#World_Health
Published 20 July, 2025

▪️ ရေချိုးတဲ့အခါ ရေဆူမှတ်အောက်အပူချိန်နီးပါး အသုံးပြုတာနဲ့ပတ်သက်ပြီး ဂျာမနီမှ ဒေါက်တာ မက်စ်မက်ဒါဟာလီက ပြောပြပါတယ်။

▪️ ရေပူနဲ့ရေချိုးတဲ့ပုံစံက တစ်တော့တွေမှာ ပျံ့နှံ့နေပြီး ရေဆူမှတ်အောက်အပူချိန်နီးပါးဖြင့် ရေချိုးသူတွေထဲကတစ်ချို့ မှတ်ချက်ပေးလာကြပါတယ်။

▪️ အလွန်ပူတဲ့ရေနဲ့ ထိတွေ့ခြင်းက သွေးကြောတွေ ရုတ်တရက်ကျယ်လာပြီး သွေးပေါင်ထိုးကျကာ သတိလစ်ရာကနေ ရေချိုးခန်းကြမ်းပြင်၊ နံရံတွေနဲ့ ဦးခေါင်းရိုက်မိတာမျိုး ဖြစ်နိုင်ပါတယ်။

▪️ ရေပူနဲ့ ကြာကြာထိတွေ့တဲ့အခါ အရေပြားပေါ်က အက်ဆစ်အလွှာထိခိုက်စေသဖြင့် ရေဆုံးရှုံးမှုဖြစ်ခြင်း၊ အရေပြားရောဂါများ ပိုမိုဆိုးရွားခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

▪️ ရေကိုအပူချိန်မြင့်မားစွာဖြင့် ချိုးတဲ့အခါ သွေးပေါင်ချိန်ကျဆင်းသွားပြီး နှလုံးခုန်နှုန်းမြင့်တက်စေသဖြင့် နှလုံးသွေးကြောကျန်းမာရေးကို ထိခိုက်စေပါတယ်။

▪️ ရေနွေးနဲ့ချိုးမယ်ဆိုရင် အပူချိန် ၃၇ မှ ၃၈ ဒီဂရီဆဲလ်စီးယပ်စ်က စိတ်ချရပြီး ကြာမြင့်စွာချိုးရင်တော့ ခန္ဓာကိုယ်အပူချိန် မြင့်တက်လာကာ မူးဝေခြင်း၊ အပူလျှပ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။

▪️ ရေအပူချိန်စမ်းသပ်တဲ့အခါမှာ လက်ကောက်ဝတ်၊ လက်မောင်းနေရာတို့ဖြင့် စမ်းသပ်နိုင်ပါတယ်။

▪️ ရေချိုးနေစဉ် ခံစားရတဲ့အခြေအနေကို သတိထားသင့်ပြီး အပူချိန်ကို အတော်အသင့်သာထားဖို့ အရေးကြီးကြောင်း ရေချိုးခန်းသုံးပစ္စည်းထုတ်လုပ်ရေး Mira Showers က ပြောထားပါတယ်။

#Source: The Jerusalem Post