#Local_News
Published_21 December 2022
ယခုဘဏ္ဍာနှစ်ရဲ့ ရှစ်လကျော်ကာလအတွင်းမှာ ပြည်ပကို လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၇ ဘီလီယံရရှိထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့ကုန်သွယ်မှုစာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_21 December 2022
၂၀၂၃ ခုနှစ်အတွက် ပြည်ပကနေ မော်တော်ယာဉ်တင်သွင်းတဲ့အခါ လူစီးယာဉ်တွေကို အစောဆုံး ၂၀၂၂ ခုနှစ်ထုတ် ယာဉ်တွေသာ ဖြစ်ရမယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အမိန့်ကြေငြာစာထုတ်ပြန်ထားတာပဲ ဖြစ်ပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 21 December 2022
၁။ မော်တော်ယာဉ်တင်သွင်းခွင့်မူဝါဒထွက်ရှိထားသော်လည်း ကားဈေးကွက်အတွင်း အပြောင်းအလဲမရှိဟုဆို
၂။ ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၇ ဘီလီယံရရှိထား
၃။ အလုပ်အကိုင်အခွင့်အလမ်းရရှိမှုများသည့်အတွက် ITPEC စာမေးပွဲဖြေဆိုသူ ရာချီတိုး
၄။ (၁၇)ရာစုခန့်မှ စာမူများအား အီရတ်အမျိုးသားပြတိုက်တွင် ထိန်းသိမ်းမွမ်းမံလျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_21 December 2022
YGEA ကယနေ့ထုတ်ပြန်ထားတဲ့ ရည်ညွှန်းဈေးဟာ ယမန်နေ့ထက် ၁ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်နေတာပဲ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_21 December 2022
တရုတ်ဘက်မှ ဖြေလျှော့မှုများလုပ်ထားသည့်အတွက် နေ့စဉ်မူဆယ်နယ်စပ်ဂိတ်သို့ ဖရဲကားအစီးရေ ၁၀၀ ဝန်းကျင်ဝင်ရောက်ကြောင်း မူဆယ်နယ်စပ်ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။
တရုတ်နိုင်ငံအနေဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ(၈)ရက်နေ့မှစတင်ကာ တင်ပို့ရမည့်နေရာများကိုကန့်သတ်၍ လောဒေါင်းသတ်မှတ်ထားခဲ့ခြင်းဖြစ်ပြီး ယခု ၂၀၂၂ ခုနှစ် ဒီဇင်ဘာ(၇)ရက်နေ့မှ စတင်ကာ ကိုဗစ် လော့ဒေါင်းကို အပြီးပယ်ဖျက်လိုက်ခြင်းဖြစ်သည်။
ယင်းအပြင် တရုတ်ဘက်မှ အစားထိုးယာဉ်မောင်းစနစ်ကို ဖျက်သိမ်းလိုက်သည်ဟု အသိပေးထုတ်ပြန်ထားသော်လည်း ကျင်စန်းကျော့ဂိတ်တွင် လက်ရှိအချိန်ထိ အစားထိုးယာဉ်မောင်းစနစ်ဖြင့် သွားနေရကြောင်း သိရသည်။
မူဆယ်(၁၀၅) မိုင်သို့ ယခုနှစ် မိုးရာသီဖရဲသီးဈေးကွက်အချိန်တွင် ပျမ်းမျှ ဖရဲသီးကား အစီးရေ နှစ်စီး၊ သုံးစီးခန့်သာ ဝင်ရောက်မှုရှိခဲ့ပြီး လက်ရှိ ဖရဲ၊ သခွါး ကားအစီးရေ(၁၀၀) ပတ်ချာလည် ဝင်ရောက်နေကြောင်းသိရသည်။
ပြီးခဲ့သည့်နှစ်များတွင် တရုတ်ဘက်သို့တစ်ရက်လျှင် ဖရဲကားအစီးရေ ၃၀၀ ခန့်အထိ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှထွက်ရှိသည့် သစ်သီးများကို တရုတ်နိုင်ငံသို့တင်ပို့ရာတွင် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးစခန်းမှ အဓိကအများဆုံး တင်ပို့နေကြောင်းသိရသည်။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သီးနှံ (၂၅)မျိုးကို အဓိကထားတင်ပို့နေခြင်းဖြစ်ကြောင်းသိရသည်။
#ymg/sth
#Yangon_Media_Group
Facebook၊ Instagram၊ WhatsApp နှင့် အခြားသော ဆိုရှယ်မီဒီယာ ပလပ်ဖောင်းများရဲ့ မိခင်ကုမ္ပဏီ Meta ကို တည်ထောင်သူ Mark Zuckerberg က အာဂျင်တီးနား စူပါဘောလုံးကြယ်ပွင့် လီယွန်နယ်မက်ဆီရဲ့ ကမ္ဘာ့ဖလားပိုစ်ဟာ Instagram သမိုင်းမှာ လူကြိုက်အများဆုံးဖြစ်ကြောင်း ပြောကြားခဲ့ပြီး Instagram စံချိန်ကိုချိုးဖျက်လိုက်ပြီဖြစ်ကြောင်း ယမန်နေ့က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
2022 ကာတာနိုင်ငံ ဖီဖာကမ္ဘာ့ဖလားဗိုလ်လုပွဲစဉ်မှာ Lionel Messi ထံ WhatsApp မက်ဆေ့ခ်ျပေးပိုမှုအနေဖြင့် ကာတာနိုင်ငံ Lusail အားကစားကွင်းမှာ ကျင်းပခဲ့တဲ့ 2022 ကာတာကမ္ဘာ့ဖလားဗိုလ်လုပွဲစဉ်မှာ 25 သန်းအထိရောက်ရှိခဲ့ကြောင်း ဇူကာဘတ်ကထပ်လောင်းပြောကြားခဲ့ပါသေးတယ်။
လီယွန်နယ်မက်ဆီရဲ့ Instagram ပရိုဖိုင်စာမျက်နှာကို စစ်ဆေးကြည့်ရာမှာတစ်ခုဟာ မှတ်ချက်ပေါင်း 1.8 သန်းနှင့် လိုက်ခ်ပေါင်း 68.2 သန်းကျော်ရရှိခဲ့ပါတယ်။
Lionel Messi ဟာ Instagram မှာ Follower 405 သန်းကျော်ရှိနေပြီဖြစ်ပါတယ်

#Yangon_Media_Group
#Local_News
Published_21 December 2022
မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည့် တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၆၃ သန်းရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့် စာရင်းများအရ သိရသည်။
တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၇ သန်းကျော်နှင့် သွင်းကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅၈ သန်း ရရှိထားကြောင်း သိရသည်။ အဆိုပါ ကုန်သွယ်မှုဝင်ငွေသည့် ပြီးခဲ့သည့်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၃၃ သန်းကျော်လျော့ကျနေကြောင်း သိရသည်။
တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံဘက်သို့ ပို့ကုန်အနေဖြင့် ကွမ်းသီး၊ အုန်းသီး၊ တမူးဒေသထွက်ကုန်၊ စီးကရက်များတင်ပို့နေပြီး သွင်းကုန်အနေဖြင့် ဓာတ်မြေဩဇာ၊ ဆံပင်တုများ တင်သွင်းနေခြင်းဖြစ်ကြောင်း သိရသည်။
နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်မှုဝင်ငွေ အမေရိကန်ဒေါ်လာ ၅ ဒသမ ၅၅ ဘီလီယံကျော်ရရှိထားပြီး ပြီးခဲ့သည့်နှစ်ထက် ၂၁၈ ဒသမ ၆၅ သန်းပိုမိုရရှိထားကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 21 December 2022
မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ရခိုင်ပြည်နယ် ကျောက်ဖြူဘိုးဘွားရိပ်သာသို့ လှူဒါန်းပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် အဆိုပါဘိုးဘွားရိပ်သာ၌ ကျင်းပခဲ့ပါတယ်။
အခမ်းအနားသို့ သံရုံးမှ နိုင်ငံရေးသံမှူး Ms. Qiao Li ၊ CITIC Myanmar ဒုတိယ အထွေထွေမန်နေဂျာ Mr. Ma Chuanfu ၊ ကျောက်ဖြူဘိုးဘွားရိပ်သာ စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဌ ဦးငြိမ်းချမ်းမောင်နှင့် ဒေသခံ နယ်ပယ်အသီးသီးမှပုဂ္ဂိုလ်များ၊ ဘိုးဘွားရိပ်သာမှ သက်ကြီးရွယ်အိုများ တက်ရောက်ခဲ့ကြပါတယ်။
Ms. Qiao Li က မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ကျောက်ဖြူဘိုးဘွားရိပ်သာသို့ လူနေမှုပစ္စည်းများ လှူဒါန်းပေးအပ်ခဲ့ကြောင်း၊ ထိုသို့လှူဒါန်းရသည့်ရည်ရွယ်ချက်မှာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို လက်ဆင့်ကမ်းအမွေဆက်ခံ၍ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်းစိတ်ဓာတ်ကိုပြသပြီး ကျောက်ဖြူဒေသမှ သက်ကြီးရွယ်အို များကိုလည်း တရုတ်-မြန်မာချစ်ကြည်ရင်းနှီးမှု ရလဒ်ကောင်းများ အတူမျှဝေနိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
တရုတ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များသည် ဒေသတွင်အခြေချ၍ မြန်မာနိုင်ငံ ဘက်နှင့်ပူးပေါင်းဆောင်ရွက်ကာ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် စက်မှုဥယျာဉ် တည်ဆောက်မှုကို မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ စီမံကိန်း တည်ဆောက်ပြီးစီးပါက ရခိုင်ပြည်နယ်၏ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါစွာ အကျိုးပြု နိုင်မှာ ဖြစ်တယ်လို့ဆိုပါတယ်။
ထို့နောက် ကျောက်ဖြူဘိုးဘွားရိပ်သာမှ တာဝန်ခံ ဒေါ်တင်တင်အုန်းက ဘိုးဘွားရိပ်သာ၏ သမိုင်း၊ လက်ရှိလည်ပတ်မှုအခြေအနေနှင့် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်တို့ကို မိတ်ဆက်ပေးပြီး သံရုံး၏ လှူဒါန်းမှုအတွက် လေးလေးနက်နက် ကျေးဇူးတင်ရှိကြောင်း ပြေကြားခဲ့ပါတယ်။
ယခုအကြိမ် လှူဒါန်းသည့်ပစ္စည်းများတွင် ကုတင်၊ ဗီရို၊ ရေခဲသေတ္တာ၊ ရေသေတ္တာ၊ ဘီးတပ်ကုလားထိုင် စသည်တို့ ပါဝင်ပါတယ်။
အခမ်းအနားအပြီးတွင် သံမှူး Ms. Qiao Li နှင့်အဖွဲ့သည် ဘိုးဘွားရိပ်သာကို လေ့လာကြည့်ရှုကြပြီး သက်ကြီးရွယ်အိုများကို အားပေးစကားပြောကြားခဲ့ကြောင် သတင်းရရှိပါတယ်။

#ygm_mnn
#Yangon_Media_Group
#Local_News
Published_ 21 December 2022
အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်၊ ဂူဝါဟတီမြို့၌ ဒီဇင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် (၇) ကြိမ်မြောက် Assam International Agri-Horti Show 2022 ဖွင့်ပွဲအခမ်းအနားသို့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
ပြပွဲဖွင့်ပွဲအခမ်းအနားတွင် အာသံပြည်နယ် ဝန်ကြီးချုပ်က တက်ရောက်မိန့်ခွန်း ပြောကြားကာ ဖွင့်လှစ်ပေးခဲ့ပြီး အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးနှင့် လယ်သမားများဖူလုံရေး ပြည်ထောင်စုဝန်ကြီး၊ အာသံပြည်နယ် စိုက်ပျိုးရေး၊ သစ်သီးဝလံပန်းမန်နှင့် မွေးမြူရေးဖွံ့ဖြိုးမှုဝန်ကြီးအပါအဝင် အိန္ဒိယအစိုးရ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ပြည်ပနိုင်ငံ များမှ သံအမတ်ကြီးနှင့် သံတမန်များ၊ စိုက်ပျိုးရေးနှင့် သစ်သီးဝလံပန်းမန် ဂေဟစနစ်တွင် အဓိက ပါဝင်ပတ်သက်သူများမှ တက်ရောက်ခဲ့ကြပါတယ်။
အာသံပြည်နယ် စိုက်ပျိုးရေးနှင့် သစ်သီးဝလံပန်းမန်ဌာနမှ တာဝန်ယူကျင်းပသည့် ၎င်းပြပွဲသည် ပြည်နယ် စိုက်ပျိုးရေးကဏ္ဍ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက လှုပ်ရှားမှုတစ်ခုဖြစ်ပြီး ပြပွဲအတွင်း ထုတ်လုပ်မှုမှသည် ဈေးကွက်တင်သည်အထိ စိုက်ပျိုးရေးနှင့် သစ်သီးဝလံပန်းမန် value chain အဆင့်တိုင်းအတွက် အသိပညာ ဖလှယ်မှုနှင့် ကမ္ဘာ့နည်းနာများကို မိတ်ဆက် ရှင်းလင်းမှုများ၊ ကမ္ဘာအနှံ့မှ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နိုင်ရန် ရည်ရွယ်၍ ကျင်းပတာဖြစ်ကြောင်း သိရပါတယ်။
အဆိုပါပြပွဲကိုပြခန်းပေါင်း ၃၀၀ ကျော်ဖြင့် ဒေသထွက်သီးနှံများ၊ စိုက်ပျိုး ထုတ်လုပ် ရေး လုပ်ငန်းသုံးပစ္စည်း မိတ်ဆက်ပြသမှုများ၊ ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းအချင်းချင်း ချိတ်ဆက် မှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါတယ်။

#ygm_mnn
#Yangon_Media_Group
#Local_News
Published_ 21 December 2022
တရုတ်-လာအို-မြန်မာ-ထိုင်းလေးနိုင်ငံ၏ (၁၂၄) ကြိမ်မြောက် မဲခေါင်မြစ်ပူးတွဲ ကင်းလှည့်ရေးလှုပ်ရှားမှုကို ဒီဇင်ဘာလ(၂၀)ရက်တွင်တရားဝင်စတင်ခဲ့ကြောင်းသိရသည်၊၊
ယခုအကြိမ်လှုပ်ရှားမှုကာလအတွင်း၌ လေးနိုင်ငံမှ တရားဥပဒေစိုးမိုးရေးဌာနများက မဲခေါင်မြစ် “ရွှေတြိဂံ” အထက်မြစ်ဝှမ်း ၁၁ ကီလိုမီတာ အကွာက လာအိုနိုင်ငံ Mengmo ပင်လယ်ရေပြင်တွင် “ဖေးမကူညီ - ၂၀၂၂” ပူးတွဲလေ့ကျင့်မှု ကျင်းပမည်ဖြစ်သည်။
ယခုအကြိမ်လေ့ကျင့်မှုတွင် မှောင်ခိုပြည်ဝင်မှု၊ မူးယစ်ဆေးဝါးစသည့် ပြစ်မှုကျူးလွန်မှုများအား ကြည်းရေပူးတွဲတိုက်ဖျက်ခြင်းအား အဓိကအကြောင်းအရာအဖြစ် ထားရှိမည်ဖြစ်ပြီး ရည်ရွယ်ချက်မှာ တရုတ်-လာအို-မြန်မာ-ထိုင်း လေးနိုင်ငံ တရားဥပဒေစိုးမိုးရေးအဖွဲ့ဝင်များ ပူးတွဲလှုပ်ရှားမှု၊ အရေးပေါ်နှင့်ရုတ်တရက်ဖြစ်ပွားသောကိစ္စများအား ဖြေရှင်းမှုနှင့် ပူးတွဲစစ်ဆင်သည့်စွမ်းရည်များကို စစ်ဆေး၍ မြှင့်တင်ရန်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်၊၊
#ymg/tthl
#Yangon_Media_Group
#World_News
Published 21 December 2022
အင်္ဂါနေ့ အရုဏ်မတက်မီအချိန်က ကယ်လီဖိုးနီးယားမြောက်ပိုင်းကမ်းရိုးတန်းဒေသမှာ ရစ်ချ်တာစကေးလ် ၆.၄ အဆင့်ရှိ ပြင်းအားမြင့်မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကာ အိမ်များ၊ လမ်းများ၊ ရေပေးစနစ်များ ပျက်စီးခဲ့ပြီး လူသောင်းပေါင်းများစွာ လျှပ်စစ်ဓာတ်အားမရရှိဘဲ ဖြစ်နေပါတယ်။
ငလျင်လှုပ်ခတ်စဉ်နဲ့ နောက်ဆက်တွဲလှုပ်ခတ်မှုများကြောင့် အနည်းဆုံးလူ ၁၁ ဦးဒဏ်ရာရရှိကာ ၂ ဦးသေဆုံးခဲ့ကြောင်း ဟမ်းဘို့တ်ကောင်တီရဲအရာရှိရုံးမှ တင်ပြခဲ့ပါတယ်။
ပစိဖိတ်စံတော်ချိန် နံနက် ၂ နာရီခွဲမှာ ဟမ်းဘို့တ်ကောင်တီ ဆန်ဖရန်ဆစ္စကိုကမ်းလွန်မြောက်ဘက် ၂၁၅ မိုင်မှာ ဗဟိုပြုကာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး နောက်ဆက်တွဲလှုပ်ခတ်မှု ၈၀ ခန့်ရှိခဲ့ပါတယ်။
ထိုဒေသဟာ ကျယ်ပြန့်တဲ့ကျေးလက်နေရာများဖြစ်ပြီး သစ်တောများ၊ ဒေသထွက်ပင်လယ်စာများ၊ သစ်လုပ်ငန်းများ၊ နို့ထွက်ပစ္စည်းများကြောင့် လူသိများပါတယ်။
အဆိုပါဒေသမှာ မကြာခဏငလျင်လှုပ်ခတ်မှုများ ဖြစ်ပွားခဲ့ပေမယ့် အခုနောက်ဆုံးငလျင်ကတော့ ပိုပြီးအပျက်အစီးများတဲ့သဘော ရှိပါတယ်။
ငလျင်လှုပ်ခတ်မှုကြောင့် မီးစွဲသွားတဲ့ အဆောက်အအုံတစ်ခုကို မီးငြှိမ်းသတ်နိုင်ခဲ့ပြီး အခြားအဆောက်အအုံ ၂ ခုတော့ ပြိုကျခဲ့ကြောင်း ကယ်လီဖိုးနီးယားသစ်တောနှင့် မီးဘေးကာကွယ်ရေးဌာနမှ ပြောကြားခဲ့ပါတယ်။
ငလျင်လှုပ်ခတ်ပြီးနောက် အရေးပေါ်ကယ်ဆယ်ရေးခေါ်ဆိုမှုပေါင်း ၇၀ လက်ခံရရှိခဲ့ကြောင်း ဌာနမှပြောရေးဆိုခွင့်ရှိသူ'ထရန်ဘီယာ'က ဆိုပါတယ်။
ငလျင်နဲ့ဆက်စပ်ပြီး အသေအပျောက်ဒဏ်ရာရစာရင်းကို အကြမ်းဖျင်းဖော်ပြထားရာ ဦးခေါင်းဒဏ်ရာရထားတဲ့ ကလေးတစ်ဦး၊ တင်ပါးရိုးကျိုးတဲ့ သက်ကြီးရွယ်အိုတစ်ယောက်တို့ ပါဝင်နေပါတယ်။
အီးလ်မြစ်ကိုဖြတ်ကျော်ပြီး ဖန်းဒေးလ်မြို့ကိုဆက်ထားတဲ့ တံတားတစ်ခုမှာ အက်ကြောင်း ၄ ခုတွေ့ရှိပြီးနောက် ရဲတပ်ဖွဲ့က ပိတ်လိုက်ရပါတယ်။
ဟမ်းဘို့တ်ကောင်တီရှိ လမ်း ၄ ခုကိုလည်းပိတ်ထားရကာ ဓာတ်ငွေ့ပိုက်လိုင်း ပေါက်သွားနိုင်ချေရှိတာကိုလည်း စစ်ဆေးနေကြောင်း အာဏာပိုင်များက သတင်းပို့ထားပါတယ်။
ဖန်းဒေးလ်နဲ့ အနီးကပ်ဆုံးမြို့တွေဖြစ်တဲ့ ဖော်ကျူနာနဲ့ ရီယိုဒဲလ်တို့က အဆိုးရွားဆုံးထိခိုက်ခဲ့ပြီး အိမ် ၂ ဒါဇင်ခန့်ဟာ နေထိုင်ရန် စိတ်မချရတော့ကြောင်း အရေးပေါ်စာကပ်ထားရပါတယ်။
ကယ်လီဖိုးနီးယား ငလျင်သတိပေးစနစ်က အလုပ်ဖြစ်ခဲ့ဟန်ရှိပြီး ပထမဆုံးငလျင်ဒဏ်မခံစားရခင် ၁၀ စက္ကန့်အလိုမှာ ကယ်လီဖိုးနီးယားမြောက်ပိုင်းရှိ လူပေါင်း ၃ သန်းရဲ့ လက်ကိုင်ဖုန်းတွေကို သတိပေးချက်ရောက်ရှိခဲ့ပါတယ်။
ငလျင်လှုပ်ခတ်ပြီးမကြာခင်မှာပဲ ဖန်းဒေးလ်နဲ့ ဟမ်းဘို့တ်ကောင်တီတို့မှာ ဓာတ်အားမရရှိတော့ပါဘူး။
ထိခိုက်သွားတဲ့ ဓာတ်အားနဲ့လျှပ်စစ်စနစ်တွေကို လိုက်လံစစ်ဆေးလျက်ရှိပြီး ရက်အတော်ကြာပြတ်တောက်ဖွယ်ရှိကြောင်း သိရပါတယ်။




Source: Reuters
#Yangon_Media_Group
#World_Health
Published 21 December 2022
ကိုဗစ်ရောဂါပိုးက သေပြီးသားအလောင်းတွေထံကနေ သက်ရှိလူသားတွေကို ကူးစက်နိုင်တယ်လို့ လေ့လာတွေ့ရှိချက် ၂ ရပ်မှာ ဖော်ပြထားပါတယ်။
လတ်တလောသေဆုံးထားတဲ့ လူတွေနဲ့ ဟမ်းစတားကြွက်တွေကို အလောင်းခွဲစိတ်စစ်ဆေးပြီးနောက် ၁၇ ရက်ကြာသည့်တိုင်အောင် သူတို့ရဲ့နှာခေါင်းလမ်းကြောင်းနဲ့ အဆုတ်တို့မှာ ကိုရိုနာဗိုင်းရပ်စ်တွေကို တွေ့ရှိခဲ့ရတယ်လို့ ဂျပန်မှသိပ္ပံပညာရှင်များ ပြောကြားလိုက်ပါတယ်။
အလောင်းတွေထံကနေ လူအများကို ကူးစက်နိုင်ချေနည်းပေမယ့် ဆေးစစ်ဆေးရေးအရာရှိများ၊ ရောဂါဗေဒပညာရှင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဝမ်းနည်းပူဆွေးနေရတဲ့ မိသားစုဝင်များအနေဖြင့် သတိထားသင့်ကြောင်း သတိပေးလိုက်ပါတယ်။
ဗိုင်းရပ်စ်တွေက ခန္ဓာကိုယ်ပြိုကွဲပျက်စီးခြင်းဖြစ်စဉ် ဒါမှမဟုတ် ပြောင်းလဲမှုဖြစ်စဉ်များကြောင့် ထွက်လာတဲ့ဓာတ်ငွေ့တွေကနေ ကူးစက်တာဖြစ်နိုင်တယ်လို့ စာတမ်းပြုစုသူတစ်ဦးက ဆိုပါတယ်။
သုတေသီများက ဒီအတွက် ဟမ်းစတားကြွက်များနဲ့ စမ်းသပ်ခဲ့ကြပါတယ်။
ကိုဗစ်ကူးစက်ထားတဲ့ ကြွက်တွေကို ရောဂါမရှိတဲ့ကြွက်တွေနဲ့ အတူထားရာမှာ ကိုဗစ်ကူးစက်ခဲ့ပြီး သေဆုံးခဲ့တဲ့ကြွက်တွေမှာတော့ အဆုတ်နဲ့နှာခေါင်းတွေမှာ ဗိုင်းရပ်စ်ပမာဏအများအပြားရှိနေပါသေးတယ်။
လူတစ်ယောက်သေဆုံးတဲ့အခါ ခန္ဓာကိုယ်ထဲက သဘာဝအတိုင်းဓာတ်ငွေ့များထွက်လာပါတယ်။
ဂျပန်ရိုးရာမြှုပ်နှံခြင်းမှာဆိုရင် အလောင်းရဲ့ နှာခေါင်းပေါက်၊ ပါးစပ်ပေါက်၊ နားပေါက်၊ စအိုပေါက်တို့ကို ဂွမ်းစဖြင့်ပိတ်ဆို့ပေးတာက ရောဂါကူးစက်မှုကို တားဆီးနိုင်ပါတယ်။
ဒါကြောင့် အလောင်းကိုင်တွယ်တဲ့အခါ ကူးစက်မှုကိုထိန်းချုပ်နိုင်တဲ့ အတိုင်းအတာတွေ ဆောင်ရွက်သင့်ပါတယ်။
အလောင်းတွေကနေ ကူးစက်ရောဂါပျံ့ပွားတာဟာ အခုမှတွေ့ဖူးတာမဟုတ်ပါဘူး။
၂၀၂၀ ခုနှစ်တုန်းက ထိုင်းနိုင်ငံမှာ အလောင်းထိန်းသိမ်းသူတစ်ဦးက ကိုဗစ်ကြောင့်သေဆုံးသွားသူကို ထိတွေ့ခဲ့ရာကနေ ရောဂါကူးစက်ခဲ့ကြောင်း တင်ပြခဲ့ဖူးပါတယ်။
Source: DailyMail
#Yangon_Media_Group
Page 1395 of 1950