#World_Health
Published 07 May 2025
▪️ စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားချက် အခြေအနေတွေက အာရုံကြောစနစ်၊ ဟော်မုန်းစနစ်၊ ကိုယ်ခံအားစနစ်တို့နဲ့ နက်ရှိုင်းစွာဆက်စပ်နေတာကြောင့် စိတ်ခံစားချက်တွေက ကိုယ်အင်္ဂါကျန်းမာရေးအပေါ် သက်ရောက်မှုကြီးမားပါတယ်။
▪️ စိတ်ခံစားချက်ပိုင်းကို ရေရှည်ထိခိုက်လာတဲ့အခါ ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ဆောင်ချက်တွေကို ထိခိုက်လာစေပါတယ်။
(၁) ဖိစီးမှုနှင့်နှလုံး
▪️ ရေရှည်ဖိစီးလာတဲ့အခါ ကော်တီဆောလ်နဲ့ အက်ဒရီနယ်လင်များ ထွက်လာစေပြီး နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်မြင့်တက်စေကာ သွေးတိုး၊ နှလုံးဖောက်ခြင်း၊ သွေးကြောရောင်ရမ်းခြင်းတို့ ဖြစ်လာစေပါတယ်။
(၂) ဒေါသနှင့်အသည်း
▪️ ဒေါသထွက်တာများရင် အချိန်ကြာလာတဲ့အခါ အသည်းလုပ်ဆောင်ချက် ပျက်ယွင်းလာပြီး အသည်းအဆီဖုံးခြင်း၊ အသည်းရောင်ရောဂါတို့ ဖြစ်လာစေနိုင်ပါတယ်။
(၃) ပူပန်စိတ်နှင့်အဆုတ်
▪️ ပူပန်စိတ်ကြာရှည်လာရင် အသက်ရှူနှုန်းမြန်လာပြီး အောက်ဆီဂျင်လဲလှယ်မှု မလုံလောက်တော့ဘဲ ရင်ကြပ်ခြင်း၊ အဆုတ်ပြွန်ရောင်ခြင်းစတဲ့ အသက်ရှူပြဿနာများ ဖြစ်နိုင်ခြေများစေပါတယ်။
(၄) ပူဆွေးခြင်းနှင့် ကိုယ်ခံအားစနစ်
▪️ ပူဆွေးခြင်းခံစားရတဲ့အခါ ကိုယ်ခံအားလျော့နည်းစေကာ ရောဂါဘယများ ဝင်လာစေနိုင်ပါတယ်။
(၅) စိုးရိမ်မှုနှင့် အစာအိမ်
▪️ စိုးရိမ်စိတ်လွန်ကဲရင် အစာခြေခြင်းကို ထိခိုက်စေပြီး အစာအိမ်အက်ဆစ်လျှံတက်တတ်ကာ အစာခြေအင်္ဂါများထံ သွေးရောက်ရှိမှု လျော့နည်းစေပါတယ်။
(၆) စိတ်ဓာတ်ကျခြင်းနှင့် အူလမ်းကြောင်း
▪️ အူလမ်းကြောင်းက အာရုံကြောမျှင်ကွန်ရက်များ ရှုပ်ထွေးနေပြီး စိတ်ဓာတ်ကျခြင်းကြောင့် အူလမ်းကြောင်းပိုးမွှားများမျှခြေကို ပြောင်းလဲစေကာ အာဟာရဓာတ်ချို့တဲ့ခြင်း ဖြစ်ပေါ်စေနိုင်ပါတယ်။
(၇) ကြောက်ရွံ့စိတ်နှင့်ကျောက်ကပ်
▪️ ကြောက်ရွံ့စိတ်က ကျောက်ကပ်စွမ်းအင်ကို စုပ်ယူသွားပြီး ဖိစီးမှုဟော်မုန်းတွေ မြင့်တက်လာစေကာ ကျောက်ကပ်စစ်ထုတ်စွမ်းရည်ကို လွှမ်းမိုးသွားပါတယ်။
(၈) ရှက်ရွံ့စိတ်နှင့်အရေပြား
▪️ ရှက်ရွံ့တဲ့ ခံစားချက်မျိုးတွေကြောင့် အရေပြားမှာ နီမြန်းခြင်း၊ ဝက်ခြံထွက်ခြင်းတို့ ဖြစ်ပေါ်စေသလို ကြာမြင့်စွာရှက်ရွံ့တဲ့အခါ ကိုယ်ခံအားတုံ့ပြန်မှုဖြစ်ပေါ်ပြီး အရေပြားပြဿနာများ ဖြစ်လာစေပါတယ်။
(၉) စိတ်ခံစားချက်ဖိနှိပ်ခံရခြင်းနှင့် သိုင်းရွိုက်
▪️ ဒေါသတွေ ဝမ်းနည်းမှုတွေကို ဖော်ပြခွင့်မရဘဲ မျိုသိပ်ရခြင်းကြောင့် ဇီဝကမ္မဖြစ်စဉ် ထိန်းညှိပေးတဲ့ သိုင်းရွိုက်ဂလင်းထိခိုက်စေပါတယ်။
(၁၀) ရေရှည်ဝမ်းနည်းမှုနှင့် ပန်ကရိယ
▪️ အချိန်ကြာမြင့်စွာ ဝမ်းနည်းပူဆွေးနေရရင် သွေးတွင်းသကြားဓာတ် ထိန်းညှိမှုကို ထိခိုက်စေပါတယ်။
▪️ အင်ဆူလင်ထုတ်လုပ်မှုနဲ့ တုံ့ပြန်မှုချို့ယွင်းကာ ဆီးချိုရောဂါဖြစ်စေသလို ပန်ကရိယကို ဖိစီးစေပါတယ်။
#Source: DoctorNDTV