#LocalNews
Published -4 June 2022
Global Fund မှ၂၀၁၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ခုခံကျ/ကာလသားရောဂါ၊ တီဘီရောဂါ၊ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများအတွက်ထောက်ပံ့ခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် စီမံချက်များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်၊၊
ယခုအခါ မြန်မာနိုင်ငံတွင်ကိုဗစ်ထိန်းချုပ်နိုင်ပြီဖြစ်၍ ခုခံကျ/ကာလ သားရောဂါ စစ်ဆေး ကုသခြင်း၊ ဆေးယဉ်ပါးတီဘီရောဂါကုသခြင်း၊ ငှက်ဖျားရောဂါရှာဖွေကုသခြင်းလုပ်ငန်းများ အားပြန်လည်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်၊၊
ဇွန်လ(၃)ရက်ကနေပြည်တော်တွင် ပြုလုပ်သည့် Global Fund နှင့်တွေ့ဆုံဆွေးနွေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်၊၊
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် Global Fund မှ ၂၀၁၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ခုခံကျ/ကာလသားရောဂါ၊ တီဘီရောဂါ၊ ငှက်ဖျားရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများအတွက် စဉ်ဆက်မပြတ်ထောက်ပံ့ခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊
ယခုအခါမြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါကို ကောင်းမွန်စွာထိန်းချုပ်နိုင်ပြီဖြစ်၍ ခုခံကျ/ကာလသားရောဂါ စစ်ဆေးကုသခြင်း၊ ဆေးယဉ်ပါးတီဘီရောဂါကုသခြင်း၊ ငှက်ဖျားရောဂါရှာဖွေကုသခြင်းများလုပ်ငန်းများအား ပြန်လည်မြှင့်တင်ဆောင်ရွက်နိုင်ရေးဆိုင်ရာကိစ္စများ၊ အဆိုပါရောဂါများ ကုသနိုင်ရေး လိုအပ်သည့်ဆေးဝါးများ၊ အထောက်အကူပြုပစ္စည်းများ၊ ဓါတ်ခွဲခန်းသုံးပစ္စည်းများ ပြတ်လတ်မှု မရှိစေရန် ကျန်းမာရေးဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်ထားရှိမှုများ၊ အဆိုပါ ရောဂါများထိန်းချုပ်ရေးနှင့်ပတ်သက်၍ ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများ ဆက်လက်ကူညီပံ့ပိုး နိုင်ရေးကိစ္စရပ်များ၊ GLOBAL FUND အဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာနအကြား ပိုမိုပူးပေါင်းဆောင်ရွက်ရေး ကိစ္စများအား ဆွေးနွေးပြောကြားကြကြောင်း သိရသည်၊၊
ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ခုခံကျ/ကာလသားရောဂါ၊ တီဘီ ရောဂါ၊ ငှက်ဖျားရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေးနှင့် လာမည့်နှစ်များတွင် Global Fund ရန်ပုံငွေမှ ဆက်လက်ပံ့ပိုးနိုင်ရေး လုပ်ငန်းများကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်၊၊
ymg/tthl
#Yangon_Media_Group
#WorldHealth
Published 4 June 2022
အာဖရိကဝက်တုပ်ကွေးရောဂါတိုက်ဖျက်နိုင်ရန်အတွက် ဝက်တွေမှာထိုးပေးရတဲ့ကာကွယ်ဆေးကို ဗီယက်နမ်နိုင်ငံကအောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ကြောင်း ဗုဒ္ဓဟူးနေ့ကထုတ်ပြန်လိုက်ပြီး ဝက်တုပ်ကွေးရောဂါကာကွယ်ဆေးကို ထုတ်လုပ်တင်ပိုနိုင်မယ့် ပထမဆုံးနိုင်ငံဖြစ်လာတော့မှာဖြစ်ပါတယ်။
အာဖရိကဝက်တုပ်ကွေးရောဂါဟာ အဆိုးရွားဆုံးတိရိစ္ဆာန်ကူးစက်ရောဂါတွေထဲက တစ်မျိုးဖြစ်ပြီး ၂၀၁၉ ဖေဖော်ဝါရီတုန်းက ဗီယက်နမ်မှာပထမဆုံးတွေ့ရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်အတွင်း ဝက်ကောင်ရေ ၂၀ ရာခိုင်နှုန်းခန့်ကို သုတ်သင်ရှင်းလင်းခဲ့ရပါတယ်။
အဆိုပါရောဂါက ဥရောပနဲ့အာရှသို့မပျံ့ပွားခင် အာဖရိကကနေစတင်ပေါ်ပေါက်ခဲ့ပြီး ကမ္ဘာတဝှမ်းဝက်ကောင်ရေသန်းရာနဲ့ချီ သေဆုံးခဲ့ရပါတယ်။
အာဖရိကဝက်တုပ်ကွေးက လူသားတွေကိုတော့ အန္တရာယ်မဖြစ်စေပါဘူး။
ဒါဟာ တိရိစ္ဆာန်ဆေးကုလုပ်ငန်းအတွက် မှတ်ကျောက်တစ်ခုဖြစ်ကြောင်း၊ ကာကွယ်ဆေးအာနိသင်က ၆ လတာရှည်ခံတာကြောင့် ကမ္ဘာတဝှမ်းမှဝက်မွေးမြူထုတ်လုပ်ရေးလုပ်ငန်းတွေအတွက် အထောက်အကူပြုမှာဖြစ်ကြောင်း စိုက်ပျိုးရေးလက်ထောက်ဝန်ကြီး'ဖောင်ဒုတီယန်'က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒီကာကွယ်ဆေးကို ၂၀၁၉ နိုဝင်ဘာလကတည်းက အမေရိကန်ပညာရှင်များနဲ့ ပူးပေါင်းထုတ်လုပ်နေတာဖြစ်ပြီး လက်တွေ့စမ်းသပ်မှု ၅ ကြိမ်ပြုလုပ်ထားပါတယ်။
ကာကွယ်ဆေးရဲ့ဘေးကင်းထိရောက်မှုကို အမေရိကန်စိုက်ပျိုးမွေးမြူရေးဌာနလက်အောက်ရှိ စိုက်ပျိုးမွေးမြူရေးသုတေသနအဖွဲ့အစည်းက အသိအမှတ်ပြုလိုက်ပါတယ်။
"ကာကွယ်ဆေးအောင်မြင်မှုကနေ မျှော်လင့်ချက်တွေသယ်ဆောင်လာပါပြီ၊ ဗီယက်နမ်ကထုတ်လုပ်တဲ့ အာဖရိကဝက်တုပ်ကွေးကာကွယ်ဆေးကို တင်ပိုရမယ့်ကဏ္ဍအများကြီးရှိနေပါတယ်" လို့ 'တီယန်'ကပြောပါတယ်။
ဗီယက်နမ်ကနေ ကာကွယ်ဆေးထုတ်လုပ်နိုင်မယ့်အရေအတွက်နဲ့ ဘယ်အချိန်တင်ပို့မှာလဲဆိုတာကိုတော့ မဖော်ပြသွားပါဘူး။
ဗီယက်နမ်မှာ ဝက်တုပ်ကွေးရောဂါပျံ့ပွားနေပေမယ့် မွေးမြူသူတွေကို ဝက်သားပေါက်များပြန်လည်မွေးမြူခွင့်ပြုထားပြီး ရောဂါဗိုင်းရပ်စ်က နိုင်ငံအချို့ကမွေးမြူရေးခြံတွေမှာ ကူးစက်နေဆဲဖြစ်ပါတယ်။
Source: Reuters
#Yangon_Media_Group
#AsiaDevelopment
Published 3 June 2022
တရုတ်နိုင်ငံမှာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကြိုးပမ်းမှုများလုပ်ဆောင်လျက်ရှိပြီး ကျေးလက်ဒေသတွေမှာ ပြန်လည်ပြည့်ဖြိုးမြဲဝစွမ်းအင်များ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဆောင်ရွက်နေသလို ကျေးလက်ပြန်လည်ဖွံ့ဖြိုးရေးပဏာမ ခြေလှမ်းကို အရှိန်မြှင့်သွားမှာဖြစ်ကြောင်း ၂၀၂၁ မှ ၂၀၂၅ အထိရေးဆွဲထားတဲ့ အစီအစဉ်ကို ဗုဒ္ဓဟူးနေ့က ချပြခဲ့ပါတယ်။
#Yangon_Media_Group
Published 3 June 2022
သေနတ်သမားတစ်ဦးဟာ ကြာသပတေးနေ့ အမေရိကန်ပြည်ထောင်စု ဝစ်ကွန်ဆင်ပြည်နယ် အသုဘအခမ်းအနားတစ်ခုမှာ သေနတ်နှင့်ပစ်လို့ လူတော်တော်များများ ဒဏ်ရာရရှိသွားခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့နှင့် ဒေသမီဒီယာတွေကပြောပါတယ်။
“မွန်းလွဲ ၂နာရီ ၂၆မိနစ်မှာ ဂရေ့စ်လန်းသင်္ချိုင်းမှာ သေနတ်ပစ်ခတ်မှုတွေအများကြီးဖြစ်ခဲ့တယ်။ ထိခိုက်ဒဏ်ရာရသူတွေပေမယ့် ဘယ်နှဦးလဲမသိသေးဘူး။အခင်းဖြစ်ပွားတဲ့နေရာမှာ လှုပ်လှုပ်ရှားရှားနှင့် စစ်ဆေးမှုတွေပြလုပ်နေတုန်းပဲ” လို့ ရေဆင်း ရဲဌာနက တွစ်တာမှာရေးပါတယ်။
အသုဘအခမ်းအနားမှာ လူ(၅)ဦးဒဏ်ရာရခဲ့ပြီး အသုဘဟာ မတ်လက ရဲပစ်သတ်လို့ သေသွားတဲ့ ဒါရွန်တေးအယ်ကင်းစီနီယာအတွက် ပြုလုပ်တဲ့ အခမ်းအနားဖြစ်တယ်လို့ ဒေသတွင်းမီဒီယာကရေးပါတယ်။
ပြီးခဲ့တဲ့လက လက်နက်အကြမ်းဖက်မှုတွေကပ်ဆိုးသင့်နေတဲ့ အမေရိကန်မှာ ယူကျုံးမရဖြစ်ကြရတဲ့ သေနတ်ပစ်မှုနှစ်ခုဖြစ်ခဲ့ပါတယ်။ တစ်ခုက လူ ၂၁ ဦးသေဆုံးခဲ့ရတဲ့ တက္ကဆပ်မူလတန်းကျောင်းပစ်ခတ်မှုဖြစ်ပြီး နောက်တစ်ခုက နယူးယောက်ပြည်နယ်က လူ ၁၀ ဦးသေဆုံးခဲ့ရတဲ့ စူပါမားကက်ပစ်ခတ်မှုဖြစ်ပါတယ်။
Source AFP
#LocalNews
Published - 3 June 2022
ကိုဗစ်ကာလပြီးနောက် ပြည်တွင်းမှ ပန်းချီကားဝယ်ယူသူများပြားလာပြီး ပန်းချီစျေးကွက်အတွင်း ရင်းနှီးမြှုပ်နှံသူတွေများပြားလာတယ်လို့ ပန်းချီ Gallery ပိုင်ရှင်ထံမှ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published -3 june 2022
ကျန်းမာရေးဝန်ဆောင်မှုများကို လက်လှမ်းမီရရှိစေရန် လားရှိးမြို့မှာရှိသည့် အိုင်စီအာရ်စီအဖွဲ့က ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်းပြီး ဆေးရုံဝင်းအတွင်းအရေးပေါ်နှင့် ပြင်ပလူနာဌာနအဖြစ်အသုံးပြုရန် အဆောက်အအုံအသစ်တစ်လုံး တည်ဆောက်ပေးခဲ့ကြောင်း သိရသည်၊၊
“ဒီအဆောက်အဦသစ်မှာ လူနာတွေထားရှိဖို့ အခန်းတွေပိုများပြီး အရေးပေါ်ဌာနက ဆေးဝါးကုသမှု ချက်ခြင်းခံယူဖို့လိုအပ်နေတဲ့ ပြင်ပလူနာတွေအတွက် အရေးကြီးတဲ့ အဆောက်အဦတစ်ခုဖြစ်လာမှာပါ၊၊"မေလ ၃၀ ရက်နေ့မှာ ဒီအဆောက်အအုံကို ကျောက်မဲခရိုင်ဆေးရုံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်”လို့ အိုင်စီအာရ်စီလားရှိးအဖွဲမှ အင်ဂျင်နီယာ အိရွှေဇင်မျိုးက ပြောပါသည်၊၊
ဒီစီမံကိန်းကို ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် စတင်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဧပြီလတွင် ဆောက်လုပ်ပြီးစီးခဲ့ကြောင်း ဖော်ပြထားသည်၊၊
ထိုဒေသအတွင်းမှာရှိတဲ့ အခြားသောနေရာတွေကနေ လွှဲပြောင်းပို့ဆောင်လာတဲ့ မြေမြှုပ်မိုင်းနဲ့ အခြား ပေါက်ကွဲမှုအန္တရာယ်တွေကြောင့် ထိခိုက်ခံစားခဲ့ရသူတွေကို ထိုဆေးရုံမှာလက်ခံ ကုသပေးနေခြင်းဖြစ်သည်၊၊
ဒီလုပ်ငန်းများအပြင် ဆေးရုံထွက်စွန့်ပစ်ပစ္စည်းများကို စီမံခန့်ခွဲမှုစနစ်အသစ်ကိုလည်း ၂၀၂၁ ခုနှစ်တွင် အပြီးဆောက်လုပ်ပေးခဲ့ပြီး ဒီစနစ်ကိုအသုံးပြုခြင်းအားဖြင့် ယခုအချိန်မှာ ဆေးရုံအနေဖြင့် ရပ်ရွာလူထုပေါ်မှာကျရောက်နိုင်တဲ့ ဘေးဖြစ်စေနိုင်တဲ့ စွန့်ပစ်ပစ္စည်းများ၏အန္တရာယ်ကို လျှော့ချနိုင်ပြီဖြစ်ကြောင်း သိရသည်၊၊
ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိသည့်ကျောက်မဲဆေးရုံက ကျောက်မဲခရိုင်အတွင်းမှာ အကြီးဆုံးဆေးရုံဖြစ်ပြီး ကျောက်မဲ၊ နမ္မတူ၊ သီပေါ၊ နမ့်ဆန်၊ မန်တုံနှင့် နောင်ချိုမြို့နယ်တွေမှာနေထိုင်နေသည့် လူဦးရေ ၁၇၀,၀၀၀ ကျော်၏ ကျန်းမာရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနေကြောင်း သိရသည်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published -3 June 2022
မျောက်ကျောက်ရောဂါနဲ့ပတ်သက်လို့ ကြိုတင်ကာကွယ်ရေးတွေ ဆောင်ရွက်ထားသလို ရောဂါသံသယရှိပါက ဓာတ်ခွဲစစ်ဆေးပြီးကုသပေးနိုင်ဖို့လည်း ကျန်းမာရေးဝန်ကြီးဌာနက ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ထားတယ်လို့ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ၊ ညွှန်ကြားရေးမှူးဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published_3 June 2022
ရန်ကုန်-မန္တလေး အမြန်လမ်း ၇ မိုင် ၆ ဖာလုံမှာ ဖွင့်ထားတဲ့ သူဌေးကျွန်းအပမ်းဖြေစခန်းကို သွားရောက်လည်ပတ်သူတွေ များနေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Pulished_ 3 June 2022
ပြီးခဲ့တဲ့ ၅လ လောက်ကစပြီး ပြေးဆွဲလျှက်ရှိသည့် ရန်ကုန်-ပဲခူးယာဉ်လိုင်း Yangon- Bago Smart City Bus Line By Daewoo Bus လိုင်းအနေဖြင့် လာမည့် ဇွန်လ ၁၀ရက်ကစပြီး ပြေးဆွဲမှု ယာယီရပ်နားမည်ဖြစ်ကြောင်း အဆိုပါ ယာဉ်လိုင်းမှ တာဝန်ရှိသူက ပြောသည်။
"အဓိကကတော့ ဆီဈေးရယ်၊ စီးနင်းတဲ့သူ နည်းတာရယ်ကြောင့်ပါ။ ဆီက အသွားအပြန်တစ်ကြောင်းကို ၁သိန်းခွဲနဲ့ ၁သိန်း၃သောင်းလောက် ထည့်ရတယ်၊ ရန်ကုန်ကနေစ ပဲခူးကို အခေါက်ကြီးတစ်ခေါက်ခေါ်တာပေါ့ အဲ့တစ်ခေါက်ကို အဲ့လောက်ထည့်နေရတော့ ကျွန်တော်တို့မှာ ဝန်ထမ်းစရိတ်ရယ် အခြားစရိတ်တွေရယ်နဲ့တွက်ကြည့်လိုက်ရင် မမြတ်တဲ့အပြင် ရှူးနေတော့ သိပ်အဆင်မပြေဘူး။ အဲ့တာကြောင့် ဒီနေ့ကို တာဝန်ရှိသူတွေစုပေါင်းပြီး ယာယီရပ်နားဖို့ မူဝါဒတခုချမှတ်လိုက်တာပါ။ လောလောဆယ်တော့ လာမယ့် ၁၀ရက်နေ့လို အကြမ်းဖျင်းသတ်မှတ်ထားပါတယ်ဟု Daewoo Express ရန်ကုန်ဂိတ်ရဲ့တာဝန်ရှိသူက ပြောသည်။
ပြည်သူများအဆင်ပြေစေရေးအတွက်အရှုံးခံပြေးဆွဲခဲ့ပြီး ယခုအခါမှာ စက်သုံးဆီစျေး ထပ်မံမြင့်တက်လာမှုကြောင့် ယာယီရပ်နားထားသော်လည်း လာမည့် ဇွန်လ ၉ ရက်အထိ ယခင်ယာဉ်ထွက်ချိန်အတိုင်း ပြေးဆွဲပေးမည်ဟုလည်းသိရသည်။
ရန်ကုန်- ပဲခူး(ကလိ) အထိ တစ်ဦးလျှင် ငွေကျပ် ၃၀၀၀နှုန်းဖြင့် အဆိုပါယာဉ်လိုင်းကပြေးဆွဲပေးနေခြင်းဖြစ်သည်။
ymg/NN
#Yangon_Media_Group
#LocalNews
Published -3 June 2022
လွန်ခဲ့သော(၂၄)နာရီအတွင်းက အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးသို့ ဝင်ရောက်ခဲ့ပြီးဖြစ်၍ မိုးဦးကာလသို့ ရောက်ရှိပြီဖြစ်ပါသည်၊၊
မေလ(၁၃)ရက်က မြန်မာနိုင်ငံတောင်ပိုင်း၊ မေလ(၁၉)ရက်က မြစ်ဝကျွန်းပေါ်ဒေသ၊ မေလ (၂၅)ရက်က မြန်မာနိုင်ငံအလယ်ပိုင်းဒေသနှင့် ဇွန်လ(၂)ရက်တွင် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများကို အနောက်တောင်မုတ်သုံလေဝင်ရောက်ခဲ့ခြင်း ဖြစ်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်၊၊
"တစ်နိုင်ငံလုံး အနောက်တောင်မုတ်သုံလေဝင်ရောက်ပြီးတာနဲ့ မိုးဦးကာလရောက်ပြီလို့ ပြောလို့ရပါတယ်၊၊ မြန်မာနိုင်ငံမှာတော့ မိုးဦးကာလကို အနောက်တောင်မုတ်သုံလေဝင်ရောက်ပြီးချိန်ကနေ ဇွန်လကုန်အထိ မိုးဦးကာလလို့ သတ်မှတ်လို့ရပါတယ်၊၊ ဒီကာလတွေမှာတော့ မုတ်သုံ အားကောင်းမှု အပေါ်မူတည်ပြီး လေပြင်းတိုက်တာ မိုးသည်းထန်တာတွေ၊ မိုးကြိုးပစ်တာတွေဖြစ်ပေါ်နိုင်တယ်"လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးလှထွန်းကပြောပါတယ်၊၊
မိုးဦးကာလတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသည်းထန်မှုကြောင့် ရေကြီးခြင်း၊ လေပြင်း တိုက်ခတ်ခြင်း၊ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များလဲပြိုခြင်း၊ နေအိမ်များပိခြင်း၊ မိုးကြိုးအန္တရာယ်၊ လျှပ်စစ်အန္တရာယ်များဖြစ်ပေါ်နိုင်သည့်အတွက် အထူးသတိပြုနေထိုင်ကြရန်လိုအပ်ကြောင်း သိရသည်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published_3 June 2022
မြန်မာနိုင်ငံအတွင်း ဂျပန်ချေးငွေဖြင့်တည်ဆောက်နေသည့် စီမံကိန်းများ ပြန်လည်စတင်နေပြီဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက သိရသည်။
"Japan ODA နဲ့ လုပ်နေတာတွေ ပြန်စပါပြီ။ ဂျပန်ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင်ရောက်လာဖို့ DICA မှာ Japan desk ဖွင့်ထားပြီး ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နဲ့ ဂျပန်ပြည်ပကုန်သွယ်မှု့အဖွဲအစည်း (JETRO)က ကိုယ်စားလှယ်တွေ အနီးကပ်အကူအညီပေးနေပါတယ်"ဟု အဆိုပါ ဝန်ကြီးဌာန၏ တာဝန်ရှိသူက ပြောသည်။
ဂျပန်နိုင်ငံအနေဖြင့် လွန်ခဲ့သော ၂၀၁၃ ခုနှစ်ကတည်းက နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊အကာအကွယ်ပေးရေးနှင့် ဖြေလျှော့ရေး စာချုပ်ချုပ်သည့်အပြင် JICA အကူအညီဖြင့် မြန်မာရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှစ် ၂၀ စီမံကိန်းကိုလည်း ရေးဆွဲထားကြောင်း သိရသည်။
လက်ရှိတွင် ဂျပန်ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းမှာ အမေရိကန်ဒေါ် သန်း ၁၈၀၀ ကျော်ရှိကြောင်းလည်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
ymg/mt
#Yangon_Media_group
#LocalNews
Published _3 June 2022
နိုင်ငံသားကဒ် e-ID စနစ်တစ်ခုလုံးအတွက် ဒီဇိုင်းပုံစံ Master Plan အား ပြည်တွင်းနည်းပညာအကြံပေး အဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေးတိုင်ပင်ကာ ရေးဆွဲထားရှိပြီး နိုင်ငံတကာအဆင့်မီဖြစ်စေရန် ပြည်ပက နည်းပညာအကြံပေးများနှင့် ငှားရမ်းဆောင်ရွက်ရမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ပြောကြားခဲ့သည်။
e-ID စနစ်လုပ်ငန်းကော်မတီ၏ တတိယအကြိမ်ညှိနှိုင်းအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီမှ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
e-ID စနစ်အကောင်အထည်ဖော်ရာတွင် Unique ID ကောက်ယူခြင်းနှင့် National ID ဆောင်ရွက်ခြင်းကို အပိုင်း(၂)ပိုင်းဖြင့် ဆောင်ရွက်သွားမည်ဟုလည်း ယင်းအစည်းအဝေးမှ သိရသည်။
"ဒါမှသာ မိမိတို့အသုံးပြုမယ့် Enrollment Kit နဲ့ပတ်သက်တဲ့ အချက်အလက်တွေ ရေးဆွဲထားတဲ့ Master Plan တွေအပေါ် လိုအပ်တဲ့အကြံပြုချက်တွေ လုပ်ငန်းစဉ်အတွက်လိုအပ်တဲ့ သင်တန်းပေးနိုင်ရေးအခြေအနေတွေကို ပြည်ပနည်းပညာ အကြံပေးက သုံးသပ်ဆွေးနွေးအကြံပြုပေးနိုင်မှာဖြစ်ပါတယ်"ဟု ပြည်ထောင်စုဝန်ကြီးကဆိုသည်။
ထို့ပြင် e-lD စနစ်အား နိုင်ငံတော်၏ ဘတ်ဂျက်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး e-ID စနစ်လုပ်ငန်းအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင် အီလက်ထရောနစ်မှတ်ပုံတင်စနစ် ဦးစီးဌာနကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်ဟု ၎င်းကဆက်ပြောသည်။
" e-ID စနစ်လုပ်ငန်းနဲ့ပတ်သက်ပြီး လုပ်ငန်းကော်မတီဖွဲ့စည်းပြီးဖြစ်သလို ဆပ်ကော်မတီတွေကိုလည်း ဖွဲ့စည်းထားပြီးဖြစ်ပါတယ် လုပ်ငန်းနဲ့ပတ်သက်တဲ့ ဥပဒေဆိုင်ရာတွေနဲ့ ပတ်သက်ပြီးတော့လဲ ညှိနှိုင်းဆွေးနွေးဆောင်ရွက်နေပြီဖြစ်ပါတယ်"ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
"e-ID စနစ်လုပ်ငန်းဟာ e-Government စနစ်အတွက် အခြေခံကျတဲ့ လုပ်ငန်းတစ်ခုဖြစ်တာကြောင့် နိုင်ငံအတွက်မဖြစ်မနေ ဆောင်ရွက်ရမှာဖြစ်သလို လက်ရှိ နိုင်ငံတော်အစိုးရတာဝန်ယူချိန်မှာ အကောင်အထည်ဖော်ဆောင်ရွက်ဖို့ ဆုံးဖြတ်ဆောင်ရွက်နေပါတယ်"ဟု ပြည်ထောင်စုဝန်ကြီးဦးခင်ရီကပြောသည်။
e-ID စနစ်လုပ်ငန်းသည် နိုင်ငံအတွက် မဖြစ်မနေဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်ပြီး အချိန်ကာလ၊ နိုင်ငံတကာအဟန့်အတား၊ နည်းပညာကျွမ်းကျင်မှုစသည့် ကန့်သတ်ချက်များအပေါ် ခြုံငုံသုံးသတ်၍ ဆွေးနွေးခဲ့ကြောင်းသိရသည်။
ymg/NN
#Yangon_Media_Group
Page 1859 of 2053