#World_News
Published 07 May 2025
▪️ အိန္ဒိယတပ်ဖွဲ့တွေက ပါကစ္စတန်နဲ့ ကက်ရှ်မီးယားဒေသတို့ရှိ အကြမ်းဖက်လေ့ကျင့်ရေးကွင်းများ ဒုံးပျံပစ်စင်များအပါအဝင် အကြမ်းဖက်ပစ်မှတ် ၉ ခုကို တိကျပြတ်သားတဲ့ တိုက်ခိုက်မှုများပြုလုပ်ကာ ဆင်ဒူရ်စစ်ဆင်ရေး စတင်ပြုလုပ်လိုက်ပါတယ်။
▪️ အိန္ဒိယကကာကွယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့အစောပိုင်းမှာ တိုက်ခိုက်မှုတွေအကြောင်း အတည်ပြုလိုက်ပြီး မကြာသေးမီက ဂျမ်မူနဲ့ ကက်ရှ်မီးယား ပါဟယ်ဂမ်တို့မှာ အကြမ်းဖက်တိုက်ခိုက်သွားတဲ့သူတွေကို ရှာဖွေခွဲထုတ်ကာ တိကျစွာ တွက်ချက်ပစ်မှတ်ထားတုံ့ပြန်ခဲ့ခြင်း ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။
▪️ ထိုဒေသမှာ အကြမ်းဖက်သမားများက အရပ်သား ၂၆ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
▪️ နံနက်အစောပိုင်း ၁ နာရီ ၅၁ မိနစ်မှာ အိန္ဒိယတပ်မတော်က "တရားမျှတမှုယူခဲ့ပြီ"လို့ Xဆိုရှယ်မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။
▪️ ဒီမတိုင်ခင်မှာ ပါကစ္စတန်ဘက်မှ မူဇာဖရာဘက်၊ ဗဟာဝယ်ပူရနဲ့ အခြားနေရာတွေမှာ ပေါက်ကွဲသံများကြားရတဲ့အကြောင်း ဖော်ပြခဲ့ကြပါတယ်။
နံနက်အစောပိုင်း ၂ နာရီမတိုင်ခင်လေးမှာပဲ PIB ကနေ ဆင်ဒူရ်စစ်ဆင်ရေးစတင်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။
▪️ "အိန္ဒိယက ပါကစ္စတန်ရှိ အကြမ်းဖက်အခြေခံ အဆောက်အအုံတွေကို ဆင်ဒူရ်စစ်ဆင်ရေး ပြုလုပ်ကြောင်း ကြေညာလိုက်ပြီ" လို့ ဖော်ပြထားပါတယ်။
▪️ အိန္ဒိယဘက်ကို အကြမ်းဖက်များမှ အစီအစဉ်ချ ညွှန်ကြားတိုက်ခိုက်ခဲ့တဲ့ ဒေသများမှ ပစ်မှတ် ၉ နေရာကို စစ်ဆင်ရေးပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
▪️ ဒါတွေဟာ ပါဟယ်ဂမ် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ရပ်ဆိုးကြောင့် ဖြစ်ပေါ်လာရပြီး ဒီတိုက်ခိုက်မှုအတွက် တာဝန်ရှိသူတွေကို တာဝန်ခံခိုင်းရမယ်ဆိုတဲ့ ကတိအတိုင်း ဆောင်ရွက်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောထားပါတယ်။
▪️ ဒါ့အပြင် တင်းမာမှုမဖြစ်စေရန်အတွက် ဆင်ဒူရ်စစ်ဆင်ရေးကို ဂရုတစိုက်ဖြင့် စီစဉ်ခဲ့ကာ ပါကစ္စတန်စစ်တပ်နေရာများကို ပစ်မှတ်ခဲ့ခြင်းမရှိဘူးလို့ ဖော်ပြထားပါတယ်။
#Source: WION