#Local_News
Published_ 2 May 2023
ပြည်တွင်းကရွှေတွေကို အိမ်နီးချင်းနိုင်ငံတွေကို တရားမဝင်ရောင်းချတာတွေ ရှိနေတာကိုလည်းစုံစမ်းစစ်ဆေး ဖော်ထုတ်သွားမယ်လို့ ရန်ကုန် ရွှေအသင်းက ဥက္ကဌဦးမျိုးမြင့်က ပြောပါတယ်။
#Local_News #အရေးယူမယ် #ပြင်ပရွှေဈေး #ဆက်တိုက်ကျဆင်း
#YMG #Yangon_Media_Group
Published 2May 2023
တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး၏ ယခုကဲ့သို့ ခရီးစဉ်လာရောက်မှုမှာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ဖော်ပြနေသည်သာမကတရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ ရပ်တည်နေမှုကိုပြသခြင်းပင်ဖြစ်တယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ကို နေပြည်တော်သို့ရောက်ရှိနေတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး H. E. Mr. Qin Gang မစ္စတာချင်ကန်ကမေလ (၂)ရက် အင်္ဂါနေ့က တွေ့ဆုံစဉ်ပြောကြားခဲ့တယ်လို့သိရပါတယ်။
နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ် နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး H. E. Mr. Qin Gang အား မေလ(၂)ရက်မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိနစက ဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ရာမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ယင်းကဲ့သို့ပြောဆိုခဲ့တာဖြစ်တယ်လို့ နစက သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးက ယခုကဲ့သို့မိမိအနေဖြင့် မြန်မာနိုင်ငံသို့ခရီးစဉ်လာရောက်ခြင်းမှာ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ချိန်တွင် ပထမဆုံးအကြိမ်အဖြစ်လာရောက်ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ခရီးစဉ်လာရောက်မှုမှာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ဖော်ပြနေသည်သာမကတရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ ရပ်တည်နေမှုကိုပြသခြင်းပင်ဖြစ်ကြောင်း ဗိုလ်ချူပ်မှူးကြီးကို ပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် နှစ်နိုင်ငံသံတမန်ဆက်ဆံမှုနှင့် ချစ်ကြည်ရင်းနှီးမှု၊ ပူပေါင်းဆောင်ရွက်မှုများပိုမိုမြှင့်တင်ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများနှင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ကုန်သွယ်မှုများ မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ စွမ်းအင်နှင့်လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများနှင့် နိုင်ငံရေးကဏ္ဍ၊ နိုင်ငံခြားရေးကဏ္ဍနှင့်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ နစက ဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် နှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Mr. Chen Hai နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
#ymg/knl
✅Website>>>>
✅Telegram>>>
#တရုတ်နိုင်ငံခြားရေးဝန်ကြီး
#ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်
#တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီးQin Gan








#Local_News
Published_ 2 May 2023
မေလ(၂)ရက်မှစပြီးနောက်နှစ်ရက်အတွင်း ရန်ကုန်အပါအဝင်ဒေသအချို့မှာ နေရာကွက်ပြီးမိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်၊၊
#Local_News #ရန်ကုန်အပါအဝင် #နေရာကွက်၍မိုးထစ်ချုန်းရွာနိုင်
#YMG #Yangon_Media_Group
#Local_News
Published_ 2 May 2023
ကဆုလပြည့်ဗုဒ္ဓနေ့ကိုရည်မှတ်ပြီး ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ သံဃာတော် (၁၁၁၁၁)ပါးနဲ့ ဗုဒ္ဓါဘိသေကအနေကဇာတင်မင်္ဂလာအခမ်းအနားနှင့်ဆွမ်းဆန်စိမ်းစုပေါင်းလောင်းလှူပွဲမင်္ဂလာအခမ်း အနားကျင်းပပြုလုပ်ခဲ့တယ်လိုသိရပါတယ်၊၊
#Local_News #ကဆုန်လပြည့်ဗုဒ္ဓနေ့ #ရွှေတိဂုံစေတီတော် #အနေကဇာတင်အခမ်းအနား
#YMG #Yangon_Media_Group
#Local_News
Published_ 2 May 2023
လတ်တလောမှာ ကိုဗစ်ပိုးတွေ့လူနာတွေများလာသလို ပိုးတွေ့လူနာနဲ့ထိစပ်မိသူတွေလည်းများပြားလာပြီးမြောက်ဥက္ကလာပမြိုနယ်ထဲမှာ တစ်ရက်တည်းမှာပင်ကိုဗစ်သံသယရှိလိုကိုဗစ်ပိုးစစ်ဆေးဖိုပိုဆောင်ရမယ့်သူ(၂၅)ဦးအထိရှိနေတယ်လို လူမှုကူညီရေးအဖွဲထံမှသိရပါတယ်၊၊
#Local_News #ကိုဗစ်ပိုးတွေ့လူနာ #ကိုဗစ်သံသယရှိသူ
#YMG #Yangon_Media_Group
#Daily_News
Published_ 2 May 2023
၁။ ကိုဗစ်ပိုးတွေ့လူနာ နှင့်ထိစပ်မိသူများ ပိုများလာ ၊မြောက်ဥက္ကလာတွင် တစ်ရက်အတွင်းကိုဗစ်သံသယရှိသူ (၂၅)ဦးအထိ ပိုဆောင်စစ်ဆေးပေးနေရ
၂။ ကဆုန်လပြည့် ဗုဒ္ဓနေ့ကိုရည်မှတ်၍ ရွှေတိဂုံစေတီတော်တွင် သံဃာတော်(၁၁၁၁၁)ပါးဖြင့်အနေကဇာတင် အခမ်းအနားနှင့် ဆွမ်းဆန်စိမ်း စုပေါင်းလောင်းလှူပွဲကျင်းပ
၃။ နောက်နှစ်ရက်အတွင်း ရန်ကုန်အပါအဝင် ဒေသအချို့တွင် နေရာကွက်၍ မိုးထစ်ချုန်းရွာနိုင်
၄။ ယခင်ကထက် ခရီးသွားဧည့်သည်များ ရောက်ရှိလာစေရန် ဂျပန်ခရီးသွားလုပ်ငန်းများ မျှော်လင့်ဆောင်ရွက်နေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 2 May 2023
ယခုသီတင်းပါတ်အတွက်စားသုံးဆီတင်သွင်သိုလှောင်ဖြန်ဖြူးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီကလက်ကားဈေးစားအုန်းဆီတစ်ပိသာကို၄၅၇၀ကျပ်သတ်မှတ်ကြောင်းသိရပါတယ်။
#Local_News #စားအုန်းဆီ #လက်လီလက်ကားဈေး
#YMG #Yangon_Media_Group
Page 1613 of 2529