TV Yangon Times Matters အစီအစဉ်
Published - 24 July 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးဝင်းထိန် (ဟိုတယ်/ ခရီး)နှင့်အတူ
-"အစားအသောက်သန့်ရှင်းရေးနှင့် ရောဂါပိုးမွှားကင်းစင်ရေး အစာအဆိပ် မဖြစ်စေရေးကို ကာကွယ်ရမယ့်နည်းလမ်းများအကြောင်း
-ထွန်းဖောင်ဒေးရှင်း စာပေဆုရ ဟိုတယ်နှင့်ခရီးသွား(၅)အုပ်တွဲ စာအုပ်စီးရီးထုတ်ဖြစ်ခဲ့တဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
TV Yangon Times Matters အစီအစဉ်
Published - 24 July 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးဝင်းထိန် (ဟိုတယ်/ ခရီး)နှင့်အတူ
-"အစားအသောက်သန့်ရှင်းရေးနှင့် ရောဂါပိုးမွှားကင်းစင်ရေး အစာအဆိပ် မဖြစ်စေရေးကို ကာကွယ်ရမယ့်နည်းလမ်းများအကြောင်း
-ထွန်းဖောင်ဒေးရှင်း စာပေဆုရ ဟိုတယ်နှင့်ခရီးသွား(၅)အုပ်တွဲ စာအုပ်စီးရီးထုတ်ဖြစ်ခဲ့တဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
TV Yangon Times Matters အစီအစဉ်
Published - 24 July 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးဝင်းထိန် (ဟိုတယ်/ ခရီး)နှင့်အတူ
-"အစားအသောက်သန့်ရှင်းရေးနှင့် ရောဂါပိုးမွှားကင်းစင်ရေး အစာအဆိပ် မဖြစ်စေရေးကို ကာကွယ်ရမယ့်နည်းလမ်းများအကြောင်း
-ထွန်းဖောင်ဒေးရှင်း စာပေဆုရ ဟိုတယ်နှင့်ခရီးသွား(၅)အုပ်တွဲ စာအုပ်စီးရီးထုတ်ဖြစ်ခဲ့တဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#LocalNews
Published_24 July 2022
ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်မှ မူးယစ်ဆေးရောင်းချနေသည်ဆိုသော ကသဲရပ်ကွက်အတွင်း နေအိမ်သို့ ပူးပေါင်းအဖွဲ့ကဝင်ရောက်၍ ရောင်းချသူများအား ၂၀၂၂ ဇူလိုင်လ ၂၃ ရက် ည ၈ နာရီခွဲခန့်တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ကသဲရပ်ကွက်၊ အကွက်(၃)၊ မဏိပူရရှိ နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ရာ အသက် ၃၇ နှစ်အရွယ် မချိုမာခိုင်(ခ)ယာယီ အား တွေ့ရှိရပြီး ၎င်း၏ယာဘက်လက်တွင် ကိုင်ဆောင်ထားသော ပန်းရောင်လက်ဆွဲပလပ်စတစ်အိတ်အတွင်းမှ အပြာရောင်ကပ်ခွာအိတ် ၁ အိတ်လျှင် WY နှင့် R စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွဆေးပြား ၆၉၇ဝ ပြား(ကာလတန်ဖိုး ၁၃,၉၄ဝ,ဝဝဝ ကျပ်)နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိမူးယစ်ဆေးဝါးများသည် ကျောက်တော်မြို့ ၊ မြို့သစ်ရပ်ကွက်၊ကျော်ရဲအောင်လမ်းနေသူ အသက် ၄၀ အရွယ် ဦးခင်မောင်က ရောင်းချပေးရန် နေအိမ်သို့လာပေးသည့် ဆေးပြားများဖြစ်ကြောင်း ၎င်းက ထွက်ဆိုခဲ့ကြောင်း ပြည်နယ်အစိုးရသတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
ယင်းသို့ ထွက်ဆိုခဲ့သဖြင့် ဦးခင်မောင် တည်းခိုနေထိုင်သည့် စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်၊ ဗောဓိလမ်း၊ အိမ်အမှတ်(B/17) နေအိမ်ဆိုင်ခန်းကို သွားရောက်ရှာဖွေခဲ့ရာ ဦးခင်မောင်အား ဖမ်းဆီးရမိခဲ့ကြောင်း၊ယခုအခါ ဖမ်းဆီးရမိသူ ၂ ဦးအား စစ်တွေမြို့မရဲစခန်းတွင် မူးယစ်ဥပဒေဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published _ 24 July 2022
သူနေမကောင်းစဖြစ်ချိန်က ဗိုက်လေးနည်းနည်းဖောင်းလာတယ်ပေါ့၊၊အဲဒီ့ကနေကျွန်တော်တို့ ဆေးတွေကျွေးတယ်၊၊ ဗိုက်ကတဖြည်းဖြည်းဖောင်းလာတဲ့အတွက် ဓာတ်မှန်ရိုက်တယ်၊၊ ကျွန်တော်တို့အစား အသောက်လေးတွေ ပြန်ပြောင်းထားပေးတယ်၊၊ သူ့အတွက် အားဆေးလေးပြောင်းပေးထားတယ်... ဦးလှမျိုး၊တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်မှုကျွမ်းကျင်သူ Senior Keeper (ရန်ကုန်တိရစ္ဆာန်ဥယျာဉ်)
#Yangon_Media_Group
#LocalNews
Published_24 July 2022
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အနောက်ရပ်ကွက်၊ ၂၉ လမ်း ၈၄x၈၅ ကြားတွင် ယနေ့ ဇူလိုင်လ ၂၄ ရက် ၃ နာရီ ၄၃ မိနစ်ခန့်က အဆောက်အဦဖြိုရာမှ အုတ်တံတိုင်းပိ၍ လူနှစ်ဦးသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။
ယင်းဖြစ်စဉ်ကြောင့် အမျိုးသား နှစ်ဦးသေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြကြောင်း၊သေဆုံးသူများကို ဈေးချိုအရန်မီးသတ်စခန်းနှင့် ကျောက်ဆစ်အရန်မီးသတ်စခန်းမှ ယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး အခြားထိခိုက်ဒဏ်ရာရသူများမှာ မစိုးရိမ်ရကြောင်းလည်း သိရသည်။
အဆိုပါ တိုက်ပြိုကျမှုဖြစ်ပွားရာသို့ ချမ်းအေးသာစံမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ၂၂ရက်ကလည်း မော်လမြိုင်မြို့တွင် ကျောင်းအုတ်တံတိုင်းပြိုကျ၍ လူ ၅ ဦး သေဆုံးခဲ့သေးသည်။
ymg/mt
#Yangon_Media_Group






#LocalNews
Published_24 July 2022
မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊၁၂၅လမ်း၊၅၈ လမ်းနှင့် ၅၉ လမ်းကြားရှိ (စ)ဈေးမြောက်ဘက် တိုက်တန်းတွင် ဖွင့်လှစ်ထားသော မောသစ်ရွှေဆိုင်ကို ယနေ့ ဇူလိုင်လ ၂၄ ရက် မွန်းလွဲ ၂ နာရီခန့်က ဓားပြတိုက်ခဲ့ကာ ရွှေ(၁)ပိဿာကျော်နှင့် ငွေကျပ်သိန်း ၆၀ ကို ယူဆောင်သွားကြောင်း သိရသည်။
မောသစ်ရွှေဆိုင်သို့ အမည်မသိအမျိုးသားနှစ်ဦး ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဆိုင်အတွင်းသို့ ဝင်ရောက်ကာ ပစ္စတိုသေနတ်ဖြင့် ၃ ချက်ခန့်ပစ်ခတ်၍ ယူဆောင်ပြီး ထွက်ပြေးလွတ်မြောက်သွားကြောင်းနှင့် ပစ်ခတ်မှုကြောင့် ရွှေဆိုင်လုံခြုံရေးဝန်ထမ်းတစ်ဦး၏ ခြေဖမိုးတွင် ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မန္တလေးတွင် မောသစ်အမည်ဖြစ် ဖွင့်လှစ်ထားသော ရွှေဆိုင်များအနက် ယင်းရွှေဆိုင်မှာ ဒုတိယအကြိမ်မြောက်ဓားပြတိုက်ခံရခြင်းဖြစ်ကြောင်း၊ ပထမအကြိမ်ဓားပြတိုက်ခံရသော ဆိုင်မှာ ပြည်ကြီးတံခွန်မြို့နယ်၊၆၂လမ်းနှင့် ၁၃၄လမ်းထောင့်ရှိ ဆိုင်ဖြစ်ကာ ယင်းအချိန်က ရွှေ ၆၅ ကျပ်သားနှင့် ငွေကျပ်(၁၁၈၀)သိန်း ယူဆောင်သွားကြကြောင်း သိရသည်။
ယမန့်ကလည်း မန္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီးမြို့နယ်၊နန္ဒာကျေးရွာအုပ်စု၊နန္ဒမြောက်ကျေးရွာတွင် အမည်မသိအမျိုးသားသုံးဦးက သေနတ်ပစ်ဖောက်၍ လင်မယားနှစ်ယောက်ထံမှ ငွေနှင့်ဖုန်းများကို ဓားပြတိုက်ယူမှုတစ်ခု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_24 July 2022

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ တောင်ရပ် ရပ်ကွက်၌ ယနေ့(ဇူလိုင်လ ၂၄ ရက်) နံနက်အစောပိုင်းက မုန့်တီအခြောက်ခံနေရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဦးလှမိုးအောင်(ဘ)ဦးမောင်စိုးအောင် ၏ မုန့်တီခြောက်လုပ်ငန်းလုပ်ကိုင်သည့် အဆောက်အဦးအတွင်း မုန့်တီများကို လျှပ်စစ်မီးဖြင့် အခြောက်ခံနေစဉ် ပန်ကာဖြင့် ဆက်သွယ်ထားသည့် ဝါယာကြိုးအဟောင်း အပူလွန်ကဲ၍ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အနီးရှိမျက်နှာကြက် တာလပတ်စကို ကူးစက်ကာ အဆောက်အဦးအား ဆက်လက်ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုကြောင့် အဆောက်အဦး ကာလတန်ဖိုး ၁၉၆၀၀၀၀ ကျပ်၊ တရုတ်နိုင်ငံလုပ်လက်ဆွဲမီးစက်အသေး ၁ လုံး ကာလတန်ဖိုး ၁၀၀၀၀၀ ကျပ်၊ စုစုပေါင်း ၂၀၆၀၀၀၀ ကျပ်ခန့်ပျက်စီးဆုံးရှုံးခဲ့ပြီး လူ၊တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
ယခုအခါ မီးပေါ့ဆသုံးစွဲသူ ဦးလှမိုးအောင်အား မြောက်ဦးမြို့မရဲစခန်း၌ အမှုဖွင့်လှစ်၍ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းလည်း ရခိုင်ပြည်နယ် မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ymg/mt
#Yangon_Media_Group
Published 24 July 2022
အမည်မဖော်လိုတဲ့ တောင်အမေရိကား ကုမ္ပဏီတစ်ခုက သူ့သားလိုလူတွေ ပိုပြီးဖန်တီးလိုတဲ့အတွက် သူ့ဆီက သုတ်ပိုးအလှုခံဖို့ ချဉ်းကပ်ခဲ့တယ်လို့ အီလွန်မတ်စ်ရဲ့ ဖခင်ဖြစ်သူက ပြောဆိုလိုက်ပါတယ်။
အသက် ၇၆နှစ်အရွယ်ရှိပြီဖြစ်တဲ့ အာရိုးမတ်စ်က“ ကိုလံဘီယာက ကုမ္ပဏီတစ်ခုက ကိုလံဘီယာမှာရှိတဲ့ အထက်တန်းလွှာအမျိုးသမီးတွေကိုယ်ဝန်ဆောင်ဖို့ ကျွန်တော့်ကို သုတ်ပိုးလှူပေးပါလို့ပြောတယ်။ သူတို့က အီလွန်ကို ဖန်တီးတဲ့ တကယ့်လူဆီကိုသွားနိုင်တာမို့ ဘာဖြစ်လို့ အီလွန်ဆီသွားနေမှာလဲလို့ပြောကြတယ်” လို့ The Sun သတင်းစာကိုပြောကြားပါတယ်။
လတ်တလောမှာ အာရိုးမတ်စ်က သူဟာ အသက်၃၅နှစ်အရွယ် မယားပါသမီးနှင့် ဒုတိယမြောက်ကလေးရထားတယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ရဲ့ဖခင်ဖြစ်သူဟာ ကမ္ဘာမြေကြီးမှာ ကျွန်တော်တို့ လုပ်ဖို့က မျိုးပွားဖို့။ကလေးတွေ များများ ရဖို့ပဲဖြစ်တယ်လို့ မကြာသေးခင်က ပြောထားပါတယ်။
“ နောက်ထပ်ကလေးတစ်ယောက်ထပ်ရမယ်ဆိုရင် ယူဦးမယ်။ ကလေးမယူဖို့ ဘာအကြောင်းပြချက်မှ မမြင်ဘူး” လို့လည်း သူကပြောပါတယ်။
သုတ်ပိုးလှူဖို့အတွက် သူကို ပိုက်ဆံပေးမယ်လို့ ကမ်းလှမ်းတာမရှိခဲ့ဘူးလို့လည်း တောင်အာဖရိကသားဖြစ်တဲ့သူက The Sun ကိုပြောပါတယ်။ “ ဒါပေမယ့် သူတို့က ကျွန်တော့်ကို ပထမတန်းစားခရီးသွားအဆင့်ပေးတယ်။ ကြယ်ငါးပွင့်ဟိုတယ်မှာနေဖို့။ ဒီလိုအဆင့်အတန်းတွေကမ်းလှမ်းခဲ့ပါတယ်”
သတင်းစာတိုက်က သူ့အနေနှင့် ဒီလိုကမ်းလှမ်းမှုမျိုးလက်ခံမှာလားမေးတော့သူက ဘာဖြစ်လို့လက်မခံနိုင်စရာ ရှိမလဲလို့ ပြန်ဖြေပါတယ်။
၂၀၁၇ခုနှစ် ရိုလင်းစတုန်း ပရိုဖိုင်းမှာပါတဲ့ သားဖြစ်သူ အယ်လွန်မတ်စ်ရဲ့အပြောအရတော့ ဖခင်ဖြစ်သူ အာရွန်မတ်ခစ်ဟာ အိုင်ကျူမှာ ထူးချွန်တဲ့အဆင့်ရှိကြောင်းနှင့် တောင်အာဖရိကမှာ အသက်အငယ်ဆုံးနှင့် အရည်အချင်းမီ အင်ဂျင်နီယာ တစ်ယောက်ဖြစ်လာတာလို့ သိရပါတယ်။
နည်းပညာလုပ်ငန်းဘီလျံနာဖြစ်သူ အယ်လွန်မတ်စ်ကလည်း ဖခင်နှင့် ခပ်တန်းတန်းဖြစ်နေပေမယ့် မျိုးပွားတဲ့ကိစ္စမှာတော့ အဖေနှင့်သား တစ်သဘောတည်းရှိနေပါတယ်။
အီလွန်မတစ်က ကလေးမွေးနှုန်းတွေ နှစ်ပေါင်းများစွာ ကျဆင်းလာတာကို စိတ်ပူကြောင်း မကြာခဏဆိုသလို ထုတ်ပြောတတ်ပါတယ်။ “ ကလေးတွေ များများမမွေးတော့ရင် လူ့ယဉ်ကျေးမှုကြီး ပြိုကျပျက်စီးလိမ့်မယ်” လို့ သူက တွစတာမှာ ရေးခဲ့ပါတယ်။
ကမ္ဘာ့လူဦးရေဟာ ၁၉၅၀ခုနှစ်ကတည်းကစပြီး မြင့်တက်နှုန်းဟာ နှေးကွေးလာနေပါတယ်။ ၂၀၂၀မှာ တစ်ရာခိုင်နှုန်းအောက် အထိကျဆင်းသွားတယ်လို့ ကုလသမဂ္ဂသတင်းအချက်အလက်တွေအရသိရပါတယ်။ ဒါပေမယ့ ကုလသမဂ္ဂက နိုဝင်ဘာမှာ ကမ္ဘာ့လူဦးရေဟာ ၈ ဘီလျံရောက်လာမယ်လို့ခန့်မှန်းထားပါတယ်။ ၁၉၅၀မှာ တစ်ဘီလျံရှိခဲ့ရာက ၂၀၅၀မှာ ၉.၇ ဘီလျံရှိလာမယ်လို့လည်း ခန့်မှန်းထားတာဖြစ်ပါတယ်။
Source: Insider
#Elon_Musk
#Errol_Musk
#Errol_Musk_Donation_sperm
Published 23 July 2022
အမေရိကန်ပြည်ထောင်စု ယူတ ပြည်နယ်ရဲ့ အထင်ကရအမှတ်အသားဖြစ်တဲ့ ဂရိတ်ရေငန်ရေကန်ကြီးဟာ မကြုံစဖူး ရေခန်းခြောက်မှုတွေဖြစ်နေပြီး ၁၈၄၇ ခုနှစ်ကစပြီး အနိမ့်ဆုံးရေမှတ်ရောက်ရှိကာ စံချိန်တင်ခန်းခြောက်နေပါတယ်။
ဂရိတ်ရေငန်ကန်ကြီးဟာ အနောက်ဖက် ကမ္ဘာခြမ်းမှာ အကြီးမားဆုံး ရေငန်ကန်ကြီးဖြစ်ပြီး ကမ္ဘာပေါ်မှာ နဝမမြောက် အကြီးဆုံး ကုန်းတွင်းပိတ်ရေကန်ကြီးတစ်ခုဖြစ်ပါတယ်။
လာမယ့် ဆောင်းဦးရာသီနှင့််ဆောင်းရာသီမှာ ရေအမြင့်မှာ ဆက်လက်ကျဆင်းနေဦးမယ်လို့ အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာနကပြောပါတယ်။ အဲဒီရေအမြင့်ကျဆင်းနေခြင်းဟာ သဘာဝပတ်ဝန်းကျင်နှင့် ဆက်စပ် လုပ်ငန်းကွင်းဆက်တွေကို အကြီးအကျယ်ထိခိုက်နိုင်ပြီး အမေရိကန်ဒေါ်လာ ၁.၃ ဘီလျံအထိဆုံးရှုံးနိုင်ပါတယ်။
လက်ရှိမှာတော့ ကန်ကြီးရဲ့ ဧရိယာဟာ ၁၉၈၀ပြည့်လွန်နှစ်တွေတုန်းက ၇၇၆,၉၆၉ စတုရန်းကီလိုမီတာရှိခဲ့ရာကနေ အခုဆို ၂၄၆၀၄၈ စတုရန်းကီလိုမီတာအထိ ကျုံ့သွားပါတယ်။ ကန်ကြီးရဲ့ ကြမ်းပြင် ၂၀၀၀ စတုရန်းကီလိုမီတာလောက် ပေါ်လာတာ ဖြစ်ပါတယ်။
အန္တရာယ်ရှိတဲ့ ကန်အောက်ခြေက အနယ်အမှုန်တွေ လေထဲရောက်သွားလို့ လေတိုက်လိုက်ရင် ဒေသခံတွေအတွက် ကျန်းမာရေးထိခိုက်နိုင်တယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။
ရေအမြင့်ကျဆင်းလာရတာဟာ ရာသီဥတုပြောင်းလဲခြင်းနှင့် လူသားတွေရဲ့ ပြုမူဆောင်ရွက်ပုံတွေကြောင့်ဖြစ်တယ်လို့လည်း ပညာရှင်တွေကပြောပါတယ်။
“ အပူချိန်တွေမြင့်တက်လာတာကြောင့် ကောက်ပဲသီးနှံတွေနှင့်လူသားတွေအတွက် ရေလိုအပ်ချက်မြင့်မားလာတယ်။ အဲဒါကြောင့် ကန်ထဲစီးဝင်မယ့် ရေပမာဏာတော်တော်များများက စီးမဝင်တော့ဘဲ လူတွေကို လမ်းကြောင်းလွှဲပြီး ထုတ်နုတ် သုံးစွဲလိုက်ကြတာဖြစ်တယ်” လို့ ကိုလံဘီယာတက္ကသိုလ် လက်အောက်က လာမွန့် ဒိုဟာတီ ကမ္ဘာမြေကြီး စောင့်ကြည့်ရေး အဖွဲ့ရဲ့ သုတေသနပညာရှင် ရစ်ချတ်ဆီးဂါးကပြောကြားလိုက်ပါတယ်ရှင်။
#Soure_CCTV+
#Utah_Great_Salt_Lake
#iconic_landmark
#Climate_Change
#Local_News
Published_ 24 July 2022
သံလွင်မြစ်ဝှမ်း စီမံကိန်းများ၊ ဧရာဝတီမြစ်ဝှမ်းမှာရှိတဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေကို ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့ သိရပါတယ်။
အဲဒီရေအားလျှပ်စစ်စက်ရုံတွေဟာ ယခင်က ဖြစ်မြောက်နိုင်စွမ်းတိုင်းတာပြီး ဆွေးနွေးနေဆဲအဆင့် စီမံကိန်းတွေဖြစ်တယ်လို့လည်း သူကပြောပါတယ်။
ဇူလိုင် ၂၃ ရက်က နစက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး ဦးသောင်းဟန်ဟာ အထက်ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်းတွေ စစ်ဆေးကြည်ရှုစဉ်မှာ အဆိုပါကိစ္စ ပြောကြားခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံဟာ နေပြည်တော်၊ ပျဉ်းမနားမြို့အရှေ့ဘက် ၂၆ မိုင်အကွာရှိ ပေါင်းလောင်းမြစ်ပေါ်တွင်တည်ရှိပြီး စက်တပ်ဆင်အင်အား ၁၄၀ မဂ္ဂါဝပ်ထွက်ရှိကာ တစ်နှစ်ထုတ်လုပ်နိုင်မှုမှာ ၄၅၄ ကီလိုဝပ် နာရီသန်းပေါင်းဖြစ်ကြောင်း သိရပါတယ်။
ဓာတ်အားပေးစက်ရုံမှ ထွက်ရှိလာတဲ့ ဓာတ်အားများကို ၂၃၀ ကေဗွီ ဓာတ်အားလိုင်းဖြင့် နန်ချိုဓာတ်အားပေးစက်ရုံနှင့် ပေါင်းလောင်းဓာတ်အားပေးစက်ရုံများမှ တစ်ဆင့် ပျဉ်းမနားခွဲရုံသို့ ပို့လွှတ်ကာ နိုင်ငံတော်ဓာတ်အားစနစ်သို့ စက်စွမ်းအားပြည့် ချိတ်ဆက်ပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိပါတယ်။
အထက်ပေါင်းလောင်း မဂ္ဂါဝပ် (၁၄၀)၊ နန်ချို မဂ္ဂါဝပ် (၄၀) နှင့် အောက်ပေါင်းလောင်းမဂ္ဂါဝပ် (၂၈၀)တို့ကို အဆင့်ဆင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေသကဲ့သို့ အလယ်ပေါင်းလောင်းစီမံကိန်း (၁၆၆) မဂ္ဂါဝပ်ကိုလည်း ထပ်မံထုတ်လုပ်ရန် စီမံဆောင်ရွက်လျက်ရှိတဲ့အပြင် Hydromatrix အနိမ့်တမံစနစ်ဖြင့်လည်း ထပ်မံထုတ်လုပ်ဖို့ရှိတယ်လို့ ဆိုပါတယ်။
ဒုဌဝတီမြစ်ဝှမ်းတွင်လည်း အထက်ရဲရွာစီမံကိန်းမဂ္ဂါဝပ် (၂၈၀)၊ ရဲရွာစီမံကိန်း မဂ္ဂါဝပ်(၇၉၀)တို့ကိုလည်း အဆင့်ဆင့်ထုတ်လုပ်နေသကဲ့သို့ နမ္မတူသီပေါစီမံကိန်း မဂ္ဂါဝပ် (၂၁၀)၊ အလယ်ရဲရွာစီမံကိန်း (၇၃၅) မဂ္ဂါဝပ်နှင့် ဒီးဒုတ်စီမံကိန်း မဂ္ဂါဝပ် (၆၀)တို့ကို ထပ်မံထုတ်လုပ်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။
ymg-mnn
#Yangon_Media_Group
၁။ မော်တော်ယာဉ်မောင်းနှင်သူများသည် အောက်ပါနေရာများတွင် မည်သည့်မော်တော်ယာဉ်မျှ “ဂ” ကွေ့ မကွေ့ရပါ-
(၁) ခြေကျင်လျှောက်သူများဖြတ်ကူးရန် ခွင့်ပြုထားသောနေရာ၊
(၂) လမ်းအလယ်တွင် အလျားလိုက် တစ်ဆက်တည်းရေးဆွဲထားသော မျဉ်းဖြူ၊ မျဉ်းဝါတစ်ကြောင်း သို့မဟုတ် နှစ်ကြောင်းရှိသောလမ်း၊
(၃) ခွင့်မပြုသော လမ်းဆုံလမ်းခွ၊
(၄) လမ်းထောင့်၊ လမ်းကွေ့၊
(၅) ကုန်းထိပ်နှင့် ယင်းမှ ၃၂၈ ပေ (၁၀၀ မီတာ) အတွင်း၊
(၆) တံတားအဝင်ဝနှင့် တံတားပေါ်၊
(၇) တစ်လမ်းမောင်းလမ်း၊
(၈) “ဂ” ကွေ့ မကွေ့ရဟု တားမြစ်ထားသောနေရာ၊
(၉) “လမ်းမပိတ်ရ” အဝါရောင်မျဉ်းကွက် (Yellow Box) နေရာ၊
(၁၀) ကျောင်း၊ ဆေးရုံ၊ မီးသတ်စခန်းတို့၏ရှေ့။
၂။ “ဂ” ကွေ့ ကွေ့နိုင်သောနေရာတွင် ကွေ့လိုလျှင် မိမိ ရှေ့၊ နောက် မော်တော်ယာဉ် အသွားအလာရှင်းမှ ကွေ့ရမည်။ လမ်းကျဉ်း၍ ရှေ့တိုးနောက်ဆုတ် ကွေ့ရပါက အခြားမော်တော်ယာဉ်များ အသွားအလာကို တားဆီးပိတ်ဆို့ခြင်းမဖြစ်စေရ။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
Page 1557 of 1849