#Local_News
Published-24 October 2023

ရန်ကုန်တိုင်းအစိုးရ၏ညွှန်ကြားမှုဖြင့် ပြည်သူ့ရင်ပြင်တွင် ကျင်းပပြုလုပ်မည့် သီတင်ကျွတ်ကာလအတွင်း ခရီးသွားပြည်သူများသွားလာရေးအဆင်ပြေစေရန် YBS ယာဥ်လိုင်း ၇လိုင်းမှ ညပိုင်းတွင်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း YRTC မှ သိရသည်။

 

ပြေးဆွဲပေးမည့် YBS ယာဥ်လိုင်း ၇ ခုမှာ YBS-21 ယာဉ်လိုင်း၊ YBS 61 ယာဥ်လိုင်း၊BS- 37 ယာဉ်လိုင်း၊  YBS - 116 ယာဉ်လိုင်း၊ YBS-62 ယာဉ်လိုင်း၊  YBS- 7 ယာဉ်လိုင်း ၊YBS- 4 ယာဥ်လိုင်းတို ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။

 

ပြည်သူ့ရင်ပြင်၌ ကျင်းပပြုလုပ်မည့် ပျော်ပွဲရွှင်ပွဲတွင် ခရီးသည်များ သွားလာရေး လွယ်ကူစေရန် ပြေးဆွဲပေးခြင်းဖြစ်ပြီး ခရီးသည်အခြေအနေအပေါ်မူတည်၍ လိုအပ်သလိုပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

#Local_News #YBSယာဥ်လိုင်း၇လိုင်း #ညပိုင်းအထိပြေးဆွဲမည် #Yangon_Times /PP