပွားသည့်နေရာဖြစ်ကြောင်း လူမှုကွန်ရက်အသုံးပြုသူများက မှတ်ချက်ပြုထားကြပြီး ယခုယာဉ်တိုက်မှုဖြစ်ပွားခြင်းမှာ စက်ဘီးတစ်စီးအားရှောင်လိုက်ရာမှ သစ်ပင်ကိုဝင်တိုက်မိခြင်းဖြစ်ကြောင်းကိုလည်း သေဆုံးသူ၏ အမဖြစ်သည်ဟုဆိုသူက လူမှုကွန်ရက်တွင်ပြန်လည်ရှင်းလင်းပြောကြားထားသည်။
#YMG/SW #Yangon_Times
#Daily_News
Published 04 September 2025
၁။ ပန်းခင်းစီမံချက်ဖြင့်လူဦးရေ(၉)သန်းကျော်ကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးထား
၂။ ထိုင်းကုန်စည်များကို လမ်းကြောင်းပြောင်းပို့ရန် အကြံပြုထား
၃။ ဆန်နှင့်ဆန်ကွဲတန်ချိန်နှစ်သိန်းနီးပါးကို အာရှနှင့်ဥရောပနိုင်ငံများသို့တင်ပို့ထား
၄။ တရုတ်မြန်မာအိန္ဒိယဒုတိယကမ္ဘာစစ်ဇာတ်ခုံမှအဓိကပါဝင်ခဲ့သောအမေရိကန်ဗိုလ်ချုပ်ဇာတ်လမ်း တရုတ်၌အမှတ်ရနေဆဲ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 169 of 2323