#WorldHealth
Published 29 June 2022
အမျိုးသမီးတွေမှာ နှလုံးရောဂါနဲ့ နှလုံးဖောက်ပြန်နိုင်ချေရှိခြင်းတို့ကို မတွေ့ရတတ်တာမျိုး မကြာခဏဖြစ်ပေါ်လျက်ရှိပြီး ဒီလိုဖြစ်ရတဲ့နောက်ကွယ်ကအကြောင်းအရင်းတွေနဲ့ ပတ်သက်ပြီး အငြင်းပွားစရာရှိနေခဲ့ပေမယ့် အခုတော့ မျိုးရိုးဗီဇတစ်ခုကြောင့်ဖြစ်နိုင်တယ်လို့ တွေ့ရှိလာပါတယ်။
အဆိုပါ မျိုးရိုးဗီဇအကြောင်းကို American Heart Journal Plus: Cardiology Research and Practice ပညာပေးဂျာနယ်မှာ ဖော်ပြထားပါတယ်။
ဒီလေ့လာချက်အရ အမျိုးသားအမျိုးသမီးကွာခြားမှုအပေါ်မူတည်ပြီး ဆေးပညာလုပ်ရိုးလုပ်စဉ်များ တိုးတက်လာနိုင်ဖို့ မျှော်လင့်ရပါတယ်။
အခြားရောဂါတွေနဲ့နှိုင်းယှဉ်ရင် နှလုံးရောဂါကြောင့်ကမ္ဘာပေါ်က လူအများစုသေဆုံးနေကြရပြီး နှလုံးသွေးကြောကျဉ်းရောဂါ(IHD)၊ နှလုံးသွေးထောက်ပံ့မှုလျော့နည်းခြင်း(ACS)နဲ့ နှလုံးကြွက်သားပျက်စီးခြင်း(MI)တို့ ဖြစ်ပေါ်နိုင်ပါတယ်။
နှလုံးရောဂါတွေက အမျိုးသားရောအမျိုးသမီးမှာပါဖြစ်တတ်ပေမယ့် သိသာတဲ့ ကွဲပြားချက်တွေရှိနေပါတယ်။
ယေဘုယျခြုံကြည့်ရင် အမျိုးသားတွေက အမျိုးသမီးတွေထက်အသက်အရွယ်ပိုစောပြီး နှလုံးရောဂါဖြစ်နိုင်ချေရှိပေမယ့် အသက် ၆၅ နှစ်နောက်ပိုင်း ရောဂါကြောင့် သေဆုံးမှုမှာတော့ အမျိုးသမီးတွေမှာ သိသိသာသာများပြားနေပါတယ်။
အခြားကျန်းမာရေးအခြေအနေတွေကို ပါထည့်တွက်ရင်တောင် အမေရိကန်ရှိအမျိုးသမီးတွေဟာ အမျိုးသားတွေထက် နှလုံးရောဂါကြောင့်အသက်ဆုံးရှုံးနိုင်ချေ ၂ ဆ ၃ ဆပိုများနေပါတယ်။
ဒါပေမဲ့ ရောဂါရှာဖွေတဲ့အခါ အမျိုးသမီးတွေ ၅၀ ရာခိုင်နှုန်းလောက်ဟာ နှလုံးရောဂါရှိမှန်းအဖြေမပေါ်ကြပါဘူး။
ဒါ့အပြင် မတူညီတဲ့လူမျိုးတွေနဲ့ အသားညိုအသားလတ်တဲ့သူတွေမှာလည်း ရောဂါဖြစ်နိုင်ချေမတူညီတာမျိုး အချက်အလက်တွေတွေ့ရှိထားပါတယ်။
အမျိုးသားတွေနဲ့ အမျိုးသမီးတွေမှာ နှလုံးရောဂါခံစားရတာနဲ့ပတ်သက်လာရင် လက္ခဏာခံစားရပုံချင်း မတူညီတတ်ပါဘူး။
အမျိုးသမီးတွေမှာ သာမန်နှလုံးရောဂါလက္ခဏာတွေလောက်က သိသာထင်ရှားမှုမရှိတာကြောင့် ကုသခံယူမှုနောက်ကျတာမျိုးဖြစ်တတ်တဲ့အပြင် ရောဂါလုံးဝရှာမတွေ့တာမျိုးတောင်ဖြစ်တတ်ကြောင်း ဖလော်ရီဒါသူနာပြုတက္ကသိုလ်ကောလိပ်မှ တွဲဖက်ပရော်ဖက်ဆာ'ဂျန်နီဖာဒွန်ဂန်'က ဖော်ပြထားပါတယ်။
ဒီလိုကွာခြားမှုတွေဟာ မျိုးရိုးဗီဇမတူညီမှုကြောင့်လို့ ယူဆထားကြပေမယ့် နှလုံးရောဂါနဲ့ပတ်သက်လာရင် ထိုမျိုးရိုးဗီဇတွေ ဘယ်လိုပြောင်းလဲသွားတာလဲဆိုတာကိုတော့ သေချာမသိကြသေးပါဘူး။
'ဒွန်ဂန်'နဲ့သုတေသနအဖွဲက အမျိုးသားနဲ့အမျိုးသမီးတွေရဲ့ မတူညီတဲ့မျိုးရိုးဗီဇတွေကို ဆန်းစစ်လေ့လာတဲ့အခါ RAP1GAP2 လို့ခေါ်တဲ့မျိုးရိုးဗီဇကြောင့်ဖြစ်နိုင်တယ်လို့ ယူဆခဲ့ပါတယ်။
ထိုမျိုးရိုးဗီဇဟာ ပလိတ်လတ်လုပ်ငန်းစဉ်ကိုထိန်းချုပ်ရာမှာ ကူညီပေးပြီး သွေးခဲခြင်းကို ထိန်းညှိပေးပါတယ်။
သွေးခဲခြင်းဖြစ်လို့ ပလိတ်လတ်တွေ အလွန်အမင်းအလုပ်လုပ်တဲ့အခါ သွေးနဲ့အောက်ဆီဂျင်က နှလုံးကိုသွားပြီး ပိတ်စေတတ်ကာ နှလုံးဖောက်ပြန်ခြင်းဖြစ်တတ်ပါတယ်။
ဒါကြောင့် RAP1GAP2 မျိုးရိုးဗီဇတွေအလွန်အမင်းထွက်ရှိတာက အဆိုပါပြဿနာတွေဖြစ်လာစေနိုင်ပါတယ်။
"စမ်းသပ်ချက်အရ RAP1GAP2 မျိုးရိုးဗီဇတွေကိုလေ့လာပြီး အမျိုးသမီးတွေရဲ့ နှလုံးရောဂါလက္ခဏာတွေနဲ့ ဖြစ်လာနိုင်ချေများ၊ လေဖြတ်နိုင်ချေနဲ့ အသက်ဆုံးရှုးနိုင်ချေတိုကို စောစီးစွာရှာဖွေနိုင်ဖို့မျှော်လင့်ပါတယ်၊ တိတိကျကျရှာဖွေဖော်ထုတ်ပြီး အမျိုးသမီးတွေရဲ့ကျန်းမာရေးနဲ့အသက်တွေကို ကယ်တင်နိုင်မှာဖြစ်ပါတယ်" လို့ ဖော်ပြထားပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#AsiaTradition
Published 28 June 2022
တနင်္ဂနွေနေ့က ထိုင်းနိုင်ငံ ချောင်ဘူရီမှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ထိုင်းရိုးရာကျွဲပြိုင်ပွဲကို ကျင်းပခဲ့ပါတယ်။
#Yangon_Media_Group
Published 28 June 2022
ဗြိတိန်၊အမေရိကန်ပြည်ထောင်စု၊ဂျပန်နှင့်ကနေဒါတို့က ရုရှားကို အရေးယူပိတ်ဆို့မှု ထပ်မံတင်းကြပ်လိုက်တဲ့အနေနှင့် ရုရှားနိုင်ငံမှ ရွှေများတင်သွင်းတာကို ပိတ်ပင်ကြဖို့ သဘောတူခဲ့ကြတယ်လို့ ဗြိတိန်သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။
အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဂျာမနီမှာ တနင်္ဂနွေနေ့က စတင်ကျင်းပတဲ့ G7 ထိပ်သီးအစည်းအဝေးမှာ ယူကရိန်း အကျပ်အတည်းနှင့် ရာသီဥတုပြဿနာတွေလို ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို အာရုံစိုက်ဆွေးနွေးခဲ့ကြပါတယ်။
Source CCTV+/AFP
#PiontOfView
Published - 28 June 2022
IT ကျွမ်းကျင်သူ ကိုအောင်ဇော်ဇော်ဝင်းက Facebook ရဲ့ပြောင်းလဲလာတယ့် မူဝါဒအသစ်တွေနဲ့ပက်သက်ပြီး
"Normal user သုံးတယ့်သူတွေအနေနဲ့ AESO ဆိုတာကိုမသိဘူး Booth လုပ်ရမယ်ဆိုတာကိုမသိဘူး။ မသိတဲ့အတွက်ကြောင့် သူတိုရဲ့အကောင့်တွေက ခဏလေးနဲ့လော့ကျတာတွေ၊ ဘန်းခံရတာတွေ၊ ဘာပုံတင်တင် မကောင်းတယ့်ပုံတင်ရင်လည်း ဘန်းခံရမှာပဲ။ အဲဒါကြောင့် Normal user တွေအတွက် sight effect အများကြီးထိပါတယ်" ဆိုတဲ့အကြောင်းအရာများကို ဆွေးနွေးပြောပြလာခဲ့ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 28 June 2022
ဇွန်(၂၅)ရက် ညပိုင်းတွင် လူနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် ပျဉ်းမနားမြို့နယ်၊ အလယ်ချောင်း(အောက်)ကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ မူလတန်းပြဆရာ ဦးနေဝင်းထွန်း၏ မိသားစုဝင်များအား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များက သွားရောက် အားပေးစကားပြောကြားကာ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရပါတယ်။
ထို့ပြင် နေပြည်တော်ခုတင် (၁၀၀၀) ပြည်သူ့ဆေးရုံတွင် သေနတ်ထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနေတဲ့ မူလတန်းပြဆရာ ဦးလှိုင်မင်းထွန်းအား သွားရောက်၍ အားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့ကြပါတယ်။

ပျဉ်းမနားမြို့နယ် အရှေ့ခြမ်းတောင်ပေါ် ဒေသလုံခြုံရေး၊ ပညာရေးနှင့် ကျန်းမာရေး ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပျဉ်းမနားမြို့နယ် အရှေ့ခြမ်း တောင်ပေါ်ဒေသ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးများကို အလေးထားပြီး ဆောင်ရွက်ရန်နှင့် ဌာနဆိုင်ရာများ အနေဖြင့် ပူးပေါင်းဆောင်ရွက်မယ့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးရန် ပြောကြားခဲ့ပါတယ်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က ပျဉ်းမနားမြို့နယ် အရှေ့ခြမ်း တောင်ပေါ်ဒေသလုံခြုံရေး၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြကြောင်း သတင်းရရှိပါတယ်။
ymg-mnn
#Yangon_Media_Group
#Local_News
Published_ 28 June 2022
ဧပြီ၊မေနှင့်ဇွန် ၃ လအတွင်း တောင်ကိုရီးယားနိုင်ငံသို့ တရားဝင်သွားရောက် အလုပ်လုပ်ကိုင်တဲ့ မြန်မာလုပ်သား ၁၅၀၀ ခန့်ရှိလာပြီဖြစ်ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်စာရင်းတွေအရ သိရပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ဖို့ ပြည်ပလုပ်သား ဝင်ရောက်တာကို ၂၀၂၀ ပြည်နှစ်၊ ဇွန် ၁ ရက်ကစပြီး ပြည်ဝင်ခွင့်ပိတ်ထားရာမှ ပြီးခဲ့တဲ့ ဧပြီလဆန်းမှာ ပြန်လည်ဖွင့်ပေးခဲ့တာ ဖြစ်ပါတယ်။
ပြည်ဝင်ခွင့် ပြန်ဖွင့်ခဲ့တာကြောင့် ဧပြီ ၄ ရက်ကစပြီး မြန်မာရွှေ့ပြောင်း လုပ်သားတွေဟာ တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေတာဖြစ်ပါတယ်။
ဇွန် ၂၈ ရက်အထိ ရောက်ရှိလာကြတဲ့ မြန်မာလုပ်သားပေါင်း ၁၄၇၇ ဦးရှိပြီး၊ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ငန်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ ဝင်ရောက်လုပ်ကိုင် ကြမှာဖြစ်ကြောင်း သိရပါတယ်။
ymg-mnn
#Yangon_Media_Group
#Local_News
Published - 28 June 2022
အရင်ကကိုဗစ်ဖြစ်ပွားမှုတွေကြောင့် သင်္ဘောသားအလုပ်အကိုင်ရရှိမှုတွေနည်းပါးခဲ့ပြီး အခုချိန်မှာလစဥ်သင်္ဘောတက်သူ ပမာဏက(၃၀၀၀)လောက်ပြန်ရှိလာတဲ့အတွက် အလုပ်အကိုင်ရရှိမှုတွေတိုးလာတယ်လို့ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ သင်္ဘောသားများဌာနခွဲက ညွှန်ကြားရေးမှူးဦးချမ်းမြေ့က ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
တာချီလိတ်၊ ဇွန် ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှလွှဲပြောင်းပေးလာသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့် ပြစ်ဒဏ်မှလွတ်မြောက်လာသူ စုစုပေါင်း( ၁၈၃ )ဦးကို တာဝန်ရှိသူများက ယနေ့နံနက် ၁၁ နာရီအချိန်က မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား ၂ တွင် လက်ခံခဲ့ကြပါတယ်။
#Yangon_Media_Group
#Loacl_News
Published_28 June 2022
တောင်ကိုရီးယားနိုင်ငံသို့ မြန်မာလုပ်သားဟောင်း (Re-entry) ၁၅၀ ကို ဇွန်လ ၂၇ ရက်က ထပ်မံစေလွှတ်ခဲ့ကြောင်း အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီများက သိရသည်။
"ကိုရီးယားနိုင်ငံကို EPS စနစ်နဲ့ သွားရောက် အလုပ်လုပ်ကိုင်နိုင်ဖို့အတွက် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ တစ်ခုတည်းကပဲ စေလွှတ်နေတာပါ။ အလုပ်သမားအသစ်တွေရော အဟောင်းတွေရော ကိုရီးယားက ခေါ်နေတာ ဖြစ်ပါတယ်။ အလုပ်သမားတွေ အခွင့်အရေးပိုရလာကြပါပြီ"ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခု၏ တာဝန်ရှိသူက ပြောသည်။
ကိုရီးယားနိုင်ငံတွင် လက်ရှိ မြန်မာအလုပ်သမားလေးသောင်းကျော်ရှိပြီး ယခုအခါ မြန်မာအလုပ်သမားအရေအတွက် သုံးထောင်ကျော်လည်း ထပ်မံရောက်ရှိနေကြကြောင်းလည်း သိရသည်။
တောင်ကိုရီးယားနိုင်ငံတွင် မြန်မာအပါအဝင် နိုင်ငံခြားသားလုပ်သားအလုပ်သမားများအား လာမည့် ၂၀၂၃ ခုနှစ်တွင် လုပ်ခလစာတိုးမြှင့်ရန်လည်းရှိနေကြောင်း ကိုရီးယားနိုင်ငံ အစိုးရကြေညာထားကြောင်းလည်း ပြည်ပအလုပ်အကိုင်အေဂျင်စီများက သိရသည်။
လက်ရှိတွင် တောင်ကိုရီးယားရောက်နိုင်ငံခြားသားအလုပ်သမားတွေရဲ့တစ်နာရီလုပ်ခမှာ ဝမ် ၉၁၆၀ ဖြစ်သောကြောင့် အလုပ်သမားများက ဝမ် ၁၀၈၉၀ ထက်မနည်းတိုးမြှင့်ပေးရန်လည်းတောင်းဆိုထားကြကြောင်း၊ ယင်းကြောင့် ၂၀၂၃ ခုနှစ်တွင် လုပ်အားခ တစ်နာရီလျှင် ဝမ် တစ်သောင်းကျော် ရရှိနိုင်ကြောင်းလည်း သုံးသပ်ပြောဆိုနေကြသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_28 June 2022
ရခိုင်ပြည်နယ်ရေပိုင်နက်အတွင်းသို့ ဇွန်လ ၂၇ ရက်က ည ၁၀ နာရီခွဲခန့်က တရုတ်အာကာသယာဉ်၏ အစိတ်ပိုင်းအချို့ကျရောက်ခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သိရသည်။
တရုတ်နိုင်ငံမှ လွှတ်တင်ထားသော အာကာသယာဉ်၏ မလိုအပ်သော အစိတ်အပိုင်းအချို့မှာ သံတွဲမြို့နယ်၊ နံ့သာကျွန်း၏ အနောက်တောင်ဘက် ရေမိုင် ၄၃ မိုင်ခန့်အကွာ ပင်လယ်ပြင်အတွင်းပြုတ်ကျခဲ့ကြောင်း၊ ၎င်းအစိတ်အပိုင်းပြုတ်ကျစဉ် မီးလောင်ကျွမ်းသည့် အရာဝတ္ထုပုံစံသာတွေ့ရှိရပြီး ကြာမြင့်ချိန် ၄ မိနစ်ခန့် သာရှိခဲ့ကာ တစ်စုံတစ်ရာ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။
တရုတ်အာကာသယာဉ်အပိုင်းအစများမှာ ယခုနှစ်အတွင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်မှ မတ်လ ၂ ရက်အတွင်း တစ်ကြိမ်၊ ဇန်နဝါရီလအတွင်းတစ်ကြိမ်၊ ဧပြီလ ၇ ရက်အတွင်းကတစ်ကြိမ် ကျရောက်ခဲ့ကြောင်း၊ ယင်းအပြင်၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် တစ်ကြိမ်၊ နိုဝင်ဘာလတွင် တစ်ကြိမ်၊ ၂ဝ၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် တစ်ကြိမ် ကျရောက်ခဲ့ဖူးကြောင်း လည်းသိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published - 28 June 2022
တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးဟာ မေလ ၁၆ ရက်နောက်ပိုင်းကနေစတင်ပြီး ပိုမိုကောင်းမွန်လာတယ်လို့ မူဆယ်ကုန်စည်ဒိုင်ဆန်လုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published - 28 June 2022
လတ်တလော ပဋိပက္ခတွင် ပါဝင်ပတ်သက်လိုခြင်းမရှိကြောင်း လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကိုဆောင်ရွက်နေသည့် မြန်မာ-ဝမ်ပေါင် ကုမ္ပဏီက ဇွန်လ ၂၈ ရက်(ယနေ့)တွင် ထုတ်ပြန်လိုက်သည်။
လက်ရှိတွင် မြန်မာ-ဝမ်ပေါင် ကြေးနီသတ္တုတွင်းစီမံကိန်း ဧရိယာသို့ လက်နက်ကိုင်အဖွဲ့များ၏ တိုက်က်ခိုက်မှုများကို ဆက်တိုက်ခံနေရကာ တာဝေးပစ်လက်နက်များဖြင့် သတ္တုတွင်းဧရိယာအတွင်း ဗုံးအများအပြားပစ်လွှတ်သည့်အပြင် ဗို့အားမြင့် ဓာတ်အားပေးတာဝါတိုင်မှာလည်း ဖောက်ခွဲဖျက်ဆီးခံလိုက်ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ဖြစ်စဉ်တွင် လူသေဆုံးထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့သော်လည်း ယင်းလုပ်ရပ်မှာ စီမံကိန်းဧရိယာအတွင်းရှိသည့် ဝန်ထမ်းများ၏ အသက်လုံခြုံရေးကို အလေးမထားခြင်းဖြစ်သကဲ့ စီမံကိန်းအသိုင်းအဝိုင်းကိုလည်း ထိခိုက်စေသည့်အတွက် ယင်းလုပ်ရပ်အပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်းလည်း ဖော်ပြထားသည်။
ymg/sth
#Yangon_Media_Group
Page 1809 of 2053