#Local_News
Published 06 September 2025
▪️ ပုဂ္ဂလိကဝါးစိုက်ခင်းများ တည်ထောင်မှုကိုလည်း စိစစ်ခွင့်ပြုပေးနေကြောင်းသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီကပြောသည်။
▪️ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက သစ်အခြေခံစက်မှုလုပ်ငန်းရှင်များ၊ ကြိမ်၊ ဝါး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးစဉ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
▪️ သစ်အခြေခံစက်မှုလုပ်ငန်းရှင်များ၊ ကြိမ်၊ ဝါး အချောထည်လုပ်ငန်းရှင်များ၊ သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းမှ တာဝန်ရှိသူများနှင့် ယမာန်နေ့က ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြိုနယ်ရှိ သစ်တောထွက်ပစ္စည်း ဖက်စပ်ကော်ပိုရေးရှင်းရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးစဉ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည် ။
▪️ ပြည်ထောင်စုဝန်ကြီးက သစ်အခြေခံစက်မှုလုပ်ငန်းများအတွက် လိုအပ်သောကုန်ကြမ်းများကို သဘာဝတောများနှင့် နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်စိုက်ခင်းများမှ ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ ထိုအတူ ဝါးနှင့်ကြိမ်လုပ်ငန်းများအတွက် သဘာဝ တောများမှ နှစ်စဉ် ဝါးလုံးရေ ၃၁၈ သန်းနှင့် ကြိမ်လုံး ရေ ၇၇ သန်း ထုတ်ပေးလျက်ရှိပြီး ပုဂ္ဂလိကဝါးစိုက်ခင်းများ တည်ထောင်မှုကိုလည်း စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်း ဆိုသည်။
▪️ ထို့အပြင် စျေးကွက်လိုအပ်ချက်နှင့်ကိုက်ညီသော သစ်၊ ဝါး၊ ကြိမ် အချောထည်များကို နည်းပညာအသုံးပြု၍ တိုးမြှင့်ထုတ်လုပ် တင်ပိုနိုင်ပါက အလုပ်အကိုင်အခွင့်အရေးများ ပိုမိုရရှိစေမည့်အပြင် နိုင်ငံ့စီးပွားဖွံဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ ကုန်ကြမ်းရရှိရေး၊ ထုတ်လုပ်သည့် အချောထည်များ ပြည်တွင်း၊ ပြည်ပစျေးကွက်ရရှိရေး၊ ကုန်ချောများတင်ပို့ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက်ဌာနနှင့် လုပ်ငန်းရှင်များပေါင်းစပ်ညှိနှိင်း ဆောင်ရွက်သွားရန် ပြောကြားသည်။
▪️ ထိုနောက်လုပ်ငန်းရှင်များက လုပ်ငန်းအမျိုးအစားအလိုက် ကုန်ကြမ်းရရှိမှု၊ ကုန်ချောထုတ်လုပ်မှုနှင့် စျေးကွက်အခြေအနေ၊ တွေ့ကြုံရသော အခက်အခဲများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
▪️ ထို့နောက် သန်လျင်မြိုနယ်ရှိ မြန်မာ့သစ်လုပ်ငန်း အမှတ်(၃) ပရိဘောဂစက်ရုံ၌ စက်ရုံမှတာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီး က မြန်မာ့သစ်လုပ်ငန်းအနေဖြင့် တန်ဖိုးမြှင့်သစ်အချောထည်များထုတ်လုပ်ပြီး ပြည်တွင်း၊ ပြည်ပစျေးကွက်များရှာဖွေ၍ ရငွေလျာထားချက် ပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်သွားရန်မှာကြားပြီး စက်ရုံအတွင်း တန်ဖိုးမြှင့်ခွဲသားများ ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အမှတ်(၁) ပရိဘောဂစက်ရုံနှင့် အမှတ်(၂) ပရိဘောဂစက်ရုံများ၌ တန်ဖိုးမြှင့်ခွဲသား၊ ကြမ်းခင်းတုံးနှင့် အိမ်သုံး၊ ရုံးသုံးပရိဘောဂအချောထည်များထုတ်လုပ်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 06 September 2025
▪️ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်ကူမင်းမြို့တွင် ယနေ့ စက်တင်ဘာ ၆ ရက် မနက်က Global South Media and Think Tank Forum ကျင်းပသည်။
▪️ ဖိုရမ်သို့မြန်မာနိုင်ငံအပါအဝင် Global South နိုင်ငံများမှ အစိုးရအဖွဲ့အစည်းများ၊ Think Tank နှင့်မီဒီယာအဖွဲ့အစည်း ၁၀၀ ကျော်မှ ကိုယ်စားလှယ်များတက်ရောက်ကြသည်။
▪️ တရုတ်ဒုတိယပြန်ကြားရေးဝန်ကြီးနှင့် ယူနန်ပြည်နယ် ကွန်မြူနစ်ပါတီအတွင်းရေးမှုး၊ ဆင်ဟွာ သတင်းဌာနအကြီးအကဲတို့က ဖွင့်ပွဲတွင်အမှာစကားပြောကြားသည်။
▪️ မြန်မာအစိုးရပြန်ကြားရေး ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် အခြားသောနိုင်ငံများမှပြန်ကြားရေးဆိုင်ရာ အဆင့်မြင့်ပုဂ္ဂိုလ်များနှင့်အတူ အမှာစကားများပြောကြားခဲ့ကြသည်။
#ymg/knl
အခုနှစ် ရှစ်လတာအတွင်း ကန်ဒေါ်လာသန်းပေါင်း (၃၅၀) ကျော်
တန်ဖိုးရှိတဲ့ ဆန်နဲ့ဆန်ကွဲ တန်ချိန်တစ်သန်းကျော်အထိ တင်ပို့ထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကသိရပါတယ်။
#Local_News
Published 06 September 2025
#ဆန်နှင့်ဆန်ကွဲ #မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
#YMG/NN #Yangon_Times
#Local_News
Published 06 September 2025
▪️ မန္တလေးငလျင်ကြီးကြောင့် လျှပ်စစ်ကဏ္ဍတွင် ငွေကျပ်သန်းပေါင်း ၁၅၃၀၀၀ ကျော် ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ကြောင်း ယမာန်နေ့က ကျင်းပသည့် လျှပ်စစ်၊ စွမ်းအင်ကဏ္ဍနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု စကားဝိုင်းဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကပြောကြားခဲ့သည်။
▪️ ထိုသို့ပြောကြားရာတွင်ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့် လျှပ်စစ်ကဏ္ဍတွင် ငွေကျပ်သန်းပေါင်း ၃၆၀၀ ကျော်၊ ၂၀၂၄ ခုနှစ် တိုင်ဖွန်းမုန်တိုင်းရာဂီနှင့် ဆက်စပ်ရေကြီး ရေလျှံမှုများကြောင့် လျှပ်စစ်ကဏ္ဍတွင် ငွေကျပ်သန်းပေါင်း ၂၂၀၀၀ ကျော်ဆုံးရှုးခဲ့ကြောင်း၊ ရာဂီမုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံပြုပြင်ခြင်းနှင့် Rotor Pole များ ပြုပြင်ခြင်းအတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံ ငွေမှငွေကျပ်သန်းပေါင်း ၄၀၀၀၀ ကျော် ကျခံဆောင်ရွက်ပေးခဲ့ကြောင်း၊ လတ်တလောကြုံတွေ့ခဲ့ရသည့် မန္တလေးငလျင်ကြီးကြောင့် လျှပ်စစ်ကဏ္ဍတွင် ငွေကျပ်သန်းပေါင်း ၁၅၃၀၀၀ ကျော် ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ပြီး စွမ်းအင်ကဏ္ဍတွင် ငွေကျပ်သန်းပေါင်း ၃၄၀ ကျော် ဆုံးရှုံးခဲ့ကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတွင် ဘေးဒဏ်ခံနိုင်ရည်ရှိသော အခြေခံအဆောက်အအုံများ တည်ဆောက်ရန် လိုအပ်သကဲ့သို စွမ်းအင်ထုတ်လုပ်သိုလှောင်မှု နည်းစနစ်များ၊ လျှပ်စစ်ဓာတ်အားထုတ်လွှတ်၊ ဖြန့်ဖြူးမှုများတွင်လည်း ခေတ်မီနည်းပညာများနှင့် ဆောင်ရွက်ထားနိုင်မှသာ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
▪️ ထိုနောက် ဒုတိယဝန်ကြီးက စကားဝိုင်းဆွေးနွေးပွဲတွင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ကဏ္ဍအလိုက်ဆောင်ရွက်နေမှုများ၊ ဆောင်ရွက်ရန်စီမံထားရှိမှုများ၊ ဆောင်ရွက်သင့်သည်များကို ဝိုင်းဝန်းဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
▪️ ယင်းနောက် စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတိုမှ ဘာသာရပ်ဆိုင်ရာပညာရှင်များက ကဏ္ဍအလိုက်ပါဝင်ဆွေးနွေးကြပြီး တက်ရောက်လာ ကြသူများက သိရှိလိုသည်များကို မေးမြန်းခြင်းနှင့် အပြန်အလှန် ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါဆွေးနွေးပွဲကိုလျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတိုပူးပေါင်း၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရဲရွာခန်းမ၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြ ကြောင်းသိရသည်။
#YMG/NN #Yangon_Times
မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးရဲ့ အကူအညီနဲ့ ဒို့အိမ်က စီမံဆောင်ရွက်နေတဲ့ The Women in Construction and Community Centre Restoration စီမံကိန်းအရ ရန်ကုန်၊ သန်လျင်မြို့မှာ တည်ရှိတဲ့ အမွေအနှစ်အဆောက်အအုံတစ်ခုကို ဆောက်လုပ်ရေးကျွမ်းကျင် အမျိုးသမီးလုပ်သားများ၊ ပညာရှင်များနဲ့အတူ ပြန်လည်ပြုပြင်ထိန်းသိမ်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 06 September 2025
#ဂျာမနီ #ရန်ကုန်_သန်လျင်မြို့
#YMG/SW #Yangon_Times
#Daily_News
Published 05 September 2025
၁။ အင်းလေးဖောင်တော်ဦးဘုရား(၆)ရက်နေ့မှ စတင်ကာပြန်လည်ဖွင့်လှစ်မည်
၂။ မျိုးသုဉ်းရန်အလွန်နီးကပ်နေသော Indochinese Leopardမျိုးစိတ် ကျားသစ်တစ်ကောင်ပေါက်ဖွား
၃။ (95)မှအပ ကျန်စက်သုံးဆီဈေးနှုန်းအားလုံးမြင့်တက်
၄။ စစ်ရေးပြပွဲ၌ကြည်းရေလေသုံးမျိုးစလုံး၏မောင်းသူမဲ့စစ်လက်နက်စွမ်းရည်များအား တရုတ်ပြသ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ကမ္ဘာ့ရွှေဈေး အတက်ကြမ်းနေတာကြောင့် အခုတစ်ပတ်အတွင်း ရည်ညွှန်းဈေးနဲ့ပြင်ပပေါက်ဈေးတွေဆက်လက်မြင့်တက်လာတယ်လို့ ရွှေဈေးကွက်ထဲကသိရပါတယ်။
#Local_News
Published 05 September 2025
#ကမ္ဘာ့ရွှေဈေးအတက်ကြမ်း #ရွှေ
#YMG/NN #Yangon_Times
Page 168 of 2323