Published_ 27 July 2023

 

ဂျပန်နိုင်ငံ၊ Ministry of Education, Culture, Sports, Science and Technology of Japan (Monbukagakusho: MEXT) မှ “Young Leaders’ Program (YLP)” အစီအစဉ်ဖြင့် Master of Business Administration Course နှင့် Master of Law Course ပညာသင်ဆု အစီအစဉ်ကိုလျှောက်ထားနိုင်ကြောင်း ကုန်သည်စက် မှုအသင်းချုပ်မှ သိရသည်။

အနာဂတ်ခေါင်းဆောင်များ မွေးထုတ်ပေးရန်နှင့် ဂျပန်နှင့်အာရှနိုင်ငံများအကြား မူဝါဒရေးရာ စီစဉ်ဆောင်ရွက်မှု အရည်အသွေးများ တိုးတက်ပြီး ချစ်ခင်ရင်းနှီးမှု ပိုမိုခိုင်မြဲလာစေရန်နှင့် ဂျပန်နိုင်ငံအကြောင်း ပိုမိုသိရှိနားလည်စေရန် ဖြစ်ပါသည်။ ပညာသင်ဆုရရှိပါက Monthly Allowance, Education Fees နှင့် Travelling Cost တို့ကို ပညာသင်ဆုအစီအစဉ်မှ ခံစားခွင့်ရရှိမည်ဖြစ်သည်။

ပညာသင်ဆုများသို့ ပူးတွဲပါ သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီသော ကုန်သည်စက်မှုအသင်းချုပ်နှင့် ညီနောင်အသင်းများမှ အမှုဆောင်များ (သို့) ဝန်ထမ်းများ၊ အသင်းချုပ် အသင်းဝင် ကုမ္ပဏီများ၏ ဒါရိုက်တာ အဖွဲ့ဝင်များ (သို့) ဝန်ထမ်းများ လျှောက်ထားနိုင်သည်ဟု သိရသည်။

လျှောက်ထားလိုသူများအနေဖြင့် လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည့် အထောက်အထားများ၊ အသင်းချုပ်နှင့် ညီနောင်အသင်းများမှ အမှုဆောင်(သို့)ဝန်ထမ်း၊ အသင်းချုပ် အသင်းဝင်ကုမ္ပဏီများမှ ဒါရိုက်တာအဖွဲ့ဝင် (သို့)ဝန်ထမ်းဖြစ်ကြောင်း ထောက်ခံစာ၊ Passport မိတ္တူ၊ UMFCCI အသင်းဝင်ကဒ် (အနည်းဆုံးသက်တမ်း ၁နှစ်)ရှိ မိတ္တူ၊ ပညာသင်ဆု လျှောက်လွှာမူရင်းနှင့် မိတ္တူ(၁)စုံ ပူးတွဲလျက် ဩဂုတ်လ(၁၆)ရက်နေ့(ဗုဒ္ဓဟူးနေ့) နောက်ဆုံးထားပြီး အသင်းချုပ် HRD ဌာနသို့ လာရောက်လျှောက်ထားနိုင်ပြီး ဖော်ပြပါ Link: https://shorturl.at/nvCT6 တွင်လည်း အသေးစိတ်ဝင်ရောက်ကြည့်ရှုနိုင်သည်ဟု သိရသည်။
Yangon-Times/PP
#Local_News
#YMG #Yangon_Times