#LocalNews
Published_ 24 March 2022
ရုပ်ရှင်ရုံများ ၂၀၂၂ ခုနှစ်၊ ဧပြီ (၁၇) ရက်နေ့ (မြန်မာနှစ်ဆန်း ၁ ရက်နေ့) တွင် ပြန်လည်ဖွင့်လှစ် ပြသသွားမည်ဖြစ်ကြောင်း နစကရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက အသိပေး ကြေညာထားပါတယ်။
ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာအနှံ့ ကူးစက်ပြန့်ပွားနိုင်သည့် ကမ္ဘာ့ကပ်ရောဂါဖြစ် ကြောင်း ၂၀၂၀ ပြည့်နှစ် မတ်လ ၁၁ ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က သတ်မှတ် ကြေညာခဲ့တဲ့အတွက် COVID-19 ကူးစက်ပြန့်ပွားမှုသည် လူစုလူဝေးများ မှတစ်ဆင့် လျင်မြန်စွာ ဖြစ်ပေါ်နိုင်သောကြောင့် ပြည်သူများ၏ ကျန်းမာရေးကို အလေးပေး ရှေးရှု သောအားဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ရုပ်ရှင်ရုံများတွင် ရုပ်ရှင်ပြသခြင်းများအား ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၆) ရက်နေ့မှ စတင်၍ ရပ်ဆိုင်းထားခဲ့ခြင်း ဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးရေးဆိုင်ရာ အစီအမံ များနှင့်အညီ “ရုပ်ရှင်ပြသရာတွင်လိုက်နာဆောင်ရွက်ရမည့် စံပြုသတ်မှတ် ချက်နှင့်အညီ လိုက်နာကျင့်သုံး ဆောင်ရွက်ပြီး ပထမအဆင့်ပြသရန် လျာထားသည့် ရုပ်ရှင်ရုံ ၆၀ ခန့်ကို ၂၀၂၂ ခုနှစ်၊ ဧပြီလ (၁၇) ရက်နေ့ (မြန်မာနှစ်ဆန်း ၁ ရက်နေ့) တွင် ပြန်လည်ဖွင့်လှစ် ပြသသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။
ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အခြေအနေများအပေါ် သုံးသပ်ချက်များအရ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ်တွေ့ရှိမှု၊ ပိုးတွေ့မှုနှုန်းနှင့် သေဆုံးမှုနှုန်း တို့မှာ သိသာစွာ ကျဆင်းလာကြောင်း တွေ့ရှိရပါတယ်။
#ymg_mnn
Yangon_Media_Group
Published 23 March 2022
တနင်္လာနေ့ မွန်းလွဲပိုင်းက ပျက်ကျခဲ့တဲ့ တရုတ်အရှေ့ပိုင်းလေကြောင်းပိုင် ဘိုအင်း၇၃၇-၈၀၀ ရဲ့ သေတ္တာနက်တွေထဲက တစ်လုံးကို မတ်လ(၂၃)ရက် ဗုဒ္ဓဟူးနေ့က ရှာတွေ့ပြီလို့ တရုတ်အရာရှိတွေက ပြောပါတယ်။
အဲဒါကြောင့် နှစ်များစွာအတွင်း တရုတ်နိုင်ငဲရဲ့ ကြေကွဲစရာအကောင်းဆုံး လေကြောင်းလေယာဉ်ပျက်ကျမှုဖြစ်ရတဲ့အကြောင်းရင်းကိုသိရဖို့ နီးစပ်လာပြီ ဖြစ်ပါတယ်။
တရုတ်အရှေ့ပိုင်းလေကြောင်လိုင်း ခရီးစဉ်အမှတ် MU5735ဟာ ကူမင်းလေဆိပ်ကနေ ခရီးသည် (၁၂၃) ဦး၊ လေယာဉ်အမှုထမ်း(၉)ဦးတို့ကို တင်ဆောင်ပျံသန်းရင်း ကွမ်ရှီကျန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ တန်ကျန်းစီရင်စုမှာ တနင်္လာနေ့ မွန်းလွဲပိုင်းက ပျက်ကျခဲ့တာပါ။
လေယာဉ်ကို ၂၀၁၅ခုနှစ် ဇွန်၂၂ရက်မှာ စတင်ပျံသန်းဖို့ ပေးပို့ခဲ့တာဖြစ်တယ်လို့ အရာရှိတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ လေကြောင်းပျံသန်းရေးစည်းမျည်းတွေကို တင်းကြပ်စွာလိုက်နာပြီး နည်းပညာပိုင်းလုပ်ဆောင်မှုတွေလည်း ပုံမှန်ကောင်းမွန်တာတွေ့ရတယ်လို့ ပြောပါတယ်။ လေယာဉ်မှူး(၃)ဦးစလုံးဟာ အရည်အချင်းကောင်းစွာပြည့်မီသူတွေ ဖြစ်တယ်။ အတွေအကြုံလည်းများပြီး ကျန်းမာရေးကောင်းသူတွေဖြစ်တယ်လို့ အရာရှိတွေကပြောပါတယ်။
Source CMG
#LocalNews
Published - 23 Mar 2022
၂၀၂၂ ခုနှစ် မတ်လ ၂၂ ရက်နေ့ ညပိုင်းက မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာ)ရဲ့ လူနာတင်ယာဥ်တစ်စီးမှာ လူနာသွားရောက်ခေါ်ဆောင်စဥ် လမ်းမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရလို့ သိရပါတယ်။
#Yangon_Media_Group
Published 23 March 2022
ထိုင်ဝမ်ကျွန်း၊ တိုင်တွန်ခရိုင်ရေပြင်မှာ မတ်၂၃ရက် ဗုဒ္ဓဟူးနေ့ နံနက်(၁)နာရီ(၄၁)မိနစ်ခန့်က အင်အား ၆.၆အဆင့်ရှိ ငလျင်တစ်ခု လှုပ်ရှားသွားပါတယ်။
ငလျင်ဗဟိုချက်ဟာ မြေပြင်အောက် အနက်၂၀ကီလိုမီတာအကွာနှင့် မြောက်လတ္တီကျူ၂၃.၄၅ဒီဂရီနှင့် အရှေ့လောင်ဂျီတွတ် ၁၂၁.၅၅ ဒီဂရီနေရာကနေ လှုပ်ရှားသွားတာဖြစ်ပါတယ်လို့ တရုတ်မြေငလျင်ကွန်ယက်စင်တာက ပြောပါတယ်။
ထိုင်ဝမ် အရှေ့ပိုင်းမှာ ဆက်တိုင်လှုပ်ရှားခဲ့တဲ့ ငလျင်တွေရဲ့လှုပ်ရှားမှုကို ထိုင်ဝမ်တစ်ကျွန်းလုံးခံစားရတယ်လို့ ထိုင်ဝမ် မိုးဇလ ဌာနကပြောပါတယ်။
လူတစ်ဦးဒဏ်ရာအနည်းငယ်ရပြီး ငလျင်ဒဏ်ခံရတဲ့ နေရာအတော်များများမှာ လျှပ်စစ်မီးပြတ်တောက်မှုတွေဖြစ်ခဲ့တယ်။ ပြီးတော့ ဟောလျန်ခရိုင်က တံတာတစ်စီးလည်းကျိုးသွားတယ်လို့ ဒေသခံ မီးသတ်ဌာနက သိရပါတယ်။
ငလျင်ကြီးလှုပ်ရှားပြီးနောက် နောက်ထပ် ၆.၁အဆင့်ရှိငလျင်နှင့် အဆင့်၅ ကျော်ကျော်ရှိတဲ့ ငလျင်ငါးခုထပ်မံလှုပ်ရှားသွား တယ်လို့လည်း ထိုင်ဝမ်မိုးဇလဌာနကပြောပါတယ်။
ဒီနှစ်အတွင်းမှာ ယခုငလျင်ဟာ အပြင်းထန်ဆုံးဖြစ်ပြီး ဆက်လှုပ်တဲ့ငလျင်တွေဟာ ငလျင်ကြီးရဲ့လှုပ်ခတ်မှုကြောင့် ပေါ်ပေါက်တဲ့ ငလျင်တွေဖြစ်နိုင်တယ်လို့ ဌာနက ပြောပါတယ်။
Source Xinhua/CMG
#LocalNews
Published_23 March 2022
ဧရာဝတီတိုင်းဒေသကြီးအတွင်း လုပ်ဆောင်နေသော ကြိုးကြာခေါင်းနီစီမံကိန်းအတွက် မြန်မာ ဂျာမနီသံရုံးအနေဖြင့် မကြာသေးခင် ရက်ပိုင်းက သွားရောက်ခဲ့ရာ စီမံကိန်းခေါင်းဆောင်များ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ခရီးလမ်းတစ်လျှောက် ကြိုးကြာငှက်များနှင့် အခြားသောငှက်မျိုးစိတ်များကို လေ့လာစူးစမ်းခဲ့ရကြောင်း ထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံရှိ ဇီဝမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်မှုကို ပံ့ပိုးရန်နှင့် အသေးစားစီမံကိန်း ထောက်ပံ့ရေးအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အပြည်ပြည်ဆိုင်ရာ ကြိုးကြာငှက်ဖောင်ဒေးရှင်းအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးရှိ ကြိုးကြာခေါင်းနီစီမံကိန်းအတွက် ဂျာမနီသံရုံးက ၂၀၂၁ ခုနှစ် တွင် ထည့်ဝင်ပံ့ပိုးပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းစီမံကိန်း၏ ရည်ရွယ်ချက်မှာ ဒေသတွင်းရှိ ကြိုးကြာခေါင်းနီများကို စောင့်ကြည့်ကာကွယ်ရန်နှင့် ဒေသခံပြည်သူများကြား အသိအမြင်များ မြှင့်တင်ပေးရန် ဖြစ်ကြောင်း၊ရာသီဥတုပြောင်းလဲမှုနှင့် စားကျက်မြေ ဆုံးရှုံးမှု၊ ပိုးသတ်ဆေးများ အသုံးပြုမှုနှင့် အခြားသော အန္တရာယ်များကြောင့် တစ်ကမ္ဘာလုံးနှင့် ဒေသတွင်းရှိအကောင်ရေများမှာ ကျဆင်းနေသောကြောင့် ကာကွယ်စောင့်ရှောက်ပေးရန် လိုအပ်လျက်ရှိကြောင်းလည်း သိရသည်။
ကြိုးကြာခေါင်းနီများသည် ပျံသန်းနိုင်သည့် ကမ္ဘာ့အရပ်အမြင့်ဆုံးငှက်များဖြစ်ကာ ၎င်းတို့သည် စိမ့်မြေအရပ်များနှင့် ယင်းတို့နှင့်ဆက်စပ်လျက်ရှိသည့် စိုက်ပျိုးမြေများတွင် နေထိုင်ကျက်စားလေ့ရှိကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 23 March 2022
ဒီကနေ့ မတ်လ ၂၃ ရက်၊ နံနက်ပိုင်းမှစလို့ မုန်တိုင်းဟာအားပျော့သွားခဲ့ပြီး လပွတ္တာမြို့က သင်္ဘောလိုင်းတစ်ချို့လည်း ပြန်လည်ပြေးဆွဲမှုတွေရှိလာခဲ့တယ်လို့ အဆိုပါမြို့နေဒေသခံများထံမှ သိရပါတယ်။

ဒါ့အပြင် အဆိုပါ လပွတ္တာမြို့ပေါ်သို့ မုန်တိုင်းခိုလှုံရန် လာရောက်ကြသူများသည်လည်း ဒီကနေ့မနက်မှာ ရာသီဥတုသာယာနေသည့်အတွက် ၄င်းတို့ရဲ့ နေရပ်အသီးသီးကို ပြန်သွားကြပြီဖြစ်တယ်လို့ သိရပါတယ်။
"ကျွန်မတို့ရွာမှာတော့ ဘာမှထူးထူးခြားခြားမဖြစ်ခဲ့ပါဘူး။ မုန်တိုင်းလာမယ်ဆိုလို့ ကြိုတင်ရှောင်ခဲ့ပါတယ်။ မိုးရွာတာ လေနည်းနည်းပြင်းတာလောက်ပဲ ရှိခဲ့ပါတယ်။
ရွာမှာလည်း ပုံမှန်ပါပဲ။"လို့ လပွတ္တာမြို့အနီးတွင် နေထိုင်သူတစ်ဦးက YMG သို့ ပြောပြခဲ့ပါတယ်။

သို့သော်လည်း မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများတွင် မုန်တိုင်းရှောင်ပြည်သူတစ်ချို့ ကျန်ရှိနေပါသေးတယ်လို့လည်း သိရပါတယ်။
ယနေ့ မတ်လ၂၃ ရက်နေ့၏ လပွတ္တာမြို့မြင်ကွင်းအခြေအနေတွေကိုလည်း ယခုလို တွေ့ မြင်ရမှာ ဖြစ်ပါတယ်။
Photo - Heart Laputta
ymg/kg
#Yangon_Media_Group
#LocalNews
Published-23 March 2022
ထိုင်းနိုင်ငံ၊ ပကျွတ်ခီရီကန်ပြည်နယ်အတွင်း မတ်လ ၁၆ ရက်ကဖြစ်ပွားခဲ့သည့် ယာဉ်တိမ်းမှောက်မှုကြောင့်သေဆုံးခဲ့သည့် တရားမဝင်ရွှေ့ပြောင်းလုပ်သား ၆ ဦးအတွက် မိသားစုဝင်များ နစ်နာကြေးရရှိရန် ဘန်ကောက်မြို့အလုပ်သမားသံအရာရှိရုံးက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ ပရာကျွတ်ခီရီကန်ပြည်နယ်ရှိ Phetkasem ကားလမ်းတွင် တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သား ၁၈ ဦး တင်ဆောင်လာသော မော်တော်ယာဉ်ကားဘီးပေါက်ကာ တိမ်းမှောက်ရာ အသက် ၁၉ နှစ်အရွယ်ရှိ မခိုင်ဇာလင်း၊ အသက်၂၄ နှစ် အရွယ် မလဲ့လဲ့စိုး၊ အသက်၂၅ နှစ်အရွယ် မရီရီဝင်းနှင့် မအိအိမော်၊ အသက် ၃၃နှစ် အရွယ် မမြပုလဲ ၊ အသက် ၃၅ နှစ်အရွယ် ဦးဇေယျာမင်းတို့ သေဆုံးသွားခဲ့ကြခြင်း ဖြစ်သည်။
ယခုအခါ ဒဏ်ရာပြင်းထန်စွာရရှိသည့် တရားမဝင်လုပ်သား ၆ ဦးမှာ ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိပြီး ဒဏ်ရာအနည်းငယ်သာရရှိခဲ့သည့် ၇ ဦးအား ကိုဗစ်စစ်ဆေး၍ ကာကွာရန်တင်းထားရှိထားကြောင်း ၊အလုပ်သမားသံအရာရှိရုံးအနေဖြင့် သေဆုံးသူများအား မည်သူမည်ဝါအတည်ပြုနိုင်ရန်အတွက် မိသားစုနှင့်ဆွေမျိုးများထံမှ အဆက်အသွယ်များရရှိရန်လည်း လူမှုကွန်ရက်တွင် ကြေညာထားသည်။

သေဆုံးခဲ့ကြသော ရုပ်အလောင်းများကို သင်္ဂြိုဟ်ပေးနိုင်ရန် ဘန်ကောက်မြို့ အလုပ်သမားသံအရာရှိရုံးသို့ လွှဲအပ်ကြောင်း ထောက်ခံစာရရှိရန် လိုအပ်နေကြောင်းလည်း အလုပ်သမားသံအရာရှိရုံးမှ သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 23 March 2022
ဧရာဝတီတိုင်းဒေသကြီး၊လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မုန်တိုင်းခိုလှုံရာရှယ်တာများသို့ ရောက်ရှိနေသည့် ပြည်သူများက ဒီကနေ့ မတ်လ ၂၃ ရက်၊ နံနက်ပိုင်းတွင် မုန်တိုင်းကင်းစင်သွားသောကြောင့် မုန်တိုင်းခိုလှုံရာရှယ်တာများမှ ၄င်းတို့ နေထိုင်ရာ နေရပ်အသီးသီးသို့ ပြန်သွားကြပြီဖြစ်တယ်လို့ သိရပါတယ်။
မုန်တိုင်းခိုလှုံခဲ့ကြတဲ့ ပြည်သူအရေအတွက်ဟာ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းမှာ (၂,၀၀၀) ကျော်ခန့် အထိရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
"ဒီနေ့မနက်က ရာသီဥတုသာသာယာယာပါပဲ။ ရာသီဥတုက သာသာယာယာပဲရှိတဲ့အတွက် ကြောင့်မို့ ရှယ်တာမှာ လာရောက်ခိုလှုံနေကြတဲ့သူတွေတောင်မှ သူတို့တွေရဲ့နေအိမ်တွေကို ပြန်သွားကြပါပြီ။ ပြောရရင် လုံးဝကို သာသာယာယာဖြစ်နေတာပါ၊ နေလည်းမပူတော့ဘူး၊ မိုးလည်းမရွာတော့ဘူး။ ပုံမှန်အနေအထားပြန်ရောက်ပြီလို့ ပြောလို့ရပါတယ်။ အခုက မြို့နယ်အဖွဲ့ တွေလည်း အစည်းအဝေးလုပ်နေကြပါတယ်။ တစ်အိမ်ထောင်ကို ဘယ်လောက်ထောက်ပံ့မလဲ၊ ဘယ်လိုကူမလဲပေါ့၊ ဘာတွေပျက်ဆီးသွားတာတွေရှိလဲ ဒါတွေကို တိုင်ပင်ဆွေးနွေးနေပါတယ်။"လို့ မော်လမြိုင်ကျွန်းမြို့နယ်မှ တာဝန်ရှိသူတစ်ဦးက YMG ကို ပြောပြခဲ့ပါတယ်။
အဆိုပါ မော်လမြိုင်ကျွန်းမြို့နယ်မှာ ကျေးရွာပေါင်း ၂၁ အုပ်စုရှိပြီး ကျေးရွာပေါင်း ၆၆၈ ရွာအထိ ရှိတာလည်းဖြစ်ပါတယ်။

အဆိုပါ မြို့နယ်အတွင်းမှာ မုန်တိုင်းကြောင့် ထူးထူးခြားခြားပျက် စီးဆုံးရှုံးမှုမရှိခဲ့သော်လည်း
မတ်လ(၂၂)ရက်နေ့ နံနက်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် လှိုင်းဘုန်းကျေးရွာအုပ်စုက သစ်နီဇွဲကျေးရွာရှိ ဓမ္မသုခကျောင်းတိုက်ဝန်းအတွင်းမှာ တည်ထားကိုးကွယ်လျက်ရှိသော "အောင်တော်မူစေတီတော်တစ်ဆူတော့ ထီးတော်အောက်ဘက် ကြာခံအနားမှပြတ်ကျပြီး မြေခ"ခဲ့ရပါတယ်။
"တခြားပျက်စီးဆုံးရှုံးမှုတော့ မရှိခဲ့ပါဘူး။အခုမြင်တွေ့ရတဲ့အတိုင်း လူပေါင်း(၂,၀၀၀)ကျော်
တည်းခိုသွားတဲ့ကျောင်းဆောင်ကြီးကို ကျွန်တော်ဦးဆောင်ပြီး လူငယ်(၄)ယောက်နဲ့ သန့်ရှင်းရေးလုပ်နေတာပါ။ အဓိက ကူညီဆောင်ရွက်ပေးကြ လှိုင်းဘုန်းကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနဲ့ နေ့မနား ညမအိပ်ဘဲ စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ပေးကြတဲ့ ကြက်ခြေနီတပ်ဖွဲ့က လူငယ်လေးများကို အထူးပင်ကျေးဇူးတင်လေးစားပါတယ်။"လို့လည်း ၄င်းက ဆက်လက်ပြောပြခဲ့ပါတယ်။
ဓါတ်ပုံ - ထွန်းထွန်းနိုင် ( မော်လမြိုင်ကျွန်း)
ymg/kg
#Yangon_Media_Group
#DailyNews
Published - 23 Mar 2022
၁။ မြန်မာလုပ်သားအချို့ တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မတ်လ ၂၅ ရက်တွင်သွားရောက်မည်။
၂။ မုံရွာမြို့ပေါ်တွင် လုယက်မှုဖြစ်စဥ်တွေများပြားလာပြီး လုယက်သူများက သမီးရည်းစားစုံတွဲများကို အဓိကပစ်မှတ်ထားလုယက်နေ။
၃။ နေ့စဉ်မိုးလေဝသ သတင်း။
၄။ တရုတ်နိုင်ငံအကူအညီဖြင့်တည်ဆောက်သော ကမ္ဘောဒီးယားဆေးရုံသစ်ကြီးဖွင့်လှစ်......အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 23 March 2022
သီတဂူဆရာတော်ကြီးနှင့် သိရီလင်္ကာဆရာတော်ကြီးများတွေ့ဆုံပြီး မတ်လ ၂၂ ရက်နေ့က ဗုဒ္ဓတက္ကသိုလ်နှစ်ခုအကြား နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါနေ့မှာပင် သီတဂူဆရာတော်ကြီးထံ အလည်အပတ်ရောက်ရှိနေသော သိရီလင်္ကာ
ဆရာတော်ကြီးများသည် သီတဂူဗုဒ္ဓတက္ကသိုလ်(ရန်ကုန်) ပညာရေးမှူး ဆရာတော် ဒေါက်တာအရှင်ပဉောာဘာသ ဦးဆောင်သော သင်ကြားစီမံဆရာတော်များနှင့် ပညာရေးဆိုင်ရာကိစ္စများကို အပြန်အလှန်ဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲအပြီး သီတဂူအဓိပတိဆရာတော်ကြီးနှင့် Postgraduate Institute Of Pali and Buddhist Studies, Kelaniya University မှ ဒါရိုက်တာဆရာတော် ဒေါက်တာ ဓမ္မဇောတိ တို့က တက္ကသိုလ် ၂ ခုအကြား ပညာရေးဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်းလုပ်ဆောင်နိုင်ရေးဆိုင်ရာ နာလည်မှု စာချွန်လွှာမူအားဖြင့် အကြိုသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်တယ်လို့လည်း သီတဂူသတင်းနှင့် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဓါတ်ပုံ - သီတဂူသတင်းနှင့် ပြန်ကြားရေးအဖွဲ့
#ymg-kg
#Yangon_Media_Group
#WorldMilitary
Published -23 March 2022
ယူကရိန်းကိုကျူးကျော်တိုက်ခိုက်နေတဲ့ရုရှားဘက်ကနေ ဘီလာရုစ်တို့ မကြာခင်မှာဝင်ရောက်ပူးပေါင်းလာနိုင်ကြောင်း၊ စစ်ပွဲထဲဝင်ရောက်ဖို့ အတွက် စတင်ပြင်ဆင်နေကြပြီဖြစ်ကြောင်း အမေရိကန်နဲ့နေတိုး(NATO)အဖွဲ့ မှ တာဝန်ရှိသူများက CNN သတင်းဌာနကိုပြောကြားခဲ့ပါတယ်။
"ဒီစစ်ရေးပဋိပက္ခထဲကို ဘီလာရုစ်တိုဝင်ရောက်လာဖို့ သေချာသလောက်ရှိပါတယ်။ ရုရှားသမ္မတ'ဗလာဒီမီယာပူတင်'အနေနဲ့ ရသလောက်အကူအညီတွေ လိုအပ်နေပါတယ်"လို့ နေတိုးစစ်ရေးအရာရှိတစ်ဦးက တနင်္လာနေ့ကရှင်းပြခဲ့ပါတယ်။
ဘီလာရုစ်အတိုက်အခံအဖွဲ့ တစ်ခုရဲ့အဆိုအရ ယူကရိန်းကို နောက်ရက်အနည်းငယ်အတွင်းဝင်ရောက်ဖို့ ဘီလာရုစ်တပ်ဖွဲ့တွေ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း၊ စစ်အင်အားထောင်ဂဏန်းခန့် နေရာချဖို့ အသင့်ရှိနေကြောင်း သိရှိရပါတယ်။
ဒီသတင်းအရင်းအမြစ်အရ စစ်ပွဲအတွင်းနောက်ထပ်နိုင်ငံတွေပါဝင်လာပါက ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေကြောင့် ဘီလာရုစ်ရဲ့စစ်ရေးပါဝင်ပတ်သက်မှုက နိုင်ငံရေးပထဝီဝင်အခြေအနေထက် မပိုလောက်ဘူးလို ယူဆနေကြပါတယ်။
ယူကရိန်းကိုဝင်ရောက်တိုက်ခိုက်ရန် ဘီလာရုစ်အစိုးရက အကြောင်းပြချက်ဖန်တီးဖို့ ပြုလုပ်နေကြကြောင်း နေတိုးထောက်လှမ်းရေးအရာရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။
ရုရှားတို့ က ဘီလာရုစ်နယ်နမိတ်မလှမ်းမကမ်းမှာရှိတဲ့ ယူကရိန်းပိုင်နက်ကို တိုက်ခိုက်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့လက ယူကရိန်းကိုမကျူးကျော်ခင်မှာ ဘီလာရုစ်နဲ့ရုရှား နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှုများပြုလုပ်ခဲ့တယ်လို့ အဆိုပြုခဲ့ကြပြီး ဘီလာရုစ်နိုင်ငံအတွင်း ရုရှားစစ်အင်အားထောင်ဂဏန်းခန့် တပ်စွဲထားခဲ့ပါတယ်။ ]
စစ်ပွဲဖြစ်ပွားမှုကြောင့် အမေရိကန်နဲ့ဥရောပတို့ က ရုရှားနဲ့ဘီလာရုစ်တို့ မှအရာရှိများကို ဒဏ်ခတ်ပိတ်ဆို့ မှုများချမှတ်ခဲ့ပြီး ထိုစာရင်းထဲမှာ ဘီလာရုစ်သမ္မတ'အလက်ဇန်ဒါလူကာရှန်ကို'လည်း ပါဝင်ခဲ့ပါတယ်။
ရုရှားစစ်တပ်များနဲ့ နျူကလီးယားလက်နက်များကို ဘီလာရုစ်နိုင်ငံအတွင်း အမြဲတမ်းထားရှိနိုင်ရန် ပြီးခဲ့တဲ့လက ဘီလာရုစ်အခြေခံဖွဲစည်းပုံဥပဒေကို ပြင်ဆင်ဖို့ကြိုးပမ်းခဲ့ပါတယ်။
ရုရှားတို့က နျူကလီးယားလက်နက်တွေပြောင်းရွှေ့ဖို့ ပြင်ဆင်နေတဲ့အရိပ်အယောင်မတွေ့ရသေးကြောင်း အမေရိကန်တာဝန်ရှိသူများက CNN ကိုပြောကြားခဲ့ပါတယ်။
သတင်းအရင်းအမြစ်များအရ ယူကရိန်းကိုတိုက်ခိုက်ဖို့ ဘီလာရုစ်တို့လှုပ်ရှားခြင်းမရှိသေးသလို ပူးပေါင်းတိုက်ခိုက်ဖို့သဘောတူညီမှုမယူရသေးတဲ့ အခြေအနေတွေ့မြင်နေရကြောင်း အမေရိကန်ကာကွယ်ရေးအရာရှိတစ်ဦးက ဆိုပါတယ်။
ဘီလာရုစ်တို စစ်ပွဲထဲပါဝင်လာဖို့ နောက်ဆုံးဆုံးဖြတ်ချက်ကို ရုရှားမှာဆောင်ရွက်သွားရမှာဖြစ်ပြီး အခုထက်ထိတော့ ဘီလာရုစ်တပ်ဖွဲ့တွေ ယူကရိန်းကိုဝင်တိုက်ဖို့ အရိပ်အယောင်မတွေ့ရသေးပါဘူး။
"စစ်ပွဲထဲ ဘီလာရုစ်ပါဝင်လာဖို့က 'လူကာရှန်ကို'သဘောထားနဲ့မဆိုင်ပါဘူး။ ဒီဒေသအတွင်း နောက်ထပ်နိုင်ငံတစ်ခုမတည်မငြိမ်ဖြစ်အောင် ပူတင်ကညွှန်ကြားဦးမှာလားဆိုတာကို စောင့်ကြည့်ရမှာပါ" လို့ ရှင်းပြပါတယ်။
ဘီလာရုစ်တို့ စစ်ပွဲထဲကို ဘယ်လိုဝင်ရောက်ပတ်သက်လာမလဲဆိုတာ မသေချာသေးပေမယ့် ယူကရိန်းအနောက်ပိုင်းကနေ ဝင်ရောက်လာမယ့် နေတိုးစစ်ကူတပ်ဖွဲ့ တွေကို ရုရှားတို့ ဖြတ်တောက်သွားဖို့ ပြုလုပ်လာနိုင်ပါတယ်။
Source: CNN
#LocalNews
Published -23 Mar 2022
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ၂၂ ဘီးတွဲယာဥ်၏ Steam Boiler အတွင်းသယ်ဆောင်လာသော ဘိန်းဖြူများ ဖမ်းဆီးရမိတယ်လို့ မူးယစ်ဆေးဝါးတာဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က သိရပါတယ်။
မတ်လ ၂၁ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်ခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ပုသိမ်ကြီးမြို့နယ်၊ ထုံးဘို-မြစ်ငယ်သွားကားလမ်း၊ နားဋောင်းကျကျေးရွာအနီးတွင် မူဆယ်မြို့ဘက်မှ မန္တလေးမြို့ဘက်သို့ ထိန်လင်းအောင် မောင်းနှင်လာသည့် ဒေါင်ဖန်း အမျိုးအစား ၂၂ ဘီး တွဲယာဉ်အား သတင်းအရ စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်ပေါ်တွင် တင်ဆောင်လာသည့် Steam Boiler အတွင်းရှိ ဆာလာအိတ်များအတွင်းမှ ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၄.၁၈ ကီလို(ဒေသ ကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁,၀၄၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်မှ မူးယစ်ဆေးဝါးသယ်ဆောင်လာသူ ထိန်လင်းအောင်(၃၁)နှစ်အား အုန်းချောနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
Page 1873 of 1956