#Local_News
Published_ 2 Mar 2022

 

ခရီးသွားပြည်သူများ YPS ကတ်စနစ်အသုံးပြု၍ ယာဉ်စီးခလွယ်ကူစွာပေးချေမှု အဆင်ပြေချောမွေ့စေရန်အတွက်(Yangon Payment Services-YPS)မှ YBS-3 နှင့် YBS-7 ယာဉ်လိုင်းနှစ်လိုင်းတွင် ကတ်သစ်ဝယ်ယူခြင်း၊ ယာဉ်စီးခဖြည့်သွင်းခြင်းနှင့် လက်ကျန်ငွေစစ်ဆေးခြင်းတို့ကို ယာဉ်ပေါ်မှာ သတ်မှတ်ဝန်ထမ်းများက ဝန်ဆောင်မှုဆောင်ရွက်ပေးနေကြောင်း သိရပါတယ်။

 

YBS-3 ယာဉ်လိုင်းပေါ်မှာ မတ်လ ၂ ရက်(ယနေ့)နှင့် မတ်လ ၃ ရက်နေ့(မနက်ဖြန်) တို့တွင် YPS ကတ်သစ်ဝယ်ယူခြင်း ၊ ယာဉ်စီးခဖြည့်သွင်းခြင်း၊ YPS လက်ကျန်ငွေစစ်ဆေးခြင်းတို့ကို ယာဉ်ပေါ်တွင် သတ်မှတ်ဝန်ထမ်းများက ဝန်ဆောင်မှုပေးနေပြီဖြစ်တယ်လို့ ဆိုပါတယ်။

 

YBS-7 ယာဉ်လိုင်းပေါ်မှာဆိုရင်လည်း မတ်လ ၄ ရက်(သောကြာနေ့) နှင့် မတ်လ ၅ ရက် (စနေနေ့) တို့တွင် ဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်။ကတ်သစ်ဝယ်ယူမယ့် ခရီးသည်တွေအတွက်လည်း ကတ်သစ်ဝယ်ယူ၍ ကနဉီး ယာဉ်စီးခ ၃,၀၀၀ ကျပ် ဖြည့်ရုံနဲ့ ကတ်ဖိုးပေးစရာလုံးဝမလိုတဲ့ Special Promotion ဖြင့် ဝန်ဆောင်မှုပေးမှာ ဖြစ်တယ်လို, YPS မှ သိရပါတယ်။

 

ymg-mnn
#Yangon_Media_Group