#World_Health
Published 07 May 2025
▪️ ဉာဏ်ရည်တု(AI)က ဆေးဘက်ဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ရာမှာ ဆရာဝန်တွေထက် ပိုမိုသာလွန်ဖွယ်ရှိတယ်လို့ တဲလ်အေဗစ်တက္ကသိုလ်မှ လေ့လာချက်အသစ်မှာ တွေ့ထားပါတယ်။
▪️ ပရော်ဖက်ဆာ ဒန်ဇယ့်ဇာက Cedars-Sinai Connectနဲ့ အစ္စရေးလ် ကျန်းမာရေးနည်းပညာကုမ္ပဏီ K Healthတို့ ပူးပေါင်းဆောင်ရွက်တဲ့ AIရဲ့စွမ်းဆောင်ရည်ကို သုံးသပ်ခဲ့ပါတယ်။
▪️ ၂၀၂၄ ဇွန်လမှ ဇူလိုင်အတွင်းလာပြတဲ့ လူနာ ၄၆၁ဦးရဲ့ အသက်ရှူလမ်းကြောင်း၊ ဆီးလမ်းကြောင်း၊ မျက်လုံး၊ မိန်းမကိုယ်၊ သွားနှင့်ခံတွင်းလက္ခဏာများကို ဆန်းစစ်ခဲ့ကြပါတယ်။
▪️ လာပြသူတိုင်းမှာ ဆေးညွှန်း၊ ဓာတ်ခွဲခန်းစမ်းသပ်မှု၊ ဆေးခန်းညွှန်သူများအပါအဝင် ရောဂါရှာဖွေရေးနဲ့ ကုသရေးအကြံပြုချက်များကို AIစနစ်အသုံးပြုကာ ထုတ်ဖော်ခဲ့ကြပြီးနောက် ဆရာဝန်နဲ့လည်း ပြသခဲ့ပါတယ်။
▪️ လူနာ ၇၇ ရာခိုင်နှုန်းမှာ AIစနစ်ရဲ့ အကြံပြုချက်တွေက အကောင်းဆုံးအဖြစ် သတ်မှတ်ခဲ့ကြကာ ဆရာဝန်တွေရဲ့ ဆုံးဖြတ်ချက်တွေကတော့ ၆၇ ရာခိုင်နှုန်းဖြစ်ခဲ့ပါတယ်။
▪️ AIအကြံပြုချက်တွေက ဆရာဝန်တွေထက် ပြသသူ ၂၁ ရာခိုင်နှုန်းမှာ ပိုမိုသာလွန်ခဲ့ကာ ဆရာဝန်တွေကတော့ ၁၁ ရာခိုင်နှုန်းမှာ AIထက်သာလွန်ခဲ့ပါတယ်။
▪️ သတ်မှတ်ချက်တွေကို ဆေးကုသမှုလောကမှာ သက်တမ်း ၁၀နှစ်ကျော်ရှိတဲ့ အတွေ့အကြုံရင့် ဆရာဝန် ၄ ဦးအဖွဲ့မှ သုံးသပ်ပြီး အသင့်လျော်ဆုံးဖြစ်ခြင်း၊ အကျိုးအကြောင်းသင့်ခြင်း၊ လုံလောက်မှုမရှိခြင်း၊ ဘေးအန္တရာယ်ဖြစ်နိုင်ခြင်းစတဲ့ ၄ချက်အပေါ်အခြေခံ ဆန်းစစ်တာဖြစ်ပါတယ်။
▪️ AIရဲ့ အယ်ဂိုရစ်သမ်မှာ ဆေးကုသမှတ်တမ်းပေါင်း သန်းနဲ့ချီဖြင့် ဖန်တီးထားကာ စိတ်ချရလောက်တဲ့ အတိုင်းအတာရောက်မှ အကြံပြုချက်ထုတ်ပေးတာ ဖြစ်ပါတယ်။
▪️ AIက အားသာချက်အခိုင်အမာ ပြထားနိုင်ပေမယ့်လည်း လူသားဆရာဝန်တွေ အားသာတဲ့နေရာတွေလည်း ရှိနေပါတယ်။
▪️ တွေ့ရှိချက်တွေအရတော့ အဝေးမှ စောင့်ရှောက်ကုသတဲ့ အခြေအနေတွေမှာ AIက ထိရောက်စွာ ကူညီပံ့ပိုးနိုင်တဲ့ပစ္စည်း ဖြစ်နေတယ်လို့ ဇယ့်ဇာက ပြောပါတယ်။
▪️ AIက ဆရာဝန်တွေနေရာ အစားထိုးဖို့တော့ မဖြစ်နိုင်ဘဲ ရောဂါရှာဖွေရေးအမှား လျှော့ချတာတွေ၊ အရေးကြီးအချက်အလက်များ ထုတ်ယူတာတွေ၊ ကုသမှုလမ်းစဉ်မြန်ဆန်တာတွေအတွက် ကူညီပေးနိုင်ဖွယ်ရှိတယ်လို့ ပြောသွားပါတယ်။
#Source: The Jerusalem Post