Published_ 26 June 2023

Chinese Bridgeကမ္ဘာ့တက္ကသိုလ်နှင့် အထက်တန်းအဆင့် ကျောင်းသား၊ကျောင်းသူများ တရုတ်ဘာသာစကားကျွမ်းကျင်မှု ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် မြန်မာကိုယ်စားပြုကျောင်းသားများကို ဇွန်လ(၂၄)ရက်ကရွေးချယ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှသိရသည်။

မူလတန်းအဆင့် ပြိုင်ပွဲဝင်များကို ရွေးချယ်ခဲ့ပြီးနောက် တက္ကသိုလ်နှင့်အထက်တန်းအဆင့်အတွက် မြန်မာကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မယ့် ကျောင်းသားကျောင်းသူတွေကို ဆက်လက်ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်ဖိုင်နယ်ပြိုင်ပွဲကို မြန်မာနိုင်ငံတရုတ် ကုန်သည်များအသင်းချုပ်၌ ပြုလုပ်ခဲ့ပြီး ရွေးချယ်ခဲ့သည်။

ဖိုင်နယ်ပြိုင်ပွဲတွင် ရန်ကုန်မြို့ တရုတ်ဘာသာစကားကျောင်းအဖွဲ့အစည်းများမှ ပြိုင်ပွဲဝင်၂၈ဦးပါဝင်ယှဉ်ပြိုင်ခဲ့ပြီး Myanmar International Education Centerမှ Huaung Lixuanကတက္ကသိုလ်ကျောင်းသားအုပ်စုကပထမ၊ELBC(Eastern Language and Business Center)မှပြိုင်ပွဲဝင်Qiu Youenက အလယ်တန်းကျောင်းသား အုပ်စုပထမတို့ရရှိပြီး ကမ္ဘာလုံး အဆင့်ဖိုင်နယ်ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့သည်ဟုဆိုသည်။

ပြိုင်ပွဲကိုမြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှသံမှူး၊ဖူကျန့်တရုတ်အမျိုးသားအသင်းဥက္ကဌ၊မြန်မာနိုင်ငံဆိုင်ရာတရုတ်ကုန်သည်များ အသင်းချုပ်ဒုတိယဥက္ကဌတို့တက်ရောက်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံမှတရုတ်နွယ်ဖွားလောက၊ယဉ်ကျေးမှု၊မီဒီယာ ကိုယ်စားလှယ်များ၊ ရန်ကုန်မြို့ တရုတ်ဘာသာစကားကျောင်းအဖွဲ့အစည်းများမှကျောင်းသား၊ကျောင်းသူ၊ဆရာ၊ဆရာမ လူ၂၀၀ကျော်လောက်တက်ရောက်ခဲ့ကြောင်းသိရသည်။
tthl
#ကမ္ဘာ့အဆင့်Chinese Bridgeပြိုင်ပွဲ #မြန်မာကိုယ်စားပြုကျောင်းသားများ
#YMG #Yangon_Time