#WorldHealth
Published 11 May 2022
ကိုဗစ်ရောဂါဖြစ်ပွားစေတဲ့ ကိုရိုနာဗိုင်းရပ်စ်တွေက ဆက်တိုက်ဗီဇပြောင်းလဲလာတာကြောင့် အရင်နှစ်ကထုတ်တဲ့ ကိုဗစ်ကာကွယ်ဆေးတွေဟာ ထိရောက်မှုလျော့နည်းလာတာကိုတွေ့နေရပါတယ်။
လက်ရှိမှာကူးစက်ပျံ့ပွားလျက်ရှိတဲ့ အိုမီခရွန်နဲ့ မျိုးနွယ်ခွဲဗိုင်းရပ်တွေဆိုရင် ပိုမိုကူးစက်မြန်ပြီး မူလဗိုင်းရပ်စ်တွေထက် ကိုယ်ခန္ဓာခုခံအားကို ခံနိုင်ရည်ရှိလာကြပါတယ်။
လက်မောင်းကိုထိုးနှံရတဲ့ လက်ရှိကာကွယ်ဆေးတွေက ရောဂါပြင်းထန်စွာခံစားရမှုကို ကာကွယ်ပေးပေမယ့် မကူးစက်နိုင်အောင်ကာကွယ်နိုင်စွမ်းကတော့ လျော့နည်းလာပါတယ်။
ဒါဟာ ကာကွယ်ဆေးပေးတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းနေရာကြောင့်လို့ သိပ္ပံပညာရှင်များ ယူဆလာကြပြီး နေရာပြောင်းပေးဖို့စီစဉ်လာကြပါတယ်။
ကူးစက်မှုကိုအပြည့်အဝကာကွယ်နိုင်ဖို့ ဗိုင်းရပ်စ်အရင်ဆုံးဝင်ရောက်လေ့ရှိတဲ့ နှာခေါင်းနေရာကို ကာကွယ်ဆေးပေးကြမှာဖြစ်ပါတယ်။
အဆိုပါကာကွယ်ဆေးကို နှာခေါင်းဝမှာ ဖျန်းလိုက်ရမှာဖြစ်ပြီး အိမ်မှာတင်အလွယ်တကူအသုံးပြုနိုင်မှာပါ။
လက်ရှိမှာ နှာခေါင်းဖျန်း ကိုဗစ်ကာကွယ်ဆေး ၈ မျိုးကိုစမ်းသပ်ထုတ်လုပ်နေကြပြီး ၃ မျိုးက လူအများအပြားနဲ့ တတိယအဆင့် စမ်းသပ်ချက်တွေ ပြုလုပ်နေပါပြီ။
နှာခေါင်းဖျန်း ကာကွယ်ဆေးက ကိုယ်တွင်းအင်္ဂါတွေထဲက ပြွန်နံရံသားတွေမှာ ရောဂါကာကွယ်နိုင်စွမ်း မြှင့်တင်ပေးမှာဖြစ်ပါတယ်။
ဒီစနစ်က နှာခေါင်း၊ အသက်ရှူလမ်းကြောင်းနဲ့ အူတွေထဲရှိ အချွဲနံရံတွေက ဆဲလ်တွေနဲ့ ပဋိပစ္စည်းတွေအပေါ် မှီခိုနေပါတယ်။
ဒီပစ္စည်းတွေက ကိုရိုနာဗိုင်းရပ်စ်ဝင်လာပြီး ဒီထက်ကူးစက်ပျံ့ပွားခြင်းမပြုမီ လျင်မြန်စွာကာကွယ်ပေးမှာဖြစ်ပါတယ်။
ယေးလ်တက္ကသိုလ်မှ ကိုယ်ခံအားစနစ်ပညာရှင် ‘အာကီကိုအီဝါဆာကီ’က နှာခေါင်းဖျန်းကာကွယ်ဆေးသုတေသနကို ဦးဆောင်နေသူဖြစ်ပါတယ်။
လက်မောင်းမှာထိုးတဲ့ကာကွယ်ဆေးထိုးခြင်းက IgG ခုခံအားမျိုးထွက်ရှိစေကာ သွေးထဲလည်ပတ်နေပြီး ဗိုင်းရပ်စ်ကို ရှာဖွေဟန့်တားတာဖြစ်ပါတယ်။
နှာခေါင်းဖျန်းကာကွယ်ဆေးကတော့ IgA ခုခံအားထွက်စေပြီး ကိုရိုနာဗိုင်းရပ်စ်အရင်ဆုံးရောက်ရှိရာ နှာခေါင်း၊ ပါးစပ်၊ လည်ချောင်းတို့မှာ အကာအကွယ်ပေးပါတယ်။
လက်မောင်းထဲကို ထိုးသွင်းခြင်းက ကြွက်သားထဲကိုတိုက်ရိုက်ရောက်ရှိပြီး ဆဲလ်တွေထဲအလျင် အမြန်ရောက်ရှိစေပါတယ်။
နှာခေါင်းဖျန်းကာကွယ်ဆေးက အထဲထိရောက်ရှိဖို့ နှာမချေဘဲနဲ့ ဝင်သွားရမှာဖြစ်ပြီး ချွဲထူထူထဲထဲကို ဖြတ်သန်းရပါသေးတယ်။
ဒါပေမဲ့လည်း ဆေးထိုးအပ်တွေမလိုတာကြောင့် လူအများအပြားအသုံးပြုနိုင်ပြီး အားသာချက်ကြီးရရှိနေပါတယ်။
အဓိကဆုံးဖြတ်ရမှာကတော့ ရောဂါကိုထိရောက်စွာကာကွယ်နိုင်မှာလားဆိုတာပဲ ဖြစ်ပါတယ်။
Source: ScientificAmerican
#Yangon_Media_Group
#LocalNews
Published_11 May 2022
တရုတ်-မြန်မာနိုင်ငံတကာလမ်းကြောင်းကြီး၏ အဓိကအစိတ်အပိုင်းဖြစ်သော တာလီ-ရွှေလီရထားလမ်း (တာလီမှပေါင်စန်းအထိ) အပိုင်းကို ခင်းသည့်လုပ်ငန်းပြီးစီးပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်လိုက်သည်။
တာလီမှပေါင်စန်းလမ်းပိုင်းသည် စုစုပေါင်းအရှည် ၁၃၃ ကီလိုမီတာရှိပြီး ဥမင်လိုဏ်ခေါင်းပေါင်း ၂၁ ခု၊ တံတား ၃၆ ခုရှိကာ တံတားဥမင်လိုဏ်ခေါင်းအချိုးအဆမှာ ၈၆ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း၊ မြေဆီလွှာအခြေအနေအလွန် ရှုပ်ထွေးပြောင်းလဲလွယ်သောကြောင့် တည်ဆောက်မှုကာလ ၁၄ နှစ်ကြာမြင့်ခဲ့ကြောင်းသိရသည်။
ယခုအခါ တာလီမှပေါင်စန်းအထိ လမ်းပိုင်း၏ အခြေခံအဆောက်အအုံ၊ တံတားတည်ဆောက်ရေးစီမံကိန်းများ ရာခိုင်နှုန်းအပြည့် ပြီးဆုံးသွားပြီဖြစ်ကြောင်း ၊ဘူတာရုံအခန်းတည်ဆောက်မှုလုပ်ငန်းလည်းအခြေခံအားဖြင့် ပြီးစီးသွားပြီဖြစ်သောကြောင့်ယခုနှစ်အတွင်း၌ဖွင့်လှစ်လည်ပတ်နိုင်မည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
တာလီ-ရွှေလီရထားလမ်း စုစုပေါင်းအရှည်မှာ ၃၃၀ ကီလိုမီတာရှည်ပြီး တံတားဥမင်လိုဏ်ခေါင်းအချိုးအဆသည် ၇၆ ဒသမ ၅ ရာခိုင်နှုန်း
ရှိကာ လမ်းကြောင်းတစ်လျှောက်တွင် တာလီမှပေါင်စန်း၊ ပေါင်စန်းမှရွှေလီအထိ အပိုင်းလိုက်တည်ဆောက်သည့်ပုံစံဖြင့် ဖော်ဆောင်ထားကြောင်းသိရသည်။
ymg/mt
#Yangon_Media_Group
#local_news
Published_ 11 May 2022
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌဟောင်း ဦးဘိုဘိုငယ်၏ လုပ်ငန်းဆောင်ရွက်မှုများတွင် အဂတိလိုက်စားမှုများ ရှိနေသောကြောင့် ဥပဒေနှင့်အညီ အရေးယူပေးပါရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ကြောင်း သိရပါတယ်။
စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ ဦးဘိုဘိုငယ်သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် ဒုတိယဥက္ကဋ္ဌတာဝန်ဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန၊ ဘဏ်လုပ်ငန်းကြီးကြပ်စစ်ဆေးရေးဌာနနှင့် စာရင်းဌာနတို့ကို ကြီးကြပ်ဆောင်ရွက်ခဲ့စဉ် နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်ရဘဏ်များက ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ အမေရိကန်ဒေါ်လာ တစ်သောင်းထက်ပိုသည့် နိုင်ငံခြားသုံးငွေ လွှဲပြောင်းမှုများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ခွင့်ပြုချက် တောင်းခံခြင်းနှင့် ငွေကြေးဆိုင်ရာ မှုခင်းနှိမ်နင်းရေး ရဲတပ်ဖွဲ့သို့ သတင်းပေးပို့ခြင်းအတွက် ကြီးကြပ်ရန် တာဝန်ရှိကြောင်း သိရပါတယ်။
၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ကာလအတွင်း နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်ရဘဏ်များက မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ Electronic Reporting System-ERS စနစ်ဖြင့် သတင်းပေးပို့ထားသည့် ပြည်ပမှဝင်ရောက်သည့် အမေရိကန်ဒေါ်လာတစ်သောင်းနှင့်အထက် ငွေလွှဲပြောင်းမှု အကြိမ်ပေါင်း ၂၉၀,၀၀၀ ကျော် (ငွေတန်ဖိုး အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၇၀,၀၀၀ ကျော်)ရှိကြောင်း ဖော်ပြထားပါတယ်။
၎င်းငွေလွှဲပြောင်းမှုများအနက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ ခွင့်ပြုချက်တောင်းခံမှု ၃၅၂ ကြိမ်နှင့် ငွေကြေးဆိုင်ရာ မှုခင်းနှိမ်နင်းရေး ရဲတပ်ဖွဲ့သို့ သတင်းပေးပို့မှု ၉ ကြိမ်သာ ရှိခဲ့သဖြင့် နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်ရ ဘဏ်များအပေါ် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရန် ကြီးကြပ်မှုအားနည်းခဲ့ကြောင်း ဖော်ပြထားပါတယ်။
ခွင့်ပြုချက် တောင်းခံခဲ့သည့် ငွေလွှဲပြောင်းမှုများအနက်မှ ၇ ခု (ငွေတန်ဖိုး အမေရိကန်ဒေါ်လာ ၇၃ သန်းကျော်၊ ဂျပန်ယန်း သန်း ၃၀ ကျော်၊ ယူရို ၁ သိန်းကျော်)ကို ကောက်နုတ်စိစစ်ခဲ့ရာ သက်ဆိုင်ရာပုဂ္ဂိုလ်နှင့် ကုမ္ပဏီများထံမှ တံဆိပ်ခေါင်းအခွန် တစ်မျိုးတည်းအတွက်ပင် နိုင်ငံတော်အနေဖြင့် ငွေကျပ် ၁၀၂ သန်းကျော် နစ်နာမှုဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။
၂၀၁၈ ခုနှစ်အတွင်း Small and Medium Enterprises Development (SMED) ဘဏ်သို့ အမေရိကန်ဒေါ်လာ ၅ သန်း ဝင်ရောက်ခဲ့ရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ERS စနစ်ဖြင့် သတင်းပေးပို့ခဲ့သော်လည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ကြီးကြပ်နိုင်ခြင်း မရှိဘဲ Open Society Myanmar-OSM ၏ ငွေစာရင်းသို့ ထည့်သွင်းပေးခဲ့ပြီး ယင်းငွေစာရင်းမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ သန်းကျော်နှင့်ညီမျှသည့် မြန်မာကျပ်ငွေ သန်း ၁၉၀၀ ကျော်ကို OSM တာဝန်ရှိသူများက ထုတ်ယူခဲ့ခြင်း၊ SMED ဘဏ်မှ OSM က ထုတ်ယူခဲ့သည့် မြန်မာကျပ်ငွေသန်း ၁၉၀၀ ကျော်အပေါ် ပြည်တွင်းအခွန်များဦးစီးဌာန၏ တွက်ချက်မှုအရ ဝင်ငွေခွန် တစ်မျိုးတည်းအတွက်ပင် ငွေကျပ် သန်း ၃၆၀ ကျော် ကောက်ခံနိုင်မည်ဖြစ်ကြောင်း တွေ့ရှိရသော်လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ကြီးကြပ်ကွပ်ကဲမှု အားနည်းခြင်းကြောင့် အခွန်ငွေမကောက်ခံနိုင်ဘဲ နိုင်ငံတော်၏ ဘဏ္ဍာငွေနစ်နာခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူများက ချေးငွေရရှိသည့် အမေရိကန်ဒေါ်လာ သန်း ၃၅၀ ကို အတိုးနှုန်းပို့ရသည့် ဘဏ်တွင်အပ်နှံရန် ဦးဘိုဘိုငယ်ထံ တင်ပြခဲ့သော်လည်း ၎င်းတစ်ဦးတည်း၏ ဆုံးဖြတ်ချက်ဖြင့် စင်္ကာပူနိုင်ငံ SMBC ဘဏ်သို့ အပ်နှံစေခဲ့ရာ ဘဏ်နှစ်ခု၏ အတိုးနှုန်း နှိုင်းယှဉ်ချက်အရ နိုင်ငံတော်အနေဖြင့် အမေရိကန်ဒေါ်လာ ၀ ဒသမ ၃၉ သန်းကျော် (ငွေကျပ် ၆၆၅ သန်းကျော်) နစ်နာဆုံးရှုံးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရပါတယ်။
ထိုကြောင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌဟောင်း ဦးဘိုဘိုငယ်အပေါ် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းမြို့မ ရဲစခန်းတွင် ယနေ့ရက်စွဲဖြင့် ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သိရှိရပါတယ်။
ymg_mnn
#Yangon_Media_Group.
#ဂျပန်တပ်များကလေးဝကို သိမ်းပိုက် မေ ၁၁ ၊ ၁၉၄၂ ခုနှစ် ဂျပန်တပ်များက ဒုတိယကမ္ဘာစစ်အတွင်း ချင်းတွင်းမြစ်အနောက်ဘက်ကမ်းခြေကို ဖြတ်ကျော်ခဲ့ပြီးနောက် ၁၉၄၂ခုနှစ် မေလ ၁၁ရက်နေ့တွင် ကလေးဝကိုသိမ်းပိုက်ခဲ့ပါတယ်။ ရက်ပေါင်း ၁၂၇ ရက်အတွင်း မိုင်ပေါင်း ၁၅၀၀ ခရီးကို တိုက်ပွဲပေါင်း ၃၄ ပွဲ တိုက်ခိုက်ပြီးနောက် သိမ်းပိုက်ခဲ့ခြင်းဖြစ်ပါတယ်။ ၁၈၉၃ ဟင်နရီ ဒက်ဂရန့်ချ်ဟာ တစ်နာရီ ၂၁.၉၅ မိုင်နှုန်းဖြင့် စက်ဘီးစီးနင်းပြီး စက်ဘီးအမြန်နှုန်း ကမ္ဘာ့ပထမဆုံးစံချိန်တင် ၁၉၄၆ ညီညွတ်သော မလေးအမျိုးသားအဖွဲ့ United Malays National Organisation ဖွဲ့စည်း ၁၉၄၇ လာအိုက ပါလီမန်ဒီမိုကရေစီအတွက် အခြေခံဥပဒေကိုလက်ခံ ၁၉၄၉ ဆီရမ်ကို ထိုင်းဟု နိုင်ငံအမည်ပြန်ပြောင်း ၁၉၈၉ အမေရိကန်သမ္မတ ဂျော့ဒဗလျူဘုရှ်က ပနားမားသို့ အမေရိကန်တပ်သား ၂၀၀၀စေလွှတ်ရန်အမိန့်ပေး
Published 10 May 2022
ရုတ်တရက်ရေကြီးလာမှုကြောင့် ပါကစ္စတန်မြောက်ပိုင်းမှာရှိတဲ့ အဓိက တံတားတစ်စင်း ကျိုးကျပျက်စီးသွားတာကို အမိအရ မှတ်တမ်းတင်ခဲ့ပါတယ်။ အခုလိုရေလွှမ်းမိုးမှုတွေဖြစ်ရတာဟာ နိုင်ငံအတွင်းအပူချိန်မြင့်တက်လာမှုတွေကြောင့် ရေခဲကန်တွေကနေ ရေခဲတွေပျော်ကုန်တာကို သတိပေးနေပါတယ်။ စနေနေ့က အဲဒီဖြစ်ရပ်ဟာ ရေခဲမြစ်တွေအရည်ပျော်ပြီး ရေကြီးရေလျှံမှုကြောင့် ကာရာကိုရမ်အမြန်လမ်းမကြီးပေါ်က အဓိက တံတားကြီးတစ်စင်းကို အရှိန်နှင့်ရိုက်ချိုုးသွားတာ ဖြစ်ပါတယ်။
Source AFP
#WorldBusiness
Published 10 May 2022
ကိုဗစ်ကပ်ရောဂါ ၂ နှစ်အတွင်း ထိုင်းနိုင်ငံမှသစ်ခွပန်းစိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်ခဲ့တဲ့အပြင် ယူကရိန်း-ရုရှားစစ်ပွဲနဲ့ ရာသီဥတုပြောင်းလဲလာမှုတိုကြောင့်လည်း ပိုပြီးစိုးရိမ်စရာဖြစ်လာပါတယ်။
#Yangon_Media_Group
Published 10 May 2022
ဒိုဟာ လက်ဝတ်ရတနာနှင့်လက်ပတ်နာရီများပြပွဲကို ကာတာနိုင်ငံ ဒိုဟာမြို့တော်မှာ ကျင်းပလျက်ရှိနေရာမှာ တန်ဖိုးကြီးမားလှတဲ့ လက်ဝတ်ရတနာတွေနှင့် လက်ပတ်နာရီမျိုးစုံကို ခင်းကျင်းပြသနေပါတယ်။
အဲဒီအထဲမှာ ဒေါ်လာငါးသန်းတန်တဲ့ မူဝါဝတ်ဒ် မယ်စကြဝဠာသရဖူမှသည် ၁၀၂.၆ကာရက်ရှိတဲ့ စိန်ပွင့်ကြီးနှင့် ပြင်သစ် ဇိမ်ခံအမှတ်တံဆိပ် ခရိုကို အိတ်တွေအထိပါဝင်ပါတယ်။
Source AFP
#LocalNews
Published_10 May 2022
MoU အလုပ်သမားတွေကို ထိုင်းနိုင်ငံဘက်က စတင်လက်ခံခဲ့ပါပြီ။ဒီနေ့ မေလ ၁၀ ရက်နေ့ မနက်က မြန်မာအလုပ်သမား ၂၈၈ ယောက်ကို မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား အမှတ်(၂)ကနေ လက်ခံခဲ့တာပါ။
#Yangon_Media_Group
#LocalNews
Published - 10 May 2022
တားမြစ်အသင့်စားကြက်အူ ချောင်းစားမိရာမှ လူ ၅၀ ဝန်းကျင် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တစ်ခု မေလ ၉ ရက်၊ ညပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံအရှေ့မြို့နယ်၊ ရွာသာကြီးရပ်ကွက်၊ ရွာသာကြီးဘူတာအနီးတွင် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published -10 May 2022
မိုးသည်းထန်စွာသွန်းပါက ပုဂံဒေသမှာ မိုးယိုနိုင်တဲ့၊ မိုးရေစိမ့်နိုင်တဲ့ စေတီပုထိုးတွေ၊ တံတိုင်းပြိုကျနိုင်တဲ့ စေတီပုထိုးစုစုပေါင်း(၆၀)ဆူရှိပြီး ပြုပြင်ထိန်းသိမ်းရေးတွေကို အမြန်ဆုံးဆောင်ရွက်နေတယ်လို့ ရှေးဟောင်းသုတေသနဦးစီးဌာန(ပုဂံဌာနခွဲ)ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းကပြောပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published_10 May 2022
ပို့ကုန်တင်ပို့ခွင့်ပြုထားသော လယ်ယာထွက်ကုန်ပစ္စည်းများတွင် ဆီထွက်သီးနှံ နှမ်းနက်မှအပ မြေပဲနှင့် နှမ်းတင်ပို့မှုကို ခေတ္တဆိုင်းငံ့ထားရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရသည်။
"စားသုံးဆီ ပြတ်တောက်မှာစိုးလို့ ဆီထွက်သီးနှံတွေကို ပြည်ပတင်ပို့ခွင့် ခဏရပ်မယ်။ ပြည်တွင်းမှာပဲ စားသုံးသူ ဖူလုံဖို့အတွက် ကြိတ်ခွဲထုတ်လုပ်ဖို့ ဖြစ်ပါတယ်။ ဒါက ယာယီရပ်တာပါ။ နယ်စပ်တွေရော၊ over sea ရော၊ border ရောပေါ့။ အဲဒီကုန်ပစ္စည်းတွေက လိုင်စင်လျှောက်စရာမလိုဘူး။
ဒီအတိုင်း အစစ်ဆေးခံပြီး ၂ ရာခိုင်နှုန်း အခွန်ဆောင်ပြီး ထွက်လို့ရတယ်လေ။ အခုက ကားတွေနဲ့သယ်နေတာတွေကိုလည်း ပြန်လှည့်ခိုင်းထားပါတယ်။ ဒါက လိုအပ်ချက်အရ ဖြစ်ပါတယ်"ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အရာရှိကြီးတစ်ဦးက YMG ကို ပြောသည်။
စားအုန်းဆီကို အဓိကထုတ်လုပ်တင်ပို့ရောင်းချနေသည့် အင်ဒိုနီးရှားနိုင်ငံ သမ္မတဂျိုကိုဝီဒိုဒို စားအုန်းဆီပြတ်လပ်မှုလျှော့ချရန်၊ ဈေးနှုန်းထိန်းညှိရန် ရည်ရွယ်လျက် စားအုန်းဆီနှင့် ၎င်း၏ ကုန်ကြမ်းများကို ပြည်ပနိုင်ငံများသို့ ဧပြီလ ၂၈ ရက်မှ စတင်၍ တင်ပို့ရောင်းချမှု ယာယီရပ်ဆိုင်းကြောင်း ကြေညာခဲ့သေးသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published -10 May 2022
IGCSE, GED နဲ့ တက္ကသိုလ်၀င်စာမေးပွဲဖြေဆိုထားပြီးဖြစ်တဲ့ ကျောင်းသူကျောင်းသားတွေနဲ့ ဖြေဆိုဖို့ ပြင်ဆင်နေတဲ့ ကျောင်းသူကျောင်းသားတွေအနေနဲ့ အမေရိကန်နိုင်ငံမှာ ပညာသင်ယူဖို့ပညာသင်ဆု (Scholarship) လျှောက်ထားနိုင်တယ်လို့ American University of Yangonမှ သိရပါတယ်၊၊
မြန်မာနိုင်ငံမှာနှစ်နှစ် အမေရိကန်နိုင်ငံမှာနှစ်နှစ် ပညာသင်ယူရမယ့် 2+2 ပရိုဂရမ်မှာ ပညာသင်ယူလိုသော ကျောင်းသား၊ ကျောင်းသူများ online စကော် လာရှစ် စာမေးပွဲများ ဖြေဆိုနိုင်ပြီဖြစ်တယ်လို့ ဆိုပါတယ်၊၊
online စကော်လာရှစ် စာမေးပွဲကတော့ မေလ ၁၂ရက်၊ ၁၉ ရက် နဲ့ ၂၆ ရက်မှာ နံနက်၁၀နာရီမှ ၁၂ နာရီနဲ့ ညနေ ၁ နာရီမှ ၃ နာရီအတွင်းရှိမှာ ဖြစ်ပါတယ်၊၊
merit-based ဖြစ်တဲ့အတွက် ပညာသင်ဆု ဒေါ်လာ ၅၀၀၀ (MMK သိန်း ၈၀) ကို IGCSE, GED နဲ့ တက္ကသိုလ်၀င်စာမေးပွဲဖြေဆိုပြီးတဲ့ ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ဖြေဆိုဖို့ ပြင်ဆင်နေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို ပံ့ပိုးပေးသွားမှာဖြစ်တယ်လို့သိရပါတယ်၊၊
ပညာသင်ဆုအစီအစဉ်ကို လျှောက်ထားချင်တယ်ဆိုရင်တော့ https://forms.gle/LkayS17Ffu5wTbxbA မှာစာရင်းပေးသွင်းနိုင်မှာဖြစ်ပါတယ်၊၊
ymg/tthl
#Yangon_Media_Group
Page 1804 of 1956