#LocalNews
Published_8 October 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ခြောက်လတာကာလအတွင်းမှာ ပြည်ပကိုတင်ပို့မှုကနေ ကန်ဒေါ်လာ ၈ ဒသမ ၆ ဘီလျံခန့် ပို့ကုန်ဝင်ငွေရရှိထားပြီး ယမန်နှစ်ထက် ဒေါ်လာတစ်ဘီလျံကျော် ပိုမိုရရှိထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#World_Industry
Published 8 October 2022
ဘီယာထုတ်လုပ်ရာမှာ နာမည်ကြီးတဲ့ ဘယ်လ်ဂျီယမ်နိုင်ငံမှာ ဘီယာချက်ရာကနေထွက်လာတဲ့ စွန့်ပစ်ပစ္စည်းတွေထဲ မှိုတွေပေါက်ရောက်လာပြီး စီးပွားရေးတွင်ကျယ်လျက်ရှိပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 8 Oct 2022
- ဆင်တုပ်ကွေးကို ကြိုတင်ကာကွယ်လို့ရနိုင်မလား ဖြစ်လာရင်ကော ဘယ်လိုကုသခံရမလဲ??
#Yangon_Media_Group
#LocalNews
Published _ 8 October 2022
နိုင်ငံတကာအခေါ်အမည် ဒိုရီငါးလို့ခေါ်တဲ့ မြန်မာပြည်က ငါးဒန်ကို စနစ်တကျမွေးမြူပြီး ပြည်ပသို့တင်ပို့ရောင်းချဖို့ ကြိုးပမ်းနေတယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ကနေ သိရပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 8 Oct 2022
- မြန်မာနိုင်ငံမှာ ဆင်တုပ်ကွေးဖြစ်ပွားမှုတွေ ဘယ်အခြေအနေမှာရှိပါသလဲ??
#Yangon_Media_Group
#LocalNews
Published_9 October 2022
ဘဏ်တွေက အပ်နှံထားတဲ့ သီးသန့်ပိုလျှံငွေတွေအပေါ်မှာ အတိုးပေးမယ်လို ဗဟိုဘဏ်က အသိပေးထုတ်ပြန်လိုက်ပြီး ကနဦးအတိုးနှုန်း ၃ ဒသမ ၅ ရာခိုင်နှုန်း သတ်မှတ်ထားပါတယ်။ ဒါပေမယ့် အနည်းဆုံး ကျပ် ၁၀ ဘီလီယံနဲ့ အထက်ရှိတဲ့ သီးသန့်ပိုလျှံငွေအပေါ်သာ အတိုးပေးမှာဖြစ်ပြီး အများဆုံး ကျပ် ၅၀ ဘီလီယံအထိ ကန့်သတ်ထားပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 8 October 2022
၁။ ငါးဒန်ကို အဆင့်မြင့်မွေးမြူ၍ ပြည်ပသို့တင်ပို့သွားမည်
၂။ ယခုဘဏ္ဍာနှစ် ပထမနှစ်ဝက်အတွင်း ပိုကုန်ရငွေ ကန်ဒေါ်လာ ၈ ဒသမ ၆ ဘီလျံခန့်ရရှိထားပြီး ယမန်နှစ်ထက် ဒေါ်လာတစ်ဘီလျံကျော်ပိုမိုရရှိ
၃။ တစ်ပါတ်ကြာရပ်နားထားပြီးမှ မူဆယ်ကုန်သွယ်ရေးလုပ်ငန်းများပြန်လည်စတင်
၄။ ဘယ်လ်ဂျီယမ်ဘီယာထုတ်လုပ်ရေးမှထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းများဖြင့် မှိုစိုက်ပျိုးသောလုပ်ငန်းတိုးတက်မှုရှိလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 8 Oct 2022
- ဆင်တုပ်ကွေးလို့ ဘာဖြစ်လို့ခေါ်ကြတာလဲ။ အခြားတုပ်ကွေးတွေနှင့်ဘာကွာသလဲ??
#Yangon_Media_Group
#LocalNews
Published_9 October 2022
အောက်တိုဘာလ ၁၂ ရက်နေ့တွင် ရွှေအတုံး/အခဲ (၁၀) ပိသာကျော်ကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ကြေညာထားသည်။
အဆိုပါ မီးလင်းရွှေအတုံးအခဲ (၁၀)ပိဿာကျော်ကို နေ့လယ် ၁ နာရီမှ ညနေ ၃ နာရီထိ (အသင်းဝင်များမှအပ) မည်သူမဆို ရွှေ (၁)ကျပ်သားမှ (၁၀)ကျပ်သားအထိ ရောင်းချပေးမည်ဖြစ်ပြီး ဝယ်ယူလိုသူများအနေဖြင့် မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်း မိတ္တူနှင့်အတူ YGEA အသင်းရုံးခန်းသို့ လာရောက် ဝယ်ယူနိုင်ကြောင်း ဖော်ပြထားသည်။
အစိုးရဘက်မှ ရွှေဈေးနှုန်းကျဆင်းစေဖို့အတွက် ရွှေစင်ရွှေတုံးနှင့် ရွှေဒင်္ဂါးပြားတွေကို ရောင်းချပေးနေခြင်းဖြစ်ကြောင်း၊ ယင်းအပြင် ကမ္ဘာ့ရွှေဈေးမြင့်တက်လာခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်းမှာလည်း အနည်းငယ်မြင့်တက်ခဲ့ကာ ရန်ကုန်ရွှေဈေးကွက်အတွင်းမှာလည်း အဝယ်ထက် အရောင်းသာပိုများနေကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌ ဦးမျိုးမြင့်၏ ပြောပြချက်အရ သိရသည်။
ယနေ့အောက်တိုဘာလ ၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA)ရဲ့ ထုတ်ပြန်ထားသည့်အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားကို ၁၉၈၈၀၀၀ ဖြစ်ပြီး ယင်းသည် ကြမ်းခင်းဈေးသာ သတ်မှတ်ပေးထားခြင်းဖြစ်သည်။
#ymg/sth
#Yangon_Media_Group
#LocalNews
Published_9 October 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် အောက်တိုဘာ ပထမပတ်အတွင်း ဖမ်းဆီးရမိမှု စုစုပေါင်း အမှုတွဲ ၁၁ မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၆၄၄၂၅၃၅ ဖမ်းမိကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ တာဝန်ကျအကောက်ခွန်အဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၄ ရက်တွင် လိုင်စင်ခွင့်ပြုချက်မရမီ ရက် ၆၀ ကျော်လွန်သည့် ဆက်သွယ် ရေးပစ္စည်းများ၊ CCTV Camera နှင့် ဆက်စပ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၅၀၅၅၀၀) ကိုလည်းကောင်း၊ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော ဖိနပ်အစုံ ၁၆၅၆၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၈၄၀၀၀၀) ကိုလည်းကောင်း၊ အောက်တိုဘာ ၅ ရက်တွင် သွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်းမရှိသည့် မီးဖိုချောင်သုံးပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၇၈၀၄၇၅) ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၁၂၅၉၇၅ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်ထားသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၅ ရက်တွင် ရွှေဘိုမြို့နယ်အတွင်း Kenbo 125 အမျိုးအစား လိုင်စင်မဲ့ ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀)ကိုလည်းကောင်း၊ အောက်တိုဘာ ၆ ရက်တွင် စစ်ကိုင်းမြို့ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ Toyota Mark II အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပိုကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ထားကြောင်းသိရသည်။
ယင်းအပြင် အောက်တိုဘာ ၆ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပန်တိုင်စစ်ဆေးရေးဂိတ်၌ ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကုန်တင်ယာဉ်တစ်စီးပေါ်၌ တရားမဝင် သယ်ဆောင်လာသော ခိုင်းနွားနှင့် နိုစားနွား ၁၆ ကောင် ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၀၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ထားကြောင်း၊ မွန်ပြည်နယ် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ်တစ်စီးပေါ်၌ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိသည့် ဆိုင်ကယ်အပိုပစ္စည်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၈၆၅၆၀)နှင့်အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် နောက်တွဲယာဉ် တစ်စီးနှင့် Scania အမျိုးအစား Tractor Head တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၅၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၇၀၈၆၅၆၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
ထပ်မံ၍ အောက်တိုဘာ ၇ ရက်တွင် ကရင်ပြည်နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်တစ်စီးပေါ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် လိမ္မော်သီး ၅၁ ဖာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၃၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#LocalNews
Published_9 October 2022
တရားရုံးအမိန့်ဖြင့် စာရင်းရှင်းဖျက်သိမ်းနေသည့် အာရှရန်ကုန်ဘဏ်တွင် အပ်နှံထားသည့်ငွေတွေကို အမြန်ဆုံးပြန်လည်ထုတ်ယူနိုင်ပြီဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာမှတစ်ဆင့်ကြေညာထားသည်။
ဘဏ်ကို စာရင်းရှင်းလင်းဖျက်သိမ်းမည်ဖြစ်သည့်အတွက် အာရှရန်ကုန်ဘဏ်တွင် အပ်နှံထားသော ငွေတွေနှင့်စပ်လျဉ်း၍ ခိုင်လုံသည့် သက်သေအထောက်အထားများနှင့်တကွ တင်ပြရန် ဘဏ်၏ စာရင်ရှင်းလင်းဖျက်သိမ်းရေးအရာရှိက အောက်တိုဘာလ ၇ ရက်ထုတ် နိုင်ငံပိုင်သတင်းစာကနေ ကြေညာထားခြင်းဖြစ်သည်။
အာရှရန်ကုန်ဘဏ်ကို ပြီးခဲ့သည့် ၂၀၂၀ မတ်လအတွင်း၌ ဗဟိုဘဏ်က ဘဏ်လုပ်ငန်းလိုင်စင် ရုပ်သိမ်းခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိတွင် ဘဏ်ကို စာရင်းရှင်းလင်းဖျက်သိမ်းပေးဖို့အတွက် ဗဟိုဘဏ်က ရန်ကုန်တိုင်းတရားလွှတ်တော်ကို လျှောက်ထားခဲ့ပြီး တရားရုံးကလည်း စာရင်းရှင်းလင်းဖျက်သိမ်းရန် ပြီးခဲ့သည့်ဖေဖော်ဝါရီလက ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါဘဏ်နှင့် ပတ်သက်၍ ကြွေးမြီရှင်တွေအနေဖြင့် ခိုင်လုံသည့် သက်သေအထောက်အထားတွေနှင့် တောင်းဆိုချက်တွေကိုတင်ပြရန် ဗဟိုဘဏ်၏ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက သတင်းထုတ်ပြန်ခဲ့သည်။
အာရှရန်ကုန်ဘဏ်ကို ၁၉၉၄ ခုနှစ်တွင် ဖွင့်လှစ်ထားသည့် ဘဏ်တစ်ခုဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့အပြင် ဘဏ်ခွဲပေါင်း ၁၃ ခုရှိကြောင်းသိရသည်။
#ymg/sth
#Yangon_Media_Group
Published 8 Oct 2022
အိန္ဒိယဗဟိုဘဏ်က အီး-ရူပီးဆိုတဲ့ ဒစ်ဂျစ်တယ်ငွေကြေးကို အသုံးပြုနိုင်ဖို့ ဆောင်ရွက်နေရာ ကြီးမားတဲ့ ရှေ့ပြေးစီမံကိန်းတွေ လုပ်ဆောင်ခဲ့ပြီးနောက် နောက်ဆုံးဒီဇိုင်းတစ်ခုကို ရရှိတော့မှာဖြစ်ပါတယ်။
အိန္ဒိယ အရန်ငွေကြေးဘဏ်ဟာ လက်ကားလုပ်ငန်းတွေအတွက် ဘဏ်စာရင်းအခြေပြု ဗဟိုဘဏ် ဒစ်ဂျစ်တယ်ငွေကြေး သို့မဟုတ် CBDC နှင့် လက်လီလုပ်ငန်းတွေအတွက် တိုကင် အခြေပြု ငွေကြေးတစ်ခုကို အကောင်အထည်ဖော်ဖို့ လုပ် ဆောင်နေပါတယ်လို့ သောကြာနေ့က ထုတ်ပြန်တဲ့ စာတမ်းတစ်ခုထဲမှာ ဖော်ပြထားပါတယ်။ ဒစ်ဂျစ်တယ်ငွေကြေးကို အီး-ရူပီးအဖြစ် လွှဲပြောင်းမှာဖြစ်ပြီး ငွေကြေးပုံစံအားလုံးအတွက် နောက်ထပ်ရွေးချယ်မှုတစ်ခုဖြစ်လာပါလိမ့်မယ်လို့ လည်းဖော်ပြထားပါတယ်။
ငွေသားကို မှီခိုနေတဲ့ အိန္ဒိယဟာ ငွေကြေး ပေးချေမှုတွေမှာ ပိုပြီး အကျိုးရှိစေအောင် သူတို့ရဲ့ ငွေကြေးတွေကို ဒစ်ဂျစ်တယ်ပုံစံဦးတည်လုပ်ဆောင်နေကြတဲ့ တရုတ်နိုင်ငံအပါအဝင် နိုင်ငံတွေလို ဦးတည်ကြိုးပမ်းလာတာဖြစ်ပါတယ်။ အိန္ဒိယဘဏ္ဍာရေးဝန်ကြီး နီယာမာလာ ဆီသာရာမန်က ဒီနှစ်အတွင်းမှာ အိန္ဒိယအရန်ငွေကြေးဘဏ်ဟာ ဒစ်ဂျစ်တယ်ငွေကြေးကို စတင်ဆောင်ရွက်တော့မယ်လို့ကြေညာပါတယ်။
“ ဒစ်ဂျစ်တယ်ငွေကြေးအတွက် လက်ရှိမှာ မဟာဗျူဟာအဆင့်အကောင်အထည်ဖော်မှုကို ဦးတည်ဆောင်ရွက်နေပြီး တစ်ဆင့်ပြီးတစ်ဆင့် ရှေ့ပြေးလုပ်ငန်းတွေလုပ်ဆောင်ပြီးနောက်ဆုံးမှာ ဒစ်ဂျစ်တယ်ငွေကြေးအဆင့် စတင်မှာဖြစ်တယ်” လို့ သူမကပြောပါတယ်။
ဒါပေမယ့် လုံးဝဗဟိုချုပ်ကိုင်မှုကင်းတဲ့ ပုံစံကိုတော့ ဗဟိုဘဏ်တွေက စိတ်ပူနေကြဆဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲသလိုလုပ်ရင် ရာဇဝတ်လုပ်ငန်းတွေကို ငွေကြေးထောက်ပံ့တာတွေကို နောက်ယောင်ခံလိုက်ဖို့ ခက်ခဲသွားနိုင်တယ်လို့ မြင်ထားကြလို့ဖြစ်တဲ့အကြောင်း SCMP သတင်းစာကရေးသားပါတယ်။
Source SCMP
#Digital_Currency_India
#e-Rupee
#India_ Reserve_Bank
Page 1625 of 2055