#Local_News
Published 19 June 2025
▪️ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသော သံရည်ကျိုအပ်နှံမည့် ယာဉ်နှင့်ယန္တရား ပေါင်း ၁၀၀၀ ကျော်ကို ဖြတ်တောက် သယ်ယူပို့ဆောင်ပေးရန် စိတ်ပါဝင်စားသည့်ကုမ္ပဏီများအား တင်ဒါခေါ်ယူထားကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။
▪️ တင်ဒါအောင်မြင်သည့်ကုမ္ပဏီအနေဖြင့်ပြည်ထောင်စုအဆင့်အဖွဲ့အစည်း၊ ဝန်ကြီးဌာနများနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှစစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး အတွင်းရှိ ဘဏ္ဍာသိမ်း သံရည်ကျိုအပ်နှံမည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယန္တရား စုစုပေါင်း ၁,၀၁၅ စီးကို စက်မှုဝန်ကြီးဌာနအောက်ရှိ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)သို့ ဖြတ်တောက်၊ သယ်ယူ၊ ပို့ဆောင်အပ်နှံပေးရမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုကြောင့် စိတ်ပါဝင်စားသည့် ကုမ္ပဏီနှင့်အဖွဲ့အစည်းများအနေဖြင့် နေပြည်တော်ရှိ အုပ်ချုပ်ရေးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀)၌ ဇွန် ၁၆ ရက်မှစတင်ကာ တင်ဒါပုံစံလျှောက်လွှာများအား ထုတ်ယူနိုင်ပြီး လာမည့် ဇွန် ၃၀ ရက်နောက်ဆုံးထား လျှောက်လွှာတင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times