#WorldEntertainment
Published 4 June 2022
ဂန်နမ်စတိုင်လ်သီချင်းဖြင့် ကမ္ဘာကျော်ခဲ့ပြီး ၁၀ နှစ်အကြာမှာ တောင်ကိုရီးယားရက်ပါအဆိုတော် PSY ဟာ သူ့ရဲ့အောင်မြင်မှုဆုလာဒ်ကို ဂုဏ်ယူစွာဖြင့် အပျော်ရွှင်ရဆုံးဘဝကိုခံစားလျက်ရှိပြီး နောက်ထပ်နာမည်ကြီးသီချင်းများ ဖန်တီးဖို့ဖိအားတွေအောက်ကနေ လွတ်မြောက်ခဲ့ပြီလို့ ဖွင့်ဟလာပါတယ်။
#Yangon_Media_Group
#LocalNews
Published_4 June 2022
အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA-မိုင်းလားအဖွဲ့)က ယင်းတို့အနေဖြင့် နိုင်ငံတော်မှခွဲမထွက်ကြောင်း ယနေ့ မေလ ၄ ရက်တွင် နေပြည်တော်၌ နစကဥက္ကဌ နှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

ယင်းတို့ကနိုင်ငံတော်မှခွဲမထွက်ဘဲ ပြည်ထောင်စုမပြိုကွဲရေး၊တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် နိုင်ငံတော်အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို စွဲမြဲစွာထိန်းသိမ်းလိုက်နာလျက်ရှိသည့်အခြေအနေများနှင့် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ဒီမိုကရေစီနှင့်ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးနှင့်ပတ်သက်၍ နစက နှင့် သဘောထားတူညီကြောင်းပြောကြားခဲ့ကြခြင်းလည်း ဖြစ်သည်။
နစက ဥက္ကဌက လက်နက်ကိုင် ပဋိပက္ခများကို ငြိမ်းချမ်းစွာအဖြေရှာနိုင်မှသာ ပြည်ထောင်စုဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုဆောင်ရွက်နိုင်မည့်အကြောင်း၊ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆောင်ရွက်နေချိန် ပညာရေး၊ကျန်းမာရေး၊စီးပွားရေးတို့တွင် ရပ်တန့်နေ၍မရဘဲ စဉ်ဆက်မပြတ် တိုးတက်မှုရှိစေရန် ၊တိုင်းပြည်၏အနာဂတ်မျိုးဆက်သစ်များအား တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်သည့် ပြည်ထောင်စုနိုင်ငံတော်ကြီးကိုလက်ဆင့်ကမ်းနိုင်ရေးရရှိစေရန် ဆောင်ရွက်မည့်အခြေအနေများ၊ပြည်သူလူထုဆန္ဒနှင့်ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီကျင့်သုံးဆောင်ရွက်ရေးဆိုင်ရာကိစ္စများနှင့် ဖက်ဒရယ်ကို အခြေခံသည့်ပြည်ထောင်စုစနစ် တည်ဆောက်ရေးကိစ္စတိုကို ပြောကြားခဲ့ခြင်းအပေါ် NDAA က အထက်ပါအတိုင်း သဘောတူကြောင်း ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့-NDAA(မိုင်းလား)က နစက ဥက္ကဌအနေဖြင့် သဘောထားကြီးစွာဖြင့် နိုင်ငံရေးဆွေးနွေးမှုမှတစ်ဆင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖော်ဆောင်နိုင်ရန် အမြော်အမြင်ကြီးစွာကမ်းလှမ်းခဲ့မှုအပေါ် ကြိုဆိုကြောင်းလည်းပြောကြားခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းအပြင် NDAA က ယင်းတို့၏ ဒေသခံတိုင်းရင်းသားများအတွက် စီးပွားရေး၊ကျန်းမာရေး၊ပညာရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စများကိုလည်း တင်ပြခဲ့ကြကြောင်း သိရသည်။
မေလ ၃ ရက်က နေပြည်တော်သို့ရောက်ရှိခဲ့သည့် အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA-မိုင်းလားအဖွဲ)ဒုဥက္ကဋ္ဌ ဦးစံပေ့နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ယနေ့ မေလ ၄ ရက်တွင် နေပြည်တော်၌ တွေ့ဆုံခဲ့ကြရာ NDAA ဘက်မှ ဒုဥက္ကဋ္ဌ ဦးစံပေ့၊ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်၊ နစကဘက်မှ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုဗိုလ်ချုပ်ကြီး ရာပြည့်တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#Health_Matters
Published - 4 June 2022
-သွေးလွန်တုပ်ကွေးဟာ လူကြီးကလေးအကုန်ဖြစ်နိုင်တော့ မိသားစုအလိုက် အိမ်ထောင်စုအလိုက် ဘာတွေလိုက်နာသင့်သလဲ ဘယ်လိုကာကွယ်သင့်ပါသလဲ??
#Yangon_Media_Group
Published 4 June 2022
တရုတ်နိုင်ငံအနောက်ပိုင်း ကွေးကျိုး ပြည်နယ် ရုံးကျန်းစီရင်စုက ရထားဘူတာရုံမှာ ကျည်ဆံအမြန်ရထားတစ်စီး လမ်းချော်ရာ ရထားမောင်းသေဆုံးသွားပြီး အခြား(၈)ဦး ဒဏ်ရာရရှိသွားခဲ့ပါတယ်။
စနေနေ့ ဒေသစံတော်ချိန် မနက်၁၀နာရီခွဲမှာ ရထားလမ်းချော်မှုဖြစ်ခဲ့တာဖြစ်တယ်လို့ တရုတ်နိုင်ငံတော်ရထားအုပ်စုကုမ္ပဏီက သတင်းထုတ်ပြန်ပါတယ်။
ပြည်နယ်မြို့တော်ကွေးရန်းကနေထွက်ခွာပြီး တောင်ပိုင်း ကွမ်ဒေါင်းပြည်နယ် ကွမ်ကျိုးမြို့ကို ဦးတည်မောင်းနှင်နေတဲ့ အဆိုပါ ကျည်ဆံရထား D2809ရဲ့ တွဲနှစ်တွဲဟာ ရုံးကျန်းဘူတာရုံကို ရောက်ခါနီးမှာ ရွှံစေးတွေနှင့် ကျောက်ခဲတွေထိမှန်ပြီးနောက် လမ်းချော်ခဲ့ရတာဖြစ်ပါတယ်။
ဒဏ်ရာရသူတွေထဲမှာ ရထားတွဲစောင့်တစ်ဦးနှင့် ခရီးသည်(၇)ဦးတို့ပါဝင်ပြီး သူတို့ကို ဒေသဆေးရုံမှာ ဆေးဝါးကုသမှုပေးနေပါတယ်။ ခရီးသည် ၁၃၆ ဦးကိုတော့ ကယ်ထုတ်လိုက်နိုင်တယ်လို့ ကုမ္ပဏီကပြောပါတယ်။
ပြီးခဲ့တဲ့ရက်တွေက အဲဒီဒေသမှာ မိုးသည်းထန်ခဲ့တာဖြစ်ပါတယ်။ ရထားလမ်းချော်မှုကိစ္စ စတင်စုံစမ်းစစ်ဆေးနေပြီလို့ ကုမ္ပဏီက ပြောပါတယ်။
Source CCTV+
#Health_Matters
Published - 4 June 2022
-အခုကျောင်းတွေဖွင့်လိုက်တော့ ကျောင်းတက်နေတဲ့ကလေးတွေ သွေးလွန်တုပ်ကွေး ရောဂါ ကျောင်းတွေကနေကူးစက်မလာအောင် ဘာတွေကာကွယ်သင့် ပြင်ဆင်သင့်ပါသလဲ??
#Yangon_Media_Group
Published 4 June 2022
စာရေးဆရာမ မာဂရက် အက်ဝုဒ်က သူမရဲ့ မကြာခဏအပိတ်ခံရတဲ့ ရှေ့ဖြစ်ဟော "The Handmaid's Tale” ဝတ္ထုစာအုပ်ကို မီးမလောင်စာအုပ်အဖြစ် ထုတ်ဝေခဲ့ပါတယ်။ အဲဒီစာအုပ်ကို နယူးယောက်စီးတီးရဲ့ ဆောက်သဗီး အကျိုးဆောင်လုပ်ငန်းမှာ ခင်းကျင်းပြသထားပါတယ်။ အဲဒီစာအုပ်ကို ဇွန်(၇)ရက်နေ့ကစပြီး ဒေါ်လာ ငါးသောင်းနှင့် တစ်သိန်းအကြား ကြမ်းခင်းဈေးနှင့် လေလံပွဲဖွင့်လှစ် ရောင်းချသွားမှာဖြစ်ပါတယ်။
Source AFP
#LocalNews
Published_4 June 2022
နာမည်ကြီး Air Asia လေကြောင်းလိုင်း မြန်မာနိုင်ငံတွင် ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်း၏ ထုတ်ပြန်ချက်အရ သိရသည်။
ဇွန်လ ၁ ရက်မှ စတင်၍ ရန်ကုန် - ဘန်ကောက်ခရီးစဉ်ကို ပြေးဆွဲပေးနေပြီး ရန်ကုန်- ဘန်ကောက်ခရီးစဉ် အသွားအပြန်အတွက် အနိမ့်ဆုံးဈေးနှုန်း အမေရိကန်ဒေါ်လာ ၁၂၀ မှစတင်ဝယ်ယူနိုင်ကြောင်း ၊ရန်ကုန်- ဘန်ကောက်ခရီးစဉ်ကို အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ တနင်္ဂနွေနေ့များတွင် ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။
Air Asia လေကြောင်းလိုင်းအနေဖြင့် နိုင်ငံတကာခရီးစဉ်များကို ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် မတ်လအတွင်းက ရပ်နားထားခဲ့ခြင်းဖြစ်ကြောင်း၊ယခုအခါ အာရှ နှင့် အရှေ့တောင်အာရှ နိုင်ငံအချို့ကို ပြန်လည်ပြေးဆွဲဖို့ ပြင်ဆင်နေခြင်းဖြစ်ကာ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းခရီးစဉ်များ၊ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ခရီးစဉ်များကိုလည်း ပြေးဆွဲရန်ပြင်ဆင်နေကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#Health_Matters
Published - 4 June 2022
-နှစ်စဉ်ရောဂါဖြစ်ပွားမှု သုံးသပ်ချက်များအရ မြန်မာနိုင်ငံမှာ ယခုနှစ်ဟာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ထူးကဲစွာများပြားသည့် Outbreak အသွင် ဖြစ်ပွားနိုင်ခြေ များပြားတယ်လို့ ပညာရှင်တွေက ပြောထားကြတဲ့အပေါ် ဆရာ့အမြင်
#Yangon_Media_Group
#LocalNews
Published_4 June 2022
ထိုင်းနိုင်ငံသားတစ်ဦး အသတ်ခံရသည့်ကိစ္စကြောင့် တရားမဝင်ရောက်လာသည့် မြန်မာနိုင်ငံသားအများအပြားဖမ်းဆီးခံရကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်နေသူများထံမှ သိရသည်။
ဇွန်လ တစ်ရက်က အသတ်ခံထားရသည့် သေဆုံးသူ Maddol Binson ဆိုသူ၏ အလောင်းမြုပ်ထားရာနေရာကို တွေ့ရကြောင်း၊အဆိုပါနေရာနှင့် မလှမ်းမကမ်းတောအုပ်ထဲတွင် ပုန်းအောင်းနေသည့် မြန်မာနိုင်ငံသား ၆၀ ဦးကို ဇွန်လ ၂ ရက်နေ့ဘက်တွင် ဖမ်းဆီးရမိပြီး အခန်းတန်းလျားတွင်း တည်းခိုနေထိုင်သော မြန်မာနိုင်ငံသား ၁၀၉ ဦးကို ယင်းနေ့ ညတွင်ထပ်မံဖမ်းဆီးမိခဲ့ကာ စစ်ဆေးခံနေရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်မှာ ထိုင်း-မလေးရှားနယ်စပ် စုံခလာခရိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံသားများက ဝိုင်းဝန်းသတ်ဖြတ်ဟုယူဆကာ စစ်ဆေးနေခြင်းဖြစ်ကြောင်းလည်း သိရသည်။
သေဆုံးခဲ့သည့် ထိုင်းနိုင်ငံသားမှာ ကုမ္ပဏီတစ်ခုတွင်လုပ်နေသည့် လျှပ်စစ်ဓာတ်အားလုပ်သားဖြစ်ပြီး ဇွန်လတစ်ရက်က အသတ်ခံရခြင်းဖြစ်ကြောင်း၊သေဆုံးသူ၏အလောင်းတွင် တိုက်ခိုက်ခံထားရသည့်အနေအထားရှိသည့်အပြင် လက်နှင့် ခြေထောက်တို့ကိုလည်း ကြိုးဖြင့် တုပ်နှောင်ထားကြောင်း၊သေဆုံး စီးနင်းလာသည့် ဆိုင်ကယ်ကိုလည်း အလောင်းမြုပ်နှံထားသည့်နေရာမှ မီတာ ၃၀၀ ကျော်အကွာတွင်တွေ့ရကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
"အဲဒီ ထိုင်းနိုင်ငံသားသေတာမှာ အဲဒီနားမှာပဲ ခိုးဝင်သွားကြတဲ့ မြန်မာနိုင်ငံသားတွေအများကြီး မိထားတာဆိုတော့ သူတို့အနေနဲ့ ဒီသေမှုသေခင်းမှာပါတယ်လို့ သံသယဖြစ်လို့ စစ်နေတာ၊မှုခင်းစုံစမ်းစစ်ဆေးရေးဌာနက သဲလွန်စတွေ့တယ်လို့ကြားတယ်။အခုဆိုရင် စုံခလာခရိုင်မှာ ရှိတဲ့တရားမဝင်မြန်မာနိုင်ငံသားတွေကိုလည်း လိုက်လံဖမ်းဆီးနေတယ်"ဟု မြန်မာရွှေ့ပြောင်းလုပ်သားများအရေးဆောင်ရွက်နေသူကပြောသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Pulished _ 4 June 2022
ယခုလ ဇွန်လဟာ မိုးစပါးစိုက်ပျိုးရာသီဖြစ်ပြီး စိုက်ပျိုးတောင်သူတွေရဲ့ အဓိကလိုအပ်ချက်တွေ အနေနဲ့မျိုးစေ့နဲ့ ဓာတ်မြေဩဇာတွေဖြစ်ပါတယ်၊၊
#Yangon_Media_Group
#LocalNews
Pulished _ 4 June 2022
ယခုနှစ်အတွင်း ဝယ်လိုအား၊ ရောင်းလိုအားပြောင်းလဲမှုများနှင့် အစိုးရမူဝါဒပြောင်းလဲမှုများကြောင့် ဆန်စပါးစျေးကွက် တည်ငြိမ်နိုင်ဖို့ ခက်ခဲနေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။
"ဈေးကွက်တည်ငြိမ်ဖို့ဆိုတာ တော်တော်ခက်ပါတယ်။ ဝယ်လိုအား၊ ရောင်းလိုအား ပြောင်းလဲမှုတွေ၊ အစိုးရမူဝါဒ ပြောင်းလဲမှုတွေက အလွန်လျှင်မြန်စွာ ဖြစ်ပေါ်နေတော့ ဈေးကွက်အပေါ် သက်ရောက်မှုက ကြီးမားကျယ်ပြန့်ပါတယ်။ လတ်တလော ဦးစားပေးသင့်တာကတော့ အခု ဇွန်၊ ဇူလိုင် မိုးစပါးရာသီမှာ တစ်ဧကအထွက်နှုန်း တိုးတက်အောင် ဘက်ပေါင်းစုံက ကြိုးပမ်းရပါမယ်။ တောင်သူတွေ လိုအပ်တဲ့ ဓါတ်မြေဩဇာ၊ ချေးငွေ၊ မျိုးနဲ့ အာမခံဈေးစတဲ့ ကိစ္စတွေကို ဌာနဆိုင်ရာတွေနဲ့ ပုဂ္ဂလိက ကုန်သည်တွေ၊ စက်ပိုင်တွေက ဝိုင်းဝန်းကူညီ ပူးပေါင်းဝန်းရံပေးဖို့ အရေးကြီးပါတယ်" ဟု ထိုအသင်း၏ဥက္ကဋ္ဌမှ ဆိုသည်။
အသင်းချုပ်အနေနဲ့ ဆန်စပါးလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ပုံမှန်လုပ်ငန်းဆောင်တာများ အပြင် လတ်တလောကာလမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မိတ်ဖက်အဖွဲ့တွေ၊ ဌာနဆိုင်ရာတွေနဲ့ ညှိနှိုင်း တိုင်ပင်ဖြေရှင်းနေလျှက်ရှိကြောင်း သိရသည်။
ဥရောပ၊ အာရှ ၊ အာဖရိကစတဲ့ ဝယ်သူနိုင်ငံတွေနဲ့လည်း ညှိနှိုင်း ပူးပေါင်းဆောင်ရွက်တာတွေ ပြုလုပ်နေတယ်လို့လည်း သိရသည်။
ပြည်ပတင်ပို့မှုအနေဖြင့် "အဓိကလိုအပ်ချက်တွေကတော့ ငွေလဲနှုန်းတည်ငြိမ်ဖို့၊ ပို့ကုန်ချေးငွေ (export financing) ရဖို့၊ လျှပ်စစ်မီး မှန်မှန်လာဖို့ စတာတွေ အရေးကြီးလာပါတယ်။ ဆန်က အခြားနိုင်ငံတွေနဲ့ယှဉ်ပြီး ရောင်းရတာဖြစ်လို အခြားနိုင်ငံတွေမှာ ဒီလိုလိုအပ်ချက်တွေက မရှိပါဘူး၊ ဒီမှာက ဒါတွေရှိနေတော့ ယှဉ်ပြိုင်ရောင်းနိုင်အောင် တော်တော် ကြိုးပမ်းရတာပါ။ Exporter တွေကို အားပေးမြှင့်တင်ပေးမှ ဆန်စက်လုပ်ငန်းနဲ့ စိုက်ပျိုးထုတ်လုပ်မှုတွေပါ လိုက်ပါပြီး တိုးတက်မှာ ဖြစ်ပါတယ်" ဟုမြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ တာဝန်ရှိသူမှ ပြောသည်။
ဆက်လက်၍ ယခု ၂၀၂၂ ခုနှစ် ဧပြီလမှာ ဆန်၊ ဆန်ကွဲတန်ချိန် ၂ သိန်း ၄သောင်းလောက် ပြည်ပသို့တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ သန်း ၈၀ လောက် ဝင်ငွေရရှိထားကြောင်း အဆိုပါအသင်းထံမှ သိရသည်။
ထို့နောက် ယခုနှစ် ၂၀၂၂-၂၃ ဘဏ္ဍာ နှစ်မှာလည်း ဆန်တန်ချိန်ပေါင်း (၂) သန်း လောက် တင်ပို့ရောင်းချဖို့ စီစဉ်မျှော်မှန်းထားကြောင်း ယင်းအသင်းချုပ်က တာဝန်ရှိသူထံမှ သိရသည်။
ymg/NN
#Yangon_Media_Group
#LocalNews
Published - 4 June 2022
ပြည်တွင်း၌ စက်သုံးဆီဝယ်ယူဖြည့်တင်းမှု ခက်ခဲနေပေမယ့်လည်း အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းကြီးအချို့က အခက်အခဲမရှိသေးဘူးလို့ ခရီးသည်တင်ယာဉ်လိုင်းတွေကနေ သိရပါတယ်။
#Yangon_Media_Group
Page 1857 of 2053