#Local_News
Published_19 November 2022
တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာအလုပ်သမား ၁၄၀ ကျော်ထပ်မံစေလွှတ်မည်ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) မှ သိရသည်။
အဆိုပါနိုင်ငံသို့ နိုဝင်ဘာ ၂၈ ရက်တွင် Regular ( ကုန်ထုတ် ၊ စိုက်ပျိုး/မွေးမြူရေးနှင့် ဆောက်လုပ်ရေး) လုပ်ငန်းများ လုပ်ကိုင်ရန် မြန်မာအလုပ်သမား ၁၄၈ ဦး ၊ Re-entry (ကုန်ထုတ်) အလုပ်သမား ၁ ဦး၊ စုစုပေါင်း ၁၄၉ ဦးကို ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းတွင် လုပ်ကိုင်ရန် လုပ်သား ၁ ဦး၊ ဆောက်လုပ်ရေးလုပ်ငန်းများတွင်လုပ်ကိုင်ရန်လုပ်သား ၂၅ ဦး ၊ ကုန်ထုတ်လုပ်သား ၂၈ ဦးကို ထပ်မံစေလွှတ်ရန်စီစဉ်ထားကြောင်းလည်း သိရသည်။
အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် နိုဝင်ဘာလ ၁၆ ရက်အထိ Regular ကုန်ထုတ်လုပ်သားသစ် ၊ CBT ကုန်ထုတ်အလုပ်သမားသစ် ၊ Re-entry ကုန်ထုတ်လုပ်သား ၊Re-entry စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သား စုစုပေါင်း ၄၈၆ ဦးကို ပို့ဆောင်ပေးထားကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ကြေညာထားသည်။
#ymg/STH
#Yangon_Media_Group
#World_Health
Published 19 November 2022
ယူကေမှာ နှစ်စဉ် ဦးနှောက်ကင်ဆာဖြစ်ပွားသူ ၁၂,၃၀၀ ခန့်ရှိနေကြောင်း ယူကေကင်ဆာသုတေသနအဖွဲ့က ဆိုပါတယ်။
များသောအားဖြင့် ဦးနှောက်မှာ အကျိတ်အနေနဲ့ရှိတတ်ပြီး ရောဂါလက္ခဏာအမျိုးမျိုး ဖြစ်ပေါ်တတ်ပါတယ်။
အဖြစ်များတဲ့လက္ခဏာတွေက ခေါင်းကိုက်ခြင်း၊ ဖျားနာခြင်း၊ ရုတ်တရက်ရောဂါထခြင်းတို့ ဖြစ်ပါတယ်။
နောက်ထပ်လက္ခဏာတစ်ခုကတော့ နားထင်မှာဖြစ်တဲ့အကျိတ်ဖြစ်ပြီး ခေါင်းထဲမှာ အသံတွေကြားရတာမျိုး ခံစားရတတ်ကြောင်း ကျွမ်းကျင်သူများက ဆိုပါတယ်။
အကျိတ်ဖြစ်တဲ့နေရာပေါ်မူတည်ပြီး မှတ်ဉာဏ်စွမ်းရည်တွေမှာ ပြဿနာဖြစ်ပေါ်နိုင်ပါတယ်။
ယာယီမှတ်ဉာဏ်ပျောက်ဆုံးခြင်း၊ စကားပြောဆိုရခက်ခဲခြင်းနဲ့ နားထောင်ရခက်ခဲခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။
ဦးနှောက်အကျိတ်ဖြစ်ပြီဆိုရင် ခေါင်းထဲမှာ နေရာကျဉ်းသွားတာကြောင့် ဦးခေါင်းကိုဖိထားသလို ခံစားရမှာပါ။
အကျိတ်ကြီးလာတာနဲ့အမျှ ဦးခေါင်းထဲမှာ ဖိအားများလာမှာဖြစ်ပြီး အောက်ပါအခြေအနေများ ခံစားရနိုင်ပါတယ်။
(၁) ခေါင်းကိုက်ခြင်း
အရင်တုန်းက အဆိုပါဝေဒနာမခံစားရဘဲ လနဲ့ချီအောင် ခေါင်းကိုက်လာပြီဆိုရင် ဆရာဝန်နဲ့ပြသသင့်ပါပြီ။
(၂) အကြောကပ်ခြင်း
လက်တွေ ခြေတွေ အကြောတက်ခြင်း၊ အကြောကပ်ခြင်းတို့ဖြစ်ပေါ်ပြီး အခြားဖျားနာခြင်းပါ ခံစားလာရရင် ဆရာဝန်ပြသင့်ပါတယ်။
(၃) ဖျားနာခြင်း
ခေါင်းကိုက်ခြင်း၊ အားနည်းခြင်း၊ မျက်လုံးပြဿနာများနဲ့အတူ ဖျားနာခြင်းခံစားရလေ့ရှိပါတယ်။
(၄) ငိုက်မျဉ်းခြင်း၊ သတိလစ်ခြင်း
ဦးခေါင်းတွင်းဖိအားများပြီး ဦးနှောက်ဆီ သွေးရောက်ရှိမှုနည်းသွားတဲ့အခါ အဆိုပါလက္ခဏာ ခံစားရတတ်ပါတယ်။
(၅) မျက်လုံးပြဿနာများ
မျက်စိကျန်းမာရေးပိုဆိုးလာတာဟာ ဦးနှောက်အကျိတ်ကြောင့်ဖြစ်နိုင်ပြီး အမြင်ဝါးခြင်း၊ အမြင်အာရုံကျဉ်းခြင်း၊ ကျယ်ခြင်းတို့ ခံစားရနိုင်ပါတယ်။
(၆) နေထိုင်မှုပုံစံပြောင်းလဲလာခြင်း
စိတ်ရှုပ်ထွေးလာပြီး သာမန်အတိုင်းစဉ်းစားဖို့တောင် ခက်ခဲလာတတ်ပါတယ်။
စာဖတ်ခြင်း၊ စာရေးခြင်းတို့မှာ ပြဿနာရှိလာပြီး စကားပြောခြင်း၊ နားလည်သဘောပေါက်ခြင်းတို့မှာ အခက်အခဲရှိလာပါတယ်။
Source: The Sun
#Yangon_Media_Group
#Local_News
Published _ 19 november 2022
ရန်ကုန်မြို့အလယ် ကျောက်တံတားမြို့နယ်တွင် လူစည်ကားချိန်၌ ဓားထိုးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ကျောက်တံတားမြို့နယ် အရံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၈ ရက် ညပိုင်းတွင် ကျောက်တံတားမြို့နယ်၊ ၃၈ လမ်း (အလယ်ဘလောက်)မှာ အသက် ၃၀ ဝန်း ကျင်ရှိ အမျိုးသားတစ်ဦးဟာ ဓားထိုးခံရကြောင်း သတင်းရရှိသဖြင့် ကျောက်တံတားမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ ကူညီပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဓားထိုးခံရသည့် အမျိုးသားကို ကျောက်တံတား အရန်မီးသတ်တပ်ဖွဲ့ (Auxiliary Fire Force) မှ ရန်ကုန်ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့သော်လည်း ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနတွင် ရရှိဒဏ်ရာဖြင့် အသက်ဆုံးရှုံးသွားကြောင်း သိရှိခဲ့ရသည်။
ဖြစ်စဉ်အသေးစိပ်ကို အတိအကျမသိရှိရသေးဘဲ သေဆုံးသူဟာ မုန့်ဟင်းခါးစားနေရင်း ဓားထိုးခံရကြောင်း နီးစပ်သူများထံမှ သိရှိရသည်။

#ymg/NN
#Yangon_Media_Group
#World_Health
Published 19 November 2022
ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် ကင်ဆာဖြစ်ပွားနိုင်ချေကို ၇၂ ရာခိုင်နှုန်းလျှော့ချပေးနိုင်ကြောင်း လေ့လာတွေ့ရှိထားပါတယ်။
အပြေးလေ့ကျင့်ခန်းဟာ ကိုယ်တွင်းအင်္ဂါတွေထဲက ဂလူးကို့စ်သကြားဓာတ်ကို ပိုမိုအသုံးပြုရတာကြောင့် အကျိတ်ဖြစ်စေနိုင်တဲ့ စွမ်းအင်ပမာဏကိုလျှော့ချပေးနိုင်ကြောင်း တဲလ်အေဗစ်တက္ကသိုလ်မှ သုတေသီများက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
"လူတွေရော ကြွက်တွေမှာပါ ခန္ဓာကိုယ်အတွင်းပိုင်းအထိ ကြည့်ခဲ့ကြပါတယ်၊ ကြွက်တွေကို နေ့စဉ် မိနစ်အနည်းငယ်မျှပြေးခိုင်းပြီးတော့ သူတို့ရဲ့ကိုယ်တွင်းအင်္ဂါတွေကို ဆန်းစစ်ခဲ့ပါတယ်၊ လှုပ်ရှားမှုကို ရေရှည်ပြုလုပ်တဲ့အခါမှာတော့ တစ်ရှူးတွေပြောင်းလဲသွားတာကို အံ့အားသင့်ဖွယ်တွေ့ခဲ့ရပါတယ်၊ လှုပ်ရှားမှုလုပ်တဲ့အခါ အင်္ဂါအားလုံးမှာ ဂလူးကို့စ်ကို များစွာအသုံးချရပြီး ဇီဝဖြစ်စဉ်အများအပြားဖြစ်ခဲ့ပါတယ်" လို့ လူ့မော်လီကျူးမျိုးဗီဇဆိုင်ရာ ပရော်ဖက်ဆာ'ကာမစ်လဲဗီ'က ပြောကြားခဲ့ပါတယ်။
လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ကြွက်တွေမှာ အကျိတ်ဖြစ်ပွားမှုလျော့နည်းလာကြောင်း တွေ့ရှိခဲ့ကြပါတယ်။
လူပေါင်း ၃,၀၀၀ ကျော်ကို နှစ်ပေါင်း ၂၀ တိုင်အောင် လေ့လာမှုပြုလုပ်ခဲ့ရာ ပြင်းထန်တဲ့အပြေးမျိုးပြုလုပ်သူတွေဟာ မပြေးတဲ့သူတွေထက် ကင်ဆာဖြစ်နိုင်ချေ ၇၂ ရာခိုင်နှုန်း ပိုမိုနည်းပါးခဲ့ပါတယ်။
ကင်ဆာရောဂါက ကမ္ဘာမှာ အသေအပျောက်အများဆုံးအကြောင်းအရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။
ကြွက်တွေရော လူတွေမှာပါစမ်းသပ်ချက်များအရ ကင်ဆာအကျိတ်ပျံ့ပွားနိုင်ချေနည်းပါးခြင်းဟာ လေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့် ဂလူးကို့စ်သုံးစွဲမှုများလာကာ အကျိတ်တွေဖြစ်ပေါ်မလာတော့တာဖြစ်ပါတယ်။
"အခြားလေ့ကျင့်ခန်းတွေ မလေ့လာရသေးပေမယ့် ပြေးခြင်းကတော့ အတွင်းတစ်ရှူးတွေ ဇီဝဖြစ်စဉ်ချေဖျက်မှုများလာပြီး အကာအကွယ်ပေးနိုင်တာဖြစ်ပါတယ်" လို့ ဆိုပါတယ်။
အဆီချလေ့ကျင့်ခန်းလို သာမန်လှုပ်ရှားမှုတွေနဲ့မတူတာက ပြင်းထန်တဲ့လှုပ်ရှားမှုတွေဟာ ကင်ဆာကာကွယ်ရာမှာ အထောက်အကူပြုပါတယ်။
အရင်လေ့လာမှုတွေမှာလည်း လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ အချို့သောကင်ဆာတွေကို ၃၅ ရာခိုင်နှုန်းအထိ ဖြစ်နိုင်ချေရှိပါတယ်။
ဇီဝဖြစ်စဉ်တွေနဲ့ ဇီဝကမ္မသက်ရောက်မှုတွေဖြစ်တဲ့ ကိုယ်လက်လှုပ်ရှားမှုဟာ ကင်ဆာကာကွယ်ရာမှာ ဆေးကုသမှုများထက် ပိုမိုထိရောက်ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#Local_News
Published_ 19 November 2022
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၌ နိုဝင်ဘာ ၁၆ ရက်တွင် ကျင်းပခဲ့သည့် (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီအစည်းအဝေးတွင် “မြန်မာနိုင်ငံရှိ “ရိုဟင်ဂျာ” ဆိုသူ မွတ်စလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့် အရေး အခြေအနေ” ဟု ခေါင်းစဉ်တပ်ထားတဲ့ ဆုံးဖြတ်ချက်အဆိုကို မြန်မာနိုင်ငံမှ တရားဝင်ကိုယ်စားလှယ်များ ပါဝင် တက်ရောက်ခြင်းမရှိဘဲ အတည်ပြု ချမှတ်ခဲ့ခြင်းကို ကန့်ကွက်ပယ်ချကြောင်း နစက နိုင်ငံခြားရေးက သတင်းထုတ်ပြန်လိုက်ပါတယ်။
အီးယူနှင့် အိုအိုင်စီတို့က နှစ်စဉ် ကမကထပြု တင်သွင်းသည့် ရှည်လျားလှသော ဆုံးဖြတ်ချက်အဆို တွင် အခြေအမြစ်မရှိသော ထပ်တလဲလဲ စွပ်စွဲချက်များ ပါဝင်သည်။ ဆုံးဖြတ်ချက်အဆိုတွင် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကို ပေးအပ်သည့် လက်တွေ့မကျသော လုပ်ငန်းတာဝန်များလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ယခုဆုံးဖြတ်ချက်အဆိုသည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လအတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်၏ နောက်ဆက်တွဲအနေဖြင့် ပေါ်ပေါက်လာခြင်း ဖြစ်သော်လည်း ယင်းဆုံးဖြတ်ချက်အဆိုတွင် ဖြစ်စဉ်၏ မူလဇာစ်မြစ်နှင့် မြေပြင်အခြေ အနေမှန်ကို ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ထားတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံအနေဖြင့် တည်ဆဲဥပဒေနှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်အကြား နှစ်နိုင်ငံအစီအစဉ်များ နှင့်အညီ ရခိုင်ပြည်နယ်မှ အမှန်တကယ် နေရပ်စွန့်ခွာသူများအဖြစ် အတည်ပြုနိုင်သူများကို စိစစ် လက်ခံရန် အဆင်သင့်ရှိကြောင်း ဖော်ပြထားပါတယ်။
လက်ရှိကျင်းပလျက် ရှိသော (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီတွင် အတည်ပြုခဲ့ သည့် ဆုံးဖြတ်ချက်အဆိုသည် မြန်မာနိုင်ငံက ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် ပြဿနာ၏ ရှုပ်ထွေးမှုများကို လျစ်လျူရှုလျက် နိုင်ငံရေးသွတ်သွင်းတဲ့ အဆိုသာဖြစ်ပြီး၊ မျှတမှု၊ ဓမ္မဓိဋ္ဌာန်ကျမှုနှင့် လက်တွေ့ကျမှု မရှိဘူးလို့ ဆိုပါတယ်။
အဆိုတွင် အကြမ်းဖက်မှုနှင့် ချိုးဖောက်မှုများကို ချက်ချင်းရပ်တန့် ရေး တောင်းဆိုထားသော်လည်း ကလေးသူငယ် ၁၀၀ ဦး ကျော်အပါအဝင် လက်နက်မဲ့ အရပ်သား ၄,၀၀၀ ကျော်တို့ကို သတ်ဖြတ်ခဲ့သည့် အကြမ်းဖက် NUG နှင့် PDF ဆိုသူတို့၏ အကြမ်းဖက်လုပ်ရပ် များကို ရှုတ်ချရန် ပျက်ကွက်ခဲ့ကြောင်း ထောက်ပြထားပါတယ်။
ထို့အပြင် လက်ရှိတွင် “NUG” ဆို သည့် အကြမ်းဖက်အဖွဲ့ကို ကိုယ်စားပြု လျက်ရှိ သော ကျော်မိုးထွန်း၏ ပါဝင်တက်ရောက်ခြင်း၊ မိန့်ခွန်းပြောကြားခြင်းနှင့် အခြားလုပ်ရပ် များကိုလည်း ခြွင်းချက်မရှိ ကန့်ကွက်ပယ်ချကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
#ygm_mnn
#Yangon_Media_Group
Published 18 Nov 2022
အိန္ဒိယနိုင်ငံက နိုင်ငံရဲ့ ပထမဆုံး ပုဂ္ဂလိကထုတ်လုပ်တဲ့ ဒုံးပျံတစ်စီးကို သောကြာနေ့က ကမ္ဘာ့လေထုရဲ့အထက်ကို အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့ကြပါတယ်။
ဒါဟာ အိန္ဒိယနိုင်ငံအတွက် လေကြောင်းဆိုင်ရာ အင်အားကြီးနိုင်ငံတစ်ခုဖြစ်လာဖို့ တွန်းအားပေးဆောင်ရွက်နေမှုမှာ အထင်ကရမှတ်တိုင်တစ်ခုဖြစ်ပါတယ်။
တန်တစ်ဝက်ရှိတဲ့ အဲဒီ Vikram-S ဒုံးပျံဟာ သောကြာနေ့ နေ့လယ်မတိုင်ခင် ပစ်တင်ခဲ့တာဖြစ်ပြီး စက်ဝိုင်းပြတ်ထဲမှာ ရွေ့လျားခဲ့ပါတယ်။
အဲဒီလွှတ်တင်မှုတွေကို အိန္ဒိယအာကာသသုတေသနဌာနရဲ့ တိုက်ရိုက် ဗွီဒီယိုထုတ်လွှင့်မှုမှာ မြင်တွေ့ကြရပါတယ်။
ခြောက်မိနစ်အကြာမှာ အဲဒီဒုံးပျံဟာ ပင်လယ်ထဲကို ဆင်းသက်ခဲ့တယ်လို့ အေဂျင်စီကနေသိရပါတယ်။
ယခုဒုံးပျံကို ပြည်တွင်းက Skyroot Aerospace ကုမ္ပဏီက ဖန်တီးတည်ဆောက်ခဲ့တာဖြစ်ပြီး ၅၅ မိုင်အမြင့်အထိ ရောက်ရှိပါတယ်။ အဲဒီအမြင့်ဟာ ကမ္ဘာမြေကြီးနှင့် ပြင်ပအာကာသတို့ကိုပိုင်းခြားထားတဲ့ ၁၀၀ ကီလိုမီတာ ကာမန်မျဉ်းရဲ့ အောက်ဖြစ်ပါတယ်။
Source: AFP
ရုပ်သံကြည့်ရှုရန်..⏭⏭⏭
✅Facebook >>> https://fb.watch/gTlVii-a23/
#Breaking_News
Published 18 Nov 2022
အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျခံနေရတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက အဖွဲ့ဝင် (၄၁)ဦးကို ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်၇၅/၂၀၂၂ ကို ယနေ့ နိုဝင်ဘာ (၁၈)ရက်ရက်စွဲဖြင့် နစက,က ထုတ်ပြန်ကြေညာပါတယ်။
အဆိုပါအမိန့်စာအရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုသူတွေက AA လက်နက်ကိုင်အဖွဲ့မှ (၁၇)ဦး၊ KIA မှ (၁၇)ဦး၊ RCSS/SSA. မှ (၅)ဦးနှင့် KNU/KNLA မှ(၂)ဦးတို့ဖြစ်ကြပါတယ်။
ထို့အပြင် တရားရုံးတွေမှာ တရားစွဲဆိုခံထားရတဲ့ AA မှ(၁)ဦးနှင့် KIA မှ(၃)ဦး ပေါင်း(၄)ဦးတို့ရဲ့ အမှုတွေကိုလည်း ပိတ်သိမ်းလိုက်တယ်လို့ သီးခြားအမိန့်၇၆/၂၀၂၂ ဖြင့်ထုတ်ပြန်ကြေညာခဲ့ပါတယ်။
-ymg/knl
#EAO_Amnesty



#Local_News
Published _ 18 November 2022
ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေကြောင့် ၂နှစ်ဆက်တိုက် မကျင်းပဖြစ်ခဲ့တဲ့ ပြင်ဦးလွင်ပန်းပွဲတော်ကို လာမယ့်ဒီဇင်ဘာလ ၁၅ ရက်နေ့ကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၅ရက်နေ့အထိ တစ်လတိတိ ကျင်းပသွားမှာဖြစ်တယ်လို့ ပွဲတော်ကျင်းပရေးကော်မတီဆီကနေ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_18 November 2022
ပြည်ပနိုင်ငံတွေထံက ချေးငွေရရှိခြင်းမရှိသည့်အတွက် စီမံကိန်းအချို့ရပ်ဆိုင်းထားရကြောင်း နစကပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။
ယနေ့ ပြုလုပ်သည့် ၂၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင်ထည့်သွင်းပြောကြားခဲ့သည်။
လက်ရှိ နစကအစိုးရလက်ထက်တွင် နောက်ထပ်ချေးငွေရယူထားခြင်းမရှိကြောင်း၊ ယင်းကြောင့်လက်ရှိအခြေအနေတွငိ အစိုးရအနေဖြင့် ပြည်ပချေးငွေအပါအဝင် ထောက်ပံ့ငွေများ ရယူခဲ့ခြင်းမရှိဘဲနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း ၄င်းကပြောကြားခဲ့သည်။
နစက တာဝန်ယူခဲ့သည့်ကာလအတွင်း NLD အစိုးရလက်ထက်အပါအဝင် ယခင်အစိုးရလက်ထက်တွေက ချေးယူခဲ့သည့် ချေးငွေများထဲက ဒေါ်လာ ၁ ဒသမ ၄၅၉ ဘီလီယံကို ပြည်ပထောက်ပံ့ငွေမရှိဘဲ ပြန်ဆပ်ခဲ့ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။
#ymg/sth
#Yangon_Media_Group
#World_Sports
Published 18 November 2022
ကာတာနိုင်ငံမြောက်ပိုင်း သဲကန္တာရတွေမှာ ကလေးတွေက ဘယ်ဘက်လက်အိတ်ပေါ်မှာ သိမ်းငှက်များတင်ထားရင်း ရိုးရာဓလေ့ဖြစ်တဲ့ အမဲလိုက်ငှက်တွေကို ပြသခဲ့ပါတယ်။
#Yangon_Media_Group
#Local_News
Published_18 November 2022
လာမယ့်ဒီဇင်ဘာလမှာ မိုင်းတွင်းတွေကနေ ပစ္စည်းအသစ်တွေထွက်ရှိမှာဖြစ်တဲ့အတွက် ရွှေပြတ်လပ်မှုမရှိနိုင်ဘူးလို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ဥက္ကဋ္ဌ ဦးမျိုးမြင့်ရဲ့ ပြောကြားချက်အရ သိရပါတယ်။
#Yangon_Media_Group
Published 18 Nov 2022
ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ပရက်ဆော့ခွန်ဟာ အာဆီယံဥက္ကဋ္ဌရဲ့ အထူးသံတမန်အဖြစ် သူဟာ မြန်မာနိုင်ငံကို လာမယ့် အပတ်တွေထဲ တတိယအကြိမ်လာရောက်ဖို့ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။
ဒီလိုသွားရောက်ခြင်းဟာ မြန်မာနိုင်ငံကို ပုံမှန်အနေအထားနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး အတွက် နောက်ထပ်ကြိုးပမ်းအားထုတ်မှုဖြစ်တယ်လို့လည်းဆိုပါတယ်။
ယနေ့ နိုဝင်ဘာ (၁၈)ရက်မှာ ထုတ်ပြန်တဲ့ ကြေညာချက်အရ မြန်မာနစကရဲ့ အကျဉ်းသားတွေလွှတ်လိုက်တဲ့အပေါ် ကြိုဆိုတယ်လို့ ဆော့ခွန်ကပြောကြောင်းသိရပါတယ်။ အကျဉ်းသား ခြောက်ထောင်ကျော်ကို မြန်မာနိုင်ငံက လွှတ်ပေးလိုက်တာဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက်(၅)ချက်နှင့်အညီ လက်ရှိအကျပ်အတည်းတွက် ငြိမ်းချမ်းတဲ့ ဖြေရှင်းမှုတစ်ခု ရှာဖွေဖို့ အခွင့်အလမ်းတွေ လမ်းပွင့်သွားတဲ့ ကောင်းမွန်တဲ့စိတ်ထားတစ်ခုဖြစ်တယ်လို့ သူက ပြောကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“ ယခု အကျဉ်းသား အမြောက်အမြားလွှတ်ပေးခြင်းဟာ မြန်မာနိုင်ငံမှ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေအကြား ဆွေးနွေးမှု လုပ်ငန်းစဉ်တစ်ခုစတင်ဖို့အတွက် ထောက်ကူပေးမယ့် ဝန်းကျင်တစ်ခုကိုဖန်တီးဖို့ လမ်းကြောင်းမှန်ပေါ်က အရေးကြီးတဲ့ ပြမူမှုတစ်ခုလို့ အထူးသံတမန်က မှတ်ယူပါတယ်”
“ဒါဟာ လက်ရှိအကျပ်အတည်းအတွက် ငြိမ်းချမ်းတဲ့ ဖြေရှင်းမှုတစ်ခုဆက်လက်ဆောင်ရွက်ရာမှာ အရေးကြီးတဲ့ ပြူမူမှုတစ်ခုနှင့် ၂၀၂၁ခုနှစ် ဧပြီ ၂၄ ရက်နေ့မှာ အာဆီယံခေါင်းဆောင်တွေအစည်းအဝေးမှာ ရရှိခဲ့တဲ့ ဘုံသဘောတူညီချက်(၅)ချက်ရဲ့ အနှစ်သာရနှင့်ကိုက်ညီတဲ့ ကောင်းမွန်တဲ့တိုးတက်မှုတစ်ခုဖြစ်တယ်” လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
သတင်းထုတ်ပြန်ချက်ထဲမှာ သတိထားမိစရာ လူပုဂ္ဂိုလ်အချို့လွတ်မြောက်လာတာကို အမည်နှင့်တကွဖော်ပြထားပါတယ်။ အဲဒီအထဲမှာ ယခင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်၊ ရှစ်လေးလုံး ဒီမိုကရေစီလှုပ်ရှားတက်ကြွသူ ကိုမြအေးတို့အမည်တွေပါဝင်ပါတယ်။
လွှတ်ပေးတဲ့အထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်နှင့် ပြောရေးဆိုခွင့်ရသူ ဦးမျိုးညွန့်၊ အလုပ်အမှုဆောင် ဦးသိန်းဦး၊ NLD ဥပဒေအကြံပေး ဦးကျော်ဟိုး၊ ပါမောက္ခ ဦးမောင်သာချို၊ ရွှေညဝါဆရာတော်၊ ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုမန်းနှင့် သူ့ခင်ပွန်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးပါမောက္ခ ရှောင်တာနယ်၊ ဂျပန်သတင်းထောက်နှင့် ရုပ်ရှင်ထုတ်လုပ်သူ တိုရူကူဘိုတာ၊နှင့် အမေရိကန်နိုင်ငံသား ဦးကျော်ဋ္ဌေးဦး တို့ပါဝင်ကြပါတယ်။
“ အကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရေးနှင့် အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ခုအတွက် ယုံကြည်မှုတည်ဆောက်ရေးဆိုသည့် ဘုံသဘောတူညီချက်(၅)ချက်၏ ဦးစားပေးလုပ်ငန်း(၃)ခုရရှိနိုင်စေရေးအတွက် ပိုပြီးတိုးတက်ဖြစ်ထွန်းမှုများရှိလာမည်ဟုယုံကြည်ပါသည်” လို့လည်း ဆော့ခွန်ကပြောပါတယ်။
Source: Phnom Penh Post
#ASEAN_Special_Envoy
#Prak_Sokhonn
#Myanmar_ASEAN
Page 1413 of 1913