#World_Science
Published 20 July, 2025
▪️ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၂ သန်းခန့်က ကမ္ဘာပေါ်က သက်ရှိအားလုံးနီးပါး ပျောက်ကွယ်ခဲ့ပါတယ်။
▪️ ရေနေမျိုးစိတ် ၉၄ ရာခိုင်နှုန်း၊ ကျောရိုးရှိသတ္တဝါ ၇၀ ရာခိုင်နှုန်း ပျောက်ကွယ်သွားပြီး အပူချိန်ထိန်းညှိပေးတဲ့ အပူပိုင်းသစ်တောတွေလည်း အလွန်အမင်း နည်းပါးသွားပါတယ်။
▪️ ဒါဟာ ရုတ်တရက် ဖန်လုံအိမ်ဓာတ်ငွေ့ မြင့်တက်ပြီး ကမ္ဘာကြီးပူနွေးလာတာကြောင့်လို့ သိပ္ပံပညာရှင်များ သဘောတူထားပါတယ်။
▪️ ဒါပေမဲ့ ဒီလိုမျိုး အလွန်အမင်း ပူပြင်းတဲ့အခြေအနေက ဘာကြောင့် နှစ်သန်းပေါင်းများစွာတိုင်အောင် ဆက်ရှိနေလဲ။
▪️ အပူပိုင်းသစ်တောများ နည်းပါးသွားခြင်းကြောင့် ကမ္ဘာကြီးဟာ ဖန်လုံအိမ်လိုဖြစ်လာစေတယ်လို့ ဖော်ပြထားပါတယ်။
▪️ ပါမီယန်-ထရိုင်ယက်ဆစ် မျိုးသုဉ်းခြင်းဖြစ်စဉ်မှာ အရည်ပူကျောက် အမြောက်အများ ပေါက်ထွက်စေပြီး ဘေးနားက ကျောက်တုံးတွေကိုပါ အရည်ပျော်စေကာ ကမ္ဘာ့လေထုထဲသို့ ကာဗွန်ဒိုင်အောက်ဆိုဒ် အများအပြားကို နှစ်ပေါင်း ၅ သိန်းလောက်အထိ ထုတ်လွှတ်စေပါတယ်။
▪️ ဒီကနေ အပူချိန်မြင့်တက်စေပြီး သက်ရှိအများစု ပျက်စီးရတဲ့အကြောင်းအရင်း ဖြစ်လာပါတယ်။
▪️ အဆိုပါ သက်ရောက်မှုတွေက ပျမ်းမျှအီကွေတာအပူချိန်ကို ၈ ဒီဂရီဆဲလ်စီးယပ်စ်ခန့် ပိုမိုမြင့်တက်စေပြီး နှစ်ပေါင်း ၅ သန်းခန့် ကြာရှည်ဖြစ်ပျက်နေပါတယ်။
▪️ ဒီထဲမှာ သစ်တာနဲ့ အပင်အများအပြား အသက်မရှင်နိုင်တော့ဘဲ အော်ဂဲနစ်ကာဗွန်စက်ဝန်း ရုတ်တရက်ထိခိုက်စေပါတယ်။
▪️ ယနေ့ခေတ်မှာဆို ရာသီဥတုပြောင်းလဲမှုတွေ ဖြစ်နေတာ ရာစုနှစ်အထိ ရှိလာပြီး သေချာအာရုံစိုက် မထိန်းသိမ်းနိုင်ရင် ဒီပြောင်းလဲမှုကြီးတွေကို ထိန်းချုပ်နိုင်မှာ မဟုတ်ပါဘူး။
#Source: The Conversation