#Local_News
Published_ 4 July 2023


တရုတ်နိုင်ငံ ကွမ်တုံးပြည်နယ် ရှန်းကျန်းမြို့တွင် ရောက်ရှိနေသည့် စက်မှုဝန်ကြီး ဒေါက်တာချာလီသန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၃ ရက်က BYD အမျိုးအစား လျှပ်စစ်အသုံးပြု မော်တော်ယာဉ်များ (EV) ထုတ်လုပ်လျက်ရှိသည့် စက်ရုံသို သွားရောက်လေ့လာကြပါတယ်။

 

ဝန်ကြီးနှင့် အဖွဲ့အား အာရှပစိဖိတ်အရောင်းဌာန မန်နေဂျာ Ms. Gillian Li BIN မှ BYD မော်တော်ယာဉ်များ စတင်ထုတ်လုပ်ခဲ့သည့် အခြေအနေ၊ လက်ရှိ လုပ်ငန်းလည်ပတ် ဆောင်ရွက်နေမှု၊ ဈေးကွက်ရရှိမှုနှင့် လျှပ်စစ်အသုံးပြုမော်တော်ယာဉ် (EV) များ ထုတ်လုပ်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပါတယ်။

 

ယင်းနောက်ဝန်ကြီးက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး BYD အမျိုးအစား မော်တော်ယာဉ်များ ထုတ်လုပ်နေမှု အခြေအနေကို လှည့်လည်ကြည့်ရှုကြပါတယ်။

 

ထို့နောက်ဝန်ကြီးသည် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေ နှင့်အတူ နေရောင်ခြည်စွမ်းအင် သုံးပစ္စည်းများ ထုတ်လုပ်လျက်ရှိသည့် K Star စက်ရုံသို ရောက်ရှိကြပြီး စက်ရုံဆိုင်ရာ အချက်အလက်များ၊ နေရောင်ခြည်စွမ်းအင်သုံး ပစ္စည်းများ ထုတ်လုပ်နေမှုနှင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနေမှု အခြေအနေများကို လေ့လာခဲ့ကြောင်းသတင်းရရှိပါတယ်။

 

#ygm_mnn #Local_News #BYD လျှပ်စစ်ကားစက်ရုံသို့စက်မှုဝန်ကြီးသွားရောက်လေ့လာ
#Yangon_Media_Group