English Section

Senior General Min Aung Hlaing: Military Role in Hluttaw Will Reduce Only When There Are No More Armed Organizations

PYIN OO LWIN (December 6) — Senior General Min Aung Hlaing, Chairman of the National Security and Peace Commission and Commander-in-Chief of Defence Services, stated on Friday that the military’s presence in Hluttaw could be gradually scaled back, but only once democratic systems have flourished and there are no longer ethnic armed organizations operating in the country.

Speaking at a meeting with officers, soldiers, families, and cadets at the Pyin Oo Lwin station, the Senior General emphasized that the timeline for reducing the Tatmadaw's legislative quota is strictly tied to stability and the cessation of armed conflict.

The Commander-in-Chief addressed the institution's long-standing involvement in national leadership, citing "historical reasons" and "current prevailing conditions" as the primary drivers for the Tatmadaw’s continued political role. He noted that while the military's principal duty remains national defense, the security situation across successive eras has necessitated its active participation in resolving internal insurgency.

During the address, the Senior General also highlighted ongoing institutional developments, noting that upgrades are being carried out for the Tatmadaw alongside parallel reform efforts for the Myanmar Police Force.

The meeting was attended by high-ranking military officials, including the Senior General and his wife, Daw Kyu Kyu Hla; Commander-in-Chief (Navy) General Htein Win; and Commander-in-Chief (Air) General Tun Aung, along with senior officers from the Office of the Commander-in-Chief (Army) and personnel stationed in Pyin Oo Lwin.

-End-

Myanmar NDSC Grants Mass Amnesty, Drops Over 5,500 Cases to Restore Suffrage Ahead of General Election

26 November, 2025-NAYPYIDAW, MYANMAR — The National Defence and Security Council (NDSC) of Myanmar announced a sweeping series of orders late Wednesday night, November 26, 2025, granting amnesty, sentence reductions, and the dismissal of thousands of pending cases for individuals charged under Section 505-A of the Penal Code.

The move, described in the official orders as being made "to ensure that all eligible voters do not lose their right to vote and are able to vote freely and fairly in the upcoming multi-party democratic General Election," affects a total of 8,665 individuals.

Section 505-A of the Penal Code addresses and penalizes actions characterized as incitement. The statute is frequently applied to the prosecution of individuals for spreading "false news" or causing public fear, and it carries a maximum sentence of up to three years.

Breakdown of the Orders

The three orders, issued under specific sections of the law, detail the scope of the clemency:

    Order No. 10/2025 (Full Amnesty): A total of 724 prisoners (both male and female) currently serving sentences for convictions under Section 505-A in prisons and labour camps were granted full amnesty for the remainder of their sentences. This pardon comes with a strong stipulation: they must serve their remaining sentence in addition to the penalty for any future offense they may commit.

    Order No. 11/2025 (Sentence Commutation): Another 2,361 convicted prisoners (both male and female) under Section 505-A received a commutation of sentence (leniency) for the remainder of their terms, in accordance with Section 401, sub-section (1) of the Code of Criminal Procedure.

    Order No. 12/2025 (Case Dismissal): This order affects the largest group, with charges officially dropped against 5,580 individuals whose cases were currently under trial. This includes those prosecuted under Section 505-A, as well as those charged under Section 512 of the Code of Criminal Procedure for absconding in connection with the offense. These defendants have been released from their cases.

The total number of prisoners released or granted leniency is 3,085, and 5,580 individuals facing trial have had their cases dropped.

The NDSC emphasized that the overarching intent of the orders is to reinstate the right to vote for those who had been penalized under this section, clearing the legal obstacles to their participation in the scheduled General Election.

#ymg/knl

Myanmar and PTTEP Partner on New Offshore Aung Theing Kha  Project to Boost Domestic Energy Supply

NAY PYI TAW, October 11, 2025

Myanmar's Ministry of Energy and Thailand's PTTEP International Limited will collaborate on the new Aung Theing Kha offshore gas project , aiming to begin the first extraction of natural gas in 2028.

Union Minister for Energy U Ko Ko Lwin revealed this information during a meeting with Mr. Montri Rawanchaikul, CEO of PTTEP International Limited, and his delegation on October 10 at the ministry office in Naypyidaw.

According to a press release from the Ministry of Energy, the Union Minister stated that they are working to begin natural gas extraction by 2028. He added that the ministry is coordinating to finalize the necessary agreements as quickly as possible.

The Aung Theing Kha offshore project is a new initiative designed to supply natural gas for domestic electricity production.

Mr. Rawanchaikul also presented plans to drill new wells to increase natural gas production at the declining Yadana and Zawtika offshore projects. In response, the Union Minister urged PTTEP to strive to begin production from the new Zawtika wells in early 2026.

The Union Minister also invited PTTEP to invest in new, promising offshore projects and in the import, storage, and distribution of LNG (liquefied natural gas) from the Kanbauk area in the Tanintharyi Region to both domestic and Thai markets.

#ymg/knl

Asean

Most Popular - Local News

  • တိုင်းရင်းသားလက်နက်ကိုင်များမရှိသည့်အခါ လွှတ်တော်တွင် တပ်မတော်ပါဝင်မှုကို အဆင့်ဆင့် လျှော့ချမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောကြား

    ၆ ဒီဇင်ဘာ ၂၀၂၅

    မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်များထွန်းကားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မရှိသည့်အချိန်   တွင် တပ်မတော်အနေဖြင့် လွှတ်တော်တွင်ပါဝင်နေမှုကို အဆင့်ဆင့်လျှော့ချသွားနိုင်မယ် လို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဒီဇင်ဘာ ၆ရက်က ပြင်ဦးလွင်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဗိုလ်လောင်းများအား တွေ့ဆုံစဉ် ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

    တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ခေတ်အဆက်ဆက် သမိုင်းကြောင်းများအရပါဝင်ခဲ့ရကြောင်း၊ သမိုင်းကြောင်းအရ ၊ဖြစ်ပေါ်နေသည့်အခြေအနေများအရ တပ်မတော်အနေဖြင့် နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ဆက်လက်ပါဝင်နေရဦးမယ်လို့လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။

    တပ်မတော်၏အဓိကတာဝန်သည်နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရန်ဖြစ်သော်လည်း ခေတ်အဆက်ဆက်တွင်ဖြစ်ပေါ်ခဲ့သည့် အခြေအနေများအရ ပြည်တွင်းသောင်းကျန်းမှုနှိမ်နှင်းရေးအခန်း ကဏ္ဍတွင်လည်း ပါဝင်နေရတယ်လို့ ဗိုလ်ချုပ်မှူးကြီးကဆိုပါတယ်။

    တပ်မတော်ကို  အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်လျက်ရှိတယ်လို့ ဗိုလ်ချုပ်မှူးကြီးကပြောဆိုလိုက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုလည်းပြုပြင်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ဆက်လက်ပြောကြား ပါတယ်။

    အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး ထိန်ဝင်း နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြင်ဦးလွင်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ ၊ ဗိုလ်လောင်းများ တက်ရောက်ခဲကြကြောင်းသိရှိရပါတယ်။

    #yng/knl

    sgpol1

  • မြန်မာ့ကမ်းလွန်တွင် ဓာတ်ငွေ့ပမာဏ ၉၄.၆ ထရီလီယံကုဗပေ ထုတ်လုပ်နိုင်မည့် ကြီးမားလှသည့် သဘာဝဓာတ်ငွေ့သိုက်ကြီးတွေ့ရှိထား

    ဒီဇင်ဘာ၂၊၂၀၂၅

    မြန်မာ့ကမ်းလွန်ပင်လယ်ပြင်တွင် သဘာဝ ဓာတ်ငွေ့ပမာဏ ၉၄.၆ ထရီလီယံကုဗပေ(TCF)ခန့်ထုတ်  ယူနိုင်မည်ဟု ခန့်မှန်းထားသည့် ကြီးမားလှသော သဘာဝဓာတ်ငွေ့သိုက်ကြီးတစ်ခုတွေ့ရှိထားကြောင်း သတင်းရရှိသည်။

    ပြီးခဲ့သည့်အောက်တိုဘာလက upstreamonline.com တွင်ဖော်ပြထားသည့် သတင်းအချက်အလက် များအရ ထိုသဘာဝဓာတ်ငွေ့သိုက်ကြီးသည် မြန်မာနိုင်ငံတွင် ထွက်ရှိခဲ့သမျှ ကမ်းလွန်သဘာဝဓာတ်ငွေ့ သိုက်ကြီးများထဲတွင် အထင်ရှားဆုံးဖြစ်လာနိုင်ချေရှိသည်ဟု သိရှိရသည်။

    အဆိုပါသဘာဝဓာတ်ငွေ့သိုက်ကြီးသည် ကမ်လွန်လုပ်ကွက်  M-15 တွင်တည်ရှိပြီး တွင်းသစ် ၃တွင်း စမ်းသပ်တူးဖော်ခြင်းကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလတွင် စတင်မည်ဖြစ်ပြီး ၂၀၂၇ ခုနှစ် နှစ်ကုန်ခန့်တွင် ပထမဆုံးသော သဘာဝဓာတ်ငွေ့များထွက်ရှိမည်ဟု မျှော်မှန်းထားကြောင်း အဆိုပါ လုပ်ကွက်တွင်  မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့  လုပ်ငန်း(MOGE)နှင့် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေးစာချုပ် (Production Sharing Contract - PSC)ကိုချုပ်ဆိုထားသည့် စင်ကာပူအခြေသိုက် Canadian Foresight Group (CFG) ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဖြစ်သူ မစ္စတာဆောင်းနင်းရှန် Mr. Songning Shen က upstreamonline  ကို အတည်ပြုပြောကြားထားသည်။

    Seismic တိုင်းတာရရှိထားသည့် Reserve ပမာဏအတိုင်း အတည်ပြုနိုင်ပါက M-15 လုပ်ကွက်သည် စွမ်းအင်ရှာဖွေတွေ့ရှိမှုများထဲမှ အထင်ရှားဆုံးတစ်ခုဖြစ် *Guyana" (ဂိုင်ယာနာနိုင်ငံ၏ ကမ်းလွန်ဒေသ)  ပြီးသည့်နောက် ဒုတိယမြောက် *Guyana" ဖြစ်လာလိမ့်မည်ဟုလည်း  အဆိုပါ သတင်းတွင်ဖော်ပြထားသည်။

    Guyana ကို ၂၀၁၅ ခုနှစ်တွင် တောင်အမေရိကရှိ ဂိုင်ယာနာနိုင်ငံ၌ Exxon Mobil မှ စတင်တွေ့ရှိခဲ့ပြီး ၂၀၂၇ ခုနှစ်မှစတင်၍ တစ်ရက်လျှင် စည် ၁.၃ သန်းခန့် ထုတ်လုပ်နိုင်မည်ဟု မျှော်မှန်းဆောင်ရွက် ရှိနေသည့် ကြီးမားသော သဘာဝဓာတ်ငွေ့သိုက်ကြီးဖြစ်သည်။ဂိုင်ယာနာနိုင်ငံသည် အဆိုပါဓာတ်ငွေ့   တွင်းကို တွေ့ရှိပြီးနောက် စွမ်းအင် ထုတ်လုပ်မှုမရှိသော နိုင်ငံတစ်နိုင်ငံ အဖြစ်မှ ကမ်းလွန်ရေနံ  ထုတ်လုပ်ရေး အင်အားကြီးနိုင်ငံတစ်ခုအဖြစ်သို့ ရောက်ရှိသွားခဲ့ကြောင်းလည်းသိရှိရသည်။

    ထို့အပြင် M-15 လုပ်ကွက်တွင် ရှာဖွေတွေ့ရှိခဲ့သည့် အရင်းအမြစ်ကျောက်လွှာ Source Rock သည် တရုတ်နိုင်ငံ၊ Bohai ပင်လယ်ကွေ့တွင် တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် သန်း ၄၀ ခန့် (ရေနံစည်ပေါင်း သန်း ၃၀၀ ခန့်) ထုတ်လုပ်လျက်ရှိသည့် Source Rock ထက် အဆ ၃၀ ခန့် ပိုမိုများပြားနိုင်သည်ဟုလည်း ဆိုသည်။

    မကြာသေးမီက ကပ္ပလီ ပင်လယ်၊ အိန္ဒိယပိုင်ရေနယ်နိမိတ်အတွင်း ဟိုက်ဒရိုကာဗွန်စတင်တွေ့ရှိခဲ့မှုကို အိန္ဒိယနိုင်ငံမှ ကြေညာချက်ထုတ်ပြန်ခဲ့ရာ  အဆိုပါဧရိယာသည် M-15 လုပ်ကွက်၏ အနောက်ဘက် ၆၀ ကီလိုမီတာအတွင်း တည်ရှိသည်။ ထုတ်လုပ်မည့်သဘာဝဓာတ်ငွေ့တွင် မီသိန်းဓာတ်ငွေ့ ၈၇ ရာခိုင် ပါဝင်မှုရှိကာ ကပ္ပလီ ပင်လယ်သည် အိန္ဒိယ၏ စွမ်းအင်ဖူလုံမှုအတွက် လုံလောက်စွာဖြည့်ဆည်းနိုင်မည် ဟုပြောသည်။ယင်းဧရိယာသည် မြန်မာနိုင် M-15 လုပ်ကွက်နှင့် ဘူမိအနေအထားတူညီမှုရှိကြောင်းလည်း အဆိုပါupstreamonline သတင်းတွင် ဖော်ပြပါရှိသည်။

    ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံရှိ ပြည်သူများ၏ အကျိုးစီးပွားကိုသာ ရှေးရှု ဆောင်ရွက်လျက်ရှိရာ M-15 လုပ်ကွက်စီမံကိန်းသည် မြန်မာနိုင်ငံ၏ ပထမဆုံး ကမ်းလွန်ရေနက်စီမံကိန်းဖြစ်လာမည်ဖြစ်ပြီး အောင်မြင်လာပါက လူမှုရေး၊ စီးပွားရေး ကဏ္ဍများတိုးတက်ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်းလည်း CFG က ပြောသည်။

    လက်ရှိတည်ဆောက်ပြီး ပိုက်လိုင်း၊ ရေနံစင် များအသုံးပြု၍ ထွက်ရှိလာသော သဘာဝဓာတ်ငွေ့များကို ပို့ဆောင်ဖြန့်ဖြူးခြင်းများဆောင်ရွက်သွားမည်ဖြစ်ရာ ရေရှည်တွင် LNG အဖြစ်ထုတ်လုပ်၍ ဖြန့်ဖြူးခြင်း၊ မလက္ကာရေလက်ကြားတဝိုက် ဖြန့်ဖြူးခြင်းများကို အဓိကထားဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အဆိုပါကုမ္ပဏီ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

    #ymg/knl

  • စက်သုံးဆီများ သတ်မှတ်နေရာများသို့မှန်မှန်ကန်ကန်ရောက်ရှိရေးပူးပေါင်းဆောင်ရွက်ကြရန် စွမ်းအင်ဝန်ကြီးက စက်သုံးဆီလုပ်ငန်းရှင်များကို တိုက်တွန်း

    ၁ ဒီဇင်ဘာ ၊၂၀၂၅

    စက်သုံးဆီများကို သတ်မှတ်ထားသည့် အရောင်းဆိုင်များနှင့်နေရာဒေသများသို့  မှန်မှန်ကန်ကန်ရောက်ရှိ ရေး အလေးထားစစ်ဆေးကြပ်မတ်နေပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်တယ်လို့ စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချ ဖြန့် ဖြူးရေးအသင်းမှ တာဝန်ရှိသူတွေကို မှာကြားပါတယ်။

    ပြည်ထောင်စုဝန်ကြီးသည် ဒီဇင်ဘာ ၁ရက်က ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းရှိ စက်သုံးဆီတင်သွင်းသိုလှောင်  ဖြန့်ဖြူးခြင်းလုပ်ငန်းဆောင်ရွက်နေသော စက်သုံး ဆီသိုလှောင်စခန်းသို့ရောက်ရှိစဉ် စက်သုံးဆီလုပ်ငန်းရှင်တွေကို  ယခုလိုမှာကြားခဲ့တာဖြစ်ပါတယ်။

    စက်သုံးဆီဖြည့်ဆည်းမှုကွင်းဆက်အတွင်း ကြပ်မတ်စစ်ဆေးသည့်အခါတွင် လူကြောင့် အားနည်းမှုများ မဖြစ်ပေါ်စေ ရေးအတွက် နည်းပညာအသုံးပြု၍ ကြပ်မတ်စစ်ဆေးမှုများကို အကောင်အထည်ဖော်နိုင်ရေး အတွက် ကြိုးပမ်းခဲ့သည်မှာ အချိန်ကာလတစ်ခုရှိသော်လည်း လက်တွေ့ဆောင်ရွက်နိုင်မှု မရှိသေးဘူးလို့လည်း ပြည်ထောင်  စုဝန်ကြီးက သုံးသပ်ပြောဆိုပါတယ်။

    နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူနှင့် လုပ်ငန်းရှင်များမှ ပူးပေါင်း၍ ပြည်သူ့အကျိုး  ရှေးရှုပြီး လက်တွဲ ညီစွာဆောင်ရွက်သွားရဖို့လည်း ဝန်ကြီးဦးကိုကိုလွင်က တိုက်တွန်းခဲ့ပါတယ်။

    ပြည်သူလူထုအနေဖြင့် ဈေးနှုန်း၊ အရည်အသွေးနှင့် အခြင်အတွယ် ထိခိုက်နစ်နာမှုမရှိစေရေး အထူးဦးစား   ပေးဆောင်ရွက်ပေးရန် မိမိတို့တွင် တာဝန်ရှိပြီး ပြည်ပမှ စက်သုံးဆီများ တင်သွင်းရာတွင် တင်သွင်းလာ   သည့် စက်သုံး ဆီများ၏ အရည်အသွေးပြည့်မီ မှန်ကန်မှု ရှိစေရေး  အရေးကြီးတယ်လို့လည်း ဝန်ကြီးကပြောပါတယ်။

    ဦးစွာ Terminal များမှစ၍  Auto Tank Gauging(ATG)စနစ်များကို တပ်ဆင်ဆောင် ရွက်ရမှာဖြစ်ပြီး သိုလှောင်ကန်စခန်းများမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဆီသယ်ယာဉ်များဖြင့် စက်သုံး ဆီ ဖြန့်ဖြူး ပေးပို့ရာ တွင် သတ်မှတ်ထားသည့် စက်သုံးဆီအရောင်းဆိုင်နှင့် နေရာဒေသများသို့ မှန်မှန်ကန်ကန် ရောက်ရှိရေးအတွက် ဖြည့်ဆည်းမှုကွင်းဆက်တစ်လျှောက် ဝန်ကြီးဌာနက အလေးထား စစ်ဆေးကြပ်မတ်လျက်ရှိတယ်လို့လည်း ပြည် ထောင်စုဝန်ကြီးကပြောပါတယ်။

    ယင်းနောက်မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူး ရေးအသင်းနှင့် တာဝန်ရှိသူများ၏ တင်ပြမှု များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

    ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည်  ပြည်ပစက်သုံးဆီတင်သင်္ဘောမှ စက်သုံးဆီများ လက်ခံချယူ သိုလှောင် နေမှုများ၊ သိုလှောင်ကန်စခန်းများတွင် Auto Tank Gauging (ATG)စနစ်တပ်ဆင်၍ Control Room မှ စက်သုံးဆီ များ ဖြန့်ဖြူးပေးနေမှုနှင့် လက်ကျန်အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သတင်းရရှိပါတယ်။

    #ymg/knl

  • သဘာဝဓာတ်ငွေ့ရည်သိုလှောင်သင်္ဘောကြီးနှင့် ဓာတ်ငွေ့ပြန်လည်ပြုလုပ်သောစက်ရုံများကို စွမ်းအင်ဝန်ကြီး သွားရောက်စစ်ဆေး

    ၁ ဒီဇင်ဘာ ၂၀၂၅

    သဘာဝဓာတ်ငွေ့ရည်(LNG)မှ  ဓာတ်ငွေ့ ပြန်လည်ထုတ်ယူသုံးစွဲရာတွင် ထွက်ရှိလာသည့် ဓာတ်ငွေ့မှာ သန့်ရှင်းမှု  ရှိသည့်အတွက် သဘာဝပတ် ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်ပြီး အပူစွမ်းအင်လည်း အလွန်မြင့်မားသည့်အတွက် လျှပ်စစ်ဓာတ်အား ပိုမို၍ ထွက်ရှိနိုင်မှာဖြစ်တယ်လို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောပါတယ်။

    ပြည်ထောင်စုဝန်ကြီးသည် ဒီဇင်ဘာ ၁ ရက်က သီလဝါဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့်  သဘာဝဓာတ်ငွေ့ရည်သိုလှောင်သင်္ဘော(Floating Storage Unit- FSU)နှင့် သဘာဝဓာတ်ငွေ့ ရည်ကို ဓာတ်ငွေ့ပြန်လည် ပြုလုပ် သောစက်ရုံ(Regasification Unit)သို့ ရောက်ရှိစစ်ဆေးစဉ် ယင်းကဲ့သို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

    မြန်မာနိုင်ငံအနေဖြင့် LNG အသုံးပြုသည့် နည်းပညာပိုင်းနှင့်ပတ်သက်၍ လေ့လာ သင်ယူပြီး ကိုယ်တိုင်ဆောင်ရွက် နိုင်ရန်ကြိုး ပမ်းဆောင်ရွက်လျက်ရှိတယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောပါတယ်။

    LNGသည်  တန်ဖိုးမြင့်သည့် စွမ်းအင် အရင်းအမြစ်တစ်ခုဖြစ်သည့်အတွက်  လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးနှင့် အကျိုးရှိထိရောက် စွာအသုံးပြုနိုင်ရေးကိုလည်း ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့ပါတယ်။

    LNG ကိုဓာတ်ငွေ့သို့ ပြန် လည် ပြောင်းယူသည့်အချိန် ထွက်ပေါ်လာမည့် အအေးစွမ်းအင်များကို အစားအစာ၊ အသီးအနှံများ သိုလှောင်ခြင်း၊ သီးနှံစိုက်ပျိုးခြင်းလုပ်ငန်းနှင့်လုပ်ငန်းခွင်အအေးပေးစနစ်များတွင် အသုံးပြုပြီး  စိုက်ပျိုးရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများ၌ တွင်ကျယ်စွာ အသုံးပြုနိုင်ကြမည်ဖြစ်သဖြင့် လက်တွေ့ ဆောင် ရွက်သွားမည်ဆိုပါက ပိုမို အကျိုးဖြစ်ထွန်းစေမည်ဖြစ်တယ်လို့လည်း သိရပါတယ်။

    ထို့နောက်ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်သည်သဘာဝဓာတ်ငွေ့ရည် သိုလှောင်သင်္ဘောနှင့် သဘာဝဓာတ်ငွေ့ရည်  (LNG)ကို သဘာဝ ဓာတ် ငွေ့ ပြန်လည်ပြုလုပ်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့်စက်ရုံဝင်းအတွင်း ဓာတ်အားပေး  စက်များ စမ်းသပ်မောင်းနှင်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသတင်းရရှိပါတယ်။

    မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားမလုံလောက်မှုများကို လျော့ပါးစေရန်အတွက် ယခုအခါ (LNG)မှ သဘာဝ ဓာတ် ငွေ့ပြန်လည်ပြုလုပ်ကာ လျှပ်စစ်ဓာတ်အားများ အမြန်ဆုံး ထုတ်လုပ်ပို့လွှတ်နိုင်ရေးစီစဉ်ဆောင်ရွက်နေတာဖြစ်ပါတယ်။

    lng2

Most Popular - World News

  • ဖီဖာငြိမ်းချမ်းရေးဆု၏ ပထမဆုံးဆုကို သမ္မတထရမ့်ရရှိဖွယ်ရှိနေပြီး အဆိုပါ ဆုလုပ်ငန်းစဉ်များကို မြန်မာဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် ဦးဆောင်နေဟုဆို

    ၅ ဒီဇင်ဘာ၊၂၀၂၅

    ◾️ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) သည် ကမ္ဘာတစ်ဝန်း စည်းလုံးညီညွတ်မှုနှင့် ငြိမ်းချမ်းရေးအတွက် အထူး   ဆောင်ရွက်သူများကို ဂုဏ်ပြုမည့်  ယင်းတို့၏ ပထမဆုံး 'ငြိမ်းချမ်းရေးဆု' ကို စတင်ပေးအပ်ရန် စီစဉ်နေကြောင်း သိရသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ရရှိရန် မျှော်လင့်ရကြောင်း သတင်းများ က ဖော်ပြနေပြီး ဖီဖာဥက္ကဋ္ဌ ဂီယန်နီ အင်ဖန်တီနို နှင့် သမ္မတထရမ့်တို့ တွေ့ဆုံမည့် အစီအစဉ်လည်း ရှိနေ  သည်ဟု ဂါဒီယန်သတင်းစာကရေးသားသည်။

    ◾️အဆိုပါဖီဖာ၏ ငြိမ်းချမ်းရေးဆုအတွက် လုပ်ငန်းစဉ်များကို ကြီးကြပ်ကွပ်ကဲမည့် သူမှာ ဖီဖာဘောလုံး  ဆိုင်ရာလူမှုတာဝန်ယူမှုကော်မတီ (FIFA Football Social Responsibility Committee) ၏ ဥက္ကဋ္ဌအဖြစ်ခန့်အပ်ခံထားရသည့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် ဖြစ်သည်ဟုလည်း သတင်းတွင်ဖော်ပြထားသည်။

    ◾️နှစ်ပေါင်းများစွာ မြန်မာ့ဘောလုံးအဖွဲ့ချုပ်ကို ဦးဆောင်နေသည့် လုပ်ငန်းရှင်ကြီးဦးဇော်ဇော်သည် ယခု  အခါတွင် ကမ္ဘာလုံးဆိုင်ရာ လူမှုတာဝန်ယူမှုနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များအတွက် အရေး  ပါသော ဆုံးဖြတ်ချက်များကို ကိုင်တွယ်ရမည့် ကော်မတီကို ဦးဆောင်နေခြင်းဖြစ်သည်။

    ◾️ယင်း၏ ဦးဆောင်မှုအောက်တွင် ကော်မတီသည် ဖီဖာ၏ လူမှုရေးဆိုင်ရာ ရည်မှန်းချက်များနှင့် ငြိမ်း  ချမ်းရေးရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရန်ရှိနေသည်။

    #ymg/knl

  • Airbus ကုမ္ပဏီက A320 လေယာဉ် ၆၀၀၀ကို အကြီးစားပြုပြင်ရန် အရေးပေါ်ခေါ်ယူ၊ ကမ္ဘာ တစ်ဝန်း လေကြောင်းခရီးစဉ်များ ပြတ်တောက်ရမည့်အရေးကြုံနေ

    ပဲရစ်၊ နိုဝင်ဘာ ၂၈ (Reuters) - ဥရောပလေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီ Airbus က ကမ္ဘာတစ်ဝန်းရှိ ယင်းတို့၏ A320 လေယာဉ်အုပ်စုပါ လေယာဉ်အစီးရေ ၆,၀၀၀ ကို ချက်ချင်း အရေးပေါ်ပြင်ဆင်မှုများ ပြုလုပ်ရန် သောကြာနေ့တွင် အမိန့်ထုတ်ပြန်လိုက်သည်။ ဤအကြီးစား ပြန်လည်ခေါ်ယူမှုသည် တစ်ကမ္ဘာလုံးရှိ လေယာဉ်များ၏ တစ်ဝက်ကျော်အပေါ် အကျိုးသက်ရောက်မှုရှိသွားရာ အမေရိကန်   ပြည်ထောင်စု၏ ခရီးသွားအများဆုံး သီတင်းပတ်ကုန်ရက်များအတွင်း ကမောက်ကမဖြစ်မှုများနှင့် ကမ္ဘာ တစ်ဝန်း လေကြောင်းခရီးစဉ် ပြတ်တောက်မှု အနှောင့်အယှက်များ ဖြစ်ပေါ်စေမည့် အခြေအနေရှိနေသည်။

    ဤဆုတ်ယုတ်မှုသည် Airbus ၏ ၅၅ နှစ်တာ သမိုင်းတစ်လျှောက်တွင် အကြီးမားဆုံးသော ပြန်လည် ခေါ်ယူမှုများထဲမှ တစ်ခုဖြစ်ပုံရကာ A320 မော်ဒယ်သည် Boeing 737 ကို ကျော်တက်ကာ ကမ္ဘာ့အများ   ဆုံး ပေးပို့ရောင်းချရသည့် လေယာဉ်ပုံစံ ဖြစ်လာခဲ့ပြီးနောက် သီတင်းပတ်အနည်းငယ်အကြာတွင် ပေါ်  ပေါက်လာခြင်းဖြစ်သည်။ Airbus က လေယာဉ်ကုမ္ပဏီ ၃၅၀ ကျော်ထံသို့ ယင်းတို့၏ ညွှန်ကြားချက်ကို ထုတ်ပြန်လိုက်ချိန်တွင် A320 အမျိုးအစား လေယာဉ်ပေါင်း ၃,၀၀၀ ခန့်သည် ဝေဟင်၌ ပျံသန်းနေ  ဆဲ  ဖြစ်သည်။

    Reuters သတင်းဌာနက တွေ့ရှိခဲ့ရသော လေကြောင်းလိုင်းများထံ ပေးပို့သည့် ညွှန်ကြား ချက်စာအရ ပြင်ဆင်မှုအပိုင်းသည် ယခင်အသုံးပြုခဲ့သော ဆော့ဖ်ဝဲလ်အဟောင်းသို့ ပြန်လည်  ပြောင်းလဲခြင်းသာ ဖြစ်ပြီး ရိုးရှင်းသည်ဟုဆိုရမည်ဖြစ်သော်လည်း၊ ပြင်ဆင်ရေးစင်တာများသို့ ရွှေ့ပြောင်းမောင်းနှင်ခြင်းမှ လွဲ၍ ခရီးသည်တင်ခရီးစဉ်များ ထပ်မံမပျံသန်းမီ မဖြစ်မနေ ပြုလုပ်ရမည်ဖြစ်သည်။

    အမေရိကန်ပြည်ထောင်စုမှသည် တောင်အမေရိက၊ ဥရောပ၊ အိန္ဒိယနှင့် နယူးဇီလန်တို့ အထိ လေကြောင်းလိုင်းများက ဤပြင်ဆင်မှုများကြောင့် လေကြောင်းခရီးစဉ် ကြန့်ကြာမှုများ သို့မဟုတ် ဖျက်သိမ်းမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးခဲ့ကြသည်။

    ကမ္ဘာ့အကြီးဆုံး A320 အော်ပရေတာဖြစ်သည့် American Airlines က ယင်း၏ A320 လေယာဉ် ၄၈၀ အနက် ၃၄၀ ခန့်မှာ ပြင်ဆင်မှုလိုအပ်မည်ဟု ပြောကြားခဲ့သည်။ လေယာဉ်တစ်စင်းလျှင် နှစ်နာရီခန့် ကြာမြင့်မည့် ပြင်ဆင်မှုများကို စနေနေ့တွင် အပြီးသတ်နိုင်ရန် မျှော်လင့်ထားကြောင်း ဆိုသည်။ ဂျာမနီမှ Lufthansa၊ အိန္ဒိယမှ IndiGo နှင့် ဗြိတိန်အခြေစိုက် easyJet အပါအဝင် အခြား လေကြောင်း လိုင်းများကလည်း ပြင်ဆင်မှုပြုလုပ်ရန် လေယာဉ်များကို ခေတ္တရပ်နားထားမည်ဟု ပြောကြားခဲ့သည်။ ကိုလံဘီယား လေကြောင်းလိုင်း Avianca ကမူ ဤပြန်လည်ခေါ်ယူမှုသည် သူတို့၏ လေယာဉ်အုပ်စု ၇၀% ကျော်ကို ထိခိုက်စေသဖြင့် ဒီဇင်ဘာ ၈ ရက်နေ့အထိ ခရီးသွားရက်စွဲများအတွက် လက်မှတ် ရောင်းချမှုကို ပိတ်သိမ်းလိုက်ရကြောင်း ဆိုသည်။

    လက်ရှိတွင် A320 အုပ်စုဝင် လေယာဉ်ပေါင်း ၁၁,၃၀၀ ခန့် ပြေးဆွဲလျက်ရှိပြီး၊ ယင်းတို့အနက် ၁၉၈၇ ခုနှစ်  တွင် ပထမဆုံး စတင်ပျံသန်းခဲ့သည့် မူလ A320 မော်ဒယ် ၆,၄၄၀ ပါဝင်သည်။ ကမ္ဘာ့ အကြီးဆုံး A320 အော်ပရေတာ ၁၀ ခုအနက် ၄ ခုမှာ အမေရိကန် လေကြောင်းလိုင်းကြီးများဖြစ်သည့် American Airlines၊ Delta Air Lines နှင့် United Airlines တို့ဖြစ်သည်။ တရုတ်၊ ဥရောပ နှင့် အိန္ဒိယ လေကြောင်းလိုင်း  များသည်လည်း ဤလေယာဉ်အမျိုးအစား၏ အကြီးဆုံး ဖောက်သည်များတွင် ပါဝင် ကြသည်။

    သက်ရောက်မှုရှိသော လေယာဉ်များ၏ သုံးပုံနှစ်ပုံခန့်အတွက်၊ လေကြောင်းလိုင်းများက ယခင် ဆော့ဖ်  ဝဲလ်ဗားရှင်းသို့ ပြန်လည်ပြောင်းလဲရုံသာ ဖြစ်သောကြောင့် ခေတ္တရပ်နားမှုသာ ဖြစ်ပေါ်စေမည်ဟု လုပ်ငန်းခွင်သတင်းရင်းမြစ်များကပြောသည်။ သို့သော်လည်း အခြားသော သီးခြားအင်ဂျင်ပြုပြင်မှုများ သို့မဟုတ် စစ်ဆေးမှုများအတွက် စောင့်ဆိုင်းချိန်ကြာမြင့်နေသဖြင့် Airbus လေယာဉ်ရာပေါင်းများစွာ ရပ်နားထားရပြီး ပြင်ဆင်ရေး အလုပ်ရုံများတွင် ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ ပြည့်ကျပ်နေချိန်တွင် ဤကိစ္စပေါ်ပေါက်လာခြင်းဖြစ်သည်။ ထို့ပြင် လေကြောင်းလုပ်ငန်း၌ လုပ်သားရှားပါးမှုပြဿနာလည်း ရှိနေသည်။

    လေကြောင်းလေ့လာသုံးသပ်သူ Rob Morris က လေယာဉ်ရုံ (hangar) နေရာလွတ် မည်မျှ ချက်ချင်းရရှိ နိုင်မည်ဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်ကြောင်း ပြောဆိုသည်။ မကြာသေးမီက ဖြစ်ရပ်တစ်ခုအရ နေမုန်တိုင်းများ (solar flares) သည် လေယာဉ်ထိန်းချုပ်မှု လုပ်ဆောင်ချက်အတွက် အရေးပါသော ဒေတာများကို ပျက်စီးစေနိုင်ကြောင်း တွေ့ရှိရသည်ဟု Airbus က ဆိုသည်။

    ယခုလိုမမျှော်လင့်ထားသော ပြင်ဆင်မှုအမိန့်ကို ဖြစ်ပေါ်စေခဲ့သည့် အဓိကအကြောင်းရင်းမှာ အောက်တို ဘာ ၃၀ ရက်က မက္ကဆီကိုနိုင်ငံ ကန်ကွန်း (Cancun) မှ နယူးဂျာစီပြည်နယ် နူးဝပ်ခ် (Newark) သို့ ပျံသန်း  သော JetBlue လေကြောင်းခရီးစဉ်တစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ယင်းခရီးစဉ်တွင် လေယာဉ်အမြင့်  ပေ ရုတ်တရက်ကျဆင်းမှုကြောင့် ခရီးသည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်း ရင်းမြစ်များက ဆိုသည်။

    ထို A320 လေယာဉ်သည် လေယာဉ်ထိန်းချုပ်မှု ပြဿနာနှင့် လေယာဉ်မှူး၏ စေခိုင်းချက်မပါဘဲ ရုတ်တရက် အမြင့်ပေ ကျဆင်းမှုတို့ကြောင့် ဖလော်ရီဒါပြည်နယ် တမ်ပါ (Tampa) တွင် အရေးပေါ် ဆင်း သက်ခဲ့ရပြီး၊ ဖက်ဒရယ်လေကြောင်းဦးစီးဌာန (FAA) က စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိသည်။ JetBlue နှင့် FAA တို့ကမူ ဤပြန်လည်ခေါ်ယူမှုအပေါ် မှတ်ချက်တစ်စုံတစ်ရာ မပေးခဲ့ပေ။

    အချို့သော လေကြောင်းလိုင်းများအတွက် ပြင်ဆင်ရန် ယာယီရပ်နားထားရမှုသည် ပိုမိုကြာရှည်နိုင်ဖွယ် ရှိသည်။ အကြောင်းမှာ သက်ရောက်မှုရှိသော လေယာဉ်များအနက် အစီးရေ ၁,၀၀၀ ကျော်သည် ဟာ့ဒ်ဝဲလ် (hardware) အပိုင်းများပါ လဲလှယ်ရနိုင်ဖွယ်ရှိသောကြောင့်ဖြစ်သည်ဟု လုပ်ငန်းခွင်သတင်း  ရင်းမြစ်များက ပြောသည်။

    ၁၉၈၄ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သော A320 သည် "fly-by-wire" ဟုခေါ်သော ကွန်ပျူတာစနစ်သုံး ထိန်းချုပ်မှုများကို ပထမဆုံး မိတ်ဆက်အသုံးပြုခဲ့သည့် ပင်မ လေယာဉ်အမျိုးအစား ဖြစ် သည်။

    ယင်းသည် Boeing 737 MAX နှင့် ယှဉ်ပြိုင်ဘက်ဖြစ်ပြီး၊ 737 MAX သည် ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်များတွင် လူအသေအပျောက်များသော ပျက်ကျမှုများ ဖြစ်ပွားခဲ့ပြီးနောက် ကမ္ဘာတစ်ဝန်း ကာလရှည်ကြာ ရပ်နားခံခဲ့ရသည်။ ထိုပျက်ကျမှုများသည် ညံ့ဖျင်းစွာ ဒီဇိုင်းထုတ်ထားသော လေယာဉ်ထိန်းချုပ်ရေး ဆော့ဖ်ဝဲလ်ကြောင့်ဟု အပြစ်တင်ခဲ့ကြသည်။

    အာရှဦးဆောင်သော စီးပွားရေး ကြီးထွားလာမှုကြောင့် သန်းနှင့်ချီသော ခရီးသွားအသစ်များ လေကြောင်း လောကသို့ ရောက်ရှိလာခဲ့ရာ၊ မကြာသေးမီနှစ်များအတွင်း ဤ အဓိကလေယာဉ်အမျိုးအစားနှစ်ခု   အတွက် ဝယ်လိုအား မြင့်တက်လာခဲ့သည်။

    Reuters မှ တွေ့ရှိရသော Airbus ၏ ညွှန်ကြားချက်စာအရ ပြဿနာ၏ အရင်းအမြစ်မှာ ELAC (Elevator and Aileron Computer) ဟုခေါ်သော လေယာဉ်စနစ်တွင် ရှိနေသည်။ အဆိုပါစနစ်သည် လေယာဉ်မှူး ၏ ဘေးဘက်ရှိ မောင်းတံ (side-stick) မှ အမိန့်များကို လေယာဉ်အမြီးပိုင်းရှိ elevators များထံ ပို့ဆောင်ပေးသည်။ ထို elevators များက လေယာဉ်၏ နှာခေါင်း အနိမ့်အမြင့် (pitch) ကို တဖန်ပြန်လည် ထိန်းချုပ်ပေးခြင်း ဖြစ်သည်။

    အဆိုပါ ကွန်ပျူတာစနစ်ကို ထုတ်လုပ်သူ ပြင်သစ်ကုမ္ပဏီ Thales က Reuters ၏ မေးမြန်းမှုကို တုံ့ပြန် ရာတွင် ၎င်းတို့၏ ကွန်ပျူတာသည် Airbus ၏ သတ်မှတ်ချက်များနှင့် ကိုက်ညီကြောင်းနှင့် မေးခွန်း  ထုတ်စရာဖြစ်နေသော လုပ်ဆောင်ချက်ပိုင်းမှာမူ Thales ၏ တာဝန်အောက်တွင်မရှိသော ဆော့ဖ်ဝဲလ်က ပံ့ပိုးပေးထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်

  • အမျိုးသားအစောင့်တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရမှုအပြီး အမေရိကန်က မြန်မာအပါအဝင် နိုင်ငံ ၁၉ နိုင်ငံမှ 'Green Card' တိုင်းကို ပြန်လည်စိစစ်မည်ဟု ပြောကြား

    ▪️ဝါရှင်တန်၊ နိုဝင်ဘာ ၂၇၊ ၂၀၂၅ (AFP) -ထရမ့်အစိုးရအဖွဲ့သည် ဝါရှင်တန်ရှိ အမျိုးသား  အစောင့် တပ်ဖွဲ့ဝင်များအား တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အာဖဂန်နစ္စတန်နှင့် အခြား ၁၈ နိုင်ငံမှ အမြဲတမ်း နေထိုင်ခွင့် သို့မဟုတ် "Green Card" ကိုင်ဆောင်ထားသူတိုင်း၏ လူဝင်မှုကြီးကြပ်ရေး အခြေအနေကို ပြန်လည်စိစစ်မည်ဟု ကြာသပတေးနေ့က ကြေညာခဲ့သည်။

    ▪️အမေရိကန်အရာရှိများက ဗုဒ္ဓဟူးနေ့ ပစ်ခတ်မှုတွင် ဖမ်းဆီးခံထားရသူသည် ယခင်က အာဖဂန် နစ္စတန်ရှိ အမေရိကန်တပ်ဖွဲ့များနှင့် လုပ်ကိုင်ခဲ့သော အာဖဂန်နိုင်ငံသားတစ်ဦးဖြစ်ကြောင်း ဖော်ထုတ်ထားသည်။

    ▪️၂၀၂၁ ခုနှစ်တွင် တာလီဘန်တို့ အာဏာသိမ်းပြီးနောက် အာဖဂန်နိုင်ငံသားများကို အမေရိကန်ပြည် ထောင်စု၌ ပြန်လည်နေရာချထားရာတွင် ကူညီပေးခဲ့သော AfghanEvac အဖွဲ့၏ အဆိုအရ အသက်၂၉ နှစ်အရွယ် ထိုသံသယရှိသူသည် ယခုနှစ် ဧပြီလတွင် အမြဲတမ်းနေထိုင်ခွင့်မဟုတ်ဘဲ ခိုလှုံခွင့် ရရှိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

    ▪️အမေရိကန်အကောက်ခွန်နှင့် လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းများ (USCIS) ၏ ဒါရိုက်တာဖြစ်သူ Joseph Edlow က "စိုးရိမ်ရတဲ့ နိုင်ငံတိုင်းက နိုင်ငံခြားသားတိုင်းရဲ့ Green Card တိုင်းကို အပြည့်အဝနှင့် တင်းတင် းကြပ်ကြပ်  ပြန်လည်စစ်ဆေးဖို့ ကျွန်တော် ညွှန်ကြားထားပါတယ်" ဟု X တွင် ပြောကြားခဲ့သည်။

    ▪️Edlow ပြောသည့် နိုင်ငံများမှာ မည်သည့်နိုင်ငံများကို ရည်ညွှန်းပါသလဲဟု မေးမြန်းသောအခါ " စိုးရိမ်  စရာ နိုင်ငံများ"အဖြစ် နိုင်ငံ ၁၉ နိုင်ငံကို သတ်မှတ်ထားသည့် သမ္မတ ဒေါ်နယ်ထရမ့်၏ ဇွန်လကထုတ်  ပြန်ခဲ့သည့် အုပ်ချုပ်ရေး  အမိန့်ကို USCIS ပြောရေးဆိုခွင့်ရှိသူက AFP သတင်းဌာနသို့ ထောက်ပြခဲ့သည်။

    ▪️အဆိုပါ အမိန့်သည် အာဖဂန်နစ္စတန်အပါအဝင် နိုင်ငံ ၁၂ နိုင်ငံမှ နိုင်ငံသားအားလုံးနီးပါး ဝင်ရောက် ခြင်းကို ပိတ်ပင်ခဲ့သည်။

    ▪️ခရီးသွားလာခွင့် ပိတ်ပင်ခံခဲ့ရသော အခြား ၁၁ နိုင်ငံမှာ မြန်မာ၊ ချဒ်၊ ကွန်ဂို-ဘရာဇာဗီးလ်၊ အီကွေတာ ဂီနီ၊ အီရစ်ထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်နှင့် ယီမင်တို့ ဖြစ်သည်။

    ▪️ထရမ့်သည် အခြား(၇)နိုင်ငံဖြစ်သော ဘူရွန်ဒီ၊ ကျူးဘား၊ လာအို၊ ဆီယာရာလီယွန်၊ တိုဂို၊ တာ့ခ်မင်  နစ္စတန်နှင့် ဗင်နီဇွဲလားတို့မှ ခရီးသွားများအပေါ် တစ်စိတ်တစ်ပိုင်း ပိတ်ပင်မှုလည်း ချမှတ်ခဲ့ သည်။ သို့သော် ထိုနိုင်ငံများမှ ယာယီအလုပ်ဗီဇာအချို့ကို ခွင့်ပြုထားသည်။

  • နယ်စပ်အရေး "ဝင်ရောက်စွက်ဖက်မှု" အတွက် ထိုင်းဆန္ဒပြသူများက မလေးရှားနှင့် အမေရိကန် သံရုံးများကို ပစ်မှတ်ထားဆန္ဒပြ

    ၂၃  နိုဝင်ဘာ၊၂၀၂၅

    ကမ္ဘောဒီးယားနှင့်ဖြစ်ပွားနေသော နယ်စပ်အငြင်းပွားမှုတွင် ထိုင်းနိုင်ငံ၏ ကိုင်တွယ်ဆောင်ရွက်နေမှု အပေါ် "ဝင်ရောက်စွက်ဖက်ခြင်း" မပြုရေး မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်အား တောင်းဆို  ရန်အတွက် ဆန္ဒပြသူများသည် နိုဝင်ဘာ ၂၂ရက် စနေနေ့က ဘန်ကောက်မြို့ရှိ မလေးရှားသံရုံးရှေ့တွင် စုဝေးခဲ့ကြသည်။

    ဝါရှင်တန် (အမေရိကန်အစိုးရ) သည် ကုန်သွယ်ရေးဆွေးနွေးမှုများနှင့် ထိုင်းနိုင်ငံ၏ ပိုင်နက်နယ်မြေ ကာကွယ်ပိုင်ခွင့် အချုပ်အခြာအာဏာကို မတရားသဖြင့် ချိတ်ဆက်ထားသည်ဟု ဆန္ဒပြသူများက ယုံကြည်ကြသဖြင့် သူတို့သည် အမေရိကန်သံရုံးသို့ သွားရောက်ချီတက်ရန်လည်း ပြင်ဆင်ခဲ့ကြသည်။

    အဆိုပါ နိုင်ငံရေးလှုပ်ရှားမှုများကို ထိုင်းဘာသာဖြင့် Ruam Palang Phaen Din Pok Pong Athipatai ဟုခေါ်သော အချုပ်အခြာအာဏာကာကွယ်ရေး မြေပြင်ညီညွတ်သော အင်အားစုက ဦးဆောင်  စီစဉ်ခဲ့ခြင်းဖြစ်သည်။တက်ရောက်လာကြသည့် ထင်ရှားသူများတွင် ဖိချစ်ချိုင်မုန်ခွန် (Pichit Chaimongkol)၊ အထက်လွှတ်တော်အမတ်ဟောင်း ကဲဆန်အတိဗောဒိ (Kaewsan Atibodhi)၊ ရှပ်နီခေါင်းဆောင်ဟောင်း ကျတုဖွန်းဖရွန်ဖန် (Jatuporn Prompan) နှင့် ရှေ့နေ နိတိထွန်းလမ်လွာ (Nitithorn Lamlua) တို့ ပါဝင်ကြသည်။

    ထိုင်းနိုင်ငံတော်အလံများနှင့် ဆိုင်းဘုတ်များကို ဝှေ့ယမ်းလာကြသည့် အဆိုပါအဖွဲ့သည် အသံချဲ့စက်များ တပ်ဆင်ထားသော ကားတစ်စီးနှင့်အတူ Sathon လမ်းရှိ မလေးရှားသံရုံးသို့ ရောက်ရှိလာခဲ့ကြသည်။ သူတို့က မစ္စတာအန်ဝါသည် အာဆီယံဥက္ကဋ္ဌအနေဖြင့် ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာ ကာကွယ်စောင့်ရှောက်ရေး ကြိုးပမ်းမှုများတွင် ဝင်ရောက်စွက်ဖက်နေသည်ဟု စွပ်စွဲခဲ့ကြသည်။

    thai2

    နယ်စပ်အငြင်းပွားမှု ကိစ္စရပ်များနှင့်ပတ်သက်၍ ကမ္ဘောဒီးယားနှင့် ညှိနှိုင်းဆွေးနွေးရန် ထိုင်းနိုင်ငံအား ဖိအားပေးခြင်းမှ ရှောင်ကြဉ်ရန် သူတို့က တောင်းဆိုခဲ့ကြသည်။ ထိုင်းစစ်သားများသည် နယ်စပ်  တစ်လျှောက် မြေမြှုပ်မိုင်းရှင်းလင်းရေးလုပ်ငန်းများတွင် အသက်အန္တရာယ်နှင့်ရင်းကာဆောင်ရွက်နေ ချိန်တွင် ကမ္ဘောဒီးယားဘက်က မိုင်းရှင်းလင်းရေးလုပ်ငန်းများကို ဟန့်တားနှောင့်ယှက်ခဲ့ပြီး သဘော တူညီချက်များကို လေးစားလိုက်နာရန် ပျက်ကွက်ခဲ့သည်ဟု Mr Pichit က ပြောကြားခဲ့သည်။

    မိုင်းရှင်းလင်းရေး ပူးပေါင်းဆောင်ရွက်မှုသည် ပြီးခဲ့သည့်လက ကွာလာလမ်ပူမြို့တွင် မစ္စတာအန်ဝါနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့၏ ရှေ့မှောက်၌ ထိုင်းနှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ်နှစ်ဦး လက်မှတ်ရေးထိုးခဲ့သော ကြေညာချက်ပါ အဓိကအချက် ၄ ချက်အနက် တစ်ချက်ဖြစ်သည်။

    နယ်စပ်စစ်ဆင်ရေးများ ရပ်တန့်ရန် ထိုင်းနိုင်ငံကို အမိန့်ပေးခြင်းဖြင့် မစ္စတာအန်ဝါသည် အာဆီယံ  ဥက္ကဋ္ဌ  အဖြစ် လုပ်ပိုင်ခွင့်ဘောင်ကို ကျော်လွန်လုပ်ဆောင်နေသည်ဟု သူက စွပ်စွဲခဲ့သည်။

    မစ္စတာဖီချစ်က မစ္စတာအန်ဝါအား "နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှု" ပြုလုပ်သည်ဟု ဝေဖန်ခဲ့ပြီး မလေးရှားနှင့် အမေရိကန်ပြည်ထောင်စုတို့သည် ထိုင်းနိုင်ငံ၏ ဆုံးဖြတ်ချက်များအပေါ် မလျော်ကန်သော သြဇာလွှမ်းမိုးရန် ကြိုးပမ်းနေကြသည်ဟု ပြောဆိုခဲ့သည်။

    မစ္စတာ ကဲဆန် Mr Kaewsan က ဆက်လက်၍ ကမ္ဘောဒီးယား ခေါင်းဆောင် ဟွန်ဆန်သည် မိသားစု အုပ်ချုပ်ရေးစနစ်ဖြင့် နှစ်ပေါင်း ၃၀ ကျော် အုပ်ချုပ်ခဲ့ကြောင်းနှင့် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ထိုင်းနိုင်ငံ  အား ကျူးကျော်ရန်လိုသူအဖြစ် ပုံဖော်နေကြောင်း စွပ်စွဲပြောဆိုခဲ့သည်။

    မလေးရှားနိုင်ငံသည် ကမ္ဘောဒီးယား လောင်းကစားရုံလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု အများအပြားရှိနေကြောင်းနှင့် မစ္စတာအန်ဝါသည် ပြည်တွင်း၌ အဂတိလိုက်စားမှုပြဿနာများ ရှိနေ သော်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲကို နိုင်ငံရေးလက်နက်တစ်ခုအဖြစ် အသုံးပြုနေကြောင်း အဆိုပါ အထက်လွှတ်တော်အမတ်ဟောင်းက ထပ်လောင်းစွပ်စွဲခဲ့သည်။ အာဆီယံအနေဖြင့် "ဒေသတွင်းအဖွဲ့ အစည်း၌ မစ္စတာအန်ဝါအတွက် နေရာမရှိစေရန်" ဆောင်ရွက်ပေးကြဖို့လည်း သူက တိုက်တွန်းခဲ့သည်။

    အမှတ်၅ မြို့တော်ရဲတပ်ဖွဲ့ နှင့် ထုန့်မဟာမေ့ခ် ရဲစခန်းမှ ရဲအရာရှိများသည် ငြိမ်ဝပ်ပိပြားရေးကို ထိန်းသိမ်းရန်အတွက် သံရုံးအဝင်ဝတွင် သံမဏိအတားအဆီးများကို တပ်ဆင်ထားပေးခဲ့သည်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက စနေနေ့ မွန်းလွဲ ၂ နာရီမှ ညနေ ၆ နာရီအတွင်း ဆန္ဒပြပွဲတစ်ခု ဖြစ်ပေါ်လာနိုင်ကြောင်း မျှော်လင့်ရသည်ဟု အစောပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ "လောလော ဆယ်တွင် ဝါယာလက်စ် လမ်းမပေါ်၌ ယာဉ်ကြောပိတ်ဆို့မှုအချို့ ဖြစ်ပေါ်နိုင်သည်မှလွဲ၍ ဆန္ဒပြပွဲကြောင့် ကြီးမားသော အနှောင့်အယှက် ဖြစ်စေမည့် လက္ခဏာများ မတွေ့ရသေးကြောင်း" လည်း ကြေညာချက်   တွင် ဖော်ပြထားသည်။

    Source: Bangkok Post

  • နိုင်ငံခြားသားများကို စာရွက်စာတမ်းအတုပြုလုပ်၍ နိုင်ငံသားပေးကာ အမျိုးသားအသင်းတွင် ဝင်ကစားစေခဲ့သည့် မလေးရှားဘောလုံးအဖွဲ့ချုပ်ကို FIFA က အရေးယူစုံစမ်းစစ်ဆေးမှုများပြုလုပ်နေ

    ၂၂ နိုဝင်ဘာ၊၂၀၂၅-

    ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖြစ်သော FIFA သည် သဘာဝအရ နိုင်ငံသားပြုခွင့်ရရှိရေ စာရွက်စာတမ်းများကို မမှန်မကန် ပြင်ဆင်အသုံးပြုခဲ့သည်ဟု စွပ်စွဲခံထားရသော ကစားသမားခုနစ်ဦးအား ပိတ်ပင်လိုက်ပြီး နောက် မလေးရှားဘောလုံးအသင်း၏ ပြည်တွင်းလုပ်ငန်းဆောင်ရွက်မှုများကို တရားဝင် စုံစမ်းစစ်ဆေးမှု စတင်ရန် စီစဉ်နေသည်။

    စက်တင်ဘာလနှောင်းပိုင်းတွင် FIFA ၏ စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် ကစားသမား ခုနစ်ဦးဖြစ်သည့် - Gabriel Palmero ၊ Facundo Garcés၊ Rodrigo Holgado၊ Imanol Machuca၊ João Figueiredo၊ Hector Hevel နှင့် Jon Irazábal တို့အား နိုင်ငံတကာအဆင့်တွင် မလေးရှားနိုင်ငံကို ကိုယ်စားပြုနိုင်ရန်အတွက် စာရွက်စာတမ်း အတုများကို အသုံးပြုခဲ့ကြောင်း တွေ့ရှိရ ပြီးနောက် ၁၂ လ ပိတ်ပင်မှု ချမှတ်ခဲ့သည်။ ထို့အပြင် မလေးရှားဘောလုံးအဖွဲ့ချုပ် (FAM) အား ဆွစ်ဖရန့် ၃၅၀,၀၀၀ (အမေရိကန်ဒေါ်လာ ၄၃၉,၀၀၀ ခန့်) ဒဏ်ငွေပေးဆောင်ရန် အမိန့်ချခဲ့သည်။

    စွပ်စွဲချက်အရ ထိုစာရွက်စာတမ်းများကို ယခင်က မလေးရှားတွင် နေထိုင်ခြင်း  မရှိဖူးသော ထိုကစားသမားများသည် မလေးရှားမျိုးနွယ်မှ အဘိုးအဘွားများ ရှိကြောင်း သက်သေပြ  ရန်အတွက် အသုံးပြုခဲ့ပြီး၊ ယင်းအား အသုံးပြု၍ သူတို့ကို မလေးရှားနိုင်ငံသားပြုခွင့် ရယူခဲ့ခြင်း   ဖြစ်သည်။ FIFA က ယင်းသည် FIFA စည်းကမ်းထိန်းသိမ်းရေးဥပဒေပုဒ်မ ၂၂ ကို ချိုးဖောက်ခြင်း  ဖြစ်သည်ဟု ပြောခဲ့သည်။

    ကစားသမားခုနစ်ဦးစလုံးသည် ဇွန်လ ၁၀ ရက်နေ့တွင် ကျင်းပသော ၂၀၂၇ အာရှဖလား ခြေစစ်ပွဲ တတိယ  အဆင့်တွင် ဗီယက်နမ်ကို ၄-၀ ဖြင့် အနိုင်ရရှိခဲ့သည့် မလေးရှားအသင်းတွင် ပါဝင်ခဲ့ကြပြီး၊ သူတို့အထဲမှ လေးဦး၏ ကစားခွင့်ကို FIFA မှ အတည်ပြုပေးပြီး တစ်ရက်အကြာတွင် ဖြစ်သည်။ (ကျန်သုံးဦးမှာ ဇွန်လ ၆ရက်နေ့တွင် ကစားခွင့်ရရှိခဲ့သည်)။ ထိုပွဲအပြီး မကြာမီတွင် FIFA သည် ယင်းတို့၏ ကစားခွင့် နှင့်ပတ်သက်၍ တိုင်ကြားချက်တစ်စောင် လက်ခံရရှိခဲ့ပြီး၊ ထိုတိုင်ကြားချက်တွင် ကစားသမားများ၏ “နိုင်ငံသားပြုလုပ်သည့် လုပ်ငန်းစဉ်နှင့် နိုင်ငံတကာပွဲဦးထွက်သည် မေးခွန်းထုတ်စရာအချိန်အတွင်း ဖြစ်ပေါ်ခဲ့သည်” ဟု တိုင်ကြားစာ၌ ဖော်ပြထားသည်။

    မလေးရှားဘောလုံးအဖွဲ့ချုပ် သည် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ ဆုံးဖြတ်ချက်ကို အယူခံဝင်ခဲ့  သော်လည်း နိုဝင်ဘာလ ၃ ရက်နေ့တွင် FIFA က  ယင်းအယူခံကို ပယ်ချခဲ့သည်။

    အင်္ဂါနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် FIFA က တာဝန်ရှိသူကို အတိအကျ ဖော်ထုတ်  နိုင်ရန်အတွက် မလေးရှားဘောလုံးအဖွဲ့ချုပ်၏ ပြည်တွင်းလုပ်ငန်းဆောင်ရွက်မှုများအား တရားဝင် စုံစမ်းစစ်ဆေးမှုများ စတင်ကာ ကိစ္စရပ်များကို ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။

    “ဤစုံစမ်းစစ်ဆေးမှုသည် စာရွက်စာတမ်းအတုပြုလုပ်မှုရာတွင် တာဝန်ရှိသူများကို ဖော်ထုတ်ရန်၊ မလေး  ရှားဘောလုံးအဖွဲ့ချုပ်၏အဖွဲ့အစည်းအတွင်းလေးစားလိုက်နာမှုနှင့်အုပ်ချုပ်မှုယန္တရားများကမည်မျှလုံလောက်မှု၊ ထိရောက်မှုကိုရှိသည်ကိုအကဲဖြတ်ရန်၊ မလေးရှားဘောလုံးအဖွဲ့ချုပ်အရာရှိများအပေါ် နောက် ထပ် စည်းကမ်းထိန်းသိမ်းရေး အရေးယူမှုများ ပြုလုပ်သင့်၊မပြုလုပ်သင့်ကို ဆုံးဖြတ်ရန် ရည်ရွယ်သည်” ဟု FIFA ၏ပြောကြားချက်ကို ရိုက်တာသတင်းဌာနကဖော်ပြခဲ့သည်။

    အဆိုပါနိုင်ငံသားပြုလုပ်မှု အရှုပ်တော်ပုံသည် ကွင်းအတွင်းရော ကွင်းပြင်ပတွင်ပါ သိသာထင်ရှားသော သက်ရောက်မှုများ ဖြစ်ပေါ်စေခဲ့သည်။ မလေးရှားနိုင်ငံအတွက် ပထမဆုံးအကြိမ် အာရှဖလား   ဝင်ခွင့်ရရှိရေး မျှော်လင့်ချက်ကို အဟန့်အတား ဖြစ်စေနိုင်ပြီး ဘောလုံးပရိသတ်များအကြား ဆူပူမှုများ ဖြစ်ပေါ်စေသည့်အပြင်၊ ဤအငြင်းပွားဖွယ်ရာကိစ္စသည် ကစားသမားများအား နိုင်ငံသားပြုခွင့်ပေးခဲ့သော ပြည်ထဲရေးဝန်ကြီးဌာနနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနတို့အပြင် မလေးရှားဘောလုံးအဖွဲ့ချုပ် ရှိ တာဝန်ရှိအရာရှိများအား တာဝန်ယူရန် ပရိသတ်များနှင့် နိုင်ငံရေးသမားများထံမှ တောင်းဆိုမှုများကို ဖြစ်ပေါ်စေခဲ့သည်။

    အောက်တိုဘာလ ၁၇ ရက်နေ့တွင် မလေးရှားဘောလုံးအဖွဲ့ချုပ် သည် ယင်း၏ အထွေထွေ  အတွင်းရေးမှူးအား ရာထူးမှ ဆိုင်းငံ့ထားပြီး FIFA ၏ ပိတ်ပင်မှုများကို ဖြစ်ပေါ်စေခဲ့သည့် သူတို့အခေါ်“နည်းပညာပိုင်းဆိုင်ရာအမှား” ကို စုံစမ်းစစ်ဆေးရန် လွတ်လပ်သော ကော်မတီတစ်ရပ်ကို ဖွဲ့စည်းမည်ဟု ကြေညာခဲ့သည်။ သို့သော် သူတို့က စာရွက်စာတမ်းများကို ရည်ရွယ်ချက်ရှိရှိဖြင့် အတုပြုလုပ်ခဲ့သည်ဟူသော FIFA ၏ ပြောကြားချက်ကို ငြင်းပယ်ခဲ့သည်။ နိုဝင်ဘာလ ၃ ရက်နေ့တွင် အယူခံပယ်ချခံရပြီးနောက် မလေးရှားဘောလုံးအဖွဲ့ချုပ်က  က အားကစားဆိုင်ရာ ခုံသမာဓိတရားရုံး (CAS) သို့ အမှုအား ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ FIFA ၏ အင်္ဂါနေ့ကြေညာချက်အပြီးတွင်လည်း ယင်းအချက်ကို ထပ်မံအတည်ပြုပြောကြားခဲ့သည်။

    မလေးရှားဘောလုံးအဖွဲ့ချုပ်၏ ယာယီဥက္ကဋ္ဌ Mohd Yusoff Mahadi က ကြေညာချက်တွင် "ဤလုပ်ဆောင်ချက်ကို တရားမျှတမှု ထိန်းသိမ်းရန်နှင့် မလေးရှားအစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်း    များက သတ်မှတ်ထားသည့် ကစားသမားအရည်အချင်းပြည့်မီမှု လုပ်ငန်းစဉ်၏ သမာဓိကို ထိန်းသိမ်းရန်   အတွက် ဆောင်ရွက်ခြင်းဖြစ်သည်" ဟု ပြောကြားခဲ့သည်။ မလေးရှား ပြည်ထဲရေးဝန်ကြီး Nasution Ismailကလည်း ကစားသမားခုနစ်ဦးအား နိုင်ငံသားပြုလုပ်ရန် ဆုံးဖြတ်ချက်ကို ကာကွယ်ပြောဆိုခဲ့သည်။

    ESPN သတင်းဌာန၏ ဖော်ပြချက်အရ အင်္ဂါနေ့တွင် FIFA သည် စာမျက်နှာ ၆၃ မျက်နှာပါ အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ အစီရင်ခံစာတွင် ကစားသမားများသည် စပိန်၊ ဘရာဇီး၊ အာဂျင်တီးနားနှင့် နယ်သာလန်တို့တွင် မွေးဖွားကြောင်း သူတို့၏ မူရင်းမွေးစာရင်းတွင် ဖော်ပြထားသည့် အဘိုးအဘွားများမှတစ်ဆင့် မလေးရှားမျိုးနွယ်ရှိကြောင်း သက်သေပြရန် စာရွက်စာတမ်းအတုများကို မည်သို့ အသုံးပြုခဲ့သည်ကို အသေးစိတ် ဖော်ပြထားကြောင်းသိရသည်။

    ခြုံငုံပြောရလျှင် FIFA သည် အဆိုပါ မလျော်ကန်မှုအား အပြည့်အဝ စုံစမ်းစစ်ဆေးရန်အတွက် “နောက်   ထပ် စုံစမ်းစစ်ဆေးမှုများ စတင်ရန် ခိုင်လုံသောအကြောင်းပြချက်များ” ကို တွေ့ရှိခဲ့သည်။ ထို့အပြင် “ပြစ်မှုများ၏ သဘာဝနှင့် ကြီးလေးမှု၊ အထူးသဖြင့် တရားဝင်စာရွက်စာတမ်းများကို အတုပြုလုပ်မှုတို့ကို ထည့်သွင်းစဉ်းစား၍” ယင်း၏ အတွင်း  ရေးမှူးရုံးသည် မလေးရှား၏ သက်ဆိုင်ရာ ရာဇဝတ်မှုဆိုင်ရာ အာဏာပိုင်များအား အသိပေးမည်ဖြစ်သကဲ့သို့ ဘရာဇီး၊ အာဂျင်တီးနား၊ နယ်သာလန်နှင့် စပိန်ရှိ အာဏာပိုင်များကိုလည်း အသိပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    “သင့်လျော်သော ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများနှင့် တရားစွဲဆိုမှုများကို ဆက်လက်  ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ အာဏာပိုင်များအား အသိပေးရန် အလွန်အရေးကြီးသည်” ဟု FIFA က ပြောကြားခဲ့သည်။

    Source The Diplomat

  • Exclusive- အမေရိကန်၏ ငြိမ်းချမ်းရေးအစီအစဉ်အရ ယူကရိန်းက နယ်မြေနှင့်လက်နက်အချို့ကို စွန့်လွှတ်ဖွယ်ရှိ

    ၂၀ နိုဝင်ဘာ၊၂၀၂၅

    အကျဉ်းချုပ်

        ◾️အမေရိကန်က ယင်း၏ ငြိမ်းချမ်းရေး အစီအစဉ်ကို ကိယက်ဗ်မှ လက်ခံစေလိုကြောင်း သတင်းရင်းမြစ် နှစ်ခုက ပြောသည်။

        ◾️ယူကရိန်းက နယ်မြေနှင့် လက်နက်အချို့ကို စွန့်လွှတ်ရန်အစီအစဉ်က ရည်မှန်းထားကြောင်း  သတင်းရင်းမြစ်များက ဆိုသည်။

        ◾️ဇယ်လန်စကီးသည် ငြိမ်းချမ်းရေး အစီအစဉ်သစ်အတွက် တူရကီသို့ သွားရောက်နေသည်။

        ◾️သူသည် ကြာသပတေးနေ့တွင် အမေရိကန် စစ်တပ်အရာရှိများနှင့် တွေ့ဆုံမည်။

       ◾️ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် အမေရိကန်၏ အစီအစဉ်နှင့် ပတ်သက်၍ ကိယက်ဗ်က   ရိပ်ဖမ်း သံဖမ်းရရှိထားကြောင်း သတင်းရင်းမြစ်တစ်ခုက ဆိုသည်။

    လန်ဒန်/ကိယက်ဗ်၊ နိုဝင်ဘာ ၁၉ (ရိုက်တာ) - ယူကရိန်းနိုင်ငံက နယ်မြေနှင့် လက်နက်အချို့ကို စွန့်လွှတ်ရန် အဆိုပြုထားသည့် ရုရှားနှင့် စစ်ပွဲကို အဆုံးသတ်ရန် အမေရိကန်က ရေးဆွဲထားသော မူဘောင်ကို သမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးသည် လက်ခံရမည်ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု က အရိပ်လက္ခဏာပြခဲ့ကြောင်း အဆိုပါကိစ္စကို အကျွမ်းတဝင်ရှိသူနှစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြား  ခဲ့သည်။

    အဆိုပါကိစ္စ၏ ထိလွယ်ရှလွယ်ရှိမှုကြောင့် အမည်မဖော်လိုသူ သတင်းရင်းမြစ်များက အဆိုပါ အဆိုပြုချက်များတွင် ယူကရိန်း၏ လက်နက်ကိုင်တပ်ဖွဲ့ အရွယ်အစားကို လျှော့ချရန် အပါအဝင် အခြား အချက်များ ပါဝင်ကြောင်း ပြောကြားခဲ့သည်။ ဝါရှင်တန်က ကိယက်ဗ်သည် အဓိကအချက်များကို လက်ခံစေလိုနေကြောင်း သူတို့က ပြောသည်။

    အရှေ့ပိုင်း ယူကရိန်းတွင် ရုရှား၏ နောက်ထပ် နယ်မြေ သိမ်းပိုက်မှုများကို ကိယက်ဗ်က ရင်ဆိုင်နေရချိန် နှင့် ဇယ်လန်စကီးက ဗုဒ္ဓဟူးနေ့တွင် ပါလီမန်က စွမ်းအင်နှင့် တရားရေး  ဝန်ကြီးများကို ရာထူးမှ ထုတ် ပယ်ခဲ့ရသည့် အဂတိလိုက်စားမှု စိစစ်မှုကို ကိုင်တွယ်   ဖြေရှင်းနေရချိန်တွင် ထိုကဲ့သို့သော အစီအစဉ် သည် ကိယက်ဗ်အတွက် ကြီးမားသော ဆုတ်ယုတ်မှုတစ်ရပ်အဖြစ် ပြသနေလိမ့်မည်။

    အိမ်ဖြူတော်က အဆိုပါကိစ္စနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက X (တွစ်တာ) တွင် ဝါရှင်တန်သည် "ဤပဋိပက္ခ၏ နှစ်ဖက်စလုံးမှ အချက်အလက်များအပေါ် အခြေခံ၍ စစ်ပွဲကို အဆုံးသတ်ရန် ဖြစ်နိုင်ချေရှိသော စိတ်ကူးများကို ဆက် လက်ရေးဆွဲသွားမည်" ဟု ပြောကြားခဲ့သည်။

    "ယူကရိန်းစစ်ပွဲကဲ့သို့ ရှုပ်ထွေးပြီး အသက်ဆုံးရှုံးစေသော စစ်ပွဲကို အဆုံးသတ်ရန်မှာ အလေးအနက်ထားပြီး လက်တွေ့ကျသည့် အယူအဆများကို ကျယ်ကျယ်ပြန့်ပြန့် ဖလှယ်ရန် လိုအပ်ပါသည်။ ကြာရှည်ခံမည့် ငြိမ်းချမ်းရေးကို ရရှိရန်အတွက် နှစ်ဖက်စလုံးသည် ခက်ခဲသော်လည်း မရှိမဖြစ်လိုအပ်သော အလျှော့အတင်းများကို သဘောတူရန် လိုအပ်သည်" ဟု ရူဘီယိုက ပြောကြား  ခဲ့သည်။

    ဝါရှင်တန်က ရုရှားနှင့် ဆွေးနွေးထားသည့် စစ်ပွဲကို အဆုံးသတ်ရန် အမေရိကန်၏ အဆိုပြုချက်များနှင့် ပတ်သက်၍ ကိယက်ဗ်က "အရိပ်အမြွက်" လက်ခံရရှိထားကြောင်း ယူကရိန်းအကြီးတန်းအရာရှိကြီး  တစ်ဦးက ရိုက်တာကို ပြောကြားခဲ့သည်။ ယူကရိန်းသည် အဆိုပြုချက်များ ပြင်ဆင်ရာတွင် ပါဝင်ခဲ့ခြင်း မရှိကြောင်း အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။

    ဗုဒ္ဓဟူးနေ့တွင် သမ္မတ တေရစ်ပ် အာဒိုဂန်နှင့် တူရကီ၌ ဆွေးနွေးပွဲများ ပြုလုပ်နေသော ဇယ်လန်စကီး  သည် ကြာသပတေးနေ့တွင် ကိယက်ဗ်၌ အမေရိကန် စစ်တပ်အရာရှိများနှင့် တွေ့ဆုံရန် စီစဉ်ထားသည်။ Telegram တွင် မှတ်ချက်များပေးရာ၌ ဇယ်လန်စကီးက ဝါရှင်တန်၏ မူဘောင်ကို ဖော်ပြခြင်းမရှိဘဲ သုံးနှစ်ခွဲကျော် ကြာမြင့်နေပြီဖြစ်သော စစ်ပွဲကို အဆုံးသတ်ရန် အကူအညီပေးမည့် ထိရောက်သော အမေရိကန် ခေါင်းဆောင်မှုကို တောင်းဆိုခဲ့သည်။

    "သွေးထွက်သံယိုမှုများကို ရပ်တန့်ရန်နှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ရရှိရန်အတွက် အဓိက  အချက်မှာ ကျွန်ုပ်တို့၏ မိတ်ဖက်အားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် အမေရိကန် ခေါင်းဆောင်မှုသည် ထိရောက်ပြီး ခိုင်မာနေရန် ဖြစ်သည်" ဟု အန်ကာရာ၌ အာဒိုဂန်နှင့် တွေ့ဆုံပြီးနောက် ဇယ်လန်စကီးက ရေးသားခဲ့သည်။ အမေရိကန်ပြည်ထောင်စုနှင့် အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်တို့သာလျှင် "စစ်ပွဲကို နောက်ဆုံးတွင် အဆုံးသတ်ရန် လုံလောက်သော ခွန်အားရှိသည်" ဟု ဇယ်လန်စကီးက ပြော  ကြားခဲ့သည်။

    အာဒိုဂန်သည် ဆွေးနွေးပွဲများအတွက် မတူညီသော ပုံစံများကို အဆိုပြုခဲ့ကြောင်းနှင့် "လိုအပ်သော ပလက်ဖောင်းကို တူရကီက ပံ့ပိုးပေးရန် အသင့်ရှိခြင်းသည် ကျွန်ုပ်တို့အတွက် အရေးကြီး သည်" ဟုလည်း ယူကရိန်းသမ္မတကပြောကြားခဲ့သည်။ စစ်ပွဲကို အဆုံးသတ်ရန် ထရမ့်အစိုးရ၏ ကြိုးပမ်း  မှု အသစ်တစ်ရပ်၏ လက္ခဏာများကြောင့် ဗုဒ္ဓဟူးနေ့တွင် ယူကရိန်းအစိုးရ ဘွန်းဈေးနှုန်းများ လများ အတွင်း အကြီးမားဆုံး ခုန်တက်ခဲ့သည်။

    ဇူလိုင်လတွင် အစ္စတန်ဘူလ်၌ တွေ့ဆုံခဲ့သည့်နောက်ပိုင်း ကိယက်ဗ်နှင့် မော်စကိုတို့အကြား မျက်နှာ  ချင်းဆိုင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်း မရှိသေးဘဲ၊ ရုရှားတပ်ဖွဲ့များသည် မော်စကို၏ လေးနှစ်နီးပါး ကြာမြင့်နေပြီဖြစ်သော ယူကရိန်းစစ်ပွဲကို ဆက်လက်ဖိအားပေးနေပြီး တစ်ညတာ တိုက်ခိုက်မှုများတွင် လူ ၂၅ ဦး သေဆုံးခဲ့သည်။

    ရုရှား၏ ရပ်တည်ချက်တွင် ပြောင်းလဲမှုမရှိ စစ်ပွဲကို အဆုံးသတ်ရန်အတွက် ယင်း၏ သတ်မှတ်ချက်များကို မော်စကိုက ပြောင်းလဲမည့် အရိပ်အယောင်မပြသော်လည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ပြန်လည် အသက်သွင်းရန် ကြိုးပမ်းမှုများသည် အရှိန်အဟုန် ရရှိလာပုံရနေသည်။

    ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်သည် အမေရိကန် ဦးဆောင်သော နေတိုး စစ်ရေးမဟာမိတ်အဖွဲ့သို့ ဝင်ရောက်ရန် အစီအစဉ်များကို ကိယက်ဗ်မှ စွန့်လွှတ်ရန်နှင့် ရုရှား၏ အစိတ်အပိုင်းအဖြစ် မော်စကိုက တောင်းဆိုသည့် ပြည်နယ်လေးခုမှ သူတို့၏တပ်ဖွဲ့များကို ရုပ်သိမ်းရန် ယခင်ကတည်းက တောင်းဆို  ခဲ့သည်။ မော်စကိုသည် ထိုတောင်းဆိုချက်များထဲမှ တစ်ခုခုကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း ညွှန်ပြခြင်း မရှိသေးဘဲ ယူကရိန်းကလည်း ယင်းတို့ကို လက်ခံမည်မဟုတ်ဟု ဆိုသည်။

    ရုရှားတပ်ဖွဲ့များသည် ယူကရိန်းနယ်မြေ၏ ၁၉% ခန့်ကို ထိန်းချုပ်ထားပြီး ရှေ့သို့ တဖြည်းဖြည်း တိုးမြှင့်နေကာ ဆောင်းရာသီ နီးကပ်လာသည်နှင့်အမျှ ယူကရိန်း၏ စွမ်းအင် အခြေခံအဆောက်အအုံများ  ကို မကြာခဏ တိုက်ခိုက်မှုများ ပြုလုပ်နေသည်။

    နေတိုးအဖွဲ့ဝင်ဖြစ်ပြီး ကိယက်ဗ်နှင့် မော်စကို နှစ်ဖက်စလုံးနှင့် ရင်းနှီးစွာ ရှိနေသည့် တူရကီသည် ၂၀၂၂ ခုနှစ်၊ စစ်ပွဲ၏ အစောပိုင်း သီတင်းပတ်များတွင် ပထမအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို လက်ခံ  ကျင်းပခဲ့ပြီး ထရမ့်မှ တိုက်ပွဲများကို အဆုံးသတ်ရန် အစီအစဉ်သစ်တစ်ခု စတင်ခဲ့သည့် ယခုနှစ်အထိ ယင်းသည် တစ်ခုတည်းသောဆွေးနွေးပွဲဖြစ်ခဲ့သည်။

    ကရင်မလင်က အန်ကာရာတွင် ဗုဒ္ဓဟူးနေ့ ဆွေးနွေးပွဲများ၌ ရုရှားကိုယ်စားလှယ်များ ပါဝင်မည်  မဟုတ်ကြောင်း ပြောကြားခဲ့သော်လည်း ဆွေးနွေးပွဲရလဒ်များနှင့် ပတ်သက်၍ အမေရိကန်နှင့် တူရကီတို့  နှင့် စကားပြောဆိုရန် ပူတင်သည် လမ်ဖွင့်ထားကြောင်း ပြောကြားခဲ့သည်။

    လုံခြုံရေး အာမခံချက်ဖြင့် နယ်မြေလဲလှယ်ခြင်းလား။

    ဗုဒ္ဓဟူးနေ့တွင် အဆိုပါကိစ္စကို တိုက်ရိုက်သိရှိသော အမေရိကန် အရာရှိတစ်ဦးကို ကိုးကား၍ Axios က အစီရင်ခံရာတွင် အမေရိကန်၏ အစီအစဉ်သစ်သည် နောင်တွင် ကိယက်ဗ်နှင့် ဥရောပအတွက် ရုရှား၏ ကျူးကျော်မှုနှင့်ပတ်သက်၍ အမေရိကန်၏ လုံခြုံရေး အာမခံချက်ကို ရရှိရန်အတွက် ယူကရိန်းက လက်ရှိ မထိန်းချုပ်နိုင်သေးသည့် အရှေ့ပိုင်း ယူကရိန်း၏ အစိတ်အပိုင်းတစ်ခုကို မော်စကိုအား ပေးအပ်ရန် ရည်မှန်းထားကြောင်း ဖော်ပြထားသည်။

    အဆိုပါ အမေရိကန်၏ အဆိုပြုချက်အသစ်ဟု ယူဆရသော အကြောင်းအရာများကို မှတ်ချက်ပေးသော ဥရောပ သံတမန်တစ်ဦးက သူတို့သည် ထရမ့်အစိုးရ၏ "ကိယက်ဗ်ကို အကျဉ်းအကြပ်ထဲ တွန်းပို့ရန်" နောက်ထပ် ကြိုးပမ်းမှုတစ်ရပ် ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သော်လည်း၊ ယူကရိန်း၏ ရပ်တည်ချက် သို့မဟုတ် ဝါရှင်တန်၏ ဥရောပ မဟာမိတ်များ၏ ရပ်တည်ချက်ကို ထည့်သွင်းစဉ်းစားခြင်မရှိပါက အဖြေမရနိုင်ကြောင်းလည်း ပြောကြားခဲ့သည်။

    ယူကရိန်းက ယင်း၏ စစ်တပ်ကို လျှော့ချသင့်သည်ဟူသော အကြံပြုချက်သည် အလေးအနက်ထားသော အဆိုပြုချက်ထက် ရုရှား၏ တောင်းဆိုချက်လိုဖြစ်နေကြောင်း အခြားဥရောပ သံတမန်တစ်ဦးက ပြောကြားခဲ့သည်။

    စစ်တပ်အတွင်းဝန် ဒန် ဒရစ်စကောလ် ဦးဆောင်သော အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည် ကိယက်ဗ်၌ "အချက်အလက်ရှာဖွေရေးမစ်ရှင်" ဖြင့် ရောက်ရှိနေကြောင်း ကိယက်ဗ်ရှိ အမေရိကန်သံရုံးက ပြောကြား  ခဲ့သည်။ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ် ရန်ဒီ ဂျော့ချ်သည်လည်း ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်ပြီး သူနှင့် ဒရစ်စကောလ်တို့သည် ကြာသပတေးနေ့တွင် ဇယ်လန်စကီးနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း အဆိုပါကိစ္စကို အကျွမ်းတဝင်ရှိသူတစ်ဦးက ရိုက်တာသို့ ပြောကြားခဲ့သည်။

Politics

Senior General Min Aung Hlaing: Military Role in Hluttaw Will Reduce Only When There Are No More Armed Organizations

PYIN OO LWIN (December 6) — Senior General Min Aung Hlaing, Chairman of the National Security and Peace Commission and Commander-in-Chief of Defence Services, stated on Friday that the military’s presence in Hluttaw could be gradually scaled back, but only once democratic systems have flourished and there are no longer ethnic armed organizations operating in the country.

Speaking at a meeting with officers, soldiers, families, and cadets at the Pyin Oo Lwin station, the Senior General emphasized that the timeline for reducing the Tatmadaw's legislative quota is strictly tied to stability and the cessation of armed conflict.

The Commander-in-Chief addressed the institution's long-standing involvement in national leadership, citing "historical reasons" and "current prevailing conditions" as the primary drivers for the Tatmadaw’s continued political role. He noted that while the military's principal duty remains national defense, the security situation across successive eras has necessitated its active participation in resolving internal insurgency.

During the address, the Senior General also highlighted ongoing institutional developments, noting that upgrades are being carried out for the Tatmadaw alongside parallel reform efforts for the Myanmar Police Force.

The meeting was attended by high-ranking military officials, including the Senior General and his wife, Daw Kyu Kyu Hla; Commander-in-Chief (Navy) General Htein Win; and Commander-in-Chief (Air) General Tun Aung, along with senior officers from the Office of the Commander-in-Chief (Army) and personnel stationed in Pyin Oo Lwin.

-End-

တိုင်းရင်းသားလက်နက်ကိုင်များမရှိသည့်အခါ လွှတ်တော်တွင် တပ်မတော်ပါဝင်မှုကို အဆင့်ဆင့် လျှော့ချမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောကြား

၆ ဒီဇင်ဘာ ၂၀၂၅

မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်များထွန်းကားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မရှိသည့်အချိန်   တွင် တပ်မတော်အနေဖြင့် လွှတ်တော်တွင်ပါဝင်နေမှုကို အဆင့်ဆင့်လျှော့ချသွားနိုင်မယ် လို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဒီဇင်ဘာ ၆ရက်က ပြင်ဦးလွင်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဗိုလ်လောင်းများအား တွေ့ဆုံစဉ် ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ခေတ်အဆက်ဆက် သမိုင်းကြောင်းများအရပါဝင်ခဲ့ရကြောင်း၊ သမိုင်းကြောင်းအရ ၊ဖြစ်ပေါ်နေသည့်အခြေအနေများအရ တပ်မတော်အနေဖြင့် နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ဆက်လက်ပါဝင်နေရဦးမယ်လို့လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။

တပ်မတော်၏အဓိကတာဝန်သည်နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရန်ဖြစ်သော်လည်း ခေတ်အဆက်ဆက်တွင်ဖြစ်ပေါ်ခဲ့သည့် အခြေအနေများအရ ပြည်တွင်းသောင်းကျန်းမှုနှိမ်နှင်းရေးအခန်း ကဏ္ဍတွင်လည်း ပါဝင်နေရတယ်လို့ ဗိုလ်ချုပ်မှူးကြီးကဆိုပါတယ်။

တပ်မတော်ကို  အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်လျက်ရှိတယ်လို့ ဗိုလ်ချုပ်မှူးကြီးကပြောဆိုလိုက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုလည်းပြုပြင်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ဆက်လက်ပြောကြား ပါတယ်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး ထိန်ဝင်း နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြင်ဦးလွင်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ ၊ ဗိုလ်လောင်းများ တက်ရောက်ခဲကြကြောင်းသိရှိရပါတယ်။

#yng/knl

ဖီဖာငြိမ်းချမ်းရေးဆု၏ ပထမဆုံးဆုကို သမ္မတထရမ့်ရရှိဖွယ်ရှိနေပြီး အဆိုပါ ဆုလုပ်ငန်းစဉ်များကို မြန်မာဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် ဦးဆောင်နေဟုဆို

၅ ဒီဇင်ဘာ၊၂၀၂၅

◾️ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) သည် ကမ္ဘာတစ်ဝန်း စည်းလုံးညီညွတ်မှုနှင့် ငြိမ်းချမ်းရေးအတွက် အထူး   ဆောင်ရွက်သူများကို ဂုဏ်ပြုမည့်  ယင်းတို့၏ ပထမဆုံး 'ငြိမ်းချမ်းရေးဆု' ကို စတင်ပေးအပ်ရန် စီစဉ်နေကြောင်း သိရသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ရရှိရန် မျှော်လင့်ရကြောင်း သတင်းများ က ဖော်ပြနေပြီး ဖီဖာဥက္ကဋ္ဌ ဂီယန်နီ အင်ဖန်တီနို နှင့် သမ္မတထရမ့်တို့ တွေ့ဆုံမည့် အစီအစဉ်လည်း ရှိနေ  သည်ဟု ဂါဒီယန်သတင်းစာကရေးသားသည်။

◾️အဆိုပါဖီဖာ၏ ငြိမ်းချမ်းရေးဆုအတွက် လုပ်ငန်းစဉ်များကို ကြီးကြပ်ကွပ်ကဲမည့် သူမှာ ဖီဖာဘောလုံး  ဆိုင်ရာလူမှုတာဝန်ယူမှုကော်မတီ (FIFA Football Social Responsibility Committee) ၏ ဥက္ကဋ္ဌအဖြစ်ခန့်အပ်ခံထားရသည့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် ဖြစ်သည်ဟုလည်း သတင်းတွင်ဖော်ပြထားသည်။

◾️နှစ်ပေါင်းများစွာ မြန်မာ့ဘောလုံးအဖွဲ့ချုပ်ကို ဦးဆောင်နေသည့် လုပ်ငန်းရှင်ကြီးဦးဇော်ဇော်သည် ယခု  အခါတွင် ကမ္ဘာလုံးဆိုင်ရာ လူမှုတာဝန်ယူမှုနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များအတွက် အရေး  ပါသော ဆုံးဖြတ်ချက်များကို ကိုင်တွယ်ရမည့် ကော်မတီကို ဦးဆောင်နေခြင်းဖြစ်သည်။

◾️ယင်း၏ ဦးဆောင်မှုအောက်တွင် ကော်မတီသည် ဖီဖာ၏ လူမှုရေးဆိုင်ရာ ရည်မှန်းချက်များနှင့် ငြိမ်း  ချမ်းရေးရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရန်ရှိနေသည်။

#ymg/knl

Business

မြန်မာ့ကမ်းလွန်တွင် ဓာတ်ငွေ့ပမာဏ ၉၄.၆ ထရီလီယံကုဗပေ ထုတ်လုပ်နိုင်မည့် ကြီးမားလှသည့် သဘာဝဓာတ်ငွေ့သိုက်ကြီးတွေ့ရှိထား

ဒီဇင်ဘာ၂၊၂၀၂၅

မြန်မာ့ကမ်းလွန်ပင်လယ်ပြင်တွင် သဘာဝ ဓာတ်ငွေ့ပမာဏ ၉၄.၆ ထရီလီယံကုဗပေ(TCF)ခန့်ထုတ်  ယူနိုင်မည်ဟု ခန့်မှန်းထားသည့် ကြီးမားလှသော သဘာဝဓာတ်ငွေ့သိုက်ကြီးတစ်ခုတွေ့ရှိထားကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့်အောက်တိုဘာလက upstreamonline.com တွင်ဖော်ပြထားသည့် သတင်းအချက်အလက် များအရ ထိုသဘာဝဓာတ်ငွေ့သိုက်ကြီးသည် မြန်မာနိုင်ငံတွင် ထွက်ရှိခဲ့သမျှ ကမ်းလွန်သဘာဝဓာတ်ငွေ့ သိုက်ကြီးများထဲတွင် အထင်ရှားဆုံးဖြစ်လာနိုင်ချေရှိသည်ဟု သိရှိရသည်။

အဆိုပါသဘာဝဓာတ်ငွေ့သိုက်ကြီးသည် ကမ်လွန်လုပ်ကွက်  M-15 တွင်တည်ရှိပြီး တွင်းသစ် ၃တွင်း စမ်းသပ်တူးဖော်ခြင်းကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလတွင် စတင်မည်ဖြစ်ပြီး ၂၀၂၇ ခုနှစ် နှစ်ကုန်ခန့်တွင် ပထမဆုံးသော သဘာဝဓာတ်ငွေ့များထွက်ရှိမည်ဟု မျှော်မှန်းထားကြောင်း အဆိုပါ လုပ်ကွက်တွင်  မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့  လုပ်ငန်း(MOGE)နှင့် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေးစာချုပ် (Production Sharing Contract - PSC)ကိုချုပ်ဆိုထားသည့် စင်ကာပူအခြေသိုက် Canadian Foresight Group (CFG) ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဖြစ်သူ မစ္စတာဆောင်းနင်းရှန် Mr. Songning Shen က upstreamonline  ကို အတည်ပြုပြောကြားထားသည်။

Seismic တိုင်းတာရရှိထားသည့် Reserve ပမာဏအတိုင်း အတည်ပြုနိုင်ပါက M-15 လုပ်ကွက်သည် စွမ်းအင်ရှာဖွေတွေ့ရှိမှုများထဲမှ အထင်ရှားဆုံးတစ်ခုဖြစ် *Guyana" (ဂိုင်ယာနာနိုင်ငံ၏ ကမ်းလွန်ဒေသ)  ပြီးသည့်နောက် ဒုတိယမြောက် *Guyana" ဖြစ်လာလိမ့်မည်ဟုလည်း  အဆိုပါ သတင်းတွင်ဖော်ပြထားသည်။

Guyana ကို ၂၀၁၅ ခုနှစ်တွင် တောင်အမေရိကရှိ ဂိုင်ယာနာနိုင်ငံ၌ Exxon Mobil မှ စတင်တွေ့ရှိခဲ့ပြီး ၂၀၂၇ ခုနှစ်မှစတင်၍ တစ်ရက်လျှင် စည် ၁.၃ သန်းခန့် ထုတ်လုပ်နိုင်မည်ဟု မျှော်မှန်းဆောင်ရွက် ရှိနေသည့် ကြီးမားသော သဘာဝဓာတ်ငွေ့သိုက်ကြီးဖြစ်သည်။ဂိုင်ယာနာနိုင်ငံသည် အဆိုပါဓာတ်ငွေ့   တွင်းကို တွေ့ရှိပြီးနောက် စွမ်းအင် ထုတ်လုပ်မှုမရှိသော နိုင်ငံတစ်နိုင်ငံ အဖြစ်မှ ကမ်းလွန်ရေနံ  ထုတ်လုပ်ရေး အင်အားကြီးနိုင်ငံတစ်ခုအဖြစ်သို့ ရောက်ရှိသွားခဲ့ကြောင်းလည်းသိရှိရသည်။

ထို့အပြင် M-15 လုပ်ကွက်တွင် ရှာဖွေတွေ့ရှိခဲ့သည့် အရင်းအမြစ်ကျောက်လွှာ Source Rock သည် တရုတ်နိုင်ငံ၊ Bohai ပင်လယ်ကွေ့တွင် တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် သန်း ၄၀ ခန့် (ရေနံစည်ပေါင်း သန်း ၃၀၀ ခန့်) ထုတ်လုပ်လျက်ရှိသည့် Source Rock ထက် အဆ ၃၀ ခန့် ပိုမိုများပြားနိုင်သည်ဟုလည်း ဆိုသည်။

မကြာသေးမီက ကပ္ပလီ ပင်လယ်၊ အိန္ဒိယပိုင်ရေနယ်နိမိတ်အတွင်း ဟိုက်ဒရိုကာဗွန်စတင်တွေ့ရှိခဲ့မှုကို အိန္ဒိယနိုင်ငံမှ ကြေညာချက်ထုတ်ပြန်ခဲ့ရာ  အဆိုပါဧရိယာသည် M-15 လုပ်ကွက်၏ အနောက်ဘက် ၆၀ ကီလိုမီတာအတွင်း တည်ရှိသည်။ ထုတ်လုပ်မည့်သဘာဝဓာတ်ငွေ့တွင် မီသိန်းဓာတ်ငွေ့ ၈၇ ရာခိုင် ပါဝင်မှုရှိကာ ကပ္ပလီ ပင်လယ်သည် အိန္ဒိယ၏ စွမ်းအင်ဖူလုံမှုအတွက် လုံလောက်စွာဖြည့်ဆည်းနိုင်မည် ဟုပြောသည်။ယင်းဧရိယာသည် မြန်မာနိုင် M-15 လုပ်ကွက်နှင့် ဘူမိအနေအထားတူညီမှုရှိကြောင်းလည်း အဆိုပါupstreamonline သတင်းတွင် ဖော်ပြပါရှိသည်။

ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံရှိ ပြည်သူများ၏ အကျိုးစီးပွားကိုသာ ရှေးရှု ဆောင်ရွက်လျက်ရှိရာ M-15 လုပ်ကွက်စီမံကိန်းသည် မြန်မာနိုင်ငံ၏ ပထမဆုံး ကမ်းလွန်ရေနက်စီမံကိန်းဖြစ်လာမည်ဖြစ်ပြီး အောင်မြင်လာပါက လူမှုရေး၊ စီးပွားရေး ကဏ္ဍများတိုးတက်ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်းလည်း CFG က ပြောသည်။

လက်ရှိတည်ဆောက်ပြီး ပိုက်လိုင်း၊ ရေနံစင် များအသုံးပြု၍ ထွက်ရှိလာသော သဘာဝဓာတ်ငွေ့များကို ပို့ဆောင်ဖြန့်ဖြူးခြင်းများဆောင်ရွက်သွားမည်ဖြစ်ရာ ရေရှည်တွင် LNG အဖြစ်ထုတ်လုပ်၍ ဖြန့်ဖြူးခြင်း၊ မလက္ကာရေလက်ကြားတဝိုက် ဖြန့်ဖြူးခြင်းများကို အဓိကထားဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အဆိုပါကုမ္ပဏီ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

#ymg/knl

စက်သုံးဆီများ သတ်မှတ်နေရာများသို့မှန်မှန်ကန်ကန်ရောက်ရှိရေးပူးပေါင်းဆောင်ရွက်ကြရန် စွမ်းအင်ဝန်ကြီးက စက်သုံးဆီလုပ်ငန်းရှင်များကို တိုက်တွန်း

၁ ဒီဇင်ဘာ ၊၂၀၂၅

စက်သုံးဆီများကို သတ်မှတ်ထားသည့် အရောင်းဆိုင်များနှင့်နေရာဒေသများသို့  မှန်မှန်ကန်ကန်ရောက်ရှိ ရေး အလေးထားစစ်ဆေးကြပ်မတ်နေပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်တယ်လို့ စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချ ဖြန့် ဖြူးရေးအသင်းမှ တာဝန်ရှိသူတွေကို မှာကြားပါတယ်။

ပြည်ထောင်စုဝန်ကြီးသည် ဒီဇင်ဘာ ၁ရက်က ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းရှိ စက်သုံးဆီတင်သွင်းသိုလှောင်  ဖြန့်ဖြူးခြင်းလုပ်ငန်းဆောင်ရွက်နေသော စက်သုံး ဆီသိုလှောင်စခန်းသို့ရောက်ရှိစဉ် စက်သုံးဆီလုပ်ငန်းရှင်တွေကို  ယခုလိုမှာကြားခဲ့တာဖြစ်ပါတယ်။

စက်သုံးဆီဖြည့်ဆည်းမှုကွင်းဆက်အတွင်း ကြပ်မတ်စစ်ဆေးသည့်အခါတွင် လူကြောင့် အားနည်းမှုများ မဖြစ်ပေါ်စေ ရေးအတွက် နည်းပညာအသုံးပြု၍ ကြပ်မတ်စစ်ဆေးမှုများကို အကောင်အထည်ဖော်နိုင်ရေး အတွက် ကြိုးပမ်းခဲ့သည်မှာ အချိန်ကာလတစ်ခုရှိသော်လည်း လက်တွေ့ဆောင်ရွက်နိုင်မှု မရှိသေးဘူးလို့လည်း ပြည်ထောင်  စုဝန်ကြီးက သုံးသပ်ပြောဆိုပါတယ်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူနှင့် လုပ်ငန်းရှင်များမှ ပူးပေါင်း၍ ပြည်သူ့အကျိုး  ရှေးရှုပြီး လက်တွဲ ညီစွာဆောင်ရွက်သွားရဖို့လည်း ဝန်ကြီးဦးကိုကိုလွင်က တိုက်တွန်းခဲ့ပါတယ်။

ပြည်သူလူထုအနေဖြင့် ဈေးနှုန်း၊ အရည်အသွေးနှင့် အခြင်အတွယ် ထိခိုက်နစ်နာမှုမရှိစေရေး အထူးဦးစား   ပေးဆောင်ရွက်ပေးရန် မိမိတို့တွင် တာဝန်ရှိပြီး ပြည်ပမှ စက်သုံးဆီများ တင်သွင်းရာတွင် တင်သွင်းလာ   သည့် စက်သုံး ဆီများ၏ အရည်အသွေးပြည့်မီ မှန်ကန်မှု ရှိစေရေး  အရေးကြီးတယ်လို့လည်း ဝန်ကြီးကပြောပါတယ်။

ဦးစွာ Terminal များမှစ၍  Auto Tank Gauging(ATG)စနစ်များကို တပ်ဆင်ဆောင် ရွက်ရမှာဖြစ်ပြီး သိုလှောင်ကန်စခန်းများမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဆီသယ်ယာဉ်များဖြင့် စက်သုံး ဆီ ဖြန့်ဖြူး ပေးပို့ရာ တွင် သတ်မှတ်ထားသည့် စက်သုံးဆီအရောင်းဆိုင်နှင့် နေရာဒေသများသို့ မှန်မှန်ကန်ကန် ရောက်ရှိရေးအတွက် ဖြည့်ဆည်းမှုကွင်းဆက်တစ်လျှောက် ဝန်ကြီးဌာနက အလေးထား စစ်ဆေးကြပ်မတ်လျက်ရှိတယ်လို့လည်း ပြည် ထောင်စုဝန်ကြီးကပြောပါတယ်။

ယင်းနောက်မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူး ရေးအသင်းနှင့် တာဝန်ရှိသူများ၏ တင်ပြမှု များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည်  ပြည်ပစက်သုံးဆီတင်သင်္ဘောမှ စက်သုံးဆီများ လက်ခံချယူ သိုလှောင် နေမှုများ၊ သိုလှောင်ကန်စခန်းများတွင် Auto Tank Gauging (ATG)စနစ်တပ်ဆင်၍ Control Room မှ စက်သုံးဆီ များ ဖြန့်ဖြူးပေးနေမှုနှင့် လက်ကျန်အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သတင်းရရှိပါတယ်။

#ymg/knl

သဘာဝဓာတ်ငွေ့ရည်သိုလှောင်သင်္ဘောကြီးနှင့် ဓာတ်ငွေ့ပြန်လည်ပြုလုပ်သောစက်ရုံများကို စွမ်းအင်ဝန်ကြီး သွားရောက်စစ်ဆေး

၁ ဒီဇင်ဘာ ၂၀၂၅

သဘာဝဓာတ်ငွေ့ရည်(LNG)မှ  ဓာတ်ငွေ့ ပြန်လည်ထုတ်ယူသုံးစွဲရာတွင် ထွက်ရှိလာသည့် ဓာတ်ငွေ့မှာ သန့်ရှင်းမှု  ရှိသည့်အတွက် သဘာဝပတ် ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်ပြီး အပူစွမ်းအင်လည်း အလွန်မြင့်မားသည့်အတွက် လျှပ်စစ်ဓာတ်အား ပိုမို၍ ထွက်ရှိနိုင်မှာဖြစ်တယ်လို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီးသည် ဒီဇင်ဘာ ၁ ရက်က သီလဝါဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့်  သဘာဝဓာတ်ငွေ့ရည်သိုလှောင်သင်္ဘော(Floating Storage Unit- FSU)နှင့် သဘာဝဓာတ်ငွေ့ ရည်ကို ဓာတ်ငွေ့ပြန်လည် ပြုလုပ် သောစက်ရုံ(Regasification Unit)သို့ ရောက်ရှိစစ်ဆေးစဉ် ယင်းကဲ့သို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေဖြင့် LNG အသုံးပြုသည့် နည်းပညာပိုင်းနှင့်ပတ်သက်၍ လေ့လာ သင်ယူပြီး ကိုယ်တိုင်ဆောင်ရွက် နိုင်ရန်ကြိုး ပမ်းဆောင်ရွက်လျက်ရှိတယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောပါတယ်။

LNGသည်  တန်ဖိုးမြင့်သည့် စွမ်းအင် အရင်းအမြစ်တစ်ခုဖြစ်သည့်အတွက်  လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးနှင့် အကျိုးရှိထိရောက် စွာအသုံးပြုနိုင်ရေးကိုလည်း ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့ပါတယ်။

LNG ကိုဓာတ်ငွေ့သို့ ပြန် လည် ပြောင်းယူသည့်အချိန် ထွက်ပေါ်လာမည့် အအေးစွမ်းအင်များကို အစားအစာ၊ အသီးအနှံများ သိုလှောင်ခြင်း၊ သီးနှံစိုက်ပျိုးခြင်းလုပ်ငန်းနှင့်လုပ်ငန်းခွင်အအေးပေးစနစ်များတွင် အသုံးပြုပြီး  စိုက်ပျိုးရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများ၌ တွင်ကျယ်စွာ အသုံးပြုနိုင်ကြမည်ဖြစ်သဖြင့် လက်တွေ့ ဆောင် ရွက်သွားမည်ဆိုပါက ပိုမို အကျိုးဖြစ်ထွန်းစေမည်ဖြစ်တယ်လို့လည်း သိရပါတယ်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်သည်သဘာဝဓာတ်ငွေ့ရည် သိုလှောင်သင်္ဘောနှင့် သဘာဝဓာတ်ငွေ့ရည်  (LNG)ကို သဘာဝ ဓာတ် ငွေ့ ပြန်လည်ပြုလုပ်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့်စက်ရုံဝင်းအတွင်း ဓာတ်အားပေး  စက်များ စမ်းသပ်မောင်းနှင်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသတင်းရရှိပါတယ်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားမလုံလောက်မှုများကို လျော့ပါးစေရန်အတွက် ယခုအခါ (LNG)မှ သဘာဝ ဓာတ် ငွေ့ပြန်လည်ပြုလုပ်ကာ လျှပ်စစ်ဓာတ်အားများ အမြန်ဆုံး ထုတ်လုပ်ပို့လွှတ်နိုင်ရေးစီစဉ်ဆောင်ရွက်နေတာဖြစ်ပါတယ်။

lng2

Health

တရုတ်နိုင်ငံက မူ/လယ် ကျောင်းသားများ၏ စိတ်ဖိစီးမှု လျှော့ချရန် အိပ်ချိန်ပိုပေးပြီး screen ကြည့်ချိန် လျှော့ချ

ဟောင်ကောင်၊ နိုဝင်ဘာ ၁၂ (ရိုက်တာ) - တရုတ်အာဏာပိုင်များက မူလတန်းနှင့် အလယ်   တန်းကျောင်းသားများ၏ ပညာရေးဆိုင်ရာ ဖိအားများ လျှော့ချခြင်း၊ စခရင်ကြည့်ချိန် (screen time) လျှော့ချခြင်း နှင့် နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု နှစ်နာရီ မဖြစ်မနေ လုပ်ဆောင်စေခြင်းတို့ဖြင့် ကျောင်းသား  သူငယ်တို့၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး တိုးတက်စေရန် ရည်ရွယ်သည့် အစီအမံများကို ကြေညာခဲ့  သည်။

ပညာရေးဝန်ကြီးဌာနက ပြီးခဲ့သည့်လတွင် ကြေညာခဲ့သည့် အဆိုပါ အစီအမံများတွင် စာသင်ခန်းအတွင်း မိုဘိုင်းလ်ဖုန်းများ အသုံးပြုခြင်းကို တားမြစ်ခြင်းနှင့် အင်တာနက်အပေါ် အလွန်အကျွံ မှီခိုမှုကို လျှော့ချရန် "စခရင်မကြည့်ရ" (screen-free) အချိန်ကာလတစ်ခု ထားရှိခြင်းတို့ ပါဝင်သည်။

ကျောင်းများအနေဖြင့် အိမ်စာပမာဏ စုစုပေါင်းကို "တင်းကြပ်စွာ ထိန်းချုပ်" ရမည်ဖြစ်ပြီး မူလတန်းနှင့် အလယ်တန်း ကျောင်းသားများအတွက် ကျောင်းဖွင့်ရက်တိုင်းတွင် ကိုယ်လက်လှုပ်ရှားမှု "အနည်းဆုံး" နှစ်နာရီ ပေးရမည်ဖြစ်သည်။

ကျောင်းများအား ကျောင်းလာချိန်နှင့် ကျောင်းဆင်းချိန်များကို "ကျိုးကြောင်းဆီလျော်သော" ပုံစံဖြင့် စီစဉ်ခြင်း၊ လုံလောက်သော နေ့လည်စာစားချိန်များ ခွင့်ပြုခြင်းတို့ဖြင့် "ကျောင်းသားများ လုံလောက်စွာ အိပ်စက်အနားယူခွင့် အသေအချာရရှိစေရန် " ကိုလည်း တိုက်တွန်းထားသည်။

"အိပ်စက်ချိန် စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းများကို တင်းကြပ်စွာ အကောင်အထည်ဖော်ရန်၊ အလွန်အကျွံ စာကျက်ခြင်းကဲ့သို့သော ချိုးဖောက်မှုများကို ပြတ်ပြတ်သားသား တားဆီးရန် နှင့် အလွန်အကျွံ ပညာရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများကို ကာကွယ်ရန်" ဟု ဝန်ကြီးဌာနက အဆိုပါ အစီအမံများကို ကြေညာ  သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ အစီအမံများသည် အထူးသဖြင့် စာမေးပွဲများရှိလာသည့်ကာလတွင် ကျောင်းသားများ စိတ်ဖိစီး  မှုနှင့် စိုးရိမ်ပူပန်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် ကူညီပေးရန် ရည်ရွယ်သည်။

တရုတ်နိုင်ငံတစ်ဝှမ်းရှိ ကျောင်းများတွင် အိမ်စာ ဝန်းပိခြင်းကို အများအားဖြင့် တွေ့ကြုံနေရပြီး၊ ယင်းသည် အိပ်ရေးပျက်ခြင်း၊ စိုးရိမ်ပူပန်မှုနှင့် စိတ်ကျရောဂါများ တိုးပွားလာစေသည်ဟု ကျွမ်းကျင်   သူများက ပြောကြားသည်။

အောက်တိုဘာလတွင် သီးခြား ထုတ်ပြန်ခဲ့သော အသိပေးချက်တစ်ခုတွင်လည်း ပညာရေးဝန်ကြီးဌာနက ဆရာ၊ ဆရာမများ၏ ကျောင်းပြင်ပတာဝန်များကို ကန့်သတ်ခြင်း၊ အားလပ်ရက်များနှင့် စနေ၊ တနင်္ဂနွေများတွင် အလုပ်လုပ်ခြင်းမှ တားမြစ်ခြင်းတို့ဖြင့်ယင်းတို့၏ အလုပ်ဝန်ထုပ်ဝန်ပိုးများကို လျှော့ချ    ပေးနေသည်ဟု ဆိုသည်။

တရုတ်နိုင်ငံသည် ၂၀၂၁ ခုနှစ်တွင် အိမ်စာများ လျှော့ချရန်နှင့် အဓိက ဘာသာရပ်များအတွက် ကျောင်းချိန်ပြင်ပ ကျူရှင်များကို တားမြစ်ရန် ကြိုးပမ်းသည့် ပညာရေး ဥပဒေတစ်ရပ်ကို အတည်ပြုခဲ့  သည်။ သို့သော်လည်း မိဘအများအပြားသည် တရုတ်နိုင်ငံ၏ ပြင်းထန်စွာယှဉ်ပြိုင်မှုရှိသော ပညာရေး   စနစ်တွင် သူတို့၏ ကလေးများ အသာစီးရစေရန်အတွက် ကျူရှင် ဝန်ဆောင်မှုများကို ဆက်လက် ရှာဖွေ  နေကြဆဲ ဖြစ်သည်။

 

နယူးယောက်မြို့မှ သတ္တုသံကြိုး ဝတ်ဆင်ထားသော အသက်၆၁ နှစ်အရွယ် အမျိုးသားတစ်ဦး MRI စက်ထဲ အမှတ်မထင် ဆွဲသွင်းခံရပြီး သေဆုံးခဲ့ရ

၂၀ ဇူလိုင် ၂၀၂၅

နယူးယောက်ပြည်နယ်၊ ဝက်စ်ဘူရီမြို့ရှိ ဆေးဘက်ဆိုင်ရာ အဆောက်အအုံတစ်ခုတွင် သံလိုက်စက် ကွင်းပဲ့တင်သံ ရုပ်ပုံဖော်စက် (MRI) ထဲသို့ ဆွဲငင်ခံရပြီးနောက် လောင်းအိုင်လန်မှ အသက် ၆၁ နှစ်အရွယ် ကိတ် မက်အဲလိစ်တာ သေဆုံးသွားကြောင်း အာဏာပိုင်များက အတည်ပြုခဲ့သည်။

အဆိုပါ ဖြစ်ရပ်သည် ဗုဒ္ဓဟူးနေ့က Nassau Open MRI တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မက်အဲလိစ်တာသည် သူ၏ဇနီးဖြစ်သူ Adrienne Jones-McAllister ဒူးကို စကင်ဖတ်ရန်အတွက် လိုက်ပါလာခဲ့ခြင်းဖြစ်သည်။

ဇနီးဖြစ်သူAdrienne ၏ ပြောကြားချက်အရ သူမ၏ခင်ပွန်းသည် စကင်ဖတ်သည့် စားပွဲမှ သူမ မတ်တပ်ထရပ်နိုင်ဖို့ ကူညီရန်အတွက် MRI အခန်းထဲသို့ ဝင်ရောက်သွားစဉ် အားပြင်းသော သံလိုက်စက်ကွင်းတစ်ခုက  စတင်အလုပ်လုပ်ခဲ့ကြောင်း သိရသည်။

"သူ့ကိုယ်လုံးက ပျော့ခွေသွားတယ်" ဟု News 12 Long Island သို့ သူမက ပြောကြားခဲ့သည်။ "ကျွန်မ လက်ထဲမှာ သူ ပျော့ခွေသွားတာ အခုထိ ကျွန်မ ဦးနှောက်ထဲမှာ စွဲနေတုန်းပဲ" ဟု ဆိုသည်။

Adrienne နှင့် တာဝန်ကျ MRI နည်းပညာရှင်တို့က မက်အဲလိစ်တာကို စက်မှ ဆွဲထုတ်ရန် ကြိုးစားခဲ့ကြသော်လည်း မအောင်မြင်ခဲ့ကြောင်း သိရသည်။

မက်အဲလိစ်တာသည် လေးလံသော သော့နှင့် သံကြိုးကြီးကို ဝတ်ဆင်ထားခဲ့ပြီး ယင်းသံကြိုးကြောင့် အားပြင်းသော MRI သံလိုက်စက်က သူ့အား စက်ထဲသို့ ဆွဲသွင်းခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ စိုးရိမ်ရသည့် အခြေအနေကြောင့် သူ့ကို ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ခဲ့သော်  လည်း နောက်တစ်နေ့တွင် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။

Adrienne က သူမ၏ခင်ပွန်းသည် ကိုယ်အလေးချိန် လေ့ကျင့်ခန်းများအတွက် အလေးချိန် ပေါင် ၂၀ ရှိသော သံကြိုးကို ပုံမှန်ဝတ်ဆင်လေ့ရှိပြီး ယင်းဆေးဘက်ဆိုင်ရာ အဆောက်အအုံသို့လည်း ယခင်က ရောက်ဖူးကြောင်း ပြောကြားခဲ့သည်။

"အဲ့ဒီလူ (နည်းပညာရှင်) က အဲ့ဒီသံကြိုးကို ပထမဆုံးအကြိမ် မြင်တာမဟုတ်ဘူး။ သူတို့ အရင်ကလည်း အဲ့ဒီအကြောင်း ပြောဖူးတယ်" ဟု သူမက ဆိုသည်။

Nassau ကောင်တီရဲဌာန၏ လူသတ်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့က အဆိုပါ ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးလျက်ရှိသည်။ ယခုအချိန်အထိ မည်သည့် စွဲချက်မှ မတင်ရသေးပေ။

အဆိုပါ ကြေကွဲဖွယ်ရာ ဖြစ်ရပ်အပြီးတွင် ဆေးဘက်ဆိုင်ရာ ပညာရှင်များက MRI ဘေးကင်းရေး လုပ်ထုံးလုပ်နည်းများ၏ အရေးကြီးပုံကို ပြောကြားခဲ့ကြသည်။

North Shore တက္ကသိုလ်ဆေးရုံမှ ဆရာဝန် Payal Sud က "အန္တရာယ်တွေက အလွန်ကြီးမားနိုင်ပါတယ်။ ဒါကြောင့် ဘေးကင်းရေး ကြိုတင်ကာကွယ်မှုတွေ အားလုံးကို ဘာကြောင့် လုပ်ထားရတာ လဲဆိုတာကိုလည်း ထောက်ပြနေပါတယ်" ဟု CBS New York သို့ ပြောကြားခဲ့သည်။

MRI စက်၏ ပြင်းထန်သော သံလိုက်စက်ကွင်းကြောင့် လူနာများအား MRI စကင်မဖတ်မီ လက်ဝတ်ရတနာများ၊ ခါးပတ်များ၊ အချို့အဝတ်အစားများ အပါအဝင် သတ္တုပစ္စည်းများ အားလုံးကို ဖယ်ရှားရန် လိုအပ်သည်။

"အဲဒါက သံလိုက်စက်ကွင်းရဲ့ အလယ်ဗဟိုကို ဝင်ဖို့ ကြိုးစားနေတဲ့ တော်ပီဒိုလိုမျိုးနှင့်တူသွားလိမ့်မယ်" ဟု ဆေးရုံ၏ ပုံရိပ်ဖော်ဝန်ဆောင်မှုဌာန ဒါရိုက်တာ Charles Winterfeldt က CBS New York သို့ ပြောကြားခဲ့သည်။

Source:hindustantimes.com

ဆော်ဒီအာရေဗျ၏ "အိပ်ပျော်နေသော မင်းသား"  အနှစ်၂၀ကျော် မေ့မြောနေရာမှ ကွယ်လွန်

၂၀ ဇူလိုင် ၂၀၂၅

ဆော်ဒီအာရေဗျ တော်ဝင်မင်းသားတစ်ပါးဖြစ်သူ မင်းသား အလ်-ဝါလစ် ဘင် ခါလစ် အလ်-ဆော့ဒ် (Prince Al-Waleed bin Khalid Al-Saud) သည် လန်ဒန်တွင် ၂၀၀၅ ခုနှစ်က ဖြစ်ပွားခဲ့သော ကြောက်မက်ဖွယ် ကားမတော်တဆမှုတစ်ခုကြောင့် ၁၅ နှစ်သားအရွယ်ကတည်းက သတိမေ့မြောခဲ့ရာ ဆယ်စုနှစ် နှစ်စုကျော်အကြာ ယခုအခါ အသက် ၃၆ နှစ်တွင် ကွယ်လွန်သွားပြီဖြစ်သည်။

ထိုဆိုးရွားသည့် မတော်တဆမှုတွင် မင်းသား အလ်-ဝါလစ်သည် ဦးနှောက်သွေးကြောပေါက်ကာ ကိုယ်တွင်းသွေးယိုစီးမှုများ ဖြစ်ပွားခဲ့သည်။ "အိပ်ပျော်နေသော မင်းသား" ဟု လူသိများသော ၎င်းအား ဆေးရုံတွင် အသက်ရှူစက်ဖြင့် ထိန်းထားခဲ့သော်လည်း သတိအပြည့်အဝ ပြန်လည်မရရှိခဲ့ပေ။

မင်းသား အလ်-ဝါလစ်သည် မင်းသား ခါလက်ဒ် ဘင် တာလာ အလ် ဆော့ဒ် (Prince Khaled bin Talal Al Saud) ၏ အကြီးဆုံးသားဖြစ်ပြီး ဖခင်ဖြစ်သူက ယနေ့ X (ယခင် Twitter) တွင် ဝမ်းနည်းဖွယ်ပို့စ်တစ်ခုဖြင့် သားဖြစ်သူ၏ ကွယ်လွန်ခြင်းကို အတည်ပြုခဲ့သည်။

ကုရ်အာန်ကျမ်းလာ စာသားတစ်ခုကို ကိုးကား၍ သူက "အလ္လာဟ်အရှင်မြတ်၏ အလိုတော်နှင့် ပြဋ္ဌာန်းချက်ကို ယုံကြည်သောနှလုံးသားများဖြင့် ကျွန်ုပ်တို့၏ ချစ်လှစွာသောသား၊ မင်းသား အလ်-ဝါလစ် ဘင် ခါလက်ဒ် ဘင် တာလာ ဘင် အဘ်ဒူလာဇစ် အလ် ဆော့ဒ်  သည် ယနေ့ ကွယ်လွန်သွားပြီဖြစ်ပါသဖြင့် အလွန်အမင်း  အလွန်ပင်ဝမ်းနည်းကြေကွဲစွာကြရပါသည်။ အလ္လာဟ်အရှင်မြတ် ကောင်းကင်ဘုံသို့ ပို့ ဆောင်ပါစေ" ဟု ရေးသားခဲ့သည်။

မင်းသား အလ်-ဝါလစ်သည် လန်ဒန်ရှိ စစ်ကောလိပ်တွင် ပညာသင်ကြားနေစဉ် ဆိုးရွားပြင်းထန်လှသော ကားမတော်တဆမှုတွင် ပါဝင်ခဲ့ရခြင်းဖြစ်သည်။ မတော်တဆမှုဖြစ်ပွားပြီးနောက် ဆော်ဒီအာရေဗျ  မြို့တော် ရီယာ့ဒ် (Riyadh) ရှိ King Abdulaziz Medical City ဆေးရုံသို့ တင်ပို့ခဲ့ရပြီး ထိုအချိန်မှစ၍ သတိမေ့မြောနေခဲ့သည်။

မင်းသား အလ်-ဝါလစ်၏ ဖခင်သည် သားဖြစ်သူ တစ်နေ့နေ့တွင် အပြည့်အဝ ပြန်လည် သက်သာလာမည်ဟု မျှော်လင့်ချက်ကို ဘယ်သောအခါမျှ လက်မလွှတ်ခဲ့ပေ။ သူသည် မင်းသားအား ပြုစုစောင့်ရှောက်ရာတွင် ဆက်လက်ပါဝင်ခဲ့ပြီး အသက်ကယ်စက်ဖြုတ်ရန် တောင်းဆိုမှုများကို ပြတ်ပြတ် သားသား ငြင်းပယ်ခဲ့သည်။

ကွယ်လွန်ကြောင်း ကြေညာပြီးနောက် "အိပ်ပျော်နေသော မင်းသား" (Sleeping Prince) ဟက်ရှ်တက်ဂ် hashtag သည် လူမှုမီဒီယာတွင် ကျယ်ကျယ်ပြန့်ပြန့် ခေတ်စားခဲ့ပြီး ထောင်နှင့်ချီသော လူများက ဝမ်းနည်းကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။

"မင်းသား အလ်-ဝါလစ် ဘင် ခါလက်ဒ် ကောင်းရာဘုံဘဝ ရောက်ပါစေ။ သူ့ကိုချစ်ခင်ရသူများအတွက် အနက်ရှိုင်းဆုံး ဝမ်းနည်းကြေကွဲမိပါတယ်" ဟု တစ်ဦးက ရေးသားခဲ့သည်။ "ကမ္ဘာမြေပေါ်က မင်းရဲ့အချိန်တွေဟာ မင်းရဲ့မိသားစုနဲ့ ကမ္ဘာအတွက် ကောင်းချီးမင်္ဂလာပါပဲ" ဟု နောက်တစ်ဦးက ဆိုသည်။ "နူးညံ့သိမ်မွေ့တဲ့ သူရဲ့ဝိညာဉ် ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ" ဟု တတိယတစ်ဦးက ပြောကြားခဲ့သည်။

မင်းသားအတွက် နာရေးဆုတောင်းပွဲများကို ယနေ့ ရီယာ့ဒ်ရှိ Imam Turki bin Abdullah Mosque တွင် ပြုလုပ်သွားမည်ဖြစ်သည်။

Source: nypost.com

x sleeping prince saudi arabia 108448338

Sports

ဖီဖာငြိမ်းချမ်းရေးဆု၏ ပထမဆုံးဆုကို သမ္မတထရမ့်ရရှိဖွယ်ရှိနေပြီး အဆိုပါ ဆုလုပ်ငန်းစဉ်များကို မြန်မာဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် ဦးဆောင်နေဟုဆို

၅ ဒီဇင်ဘာ၊၂၀၂၅

◾️ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) သည် ကမ္ဘာတစ်ဝန်း စည်းလုံးညီညွတ်မှုနှင့် ငြိမ်းချမ်းရေးအတွက် အထူး   ဆောင်ရွက်သူများကို ဂုဏ်ပြုမည့်  ယင်းတို့၏ ပထမဆုံး 'ငြိမ်းချမ်းရေးဆု' ကို စတင်ပေးအပ်ရန် စီစဉ်နေကြောင်း သိရသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ရရှိရန် မျှော်လင့်ရကြောင်း သတင်းများ က ဖော်ပြနေပြီး ဖီဖာဥက္ကဋ္ဌ ဂီယန်နီ အင်ဖန်တီနို နှင့် သမ္မတထရမ့်တို့ တွေ့ဆုံမည့် အစီအစဉ်လည်း ရှိနေ  သည်ဟု ဂါဒီယန်သတင်းစာကရေးသားသည်။

◾️အဆိုပါဖီဖာ၏ ငြိမ်းချမ်းရေးဆုအတွက် လုပ်ငန်းစဉ်များကို ကြီးကြပ်ကွပ်ကဲမည့် သူမှာ ဖီဖာဘောလုံး  ဆိုင်ရာလူမှုတာဝန်ယူမှုကော်မတီ (FIFA Football Social Responsibility Committee) ၏ ဥက္ကဋ္ဌအဖြစ်ခန့်အပ်ခံထားရသည့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် ဖြစ်သည်ဟုလည်း သတင်းတွင်ဖော်ပြထားသည်။

◾️နှစ်ပေါင်းများစွာ မြန်မာ့ဘောလုံးအဖွဲ့ချုပ်ကို ဦးဆောင်နေသည့် လုပ်ငန်းရှင်ကြီးဦးဇော်ဇော်သည် ယခု  အခါတွင် ကမ္ဘာလုံးဆိုင်ရာ လူမှုတာဝန်ယူမှုနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များအတွက် အရေး  ပါသော ဆုံးဖြတ်ချက်များကို ကိုင်တွယ်ရမည့် ကော်မတီကို ဦးဆောင်နေခြင်းဖြစ်သည်။

◾️ယင်း၏ ဦးဆောင်မှုအောက်တွင် ကော်မတီသည် ဖီဖာ၏ လူမှုရေးဆိုင်ရာ ရည်မှန်းချက်များနှင့် ငြိမ်း  ချမ်းရေးရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရန်ရှိနေသည်။

#ymg/knl

နိုင်ငံခြားသားများကို စာရွက်စာတမ်းအတုပြုလုပ်၍ နိုင်ငံသားပေးကာ အမျိုးသားအသင်းတွင် ဝင်ကစားစေခဲ့သည့် မလေးရှားဘောလုံးအဖွဲ့ချုပ်ကို FIFA က အရေးယူစုံစမ်းစစ်ဆေးမှုများပြုလုပ်နေ

၂၂ နိုဝင်ဘာ၊၂၀၂၅-

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖြစ်သော FIFA သည် သဘာဝအရ နိုင်ငံသားပြုခွင့်ရရှိရေ စာရွက်စာတမ်းများကို မမှန်မကန် ပြင်ဆင်အသုံးပြုခဲ့သည်ဟု စွပ်စွဲခံထားရသော ကစားသမားခုနစ်ဦးအား ပိတ်ပင်လိုက်ပြီး နောက် မလေးရှားဘောလုံးအသင်း၏ ပြည်တွင်းလုပ်ငန်းဆောင်ရွက်မှုများကို တရားဝင် စုံစမ်းစစ်ဆေးမှု စတင်ရန် စီစဉ်နေသည်။

စက်တင်ဘာလနှောင်းပိုင်းတွင် FIFA ၏ စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် ကစားသမား ခုနစ်ဦးဖြစ်သည့် - Gabriel Palmero ၊ Facundo Garcés၊ Rodrigo Holgado၊ Imanol Machuca၊ João Figueiredo၊ Hector Hevel နှင့် Jon Irazábal တို့အား နိုင်ငံတကာအဆင့်တွင် မလေးရှားနိုင်ငံကို ကိုယ်စားပြုနိုင်ရန်အတွက် စာရွက်စာတမ်း အတုများကို အသုံးပြုခဲ့ကြောင်း တွေ့ရှိရ ပြီးနောက် ၁၂ လ ပိတ်ပင်မှု ချမှတ်ခဲ့သည်။ ထို့အပြင် မလေးရှားဘောလုံးအဖွဲ့ချုပ် (FAM) အား ဆွစ်ဖရန့် ၃၅၀,၀၀၀ (အမေရိကန်ဒေါ်လာ ၄၃၉,၀၀၀ ခန့်) ဒဏ်ငွေပေးဆောင်ရန် အမိန့်ချခဲ့သည်။

စွပ်စွဲချက်အရ ထိုစာရွက်စာတမ်းများကို ယခင်က မလေးရှားတွင် နေထိုင်ခြင်း  မရှိဖူးသော ထိုကစားသမားများသည် မလေးရှားမျိုးနွယ်မှ အဘိုးအဘွားများ ရှိကြောင်း သက်သေပြ  ရန်အတွက် အသုံးပြုခဲ့ပြီး၊ ယင်းအား အသုံးပြု၍ သူတို့ကို မလေးရှားနိုင်ငံသားပြုခွင့် ရယူခဲ့ခြင်း   ဖြစ်သည်။ FIFA က ယင်းသည် FIFA စည်းကမ်းထိန်းသိမ်းရေးဥပဒေပုဒ်မ ၂၂ ကို ချိုးဖောက်ခြင်း  ဖြစ်သည်ဟု ပြောခဲ့သည်။

ကစားသမားခုနစ်ဦးစလုံးသည် ဇွန်လ ၁၀ ရက်နေ့တွင် ကျင်းပသော ၂၀၂၇ အာရှဖလား ခြေစစ်ပွဲ တတိယ  အဆင့်တွင် ဗီယက်နမ်ကို ၄-၀ ဖြင့် အနိုင်ရရှိခဲ့သည့် မလေးရှားအသင်းတွင် ပါဝင်ခဲ့ကြပြီး၊ သူတို့အထဲမှ လေးဦး၏ ကစားခွင့်ကို FIFA မှ အတည်ပြုပေးပြီး တစ်ရက်အကြာတွင် ဖြစ်သည်။ (ကျန်သုံးဦးမှာ ဇွန်လ ၆ရက်နေ့တွင် ကစားခွင့်ရရှိခဲ့သည်)။ ထိုပွဲအပြီး မကြာမီတွင် FIFA သည် ယင်းတို့၏ ကစားခွင့် နှင့်ပတ်သက်၍ တိုင်ကြားချက်တစ်စောင် လက်ခံရရှိခဲ့ပြီး၊ ထိုတိုင်ကြားချက်တွင် ကစားသမားများ၏ “နိုင်ငံသားပြုလုပ်သည့် လုပ်ငန်းစဉ်နှင့် နိုင်ငံတကာပွဲဦးထွက်သည် မေးခွန်းထုတ်စရာအချိန်အတွင်း ဖြစ်ပေါ်ခဲ့သည်” ဟု တိုင်ကြားစာ၌ ဖော်ပြထားသည်။

မလေးရှားဘောလုံးအဖွဲ့ချုပ် သည် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ ဆုံးဖြတ်ချက်ကို အယူခံဝင်ခဲ့  သော်လည်း နိုဝင်ဘာလ ၃ ရက်နေ့တွင် FIFA က  ယင်းအယူခံကို ပယ်ချခဲ့သည်။

အင်္ဂါနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် FIFA က တာဝန်ရှိသူကို အတိအကျ ဖော်ထုတ်  နိုင်ရန်အတွက် မလေးရှားဘောလုံးအဖွဲ့ချုပ်၏ ပြည်တွင်းလုပ်ငန်းဆောင်ရွက်မှုများအား တရားဝင် စုံစမ်းစစ်ဆေးမှုများ စတင်ကာ ကိစ္စရပ်များကို ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။

“ဤစုံစမ်းစစ်ဆေးမှုသည် စာရွက်စာတမ်းအတုပြုလုပ်မှုရာတွင် တာဝန်ရှိသူများကို ဖော်ထုတ်ရန်၊ မလေး  ရှားဘောလုံးအဖွဲ့ချုပ်၏အဖွဲ့အစည်းအတွင်းလေးစားလိုက်နာမှုနှင့်အုပ်ချုပ်မှုယန္တရားများကမည်မျှလုံလောက်မှု၊ ထိရောက်မှုကိုရှိသည်ကိုအကဲဖြတ်ရန်၊ မလေးရှားဘောလုံးအဖွဲ့ချုပ်အရာရှိများအပေါ် နောက် ထပ် စည်းကမ်းထိန်းသိမ်းရေး အရေးယူမှုများ ပြုလုပ်သင့်၊မပြုလုပ်သင့်ကို ဆုံးဖြတ်ရန် ရည်ရွယ်သည်” ဟု FIFA ၏ပြောကြားချက်ကို ရိုက်တာသတင်းဌာနကဖော်ပြခဲ့သည်။

အဆိုပါနိုင်ငံသားပြုလုပ်မှု အရှုပ်တော်ပုံသည် ကွင်းအတွင်းရော ကွင်းပြင်ပတွင်ပါ သိသာထင်ရှားသော သက်ရောက်မှုများ ဖြစ်ပေါ်စေခဲ့သည်။ မလေးရှားနိုင်ငံအတွက် ပထမဆုံးအကြိမ် အာရှဖလား   ဝင်ခွင့်ရရှိရေး မျှော်လင့်ချက်ကို အဟန့်အတား ဖြစ်စေနိုင်ပြီး ဘောလုံးပရိသတ်များအကြား ဆူပူမှုများ ဖြစ်ပေါ်စေသည့်အပြင်၊ ဤအငြင်းပွားဖွယ်ရာကိစ္စသည် ကစားသမားများအား နိုင်ငံသားပြုခွင့်ပေးခဲ့သော ပြည်ထဲရေးဝန်ကြီးဌာနနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနတို့အပြင် မလေးရှားဘောလုံးအဖွဲ့ချုပ် ရှိ တာဝန်ရှိအရာရှိများအား တာဝန်ယူရန် ပရိသတ်များနှင့် နိုင်ငံရေးသမားများထံမှ တောင်းဆိုမှုများကို ဖြစ်ပေါ်စေခဲ့သည်။

အောက်တိုဘာလ ၁၇ ရက်နေ့တွင် မလေးရှားဘောလုံးအဖွဲ့ချုပ် သည် ယင်း၏ အထွေထွေ  အတွင်းရေးမှူးအား ရာထူးမှ ဆိုင်းငံ့ထားပြီး FIFA ၏ ပိတ်ပင်မှုများကို ဖြစ်ပေါ်စေခဲ့သည့် သူတို့အခေါ်“နည်းပညာပိုင်းဆိုင်ရာအမှား” ကို စုံစမ်းစစ်ဆေးရန် လွတ်လပ်သော ကော်မတီတစ်ရပ်ကို ဖွဲ့စည်းမည်ဟု ကြေညာခဲ့သည်။ သို့သော် သူတို့က စာရွက်စာတမ်းများကို ရည်ရွယ်ချက်ရှိရှိဖြင့် အတုပြုလုပ်ခဲ့သည်ဟူသော FIFA ၏ ပြောကြားချက်ကို ငြင်းပယ်ခဲ့သည်။ နိုဝင်ဘာလ ၃ ရက်နေ့တွင် အယူခံပယ်ချခံရပြီးနောက် မလေးရှားဘောလုံးအဖွဲ့ချုပ်က  က အားကစားဆိုင်ရာ ခုံသမာဓိတရားရုံး (CAS) သို့ အမှုအား ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ FIFA ၏ အင်္ဂါနေ့ကြေညာချက်အပြီးတွင်လည်း ယင်းအချက်ကို ထပ်မံအတည်ပြုပြောကြားခဲ့သည်။

မလေးရှားဘောလုံးအဖွဲ့ချုပ်၏ ယာယီဥက္ကဋ္ဌ Mohd Yusoff Mahadi က ကြေညာချက်တွင် "ဤလုပ်ဆောင်ချက်ကို တရားမျှတမှု ထိန်းသိမ်းရန်နှင့် မလေးရှားအစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်း    များက သတ်မှတ်ထားသည့် ကစားသမားအရည်အချင်းပြည့်မီမှု လုပ်ငန်းစဉ်၏ သမာဓိကို ထိန်းသိမ်းရန်   အတွက် ဆောင်ရွက်ခြင်းဖြစ်သည်" ဟု ပြောကြားခဲ့သည်။ မလေးရှား ပြည်ထဲရေးဝန်ကြီး Nasution Ismailကလည်း ကစားသမားခုနစ်ဦးအား နိုင်ငံသားပြုလုပ်ရန် ဆုံးဖြတ်ချက်ကို ကာကွယ်ပြောဆိုခဲ့သည်။

ESPN သတင်းဌာန၏ ဖော်ပြချက်အရ အင်္ဂါနေ့တွင် FIFA သည် စာမျက်နှာ ၆၃ မျက်နှာပါ အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ အစီရင်ခံစာတွင် ကစားသမားများသည် စပိန်၊ ဘရာဇီး၊ အာဂျင်တီးနားနှင့် နယ်သာလန်တို့တွင် မွေးဖွားကြောင်း သူတို့၏ မူရင်းမွေးစာရင်းတွင် ဖော်ပြထားသည့် အဘိုးအဘွားများမှတစ်ဆင့် မလေးရှားမျိုးနွယ်ရှိကြောင်း သက်သေပြရန် စာရွက်စာတမ်းအတုများကို မည်သို့ အသုံးပြုခဲ့သည်ကို အသေးစိတ် ဖော်ပြထားကြောင်းသိရသည်။

ခြုံငုံပြောရလျှင် FIFA သည် အဆိုပါ မလျော်ကန်မှုအား အပြည့်အဝ စုံစမ်းစစ်ဆေးရန်အတွက် “နောက်   ထပ် စုံစမ်းစစ်ဆေးမှုများ စတင်ရန် ခိုင်လုံသောအကြောင်းပြချက်များ” ကို တွေ့ရှိခဲ့သည်။ ထို့အပြင် “ပြစ်မှုများ၏ သဘာဝနှင့် ကြီးလေးမှု၊ အထူးသဖြင့် တရားဝင်စာရွက်စာတမ်းများကို အတုပြုလုပ်မှုတို့ကို ထည့်သွင်းစဉ်းစား၍” ယင်း၏ အတွင်း  ရေးမှူးရုံးသည် မလေးရှား၏ သက်ဆိုင်ရာ ရာဇဝတ်မှုဆိုင်ရာ အာဏာပိုင်များအား အသိပေးမည်ဖြစ်သကဲ့သို့ ဘရာဇီး၊ အာဂျင်တီးနား၊ နယ်သာလန်နှင့် စပိန်ရှိ အာဏာပိုင်များကိုလည်း အသိပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“သင့်လျော်သော ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများနှင့် တရားစွဲဆိုမှုများကို ဆက်လက်  ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ အာဏာပိုင်များအား အသိပေးရန် အလွန်အရေးကြီးသည်” ဟု FIFA က ပြောကြားခဲ့သည်။

Source The Diplomat

အာဆီယံတွင် ဖီဖာအာဆီယံဖလားပြိုင်ပွဲများ စတင်ကျင်းပမည်ဟု ဖီဖာ ဥက္ကဋ္ဌ ကြေညာ

▪️ကွာလာလမ်ပူ၊ အောက်တိုဘာ ၂၆၊၂၀၂၅ (ဘနာမား) — ဖီဖာဥက္ကဋ္ဌ ဂျီအန်နီ အင်ဖန်တီနို (Gianni Infantino) သည် အရှေ့တောင်အာရှ ၁၁ နိုင်ငံလုံး ပါဝင်မည့် ဒေသတွင်း ဘောလုံးပြိုင်ပွဲသစ်ဖြစ်သော FIFA ASEAN Cup ဖီဖာ အာဆီယံ ဖလား ဘောလုံး ပြိုင်ပွဲကို ယနေ့ ထုတ်ဖော်ကြေညာခဲ့သည်။

▪️လူဦးရေ သန်း ၇၀၀ ခန့်ရှိသော ဤဒေသအတွင်း ပိုမိုကြီးမားသော အကျိုးသက်ရောက်မှု ရှိစေရန်အတွက် အဆိုပါပြိုင်ပွဲကို ဖီဖာ၏ နိုင်ငံတကာ ပွဲစဉ် ပြက္ခဒိန် (FIFA International Match Calendar) ကာလအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း အင်ဖန်တီနိုက ပြောကြားခဲ့သည်။

▪️"ဒေသတွင်းမှာ အမှန်တကယ် သက်ရောက်မှုရှိပြီး ကမ္ဘာ့စင်မြင့်ပေါ်မှာ ထွန်းတောက်လာစေဖို့အတွက် ဖီဖာရဲ့ နိုင်ငံတကာ ပွဲစဉ်ပြက္ခဒိန် မူဘောင်အတွင်းမှာ အကောင်းဆုံး ကစားသမားတွေ ပါဝင်ယှဉ်ပြိုင်မယ့် ဒီပြိုင်ပွဲကို ဘောလုံးလောကအတွက် တကယ့်တွန်းအားတစ်ခု ဖြစ်စေဖို့ ကျွန်တော်တို့ စတင်လိုက်တာ ဖြစ်ပါတယ်"ဟုသူကပြောသည်။

▪️"ဘောလုံးအားကစားက ကမ္ဘာကြီးကို စည်းလုံးစေပါတယ်" ဟု အင်ဖန်တီနိုက ထပ်လောင်းပြော  ကြားခဲ့သည်။ "အာဆီယံ ၁၁ နိုင်ငံလုံးနဲ့အတူ ကျွန်တော်တို့ FIFA ASEAN Cup ကို ဖန်တီးနေပါတယ်။ ဒါဟာ ဒေသတွင်းကို စည်းလုံးစေမယ့် ပြိုင်ပွဲတစ်ခုဖြစ်ပြီး ကြီးမားတဲ့ အောင်မြင်မှုတစ်ခု ဖြစ်လာမှာပါ" ဟု သူက ဆိုသည်။

▪️ဤကြေညာချက်ကို ကွာလာလမ်ပူ ကွန်ဗင်းရှင်းစင်တာ (KLCC) ၌ ကျင်းပသော ၄၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး၏ သီးသန့်တွေ့ဆုံမှုအဖြစ် ဒေသတွင်း ဘောလုံးအားကစား ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပြီးနောက် သူက ပြောကြားခဲ့ခြင်း ဖြစ်သည်။

▪️အဆိုပါ နားလည်မှုစာချွန်လွှာကို ဂျီအန်နီ အင်ဖန်တီနို နှင့် အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ကာအို ကင်မ် ဟိုအန် (Dr Kao Kim Hourn) တို့က လက်မှတ်ရေးထိုးခဲ့ကြပြီး၊ အာဆီယံ ၂၀၂၅ ၏ ဥက္ကဋ္ဌဖြစ်သူ မလေးရှား ဝန်ကြီးချုပ် ဒါတွတ် စရီ အန်ဝါ အီဘရာဟင် က အသိသက်သေအဖြစ် တက်ရောက်ခဲ့သည်။

▪️ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ) အနေဖြင့် ဤနားလည်မှုစာချွန်လွှာမှတစ်ဆင့် ဒေသတွင်း၌ ယင်း၏ ကြိုးပမ်းအားထုတ်မှုများကို အားကောင်းစေရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစီအစဉ်များကို တိုးချဲ့ရန် သန္နိဋ္ဌာန်ချထားကြောင်း အင်ဖန်တီနိုက ပြောကြားခဲ့သည်။

▪️"ပထမမဏ္ဍိုင်ကတော့ ကစားပွဲရဲ့ သမာသမတ်ကျမှု (Integrity) ဖြစ်ပါတယ်။"

"ဒုတိယမဏ္ဍိုင်ကတော့ ပွဲစဉ်တွေအတွက် လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ကို သေချာစေဖို့ ဖြစ်ပါတယ်။"

"တတိယမဏ္ဍိုင်ကတော့ ပညာရေးပါ — ဘောလုံးအားကစားကနေတစ်ဆင့် သင်ယူမှုကို မြှင့်တင်ပေးပြီး ဒေသတွင်းက မိန်းကလေး၊ ယောက်ျားလေး၊ အမျိုးသမီးနဲ့ အမျိုးသားအားလုံးအတွက် ဖွံ့ဖြိုးတိုးတက်မှုကို အားပေးဖို့ ဖြစ်ပါတယ်"

"အာဆီယံမှာ အခု နိုင်ငံပေါင်း ၁၁ နိုင်ငံ ရှိနေပါပြီ။ ဒါဟာ အားကစားလောကမှာ မှော်ဆန်တဲ့ နံပါတ်တစ်ခုဆိုတာ ခင်ဗျားတို့ သိတဲ့အတိုင်းပါပဲ။ ဘောလုံးအသင်းတစ်သင်းကို ကစားသမား ၁၁ ယောက်နဲ့ ဖွဲ့စည်းထားတာပါ။ ဒါကြောင့် အခုဆို အသင်းတစ်သင်း ရှိနေပြီ။ပွဲတွေကို အနိုင်ယူဖို့ အသင့်ဖြစ်နေပါပြီ။ကျွန်တော်တို့ ဖီဖာအနေနဲ့ ဒီအဓိကမူတွေပေါ် အခြေခံပြီး အာဆီယံနဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်နေပါတယ်" ဟု သူက ပြောကြားခဲ့သည်။

fifa

Technology

  • မြန်မာအာကာအေဂျင်စီဖွဲ့စည်းပြီး နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေပြီ ဖြစ်ကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောကြား

    ၃၀ နိုဝင်ဘာ၊၂၀၂၅

    မြန်မာနိုင်ငံရဲ့လူမှုစီးပွားဖွံ့ဖြိုးရေးကဏ္ဍများတွင် အာကာသနည်းပညာများကို ငြိမ်းချမ်းသော  ရည်ရွယ်   ချက်ဖြင့်အသုံးချနိုင်ရေးအတွက် မြန်မာအာကာသအေဂျင်စီကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး နိုင်ငံတကာ  မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ ရေတို/ရေရှည် စီမံကိန်းများ စတင်အကောင်ထည်ဖော်ဆောင် ရွက်နေပြီဖြစ်တယ်လို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေး နှင့်အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

    နိုဝင်ဘာ ၃၀ရက် နံနက်က ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်မှာကျင်းပတဲ့ အာကာသပြတိုက်(ရန်ကုန်) ဖွင့်ပွဲ အခမ်းအနားတွင် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယင်းကဲ့သို့ပြောကြားလိုက်ခြင်း ဖြစ် ပါတယ်။

    မြန်မာနိုင်ငံ၏ ပညာရှင်လူငယ်များအနေဖြင့် ထိုကဲ့သို့အာကာသနည်းပညာလှုပ်ရှားမှု အစီအစဉ်များတွင် ပါဝင်နိုင်မည့် အခွင့်အလမ်းများကိုလည်း မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဖော်ဆောင်သွားမယ်  လို့လည်း ဗိုလ်ချုပ်မှူးကြီးကပြောကြားပါတယ်။

    မျိုးဆက်သစ်လူငယ်များအနေဖြင့် မျက်မှောက်ခေတ် အာကာသနယ်ပယ်၏ စိန်ခေါ်မှုနှင့် အခွင့်အလမ်း  အသစ်များတွင်ပါဝင်ယှဉ်ပြိုင်နိုင်ပြီး၊စိတ်ကူးစိတ်သန်းများကိုမွေးဖွားအကောင်အထည်ဖော်ဆောင်နိုင်တော့မှာဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောဆိုပြီး အနာဂတ်ကာလအာကာသအသုံးချ နယ်ပယ်အသီးသီးတွင် နိုင်ငံတော်က ဂုဏ်ယူအားထားရမည့်သုတေသနပညာရှင်များ၊ အင်ဂျင်နီယာများ၊ အာကာသယာဉ်မှူးများ၊ ဘက်စုံကဏ္ဍအလိုက် ကျွမ်းကျင်ပညာရှင်များနှင့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွက်လာမည်ဟုလည်း ယုံကြည်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးကဆိုပါတယ်။

    sa1

    ဗိုလ်ချုပ်မှူးကြီးသည် ပြတိုက်ဆိုင်းဘုတ်အားစက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ဗိုလ်ချုပ်မှူးကြီးနှင့်အတူ ဧည့်သည်တော်များကလည်း ပြတိုက်ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့  ပါတယ်။

    ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊ Myanmar Space Agency အမှုဆောင်အရာရှိချုပ်ဒေါက်တာစိုးမြင့်မောင်နှင့် ရန်ကုန်မြို့တော်ဝန် ဦးဘိုဌေး တို့က ပြတိုက်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါတယ်။

    အခမ်းအနားသို့ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင် စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်  တပ်မတော်  အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊  အိန္ဒိယနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့မှ သံအမတ်ကြီးများနှင့် သံရုံးယာယီ တာဝန်ခံ များ၊ ရန်ကုန်မြို့တော် ဝန်၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ကျောင်းသား၊ ကျောင်းသူများ  တက်ရောက်ခဲ့ကြပါတယ်။

    ဗိုလ်ချုပ်မှူးကြီးနှင့်ဧည့်သည်တော်များသည်ပြတိုက်အတွင်းရှိDeep Space Exploration ပြခန်း၊ Space Station ပြခန်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် အမေရိကန် နိုင်ငံတို့မှအာကာသတွင်းသို့ခေတ်အဆက်ဆက်လွှတ်တင်ခဲ့သည့်ဒုံးပျံများနှင့်အာကာသယာဉ်ပုံစံငယ်များအာကာသတွင်း လှည့်ပတ်သွားလာလျက်ရှိသည့် ဂြိုဟ်တုပုံစံငယ်များ၊ ဒုံးပျံလွှတ်တင်ရေးစခန်းမှ ဒုံးပျံ လွှတ်တင်မှု သရုပ်ပြသမှုများကို လိုက်လံကြည့်ရှုကြရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပါတယ်။

    အာကာသပြတိုက်(ရန်ကုန်)သည် ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင်တည်ရှိပြီး ယခင်နက္ခတ်တာရာပြခန်း အား ခေတ်နှင့်အညီ ဖြစ်စေရေးအတွက် အဆင့်မြှင့်တင်ပြန်လည်မွန်းမံခြင်းလုပ်ငန်းများကို ဆောင်ရွက်၍ အာကာသပြတိုက်(ရန်ကုန်)အဖြစ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါတယ်။

    အာကာသပြတိုက်(ရန်ကုန်)တွင် ကျောင်းသူ/ကျောင်းသား၊ မျိုးဆက်သစ်လူငယ်များအနေဖြင့် စာအုပ် များတွင် ဖတ်ခဲ့ရသည့်၊ ရုပ်သံများတွင်မြင်တွေ့ခဲ့ရသည့် အာကာသတွင်း စေလွှတ်မည့်ဒုံးပျံများ၊ အာကာ သတွင်လှည့်ပတ်သွားလာမည့် ဂြိုဟ်တုများ၊ အာကာသတွင်း စူးစမ်းလေ့လာမည့် အာကာသယာဉ်နှင့်  ယာဉ်မှူးများ၊ ဂြိုဟ်များ၊ နက္ခတ်တာရာများ အစရှိသည့် အာကာသဆိုင်ရာဗဟုသုတ အကြောင်းအရာ  များကို ယခုပြတိုက်အတွင်း၌ တစ်စုတစ်စည်းတည်းစူးစမ်းလေ့လာခွင့် ရနိုင်တော့မယ်လို့ သတင်းရရှိပါ တယ်။

    #ymg/knl

    sa6sa8

  • Airbus ကုမ္ပဏီက A320 လေယာဉ် ၆၀၀၀ကို အကြီးစားပြုပြင်ရန် အရေးပေါ်ခေါ်ယူ၊ ကမ္ဘာ တစ်ဝန်း လေကြောင်းခရီးစဉ်များ ပြတ်တောက်ရမည့်အရေးကြုံနေ

    ပဲရစ်၊ နိုဝင်ဘာ ၂၈ (Reuters) - ဥရောပလေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီ Airbus က ကမ္ဘာတစ်ဝန်းရှိ ယင်းတို့၏ A320 လေယာဉ်အုပ်စုပါ လေယာဉ်အစီးရေ ၆,၀၀၀ ကို ချက်ချင်း အရေးပေါ်ပြင်ဆင်မှုများ ပြုလုပ်ရန် သောကြာနေ့တွင် အမိန့်ထုတ်ပြန်လိုက်သည်။ ဤအကြီးစား ပြန်လည်ခေါ်ယူမှုသည် တစ်ကမ္ဘာလုံးရှိ လေယာဉ်များ၏ တစ်ဝက်ကျော်အပေါ် အကျိုးသက်ရောက်မှုရှိသွားရာ အမေရိကန်   ပြည်ထောင်စု၏ ခရီးသွားအများဆုံး သီတင်းပတ်ကုန်ရက်များအတွင်း ကမောက်ကမဖြစ်မှုများနှင့် ကမ္ဘာ တစ်ဝန်း လေကြောင်းခရီးစဉ် ပြတ်တောက်မှု အနှောင့်အယှက်များ ဖြစ်ပေါ်စေမည့် အခြေအနေရှိနေသည်။

    ဤဆုတ်ယုတ်မှုသည် Airbus ၏ ၅၅ နှစ်တာ သမိုင်းတစ်လျှောက်တွင် အကြီးမားဆုံးသော ပြန်လည် ခေါ်ယူမှုများထဲမှ တစ်ခုဖြစ်ပုံရကာ A320 မော်ဒယ်သည် Boeing 737 ကို ကျော်တက်ကာ ကမ္ဘာ့အများ   ဆုံး ပေးပို့ရောင်းချရသည့် လေယာဉ်ပုံစံ ဖြစ်လာခဲ့ပြီးနောက် သီတင်းပတ်အနည်းငယ်အကြာတွင် ပေါ်  ပေါက်လာခြင်းဖြစ်သည်။ Airbus က လေယာဉ်ကုမ္ပဏီ ၃၅၀ ကျော်ထံသို့ ယင်းတို့၏ ညွှန်ကြားချက်ကို ထုတ်ပြန်လိုက်ချိန်တွင် A320 အမျိုးအစား လေယာဉ်ပေါင်း ၃,၀၀၀ ခန့်သည် ဝေဟင်၌ ပျံသန်းနေ  ဆဲ  ဖြစ်သည်။

    Reuters သတင်းဌာနက တွေ့ရှိခဲ့ရသော လေကြောင်းလိုင်းများထံ ပေးပို့သည့် ညွှန်ကြား ချက်စာအရ ပြင်ဆင်မှုအပိုင်းသည် ယခင်အသုံးပြုခဲ့သော ဆော့ဖ်ဝဲလ်အဟောင်းသို့ ပြန်လည်  ပြောင်းလဲခြင်းသာ ဖြစ်ပြီး ရိုးရှင်းသည်ဟုဆိုရမည်ဖြစ်သော်လည်း၊ ပြင်ဆင်ရေးစင်တာများသို့ ရွှေ့ပြောင်းမောင်းနှင်ခြင်းမှ လွဲ၍ ခရီးသည်တင်ခရီးစဉ်များ ထပ်မံမပျံသန်းမီ မဖြစ်မနေ ပြုလုပ်ရမည်ဖြစ်သည်။

    အမေရိကန်ပြည်ထောင်စုမှသည် တောင်အမေရိက၊ ဥရောပ၊ အိန္ဒိယနှင့် နယူးဇီလန်တို့ အထိ လေကြောင်းလိုင်းများက ဤပြင်ဆင်မှုများကြောင့် လေကြောင်းခရီးစဉ် ကြန့်ကြာမှုများ သို့မဟုတ် ဖျက်သိမ်းမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးခဲ့ကြသည်။

    ကမ္ဘာ့အကြီးဆုံး A320 အော်ပရေတာဖြစ်သည့် American Airlines က ယင်း၏ A320 လေယာဉ် ၄၈၀ အနက် ၃၄၀ ခန့်မှာ ပြင်ဆင်မှုလိုအပ်မည်ဟု ပြောကြားခဲ့သည်။ လေယာဉ်တစ်စင်းလျှင် နှစ်နာရီခန့် ကြာမြင့်မည့် ပြင်ဆင်မှုများကို စနေနေ့တွင် အပြီးသတ်နိုင်ရန် မျှော်လင့်ထားကြောင်း ဆိုသည်။ ဂျာမနီမှ Lufthansa၊ အိန္ဒိယမှ IndiGo နှင့် ဗြိတိန်အခြေစိုက် easyJet အပါအဝင် အခြား လေကြောင်း လိုင်းများကလည်း ပြင်ဆင်မှုပြုလုပ်ရန် လေယာဉ်များကို ခေတ္တရပ်နားထားမည်ဟု ပြောကြားခဲ့သည်။ ကိုလံဘီယား လေကြောင်းလိုင်း Avianca ကမူ ဤပြန်လည်ခေါ်ယူမှုသည် သူတို့၏ လေယာဉ်အုပ်စု ၇၀% ကျော်ကို ထိခိုက်စေသဖြင့် ဒီဇင်ဘာ ၈ ရက်နေ့အထိ ခရီးသွားရက်စွဲများအတွက် လက်မှတ် ရောင်းချမှုကို ပိတ်သိမ်းလိုက်ရကြောင်း ဆိုသည်။

    လက်ရှိတွင် A320 အုပ်စုဝင် လေယာဉ်ပေါင်း ၁၁,၃၀၀ ခန့် ပြေးဆွဲလျက်ရှိပြီး၊ ယင်းတို့အနက် ၁၉၈၇ ခုနှစ်  တွင် ပထမဆုံး စတင်ပျံသန်းခဲ့သည့် မူလ A320 မော်ဒယ် ၆,၄၄၀ ပါဝင်သည်။ ကမ္ဘာ့ အကြီးဆုံး A320 အော်ပရေတာ ၁၀ ခုအနက် ၄ ခုမှာ အမေရိကန် လေကြောင်းလိုင်းကြီးများဖြစ်သည့် American Airlines၊ Delta Air Lines နှင့် United Airlines တို့ဖြစ်သည်။ တရုတ်၊ ဥရောပ နှင့် အိန္ဒိယ လေကြောင်းလိုင်း  များသည်လည်း ဤလေယာဉ်အမျိုးအစား၏ အကြီးဆုံး ဖောက်သည်များတွင် ပါဝင် ကြသည်။

    သက်ရောက်မှုရှိသော လေယာဉ်များ၏ သုံးပုံနှစ်ပုံခန့်အတွက်၊ လေကြောင်းလိုင်းများက ယခင် ဆော့ဖ်  ဝဲလ်ဗားရှင်းသို့ ပြန်လည်ပြောင်းလဲရုံသာ ဖြစ်သောကြောင့် ခေတ္တရပ်နားမှုသာ ဖြစ်ပေါ်စေမည်ဟု လုပ်ငန်းခွင်သတင်းရင်းမြစ်များကပြောသည်။ သို့သော်လည်း အခြားသော သီးခြားအင်ဂျင်ပြုပြင်မှုများ သို့မဟုတ် စစ်ဆေးမှုများအတွက် စောင့်ဆိုင်းချိန်ကြာမြင့်နေသဖြင့် Airbus လေယာဉ်ရာပေါင်းများစွာ ရပ်နားထားရပြီး ပြင်ဆင်ရေး အလုပ်ရုံများတွင် ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ ပြည့်ကျပ်နေချိန်တွင် ဤကိစ္စပေါ်ပေါက်လာခြင်းဖြစ်သည်။ ထို့ပြင် လေကြောင်းလုပ်ငန်း၌ လုပ်သားရှားပါးမှုပြဿနာလည်း ရှိနေသည်။

    လေကြောင်းလေ့လာသုံးသပ်သူ Rob Morris က လေယာဉ်ရုံ (hangar) နေရာလွတ် မည်မျှ ချက်ချင်းရရှိ နိုင်မည်ဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်ကြောင်း ပြောဆိုသည်။ မကြာသေးမီက ဖြစ်ရပ်တစ်ခုအရ နေမုန်တိုင်းများ (solar flares) သည် လေယာဉ်ထိန်းချုပ်မှု လုပ်ဆောင်ချက်အတွက် အရေးပါသော ဒေတာများကို ပျက်စီးစေနိုင်ကြောင်း တွေ့ရှိရသည်ဟု Airbus က ဆိုသည်။

    ယခုလိုမမျှော်လင့်ထားသော ပြင်ဆင်မှုအမိန့်ကို ဖြစ်ပေါ်စေခဲ့သည့် အဓိကအကြောင်းရင်းမှာ အောက်တို ဘာ ၃၀ ရက်က မက္ကဆီကိုနိုင်ငံ ကန်ကွန်း (Cancun) မှ နယူးဂျာစီပြည်နယ် နူးဝပ်ခ် (Newark) သို့ ပျံသန်း  သော JetBlue လေကြောင်းခရီးစဉ်တစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ယင်းခရီးစဉ်တွင် လေယာဉ်အမြင့်  ပေ ရုတ်တရက်ကျဆင်းမှုကြောင့် ခရီးသည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်း ရင်းမြစ်များက ဆိုသည်။

    ထို A320 လေယာဉ်သည် လေယာဉ်ထိန်းချုပ်မှု ပြဿနာနှင့် လေယာဉ်မှူး၏ စေခိုင်းချက်မပါဘဲ ရုတ်တရက် အမြင့်ပေ ကျဆင်းမှုတို့ကြောင့် ဖလော်ရီဒါပြည်နယ် တမ်ပါ (Tampa) တွင် အရေးပေါ် ဆင်း သက်ခဲ့ရပြီး၊ ဖက်ဒရယ်လေကြောင်းဦးစီးဌာန (FAA) က စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိသည်။ JetBlue နှင့် FAA တို့ကမူ ဤပြန်လည်ခေါ်ယူမှုအပေါ် မှတ်ချက်တစ်စုံတစ်ရာ မပေးခဲ့ပေ။

    အချို့သော လေကြောင်းလိုင်းများအတွက် ပြင်ဆင်ရန် ယာယီရပ်နားထားရမှုသည် ပိုမိုကြာရှည်နိုင်ဖွယ် ရှိသည်။ အကြောင်းမှာ သက်ရောက်မှုရှိသော လေယာဉ်များအနက် အစီးရေ ၁,၀၀၀ ကျော်သည် ဟာ့ဒ်ဝဲလ် (hardware) အပိုင်းများပါ လဲလှယ်ရနိုင်ဖွယ်ရှိသောကြောင့်ဖြစ်သည်ဟု လုပ်ငန်းခွင်သတင်း  ရင်းမြစ်များက ပြောသည်။

    ၁၉၈၄ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သော A320 သည် "fly-by-wire" ဟုခေါ်သော ကွန်ပျူတာစနစ်သုံး ထိန်းချုပ်မှုများကို ပထမဆုံး မိတ်ဆက်အသုံးပြုခဲ့သည့် ပင်မ လေယာဉ်အမျိုးအစား ဖြစ် သည်။

    ယင်းသည် Boeing 737 MAX နှင့် ယှဉ်ပြိုင်ဘက်ဖြစ်ပြီး၊ 737 MAX သည် ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်များတွင် လူအသေအပျောက်များသော ပျက်ကျမှုများ ဖြစ်ပွားခဲ့ပြီးနောက် ကမ္ဘာတစ်ဝန်း ကာလရှည်ကြာ ရပ်နားခံခဲ့ရသည်။ ထိုပျက်ကျမှုများသည် ညံ့ဖျင်းစွာ ဒီဇိုင်းထုတ်ထားသော လေယာဉ်ထိန်းချုပ်ရေး ဆော့ဖ်ဝဲလ်ကြောင့်ဟု အပြစ်တင်ခဲ့ကြသည်။

    အာရှဦးဆောင်သော စီးပွားရေး ကြီးထွားလာမှုကြောင့် သန်းနှင့်ချီသော ခရီးသွားအသစ်များ လေကြောင်း လောကသို့ ရောက်ရှိလာခဲ့ရာ၊ မကြာသေးမီနှစ်များအတွင်း ဤ အဓိကလေယာဉ်အမျိုးအစားနှစ်ခု   အတွက် ဝယ်လိုအား မြင့်တက်လာခဲ့သည်။

    Reuters မှ တွေ့ရှိရသော Airbus ၏ ညွှန်ကြားချက်စာအရ ပြဿနာ၏ အရင်းအမြစ်မှာ ELAC (Elevator and Aileron Computer) ဟုခေါ်သော လေယာဉ်စနစ်တွင် ရှိနေသည်။ အဆိုပါစနစ်သည် လေယာဉ်မှူး ၏ ဘေးဘက်ရှိ မောင်းတံ (side-stick) မှ အမိန့်များကို လေယာဉ်အမြီးပိုင်းရှိ elevators များထံ ပို့ဆောင်ပေးသည်။ ထို elevators များက လေယာဉ်၏ နှာခေါင်း အနိမ့်အမြင့် (pitch) ကို တဖန်ပြန်လည် ထိန်းချုပ်ပေးခြင်း ဖြစ်သည်။

    အဆိုပါ ကွန်ပျူတာစနစ်ကို ထုတ်လုပ်သူ ပြင်သစ်ကုမ္ပဏီ Thales က Reuters ၏ မေးမြန်းမှုကို တုံ့ပြန် ရာတွင် ၎င်းတို့၏ ကွန်ပျူတာသည် Airbus ၏ သတ်မှတ်ချက်များနှင့် ကိုက်ညီကြောင်းနှင့် မေးခွန်း  ထုတ်စရာဖြစ်နေသော လုပ်ဆောင်ချက်ပိုင်းမှာမူ Thales ၏ တာဝန်အောက်တွင်မရှိသော ဆော့ဖ်ဝဲလ်က ပံ့ပိုးပေးထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်

  • Apple ၏ စီအီးအို Tim Cook လာမည့်နှစ်ဆန်းအနားယူမည်ဟု သတင်းများထွက်ပေါ်

    နိုဝင်ဘာ ၁၈၊ ၂၀၂၅ -

    ဘဏ္ဍာရေးဆိုင်ရာ သတင်းမီဒီယာကြီးများ၏ မကြာသေးမီက ထုတ်ပြန်ချက်များအရ Apple ကုမ္ပဏီ   သည် ခေါင်းဆောင်မှုပိုင်း အပြောင်းအလဲအတွက် တက်ကြွစွာ ပြင်ဆင်နေကြောင်း သိရသည်။ Apple ဘက်မှ တရားဝင် အတည်ပြုထားခြင်း မရှိသေးသော်လည်း ၂၀၂၅ ခုနှစ် နိုဝင်ဘာလလယ်ပိုင်းက ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာသော သတင်းများအရ Tim Cook သည် မကြာမီ ကာလအတွင်း CEO ရာထူးမှ နုတ်ထွက်ဖွယ်ရှိကြောင်း ဖော်ပြနေကြသည်။

    နောက်ဆုံးရ သတင်းများအပေါ် အခြေခံထားသည့် သတင်းအချက်အလက်  အကျဉ်းချုပ်မှာ အောက်ပါ  အတိုင်း ဖြစ်သည်-

    ၁။ အဓိကသတင်း “ဘာတွေ ဖြစ်ပျက်နေသလဲ” - Tim Cook ကို CEO ရာထူးမှ နုတ်ထွက်စေရန် Apple ကုမ္ပဏီက "ပြင်ဆင်မှုများ အရှိန်မြှင့်လုပ်ဆောင်နေပြီ" ဟု သတင်းများက ဖော်ပြကြသည်။

    အချိန်ကာလသတ်မှတ်ချက် - ဤအပြောင်းအလဲသည် ၂၀၂၆ ခုနှစ်တွင် အမြန်ဆုံး စတင်ဖြစ်ပေါ်လာနိုင် သည်။

    အတည်ပြုမှု အခြေအနေ - ဤအချက်သည် လောလောဆယ်တွင် (အဓိကအားဖြင့် Financial Times မှ) အတွင်းသတင်းများအပေါ် အခြေခံထားခြင်း ဖြစ်သည်။ Apple ကုမ္ပဏီဘက်မှ တရားဝင် ထုတ်ပြန်ချက် တစ်စုံတစ်ရာ မရှိသေးသကဲ့သို့ အပြီးသတ် ဆုံးဖြတ်ချက်ကိုလည်း လူသိရှင်ကြား ကြေညာခြင်း မရှိသေး  ပါ။

    ၂။ ဘာကြောင့်လဲ အသက်အရွယ်ကြောင့်လား - Tim Cook သည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် အသက် ၆၅ နှစ် ပြည့်ပြီဖြစ်ရာ ပုံမှန် အငြိမ်းစားယူသည့် အရွယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

    စီစဉ်ထားသော အရိုက်အရာဆက်ခံမှု - ဤလှုပ်ရှားမှုသည် Apple ၏ စီးပွားရေး စွမ်းဆောင်ရည် (လက်ရှိတွင် ခိုင်မာအားကောင်းနေဆဲဖြစ်သည်) နှင့် သက်ဆိုင်ခြင်း မရှိဘဲ တည်ငြိမ်မှုကို သေချာစေရန်  အတွက် ကာလရှည်ကြာ ဂရုတစိုက် စီစဉ်ထားသော ဆက်ခံသူ လွှဲပြောင်းရေး အစီအစဉ်၏ တစ်စိတ်  တစ်ပိုင်းသာ ဖြစ်ကြောင်း သတင်းရင်းမြစ်များက အလေးပေး ပြောကြားထားသည်။

    .၃။ ဆက်ခံဖွယ်ရှိသည့် ထိပ်တန်း လျာထားသူ - Apple ၏ ဟာ့ဒ်ဝဲ အင်ဂျင်နီယာဆိုင်ရာ အကြီးတန်း ဒုတိယဥက္ကဋ္ဌ ဖြစ်သူ John Ternus သည် Cook ၏ နေရာကို ဆက်ခံရန် ထိပ်ဆုံးမှ ပြေးနေသူဟု အများက ရှုမြင်ထားကြသည်။

    ဘာကြောင့် သူ့ကို ရွေးချယ်သလဲ - Ternus (အသက် ၅၀ နှစ်) သည် iPhone၊ iPad နှင့် Mac တို့၏ ဖွံ့ဖြိုး  တိုးတက်မှုကို ကြီးကြပ်ခဲ့သော အတွေ့အကြုံရင့် အမှုဆောင် တစ်ဦးဖြစ်သည်။ သူသည် ကုမ္ပဏီတွင်းနှင့် ဒါရိုက်တာအဖွဲ့၏ လေးစားမှုကို ရရှိထားသူလည်း ဖြစ်သည်။

    ၄။ ဆက်လက် မျှော်လင့်ရမည့်အရာများ- ကြေညာမည့် အချိန်ကာလ - ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလကုန်တွင် ပြုလုပ်မည့် Apple ၏ ဝင်ငွေရှင်းတမ်း အစီရင်ခံစာ မတိုင်မီ တရားဝင် ကြေညာချက် ထွက်လာ   လိမ့်မည်ဟု လေ့လာဆန်းစစ်သူများက မျှော်လင့်မထားကြပါ။

    ကြားကာလ အပြောင်းအလဲ - အကယ်၍ လာမည့်နှစ် အစောပိုင်းတွင် ကြေညာချက် ထွက်ပေါ်လာပါက ဇွန်လတွင် ကျင်းပမည့် ကမ္ဘာလုံးဆိုင်ရာ ဆော့ဖ်ဝဲရေးသားသူများ ကွန်ဖရင့် (WWDC) သို့မဟုတ် စက်တင်ဘာလတွင် ပြုလုပ်မည့် iPhone မိတ်ဆက်ပွဲကဲ့သို့သော ပွဲကြီးများ မတိုင်မီ CEO အသစ်  အနေဖြင့် လုပ်ငန်းခွင်နှင့် အသားကျစေရန် အချိန်ကိုက် လုပ်ဆောင်ဖွယ်ရှိသည်။

    အခြားအသေးစိတ် အချက်အလက်များ - Tim Cook အနေဖြင့် CEO ရာထူးမှ နုတ်ထွက်လိုက်လျှင်ပင် အသွင်ကူးပြောင်းရေးကာလကို လမ်းညွှန်ရန်အတွက် အမှုဆောင် ဥက္ကဋ္ဌ (Executive Chairman) အဖြစ် ကုမ္ပဏီတွင် ဆက်လက် ရှိနေနိုင်သည်ဟု ခန့်မှန်း ပြောဆိုမှုများလည်း ရှိနေသည်။

    အဓိကမှတ်သားရန်အချက်- Tim Cook သည် လက်ရှိအချိန်တွင် Apple ၏ CEO အဖြစ် ဆက်လက် ရှိနေ  ဆဲဖြစ်သည်။ သို့သော် ယုံကြည်စိတ်ချရသော သတင်းများအရ ကုမ္ပဏီသည် သူ၏အငြိမ်းစားယူမှု  အတွက် တက်ကြွစွာ ပြင်ဆင်နေပြီး ၂၀၂၆ ခုနှစ်တွင် ရာထူးလွှဲပြောင်းမှု ဖြစ်ပေါ်လာနိုင်ကြောင်းဖော်ပြ   နေသည်။

    (နိုင်ငံတကာသတင်းများကို အခြေခံစုစည်းပါသည်)

     

Contact Us

Building D, No.101, 1st Floor, Mahabandoola Tower(Near Mahabandoola Bridge), Mahabandoola Road, Pazundaung Township, Yangon.