#Local_News
Published 12 September 2025
▪️ ဗုဒ္ဓံသရဏံဂစ္ဆာမိ သီချင်းကို DJ တီးခတ်ခဲ့ သူ DJ Violet ဖမ်းဆီးခံရကြောင်း သတင်းများထွက်ပေါ်လျက်ရှိပြီး ၎င်း DJ တီးခတ်ခဲ့သည့် မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်ရှိ COVER Entertainment ကလပ်ကို လည်း စက်တင်ဘာ ၁၁ ရက်တွင် ပိတ်သိမ်းအရေးယူမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
▪️ ပြီးခဲ့သည့် ရက်ပိုင်းက DJ Violet ၏ ဗုဒ္ဓံသရဏံဂစ္ဆာမိ သီချင်းကို DJဖြင့် Remix ပြုလုပ် တီးခတ်ခဲ့သည့် ရုပ်သံဖိုင်များ လူမူကွန်ရက်တွင် ပြန့်နှံလာခဲ့ပြီးနောက် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ပြီး အဆိုပါ ဗုဒ္ဓံသရဏံဂစ္ဆာမိ သီချင်းကို ကလပ်၌ DJ တီးခတ်မိသည့်အတွက် DJ Violet က စက်တင်ဘာ ၁ဝ ရက်တွင် လူမှုကွန်ရက်မှတဆင့် တောင်းပန်ခဲ့ကာ စက်တင်ဘာ ၁၁ ရက်တွင်လည်း သင်္ဃန်းကျွန်းမြို့နယ် သံဃနာယကအဖွဲ့ထံတွင် ဝန်ချတောင်းပန်ခဲ့ကြောင်း သိရသည်။
▪️ ဗုဒ္ဓံသရဏံဂစ္ဆာမိ သီချင်းသည် စတူဒီယိုခေတ်ဦးတွင် အဆိုတော် မဂျစ်က သီဆိုခဲ့သည့် သီချင်းဖြစ် ပြီး စိုးပိုင်နှင့် ပိုးအိစံတို့ ပြန်လည်သီဆိုအောင်မြင်ခဲ့သည့် သီချင်းဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times